အောင်မြင်ချင်လျှင် ကြိုတင်ပြင်

in #myanmar5 years ago

Proper planning and preparation prevents poor perfomance
" ကြိုတင်ပြင်ဆင်မှုက မမျှော်လင့်ထားတဲ့ ကျရှုံးမှုတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်"
ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာ ကြိုတင်ပြင်ဆင်မှုမရှိပဲ အရာရာကို ကံနဲ့ဘုရားအပေါ်ကို အပြစ်ပုံချတတ်တဲ့သူတွေကို တွေ့ဖူးပါလိမ့်မယ်။

bo015cjqcp.jpg
Images Credit - Original Source
"ငါကံမကောင်းလို့ မအောင်မြင်တာ" "ငါကံမကောင်းလို့ ကျရှုံးတာ" "ငါ့ကံကိုက ဆိုးလွန်းပါတယ်ကွာ" ဆိုပြီး ဘ၀မှာ အဆင်မပြေမှုတွေနဲ့ကြုံလာရင် ကံတရားအပေါ် ရိုးမယ်ဖွဲ့ အပြစ်ပုံချကာ ညည်းနေတဲ့သူတွေရှိကြပါတယ်။
တချို့ ခရစ်ယန်တွေကလဲ ဘယ်လိုပြောလဲဆိုရင် "ဘုရားအလိုမရှိလို့ ငါဒီအလုပ်မရတာ" " ဘုရားအလိုမရှိလို့ ငါစာမေးပွဲမအောင်တာ" စသည်ဖြင့် တခုခုဆို ဘုရားကိုပုံချတတ်ကြတယ်။ ကိုယ်ကမှစာမကျက်တာ ဘယ်လိုလုပ် စာမေးပွဲအောင်မှာလဲ မဟုတ်ဘူးလား။ အဲဒါကို ကိုယ်စာမေးပွဲကျတာကို ဘုရားအလိုမရှိလို့၊ ကိုယ်အလုပ်မရဘူးဆိုရင် ဘုရားအလိုမရှိလို့ဆိုပြီးတော့မှ ကောင်းတာတွေရော မကောင်းတာတွေရော ဘုရားနဲ့ ကံကို ပုံချတတ်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲလိုလူမျိုးမဖြစ်ပါစေနဲ့။

r6unqb7atw.jpg
Images Credit - Original Source
ကမ္ဘာတ၀န်းမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်ပါ။ သူတို့တွေဟာ ကံတခုတည်းကြောင့် အောင်မြင်လာတာ မဟုတ်ပါဘူး။ ဘုရားရှေ့ထိုင်ဆုတောင်နေ့လို့ အောင်မြင်လာတာလဲ မဟုတ်ပါဘူး။ လူတယောက်အောင်မြင်ဖို့ဆိုတာ ကံရော ညာဏ်ရော ၀ီရိယရော လိုအပ်ပါတယ်။ တခုခုကိုဆိုရင် ဘုရားကိုပဲဆုတောင်ပြီးမှ ကိုယ်ကိုတိုင်မကြိုးစားဘူးဆိုရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင်၌ကလည်း ကြိုးစားဖို့ လိုအပ်ပါတယ်။
အဲဒါကြောင့် ကံနဲ့ဘုရားကိုပုံချဖို့မစဉ်းစားပါနဲ့။ ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ်အောင်မြင်ချင်တဲ့အရာကို ကိုယ်ကိုတိုင် ကြိုတင်ပြင်ဆင်မှုရှိပြီးမှ ကြိုးစားမှုရှိဖို့ လိုအပ်ပါတယ်။ ဒီနေ့ဘာလုပ်မယ်၊ နက်ဖန်ကျရင် ဘာလုပ်မယ်၊ နောက်၆လနေရင် ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ် စသည်ဖြင့် plan တွေဆွဲပြီး စည်းကမ်းတကျ ကြိုးစားအားထုတ်နေသူအဖို့ အောင်မြင်မှုဆိုတာ လက်တကမ်းမှာပါ။

lyyem7xll6.jpg
Images Credit - Original Source

Success occurs when opportunity meet preparation
"ကြိုတင်ပြင်ဆင်မှုရှိတဲ့သူတွေသာ အခွင့်အရေးရရှိပြီး အောင်မြင်မှုရမှာပါ"
တနေ့တနေ့ သူများအောင်မြင်နေတာကိုထိုင်ကြည့်ပြီးမှ "ဟာ… ငါ ဘာဖြစ်လို့မအောင်မြင်တာလဲ" လို့ ထိုင်ညည်းနေမဲ့အစား ကိုယ်အောင်မြင်ချင်တဲ့အရာတခုမှာ သေသေချာချာ အချိန်ပေးအားစိုက်ပြီးမှ ကြိုးစားပါ၊ ကြိုင်ပြင်ဆင်မှုရှိပါ။ အခွင့်အရေးမရှိဘူးဆိုတဲ့သူတွေအတွက် အခွင့်အရေးဆိုတာ ထိုင်စောင့်နေလို့မရပါဘူး။ ကြိုတင်ပြင်ဆင်မှုရှိမှ အခွင့်အရေးဆိုတာရောက်လာတာပါ။
အခွင့်အရေးကောင်းတခုကို လိုချင်တယ်ဆိုရင် စိတ်ရှည်ပါ။ ကိုယ်ဘယ်လိုအခွင့်အရေးမျိုးကို လိုချင်သလဲဆိုတာကို တိတိကျကျသိပါ၊ အဲဒီအခွင့်အရေးအတွက် ကြိုတင်ပြင်ဆင်ပါ။

The best preparation for tomorrow is do your best today.
ဒါကြောင့်မို့ ဒီနေ့ကနေစပြီး မနက်ဖန် မနက်ဖန်တွေအတွက် ကြိုတင်ပြဆင်မှုကို စလုပ်ပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

@kyawhlaing

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ခွန်အား ဖြစ်စေသော စာတစ်ပုဒ်ပါလား ဗျာ

Posted using Partiko Android

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ

ရပါတယ်ဗျ။ ကိုင်းကျွန်းမှီ ကျွန်း ကိုင်းမှီ ပေါ့ bro။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျား။ 😊

Posted using Partiko Android

တန်‌ဘိုးရှိ‌သောpost‌ကောင်းတစ်‌ခုပါ ကိုချစ်‌‌ရေ။

ကျေးဇူးပါ bro

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မနက်ဖြန်အတွက် ဒီနေ့လုပ်ပါ။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

ဟုတ် ကျေးဇူးပါ bro

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဇွဲ ဝီရိယ လုံ့လ လဲရှိရမယ်ပေါ့ဗျာ

ဟုတ်ကဲ့ လိုတာပေါ့ဗျာ ကံ ညာဏ် ဝီရိယ

Hi, @kyawhlaing!

You just got a 0.32% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ နက်ဖန်ဘဲ မန်းဆေးတက္ကသိုလ် သွားပြီး ခန္ဓာကိုယ် သွားလှူ မယ်

အယ်လဲ့ တယ်ဟုတ်ပါလား

ကိုဒေက သေဖို့ရာတောင် ပြင်နေပီ

မိုက်တယ်ဟာ နင် စာရေးကောင်းချက်😊

အဟမ်းး မတ်မတ်ကတော့ မြှောက်ပီ 😊😊

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97