ကျနော့အဖွားရဲ့ ဘဝအကြောင်း (သိမ်း)

in #myanmar6 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၁)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၂)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၃)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၄)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၅)


အရင်တစ်ပတ်ကအပိုင်းဆက်လေးကို ဆက်ပါအုံးမည်။

ကျမလည်း ရေနစ်သူက ကောက်ရိုးတစ်မျှင်ဆွဲမိတာနဲ့ အားရှိသွားတယ်ဆိုသလိုပါပဲ။ ဆရာကြီးကတော့ ကောက်ရိုးတစ်မျှင်မဟုတ်ပါဘူး 😂😂
အဲ...သူတော်ကောင်းတစ်ယောက်လို့ပြောမို့ပါ(အရွှန်းဝင်ဖောက်ခြင်းဖြစ်သည်😂😂)

ဆရာကြီးက သူတော်ကောင်းတစ်ယောက်ပါ။ ဆရာကြီးကို ကျမအကြောင်းပြောပြတော့ ဆရာကြီးက ""ငါကူညီမယ် ဘာမှမပူနဲ့ မနက်ဖြန်ငါလာခဲ့မယ်။ ငါပြောတဲ့အတိုင်းလုပ်" ဆိုပြီး ပြောပြီးပြန်သွားပါတယ်။ နောက်တစ်နေ့ ဆရာကြီးရောက်လာတော့....."ငါနဲ့ရင်းနှီးသူတစ်ယောက် တွံတေးမှာရှိတယ်။နင့်ကိုအဲ့ဒီကိုခေါ်သွားမယ်။ ဒီတိုင်းသွားလို့ကတော့ ဟိုကောင်ကနင့်ကိုသွားခိုင်းမှာမဟုတ်ဘူး။ နင်ကဟိုကောင့်ကိုငါသင်ထားတဲ့အတိုင်းပြော၊ မနက်ဖြန်သွားကြမယ်"ဆိုပြီးပြောပါတယ်။ ဒါနဲ့ ကျမလည်း အဲ့ဒီလူပြန်လာတော့...
"အစ်ကို ကျမကိုယူချင်တယ်ဆိုရင် ဒီမှာတော့ ယူလို့မဖြစ်ဘူး တခြားကိုသွားမယ်။" ""ဘယ်ကိုသွားမှာလည်း"ဆိုပြီး သူကမေးတော့..
"တွံတေးမှာ ကျမအသိရှိတယ် အဲ့ဒီကိုသွားမယ်"လို့ ကျမကပြောတော့ သူလက်ခံပါတယ်။

ဆရာကလည်း ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကျမကိုလိုက်ပို့ရမယ်လို့ပြောပြီးလာခေါ်တော့ သူကလည်းလိုက်မယ်လို့ပြောပြီး ကျမတို့နဲ့အတူလိုက်လာပါတယ်။ကျမတို့သုံးယောက်တ့်တေးကိုရောက်တော့ ကျမတို့နေရမယ့်အိမ်ကိုခေါ်လာပါတယ်။ အဲ့ဒီအိမ်ကလည်း ကြာသပတေးသားသမီးလက်မခံရဘူးဆိုတာနဲ့ ဆရာက......"အိမ်မှာလက်မခံရင်လည်း အိမ်ရဲ့အနောက်မှာ အဖီလေးဆောက်ပြီး နေပါရစေလို့ခွင့်တောင်းပြီး အားချင်းပဲ ဓနိနဲ့ဝါးဝယ် ၊ တစ်ဖက်ရက်အဖီလေးဆောက်ပေးပြီး ကျမတို့သားအမိနေဖို့ စီစဉ်ပေးပါတယ်။ စီစဉ်ပြီးသွားတော့ "ကဲ မင်းနဲ့ငါနဲ့အတူတူပြန်မယ် ကောင်မလေးနေတဲ့နေရာလည်းသိပြီပဲ နောက်နေ့ကျမှမင်းအဝတ်အစားတွေယူပြီးပြန်လာပေါ့လို့**"ဆရာကပြောတော့ သူမပြန်ချင်ပြန်ချင်နဲ့ ဆရာ့နောက်ကိုလိုက်သွားပါတယ်။

