ကိုယ့်အားကိုယ်ကိုးနိုင်ပြီလား

in #myanmar6 years ago (edited)

အပူပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်လို့.. ဦးထီးက ဆိုခဲ့တယ်။
ပညာပေးဇာတ်လမ်းလေးတွေမှာက
အပူပင် မကင်းတဲ့ကလေးတွေ များစွာရှိနေတယ်လို့....
ဆင်ခြင်နိုင်ဖို့ အသိပညာကိုပေးတယ်။

family-unit-immigration-australia-visa.jpg
Credit image source

ဟုတ်ပါတယ် မှန်သောစကားပါ။
သို့ပေမယ့်...
ငယ်ရွယ်စဉ်မှာအပူအပင်ကင်းစွာနေရဖို့
မိဘတွေ၊ အုပ်ထိန်းသူတွေ၊ အသက်အရွယ်အားဖြင့်ကြီးရင့်သူတွေက အပူအပင် မကင်းခဲ့ကြပါဘူး။
ငါတို့သားသမီးတွေ၊ ငါတို့စောင့်ရှောက်နေရတဲ့သူတွေအတွက် ငါတို့ ဘယ်လိုရှာဖွေရမလည်းဆိုတာကိုအမြဲတမ်း တွေးတောရင်းပူပင်နေကြရတာပါ။

တချို့တော့ ရှိကြမှာပါ။ အပူအပင်မရှိ ရှေ့ရေးနောက်ရေးမတွေးပဲ နေထိုင်သူတွေပေါ့။ သူတို့ဟာ သူတို့ရဲ့သားသမီးတွေ သူတို့စောင့်ရှောက်ရမယ့်သူတွေရှိနေရင်တောင် ပစ်ထားတက်ကြတယ် ဥပေခ္ခါပြုထားတက်ကြပါတယ်။ အဲ့ဒီလို အသက်ကြီးလို့ လူကြီးဖြစ်လာကြတဲ့ သူတွေရဲ့ လက်အောက်မှာရှိကြတဲ့ ကလေးသူငယ်နဲ့ တခြို့သောသူတွေဟာ သူတို့ဘဝအတွက် အပူအပင်မကင်းကြရပဲရှိနေလိမ့်မယ်လို့ထင်တယ်။ သူတို့ဝမ်းစာအတွက်သူတို့ရှာကြရတော့မယ်။
ငါတို့ဘာမှမလုပ်ရင်ဖြင့်ငတ်ရတော့မယ်ဆိုတဲ့အတွေးတွေကြောင့် ပူပင်ကြရလိမ့်မယ်။

တစ်ကယ်တော့ ကျနော်တို့ငယ်ဘဝ အပူအပင်ကင်းခဲ့ပါတယ်။ ကျနော်တို့ငယ်ရွယ်စဉ်မှာ စီးပွားရေးလည်းမသိဘူး။ ပိုက်ဆံရှာဖို့လည်းမသိဘူး။ ကျောင်းသွားခါနီး အဖေနဲ့နီးရင် အဖေ့ဆီက မုန်းဖိုးတောင်းတယ်။ အမေနဲ့နီးရင် အမေ့ဆီက မုန့်ဖိုးတောင်းတယ်။ သူတို့ ဘယ်လိုပင်ပင်ပန်းပန်းရှာဖွေရတယ်ဆိုတာလည်း ကျနော်မသိဘူး။ သူတို့ အပူအပင်ကင်းမကင်းလည်းကျနော်မသိဘူး။ ကျနော်သိတာ၊ ကျနော်တာဝန်က ကျောင်းသွားရင် စာသင်ရမယ်။ ကျောင်းမုန့်စားဆင်းချိန်ကစားမယ်၊ပျော်ပါးကြမယ်ပေါ့။ အိမ်ပြန်ရောက်ရင်လည်း ဗိုက်ဆာပြီမေမေဆိုရင် ထမင်းလည်းအဆင်သင့် ဟင်းလည်းအဆင်သင့်ပေါ့။

ဘိုးဘွားမိဘတွေက အပူအပင်ရှိတာတွေကြောင့် စီးပွားရှာဖွေကြတယ်။ သူတို့ လုပ်နိုင်တဲ့အလုပ်တွေကိုလုပ်လို့ ငွေကြေးချောင်လည်လာကြတော့ သူတို့ပူပင်မှုတွေကို လျော့ပါးလာစေကြတယ်။ ထမင်းတစ်လုပ်ဖြစ်လာဖို့ ငွေကြေးတွေကနေတဆင့် စပါးဝယ် စပါးကြိတ်၊ ဆန်ဖြစ်တော့ချက်တယ်ပေါ့။

ကျနော်တွေးမိတယ်၊ ကျနော်မေးမိတယ်။ ကိုယ့်ကိုယ်ကိုပေါ့။
ကျနော် ကိုယ်ပိုင်အင်အားနဲ့
အိမ်မှာရှိတဲ့ မိသားစုအတွက် ထမင်းတစ်နပ်စာ အဆင်သင့်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပြီလားပေါ့။
ကျနော်ရဲ့အဖြေကတော့... ကျနော့အင်အားနဲ့နေ့စဉ်တိုင်းအတွက် ထမင်းစားပွဲုတွေကို အဆင်သင့်ဖြစ်စေနိုင်မယ်မဟုတ်သေးပါဘူး။

