ပင်လယ်ရနံ့ (၂)

in #myanmar6 years ago

ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ နေမင်းကြီးးက အမှောင်ထုကနေ တစ်စတစ်စ ထွက်ပေါ်လာခဲ့ပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေလည်း တဖြည်းဖြည်းအမြင်ရှင်းလာပြီ။ လူသွားလူလာတွေ၊ ခေါင်းပေါ်ဗန်းလေးတင်ပြီး ပုဇွန်ကင် ငါးကင် ဂုံကင် စတဲ့ အကင်ရောင်းတဲ့ ဈေးသည်တွေ၊ မနက်စောစော ရေဆင်းဆော့တဲ့သူတွေ၊ ကမ်းစပ်မှာ လက်ချင်းယှက်ကာ လမ်းလျှောက်နေတဲ့ ချစ်သူစုံတွဲတွေ၊ မရောက်ဖူးတဲ့နေရာတွေ လိုက်ပို့ပေးဖို့ခေါ်နေတဲ့ဆိုင်ကယ်သမားတွေ၊ စက်ဘီစီး မြင်းစီနေတဲ့သူတွေနဲ့ သာယာလှပတဲ့ ငွေဆောင်မနက်ခင်းလေးပေါ့ဗျာ။
Screenshot_8.jpg
ကျတော်လည်း ကမ်းခြေကိုဆင်းသွားပြီး ခြေဖျားတွေအပေါ် ပင်လယ်ရေလှိုင်းတက်လာတဲ့ နေရာအထိ ဆင်းသွားပြီး လှိုင်းလာပုတ်တဲ့နေရာမှာ ရပ်...လက်နှစ်ဖက်ကိုဘေးဆန့် မနက်ခင်း ပင်လယ်လေကို ရူချလိုက်ပြီး...ဟေး.....လို့ အော်လိုက်တယ်ပေါ့လေ....ဟီးဟီး။ ခြေဖျားတွေအပေါ်ပထမဆုံး ပင်လယ်လှိုင်းလေးတွေ လာထိတွေ့ လိုက်ချိန်ဟာ တကယ့်ဖီလင်ပါပဲဗျာ။ ငါ....ငွေဆောင် ပင်လယ်ကို ရောက်ခဲ့ပြီပဲလေဆိုတဲ့ ဖီလင်ပေါ့...ခ်ခ်
ခနနေမှ ဟိုကောင်တွေနဲ့တူတူ ပင်လယ်ထဲပြန်ရေစိမ်မယ်ဆိုပြီး အခန်းဆီပြန်တက်လာပါတယ်။ အင်းးးး ငွေဆောင်မှာ အခန်းတွေရော နေရာရော မဆိုးပါဘူး။ မီးကတော့ မီးစက်မို့ တညလုံးပေးထားပြီး မနက်(၆)နာရီဆိုပျက်တယ်၊ နေ့ခင်း ၁၁ ကနေ ၁နာရီထိ ခနပေးတယ်။ အခန်းဈေးတွေကတော့ အမျိုးမျိုးပေါ့။ ရေကူးကန်အကြီးကြီးနဲ့ ရီဇော့လိုလို ဟိုတယ်လိုလိုတွေလည်းရှိတယ်၊ အထပ်မြင့်တွေလည်းရှိတယ်။ ( အထပ်မြင့်တွေတော့ သဘော မကျပါဘူး။ ပင်လယ်လာတယ်ဆိုမှတော့ ကမ်းခြေနဲ့နီးလေ ကမ်းခြေကို မြန်မြန်ဆင်းသွားလို့ရလေ ကြိုက်လေပဲ။ အတွင်းပိုင်းမှာလည်း တည်းခိုခန်းတွေရှိသေးတယ်။ သူတို့က ဈေးသက်သာတယ်ပြောတယ်။ ကမ်းခြေအဆောင်တွေတောင်မှ အတွင်းထဲက အဆောင်တွေက ဆီးဗျူးဆိုတဲ့ ပင်လယ်ကို မျက်နှာချင်းဆိုင်နေတဲ့ အဆောင်တွေထက် ဈေးသက်သာတယ်လို့ ဆိုတယ်ဗျာ။ ပင်လယ်ကို မြင်နေရတာမမြင်ရတာ၊ ကမ်းခြေနဲ့နီးတာ မနီးတာက ဈေးကို အဲလိုကွာသွားသေးတယ်။ တယ်တန်ခိုးကြီးတဲ့ ပင်လယ်ပါလားနော်...အဟီး
