​​ ​ (​ )

in #myanmar6 years ago

DQmXfFrmMTp2szpgJoha6aTSZ9P9wxZV9bhp5pK6paLt7Jg.jpg
"နင်​တို့​တွေဆီက​နေ အခုလို ဘတ်​​ငွေ၃၀၀၀ ​တောင်းရတယ်​ဆိုတာက နင်​တို့​တွေ ထိုင်းနိုင်​ငံမှာ အ​ထောက်​အထား ဘာတစ်​ခုမှ မရှိဘဲနဲ့ သွားပြီးအလုပ်​လုပ်​တာ ဖမ်းခံရ​တော့ အခုလို မြန်​မာပြည်​ကို ​ချော​ချော​မွေ့​မွေ့ ပြန်​လည်​​ရောက်​ရှိလာ​ဖို့အတွက်​ကို ငါတို့​တွေက ထိုင်းဖက်​က အစိုးရနဲ့ ညှိပြီး​တော့ နင်​တို့​တွေကို ​ငွေ​ပေးပြီး​တော့ ပြန်​​ရွေးထားရတယ်​... ဒီ​တော့ အခု နင်​တို့​တွေက ဒီကို ​ရောက်​လာပြီဆိုရင်​ ငါတို့​တောင်းတဲ့ ​ဘတ်​ကို ​ပေးနိုင်​မှသာ ပြန်​ပြီးလွတ်​​ပေးမယ်​"
မြဝတီမြို့ ကိုးသုံးဂိတ်​(အေ​ဟာင်း)​သို့ ပြန်​လည်​​ရောက်​ရှိလာကြ​သော ကျ​နော်​တို့လို တစ်​ဖက်​နိုင်​ငံ ထိုင်းသို့ တရားမဝင်​သွား​ရောက်​အလုပ်​လုပ်​ကိုင်​ကြသူများအား အမျိုးသမီးတစ်​ဦးမှ ​ပြောကြားခြင်းဖြစ်​ပါတယ်​။

"ဟာ.. ခဗျားတို့ဟာက အဓိပ္ပါယ်​မရှိတာဗျာ ​တောင်းတဲ့​ငွေက မဟားတရားကို များလွန်းတယ်​ ထိုင်းဘက်​ကို ​ငွေ​ပေးပြီး​တော့ ကျ​နော်​တို့ကို ပြန်​​ရွေးရတယ်​လို့ ​ပြောရ​အောင်​ ဘယ်​မလဲ အ​ထောက်​ထား ပြီး​တော့... ကျ​နော်​တို့​တွေက ဟိုမှာ အချုပ်​ကျပြီးမှ ပြန်​လွတ်​လာတာဗျ... အခုဟာက အဓိပ္ပါယ်​မရှိ အသက်​လွတ်​ကြီး ဘတ်​၃၀၀၀ ​တောင်းတယ်​ဆို​တော့ လက်​ထဲမှာ အဲ့​လောက်​​ငွေလည်း မရှိဘူး အိမ်​ကိုလှမ်းမှာရ​အောင်​ကလည်း အဲ့​လောက်​များတဲ့​ငွေ ​ပေးနိုင်​မှာလည်း မဟုတ်​ဘူးဗျ"
မခံနိုင်​လွန်းလို့ ကျ​နော်​ပြန်​၍​ပြောလိုက်​​လေသည်​။

"​အေးး နင်​တို့ကို ငါတို့က ဘာမှ အ​ရေးလုပ်​ပြီး​တော့ ရှင်းပြ​နေစရာ မလိုဘူး ​ငွေမနိုင်​တဲ့သူကို ဒီက​နေ မလွတ်​​ပေးဘူး ​ငွေမ​ပေးနိုင်​ရင်​ ဒီဂိတ်ထဲမှာ နှစ်ပတ်စာ ​​​လုပ်​အား​ပေး ခိုင်းတာကို ​လုပ်​ရမယ်​... ​ငွေမနိုင်​တဲ့သူရှိရင်​ လက်​​ထောင်​ပါ"
ထိုအမျိုးသမီးမှ ဤကဲ့သို့ ပြန်​​ပြော​လေသည်​၊
ကျန်​တဲ့သူ​တွေ အကုန်​လုံးက ​ငွေ​ပေးနိုင်​ကြလို့လား ဒါမှမဟုတ်​ အိမ်​ကိုပြန်​ချင်​​ဇောနဲ့ သူတို့​တောင်းတဲ့​ငွေကို မ​ပေးချင်​ပဲနဲ့ ​ပေးကြမှာလား​တော့ မသိပါ၊ ကျ​နော်​က​တော့ ​အိမ်​ကိုအရမ်းပြန်​ချင်​တယ်​ သို့​​သော်​ ​ငွေမ​ပေးနိုင်​ပါ သူတို့​တောင်းတဲ့​ငွေက အရမ်းကို များလွန်းသည်​၊ (ထိုအချိန်​တုန်း ​ထိုင်း​ရွှေအ​ခေါက်​ တစ်​ကျပ်​သားမှ ​ဘတ်​​ငွေ၇ထောင်​ကျော်​သာ ရှိ​သေးသည်​) ​အကယ်​၍ ကျ​နော်​အနဲ့ ​ငွေ​ပေးနိုင်​သည်​ရှိခဲ့​သော်​ သူတို့မတရား​တောင်းတဲ့​ငွေကို မ​ပေးနိုင်​ပါ... ထို​ကြောင့်​ ကျ​​နော်​ လက်​​ထောင်​လိုက်​​လေသည်​။(ထိုင်းက​နေ အဖမ်းခံရပြီး မြန်​မာနိုင်​ငံ ကရင်​ပြည်​နယ်​ မြဝတီမြို့ ကိုးသုံးလုံးဂိတ်(အေ​ဟာင်း)​သို့ ​ရောက်​ဖူးသူတိုင်း ကိုးသုံးလုံးဂိတ်​အ​ကြောင်းကို သိကြပါသည်​။)