ကျနော့ရဲ့ဒီလိုအဖြေကို မိဘတွေကသိလို့ တွေးကြည့်မိရင်ဘယ်လိုဖြစ်လာနိုင်မလည်း။
ဪ....ငါ့သားသမီးတွေ ငါရှိတုန်းရှာဖွေကျွေးမွေးနိုင်တုန်းသူတို့ဘဝတွေအေးချမ်းရတယ်။ ငါမရှိတော့ရင် သူတို့ ဘယ်လိုရှာဖွေစားသောက်ကြမလည်းဆိုပြီး အတွေးပိုပြီးစိုးရိမ်နေကြလိမ့်မယ်။

ကျနော် မေးခွန်းလေးအနည်းငယ်မေးချင်မိတယ်။
1- ကျနော်တို့လူငယ်တွေမှာ ပူပင်မှုရှိကြပြီလား။
2- အဲ့ဒီပူပင်မှုတွေကို ဖြေလျော့နိုင်ဖို့အစွမ်းအစတွေအဆင်သင့်ရှိပြီလား။
3- ကိုယ်မှီခိုတဲ့အရာ လောကကြီးထဲကနေပျောက်ကွယ်သွားရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အင်အားရှိပြီလား။

mormon-gardening.jpg
Credit image source

.......

ပညာပေးဇာတ်လမ်းတွေကပြောပြကြတယ်။ စာပွဲထိုးအလုပ်ကိုလုပ်ပြီး ရသလာက်ကို သုံးနေရင်လည်း စာပွဲထိုးဟာ အသက်ကြီးတဲ့ထိစားပွဲထိုးပဲဖြစ်နေအုံးမှာပါတဲ့။
အသက်ကြီးတဲ့အထိလို့ ပညာပေးပေမယ့် ကျနော်တို့တတွေအသက်အရွယ် ကြီးလာလို့ အိုမင်းလာရင် ဆိုင်ကရော ဒီလှုပ်ရှားမှုနှေးကွေးနေတဲ့ အဖိုးအိုအဖွားတွေကို လက်ခံပါအုံးမလား။
(စာပွဲထိုးတောင်အသက်ကြီးနေမှ ဆိုင်ရှင်က ရှိပါ့အုံးမလားဆိုပြီးကပ်မပြောနဲ့နော်။ ဆိုင်ရှင်က သူ့မြေးကို ဆိုင်ဆက်ဖွင့်ခိုင်းခဲ့တာ။😁😁)

တစ်ကယ်တော့ စုဆောင်းမှုမရှိရင် အမှီအခိုကင်းနေရင် အသက်အရွယ်ကြီးတဲ့အခါဒုက္ခရောက်ရမှာပါ။
မေတ္တာဆိုတာအသွားအပြန်ရှိမှကောင်းတာပါ။
ဘယ်တုန်းက ဘာအကြောင်းကြောင့်ဆိုပြီး အပြစ်တင်နေမယ့်အစား။ လက်ရှိအချိန်တွေကိုပျော်ရွှင်စရာတွေပဲဖြစ်အောင်ဖန်တီးကြရင် အရာအားလုံးအေးချမ်းပါတယ်။ လူဆိုတာအမှားနဲ့မကင်းသလို သည်းခံခွင့်လွှတ်တက်ပါတယ် စာနာတက်ပါတယ်လို့ပြောတက်သူတွေဟာလည်း တစ်ကယ်ကြုံလာရင် နားလည်ပေးနိုင်မှု သည်းခံနိုင်မှုတွေလျော့ပါးကြတာကိုတွေ့ရတယ်။

ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ ပျော်ပျော်နေတာအကောင်းဆုံးပါပဲဗျာ။

ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်ဗျာ။
ဥပမာပေး၊ ပညာပေးတွေကို ရောသမမွှေလိုက်သည်။😁😁😂

Sort:  

ပိုစ်​တင်​ပြီလား

Posted using Partiko Android

ဟုတ်တင်ပြီ ဘဘကြီးး😁

ကိုယ့်အားကို ကိုး စီးပွားတိုး

Posted using Partiko Android

ဟုတ်တယ်
ကိုယ့်အားကိုယ်ကိုးမှဖြစ်မှာ

မိမိကိုယ်သာ ကိုးကွယ်ရာမို့
သူများအားကိုး အားနွဲ့ရိုးပဲ

Posted using Partiko Android

ဟုတ် ကိုဟိန်း

ရော လို့ သမ လို့ မွှေ လို့ ကောင်းသလားကိုမိုးဇော်

ဆိုးဘူး ဦးစိုးရ😁😁

သားစိုးနဲ့ပေါင်းလိုက်လို့ရပီပဲ ဆက်ချ ဆက်ချ အားပေးနေမယ် ☺

ကိုယ့်ဘဝအတွက် အပူအပင်တွေတော့ရှိပါတယ်။တွေးပူတတ်တဲ့လူဆိုတော့လည်း။

Posted using Partiko Android

ဟုတ် အမှားပါရင် နားလည်ပေးနော် အစ်မ

မေးခွန်းလေးတွေ မေးထားတာကောင်းလှပါတယ်။ရောသမမွှေ ထားသော်လည်း စာဖတ်သူတွေအတွက် အဆင်ပြေပြီး ပေးချင်တဲ့ message လေးတွေ ပေါ်လွင်ပါတယ်အစ်ကို။

ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ😍😍

လက်ရှိဘဝထက် ကြီးကျယ်တာ ဘာဆို ဘာမှ မရှိနိုင်ပါတဲ့  ဆရာတော်တစ်ပါး ဟော်တာ နားထောင်ဖူးတယ်အကို

သူ စာ ပြန်ရေးပြီလေ

အိုစာမင်းစာ ရှာနေပြီလားဗျ

လောကကြီးက နေတက်ရင်တော့ ကျေနပ်စရာပါလေ။
နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေဖို့တော့လိုတာပေါ့ဗျာ။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12