20180421_155241.jpg
အခန်းကိုရောက်လာတော့ ငနဲတွေက အိပ်ကောင်းတုန်း။ တံခါးကိုမနဲထုပြီးနှိုးယူရတယ်။
"မင်းတို့ကလည်း ခုထိအိပ်ကောင်းတုန်း ဗိုက်ဆာလှပြီ တခုခုသွားစားမယ်ကွာ" ပြောလိုက်တော့မှ ဗိုက်ဆာတာ သတိရသွားတယ်နဲ့တူတယ်။ "အေး ဆာတယ်၊ ခနလေး မျက်နှာသစ်လိုက်ဦးမယ်" ဆိုပြီး မျက်နှာသစ် အ၀တ်စားလဲပြီး ထွက်လာခဲ့ကြပါတယ်။
ကမ်းခြေထဲလျှောက် စားသောက်မဲ့ဆိုင်ကိုရှာတော့မတွေ့ဘူး။ ဆိုင်ကယ်သမားကိုမေးတော့မှ "ဆိုင်တန်းရှိရာ လက်ညိုးထိုးပြပြီး ဆိုင်တွေက အဲမှာပဲ စုရောင်းကြတယ်။ တခြားနေရာတွေမှာ မရောင်းရဘူး။ ငွေဆောင်ရွာထဲမှာတော့ရှိတာပေါ့ဗျာ။ အစ်ကိုတို့သွားချင်ရင် ကျွန်တော်လိုက်ပို့ပေးလို့ရပါတယ်"။ ဗိုက်ကဆာနေတာနဲ့ "ရွာထဲတော့ မသွားတော့ဘူးကွာ ဟိုနေရာကိုပဲ လိုက်ပို့ပေး" ဆိုပြီး ချစ်သူများကျွန်းရှေးက ဆိုင်တန်းကိုလိုက်ပို့ခိုင်းပြီး ၀ါးတီးဆွဲကြပါတယ်။
မှာစားတာက ထမင်းပေါင်းဆီးဖုနဲ့ဆိုတော့ မဆိုးပါဘူး။ လက်ရာလည်းကောင်းသား ဈေးလည်းမဆိုး စားပျော်သားပေါ့လေ၊ ဆီးဖုဆိုပြီး ပုဇွန်တွေဒလဟော ကျန်တာခိုမဟုတ်ပဲ အစုံပါပြီး ဂုံးတွေအများကြီး ထည့်ပေးတော့လေ..။ မျိုးမင်းကတော့ ၀ါးတီးဆွဲရင်း နာရီတကြည့်ကြည့်နဲ့ပေါ့၊ အခုမှ ငနဲက ပင်လယ်ကို ဆင်းချင်နေပြီလေ..ခိခိ။ ထွန်းသိန်းက ခပ်လှမ်းလှမ်းက လင်ပန်းခေါင်းရွက် အော်သွားတဲ့ အသည်ကို လှမ်းခေါ်တော့ ပုစွန်ကင် ငါးကင် ဂုံကင်ချောင်းတွေ၊ ကြုံတုန်းလေး အကင်ဝယ်စားလိုက်တော့တာပေါ့လေ။ ဒေသလက်ရာ အချဉ်စပ်နည်းလေးနဲ့ ဆိုတော့ မဆိုးပါဘူး။
Screenshot_3.jpg
ကျွန်တော်ကတော့ စားရင်း ပင်လယ်ပြင်ကိုငေးကြည့်ပြီး အတွေးနယ်ချဲ့နေတယ်ဆိုပါတော့။ မနက်ပိုင်းက ရေကျနေချိန်ဆိုတော့ သောင်ပြင်က အတော်ကျယ်တယ်ဗျ။ ပြီးတော့ လှမ်းမြင်နေရပုံကြည့်ရတာက ကျောက်ဆောင်နဲပုံလည်းရတယ်။ ခြေထောက်ဆားရေနူးနေချိန် ကျောက်စွန်းတွေ ရှရင်မချောင်ဘူးလေ ကျောက်စွန်းတွေက ခရုခွံသေးသေးလေးတွေ ကပ်နေတတ်တယ်။ ရေထဲရောက်တော့ ကျောက်စွန်းတွေကို သေခြာလိုက်စမ်းကြည့်ခဲ့တာ…ဟီးး။ ရေလှိုင်းတက်လာနေပုံတွေ ကြည့်ရတာ သိပ်တော့နုပုံမရဘူး။