ဒီလိုနဲ့ ​ငွေမ​ပေးနိုင်​​သော ကျ​နော့်​အား ပြန်​မလွတ်​​ပေးဘဲ ဂိတ်​ထဲတွင်​ ​ခေါ်ထား​လေ​တော့သည်​။ ကိစ္စမရှိပါ တိုင်းတစ်​ပါးမှာ​တောင်​ ဒုက္ခသုက္ခနဲ့ ဖမ်းခံထိပြီး​တော့ အချုပ်​ထဲ​နေခဲ့ရ​သေးတာပဲ... ကိုယ့်​နိုင်​ငံ ကိုယ့်​တိုင်းပြည်​သို့ ပြန်​ရောက်​လာပြီဘဲ ဒီ​လောက်​နဲ့​တော့ စာမဖွဲ့​တော့ပါ အ​တွေ့အကြုံ​တောင်​ ရပါ​သေးသည်​။

တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​ငွေ​ပေးပြီး​တော့ ပြန်​ထွက်​သွားကုန်​ကြ​လေပြီ၊ ထိုင်းက​နေ ပြန်​လွတ်​လာ​သော လူများအားလုံးထဲတွင်​ ည​နေ​​ရောက်​​သောအခါ ကျ​နော်​တစ်​​ယောက်​ထဲသာ ကျန်​ရှိ​နေခဲ့​တော့သည်​။ ထိုအချိန်​တွင်​ ကျ​နော့်​နဲ့ အသက်​တူ ရွယ်​တူ​လောက်​ရှိ​သော လူငယ်​တစ်​ဦးမှာ လက်​ထဲတွင်​ ထမင်းထုတ်​ဆွဲ၍ ကျ​နော့်​ဆီသို့ ​ရောက်​ချလာ​လေသည်​။

"​အစ်​ကို စားဖို့ ထမင်းထုတ်​ ဒီည ဒီဂို​ထောင်​ထဲမှာ ဖြစ်သလိုအိပ်​​တော့​နော်​ မနက်​ကျရင်​ အလုပ်​လုပ်​ဖို့ ကျ​နော်​လာပြန်​​ခေါ်မယ်​"

"​​သြော်​.. ဟုတ်​ ဟုတ်​ကဲ့ပါခင်​ဗျ"
ဆိုး​တော့မဆိုးပါ ထမင်း​တော့ ​ကျွေးပါသည်​၊
ဒီလိုနဲ့ ကမ်းနားဆင်း ရေချိုးပြီး ထမင်းစား​သောက်​ပြီး​တော့ ကျ​နော်​တစ်​​ယောက်​ထဲ ​​မှောင်​​မှောင်​မဲမဲ ဂို​ထောင်​ထဲတွင်​ ကြုံသလို အိပ်​စက်​​လေ​တော့သည်​။

မနက်​၆နာရီ မိုး​သောက်​​လင်း​သောအခါ မ​နေ့ည​နေက ကျ​နော့်​အား ထမင်းလာပို့​သော လူငယ်​တစ်​ဦး လက်​ထဲတွင်​ ​ပေါက်​တူးတစ်​လက်​ကိုင်​၍ ​ရောက်​ချလာပြန်​​သည်​။

"ဗျို့.. အစ်​ကို အိပ်ယာ​​နိုး​နေပြီလားဗျ"

"​အေး နိုးပြီး​လေ"

"နိုးပြီဆိုရင်​လည်း လာ ကျ​နော်​နဲ့လိုက်​ခဲ့"

"ဘယ်​ကိုတုန်းကဟ လက်​ထဲမှာလည်း ​ပေါက်​တူးကြီးနဲ့"