ဆရာနဲ့သူ လမ်းထိပ်ရောက်တော့ ခလေးကိုဆေးပေးဖို့မေ့သွားလို့ခဏစောင့်ဆိုပြီး သူ့ကိုလမ်းမှာခဏစောင့်ခိုင်းခဲ့ပါတယ်။ ဆရာကျမဆီပြန်လှည့်လာပြီး..."နောက်တစ်ခေါက် ဒီကောင် တစ်ယောက်တည်းလာလိမ့်မယ်၊ ဆရာလိုက်မလာတော့ဘူး။ခလေးအတွက် ဆေးတစ်လစာပေးထားခဲ့မယ်။မနက်ဖြန်မိုးလင်းတာနဲ့အိမ်နားကလူတွေကိုလိုက်ပြောထားပေတော့လို့" ဆရာကမှာပြီးပြန်သွားပါတယ်။ ကျမလည်း မိုးလင်းတာနဲ့.....
"သူတို့ကျမကိုအတင်းခေါ်လာကြတာ မယားကြီးရှိရဲ့သားနဲ့ ကျမကိုမတရားယူချင်လို့ ဒီမှာထားခဲ့တာ။ကျမမှာအမျိုးလည်းမရှိ၊ ဘယ်သွားရမှန်းလည်းမသိနဲ့ဖြစ်နေပါတယ်။နောက်ပြီး အဲ့ဒီလူကိုလည်းမယူချင်ဘူး။သူက ဒီကိုလာတော့မှာ ကျမကြောက်တယ်"ဆိုတော့... အဲ့ဒီလမ်းထဲက လူတွေအကုန်လုံးက "ဘာမှမကြောက်နဲ့ ၊ အဲ့ဒီလူလာရင် နင်ထွက်မတွေ့နဲ့ ဒို့တာဝန်ထား။ ဒီလိုလူမျိုးကိုအလာမခံဘူးလို့" ပြောပြီး ကျမကိုအားပေးကြပါတယ်။

နောက်တစ်နေ့ သူလာတယ် ဆိုရင်ပဲ ခွေးရူးလိုက်သလို တုတ်တွေ ဂဲတွေနဲ့ ဝိုင်းပေါက်ကြတာကြောင့် ခွေးပြေးပြေးရပါတော့တယ်။ ဒါတောင်မှ နောက်ထပ် နှစ်ခေါက်ထပ်လာပါသေးတယ်။ ရောက်လာတိုင်းလည်း ဝိုင်းလိုက်ကြတာကြောင့် နောက်နောင် တစ်ခါမှမလာတော့ပါဘူး။ ကျမလည်း သားလေးကျန်းမာရေးကောင်းလာတော့ တွံတေးတစ်ဖက်ကမ်း ဇီးဖြူကုန်းဘက်က အစိုးရငါးကန်မှာ အုတ်သွားရွက်ပါတယ်။တစ်နေ့ကို နှစ်ကျပ် ဆယ့်ငါးပြားရပါတယ်။ ကျမတို့သားအမိ စားဝတ်နေရေးအတွက် လုံလောက်ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ တွံတေးမြို့ အိုးဖိုရွာဖျားမှာနေထိုင်တဲ့ ဦးမောင်ခြယ် ဒေါ်တုတ်တို့လင်မယားက ကျမတို့သားအမိနှစ်ယောက် ပင်ပင်ပန်းပန်းနဲ့နေထိုင်စားသောက်နေရတာကိုမြင်ပြီး ကျမကို သူတိုရဲ့မွေးစားသမီးအဖြစ် သူတို့နဲ့အတူလာနေဖို့ခေါ်ပါတယ်။ကျမလည်း သူများအိမ်မှာနေထိုင်လာခဲ့ရတာတွေကိုတွေးပြီး စိတ်ကုန်နေတော့ သူတို့ခေါ်တာကိုငြင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့က ဇွဲမလျော့ခဲ့ပါဘူး။ ကျမအလုပ်သွားတုန်း ကျမအဝတ်အစား အိုးခွက်တွေနဲ့ ခလေးကိုပါ သူတို့အိမ်ကိုခေါ်ဆောင်သွားပါတယ်။ ဒါကြောင့် ကျမအလုပ်ကပြန်လာတော့ သူတို့အိမ်ကိုလိုက်ခဲ့ရပါတယ်။ သူတို့အိမ်ကိုရောက်တော့ သူ့သမီးတွေနဲ့ကျမကို တန်းတူညီတူထားခဲ့ပါတယ်။ သူတို့သမီးတွေကလည်း ကျမကို ညီမအရင်းချာတွေလိုချစ်ခင်ကြပါတယ်။ ကျမဘဝလည်း အဲ့ဒီအချိန်ကစလို့ အေးချမ်းစွာနေထိုင်ခဲ့ရပါတယ်။........................

ကံဇာတ်ဆရာရဲ့အလိုကျနေထိုင်ရတဲ့ လူသားတွေရဲ့ဘဝ အေးချမ်းကြပါစေ။ တိုင်းရင်းမြန်မာဆေးဆရာကြီး ဦးစံရင်နှင့်တစ်ကွ မွေးစားမိဘများနှင့်အတူ ကျေးဇူးရှင်အားလုံးကို ဂါရဝပြုလိုက်ပါတယ်။
........... ............
.................မေမေရေးသော.................
..... အဖွားရဲ့အကြောင်းလေးပါ......
.......... .......