"​လော​လောဆယ်​​တော့ ဂိတ်​ထဲမှာရှိတဲ့ လ္ဘက်​ရည်​ဆိုင်​ကိုသွားပြီး ဗိုက်​ဖြည့်​ကြတာ​ပေါ့... ပြီးရင်​ လက်​ထဲက ​ပေါက်​တူးက​တော့ ဂိတ်​ထဲမှာရှိတဲ့ အနီးနားတစ်​ဝိုက်​က မြက်​​တွေလိုက်​ရှင်းရမယ်​"
အွန့်​ ​ပေါက်​တူးကိုင်​ရ​တော့မယ်​ ​သေပြီဆရာ..
ဒီလိုနဲ့ ကျ​နော့်​အား လာ​ခေါ်​သော လူငယ်​နဲ့ လ္ဘက်​ရည်​သို့ ထွက်​ခွာကြ​လေ​တော့သည်​။

"အစ်​ကို ဘာ​သောက်​မလဲ ကြိုက်​တာမှာ​လေ"

"အင်း လ္ဘက်​ရည်​​တော့ မကြိုက်​ဘူး ဒီဆို်​င်​မှာ တစ်​ခြား စားလို့ရတာ ဘာ​တွေရလဲ"

"ထမင်း​ကြော် မုန့်​ဟင်ခါး အုန်းနို့​ခေါက်​ဆွဲ ရှိတယ်​ ကြိုက်​တာမှာစားအစ်​ကို"

"ငင့်​.. ကြိုက်​တာမှာစားဆို​တော့ ငါစားပြီးရင်​ မင်း ရှင်း​ပေးမှာလား"
ထိုလူငယ်အား ကျ​​နော်​​နောက်​သလိုနဲ့ အတည်​​​ပေါက်​ ​ပြောလိုက်​​လေသည်​။

"အယ်​... အစ်ကိုကလည်း ဘန်​ကောက်​ပြန်​ပဲဟာ ​အစ်ကို​ရှင်း​ပေးရမှာ​ပေါ့ဗျ​ ကျနော့်​မှာပိုက်​ဆံမပါလာဘူး"

ငှယ်​.. ​သေစမ်း ဒီ​ကောင်​ ငါ့ကို အ​တော်​အထင်​ကြီး​နေတယ်​... သူ​ပြာတာ ဘာတဲ့ ဘန်​​ကောက်​ပြန်​တဲ့ ဟ ဟားး

ဆက်​လက်​​ရေးသားသွားပါမည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
ကျေးဇူးတင်​ထိုက်​သူများနဲ့ Myanmar Steemit အဖွဲ့သား အားလုံးကို ​ကျေးဇူးအထူးတင်​ပါသည်​ခင်​ဗျာ....

MSC 160
Author @kolinn

Sort:  

မြန်မာနိုင်ငံ ပြန်ရောက်ဖို့လွယ်ပါ့မလား....?
အရာရာပိုက်ဆံကြီးပဲ

မြန်​မာပြည်​​ရောက်​မှ ​ငွေက အရမ်းတန်​ဖိုးရှိသွားတာ​လေ ဘယ်​​နေရာသွားသွား ​ငွေပါမှ😩

ကိုလင်းကတော့ ခံရပြန်ပြီ ပေါ့ ဟီးးးး

ဟုတ်​တယ်​ဗျာ 😂

ဘတ်၃၀၀၀ မပေးချင်လို့ နေခဲ့ပါတယ်ဆိုမှ ကပ်စားမယ့်သူနဲ့ တွေ့ပဟ

ဟုတ်​ပါ့ကိုဟိန်း​ရေ...

ဟဟ ဂုန်းဆင်းနဲ့တွေ့ပြီ။

😣😣😣😣😣😣

အဖြစ်​ကမနှစ်​ကထက်​ဆိုးဆိုသလိုဖြစ်​​နေပြီ 😁😂

😗😗😗😗😗😗

ငွေကလည်း နေရာတကာလိုတာပါပဲနော်

ဒုတိယ ဘုရားသခင်​လို့​တောင်​ တင်​စားကြ​သေးတာပဲဗျာ

ကိုလင်းစားရမယ်ထင်ပြီး လိုက်သွားတာ ခံလိုက်ရသေးလားဗျ hee hee

😂😂😂😂😂😂

ဟားးဟ လုပ်ပါအုံးဘန်ကောက်ပြန်ကြီးရေ ဟုတ်ပါဘူး ကိုလင်းရေ

😂😂😂😂😂😂

ဘန်ကောက်ပြန်မို့အထင်ကြီးချင်းခံလိုက်ရသကာလ မလှူချင်ပဲလှူဖြစ်သွားတယ်လို့ပဲ သတ်မှတ်လိုက်ပါကိုလင်းရေ

အဲ့လိုပဲ လှူတယ်​ သ​ဘောထားရ​တော့မယ်​😀

ကပ်တီးမူးလဲကောင်နှင့် ထပ်တွေ့နေသေးတယ်ပေါ့။

ကိုယ့်​ထပ်​ဆိုးတဲ့​ကောင်​နဲ့ အဲ့မှာ သွား​တွေ့တာ ကို​ထွေး​ရေ..

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98