အခုအချိန်မှာတော့ ကျနော့အဖွားနှင့် အဖွားတို့အား မွေးစားခဲ့ကြသော အဖွားရဲ့မွေးစားမိဘများလည်းမရှိကြတော့ပါဘူး။ ကျနော့အဖွားရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို steemitမှမိတ်ဆွေတွေအားလုံးကိုသိရှိရအောင် တင်ပြခွင့် ရေးသားခွင့်ရတဲ့အတွက် ကျနော်ဝမ်းသာမိပါတယ်။

"အဖွား ကောင်းရာသုဂတိလားပါစေ..လို့ ဆုတောင်းရင်း.."

ပြီးပါပြီ....

@komoezaw

MSC-030

Sort:  

ဖတ်ရတာ ရင်ထဲကိုထိတယ်ဗျာ
ဟိုကောင်ကို အသေရိုက်သက်ပစ်လိုက်ရမှာ...

လာသွားရိုက်မယ်

ဟုတ် ခန ဓားသွေးလိုက်ဦးမယ်ဗျ

အဲ တိုင်ပင်နေကြတာ😁😁😁

You got a 5.66% upvote from @upmewhale courtesy of @komoezaw!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

ကို​ဇော့်​အဖွားအ​ကြောင်းဖက်​ရတာ ရင့်​နင့်​စရာ... ​ရေးတာလည်း ​ကောင်းလွန်း​နေ​တော့... ဒီထက်​ပိုပြီး ပုံ​ဖော်​နိုင်​ရင်​ ​​စာဖက်သူ ရင်ထဲမှာ ​တော်​​တော်​ရသ​မြောက်​မယ်​ထင်​တယ်​ ကို​ဇော်​​ရေ...

ဟုတ်တယ်ကိုလင်းရ
ဒါပေမယ့် ဒီထက်ပိုပြီး ပုံဖော်နိုင်တော့ဘူး😁😁😁😂

အဖွားကို အလွမ်းပြေပေါ့ဗျာ

ဟုတ်ကိုစော အလွမ်းပြေပေါ့
အဖွားကတော့ မြေးတွေကိုချစ်ပါတယ်
လမ်းလွဲနေတာတွေလည်းရှိခဲ့တယ်။

အခုမှ ဓာတ်ပုံကိုသေချာကြည့်မိတယ် ကိုမိုးဇော်က အဖွား ၊ အမေ မျက်နှာနဲ့တူတယ်နော်

ဟုတ်ကိုသန့်ရ မှန်ပြန်ကြည့်အုံးမှ 😁😁😁

ဇာတ်​လမ်း​လေးအတိုင်းပါပဲ videoရိုက်​ရင်​ ​ပေါက်​မယ်​ထင်​တယ်

ရိုက်မယ့်မင်းသမီးမရှိလောက်ဘူးထင်တယ်broရ😁😁😁

ကိုမိုးအဘွားကောင်းရာရောက်ပါစေလို့ဆုတောင်းပေးပါတယ် ဘဒိုရေ။

ကျေးဇူးကိုစိုင်းရေ
ဆုတော့တောင်းပေးတာပါပဲ
ရတာမရတာကတော့ သူပြုခဲ့တဲ့အကျိုးဆက်ကပဲပေးလိမ့်မယ်ထင်တယ်

ကိုမိုးရဲ့ ဇာတ်လမ်းကို ဖတ်ခဲ့မိတိုင်း လောကမှာမရှိ
တော့တဲ့ အမေ့ကို ပြန်လွမ်းခဲ့မိပါတယ်လေ

ဟုတ်ကိုညီ လွမ်းမိစေတာ စိတ်မကောင်းပါဘူးကိုညီရေ
အမှက်တရတွေက လွယ်လွယ်နဲ့တော့ မေ့ပစ်နိုင်မယ်မထင်ဘူး

အဖွားရဲ့ဇာတ်လမ်းလေးက action ဆန်တယ်နော်

ဟုတ် ဆက်ရေးရင်
ကျနော်တို့အထိရေးလို့ရသေးတယ်😁😁😁

သူတော်ကောင်းတွေနဲ့ တွေ့ခဲ့လို့ တော်သေးတာပေါ့။

ဟုတ်တယ်ကိုထွေးရ အဖွားကိုမွေးစားခဲ့တဲ့သူတွေရဲ့စိတ်ဓာတ်ကိုလေးစားမိတယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89