Screenshot_5.jpg
ရေစိမ်တာနဲ့ရေကူးတာ တကယ်တော့ မတူပါဘူးဗျာ။ ပြီးတော့ ကန်ရေ မြစ်ရေ ပင်လယ်ရေ သဘောတွေလည်း မတူပါဘူး။ လူအများစုက ကန်ရေနဲ့သာ အထိအတွေ့များတဲ့ အတွေ့အကြုံပဲရှိကြတာ။ ကန်က ရေသေမို့ ရေကူးလို့ရတယ် ဖားကူးခွေးကူး လိပ်ပြာကူး လက်ပစ်ကူး အစုံကူးလို့ရတတ်သလောက် မြစ်ရေကြတော့ မလွယ်တော့ဘူး။ မြစ်က ရေစီးသဘောရှိနေပြီး အဲသဘောကို အထာပေါက်မှ မြစ်ရေစီးထဲ စဆင်းတဲ့ဆိပ်ကမ်းကနေ အဝေးကို မျောမသွားမှာ။ ပင်လယ်က ရေကူးဖို့နေနေသာသာ ဒူးလောက်အနက်မှာ လှိုင်းကိုကျောပေး ထိုင်နေတာတောင် ကျောကိုလာပုတ်တဲ့ ပင်လယ်လှိုင်းရိုက်ရင်တောင် ထိုင်နေတဲ့နေရာက ရွေ့သွားပြီး လှိုင်းပြန်အဆင်းမှာ လူကိုပါ လှိုင်းက ပြန်ဆွဲချသွားတတ်တာ၊ ရေအားလည်းပြင်းတယ်။ သတိအတော်ထားရတာမျိုး။ ရင်ခေါင်းလောက်အထိဆိုရင်ပဲ စိတ်က အကြောက်စိတ်ဝင်လာပြီ၊ လှိုင်းဆွဲပြီး အဝေးကြီးကိုပါသွားနိုင်တယ်ဟ ဆိုတဲ့အတွေးကပေါ့။ ဘောနဲ့ဆို ပိုတောင် လှိုင်းဆွဲလို့ ကောင်းသေးတယ်။ ပြီးတော့ ပင်လယ်လှိုင်းတွေ လာနေပုံက တစ်လုံးနဲ့တစ်လုံး မတူကြဘူး။ တစ်ခါတစ်ရံ အလုံးကြီးတွေ လာတတ်ပြီး တစ်ခါတစ်လေတော့ ခပ်ပြေပြေလာတတ်တယ်။ အများအားဖြင့် လှိုင်းအပြေ နှစ်လုံးသုံးလုံးလောက်လာပြီးရင် အင်အားနဲနဲပြင်းတဲ့  လူရပ်နေရခက်တဲ့  လှိုင်းအကြီး တစ်လုံးက နောက်ကနေ ခပ်ပြင်းပြင်းလေး ပါလာတတ်လေ့ရှိပါတယ်။
Screenshot_9.jpg

Photo: by: kyawhlaing

ဖတ်ပေးတာကျေးဇူးတင်ပါတယ်
ဆက်ရေးပါဦးမည်
မြန်မာ steemit များ အောင်မြင်မှုရကြပါစေ

ငွေဆောင်အပိုင်းအစ
@kyawhlaing
MSC-015

Sort:  

ပင်လယ်ကမ်းစပ် မှာ ခြေချ ပီး " ဟေး " လို့ အော်လိုက်တယ် ဆိုတော့
သေချာနေပီ koria ရောဂါ ဖြစ်နေတယ် ဆိုတာ

အဲဖီလင်လေး နိမသိလို့ဘာ :-P

ရေတောင် ဆင်းကူးချင်လာပြီအေ။

ကူးလိုက်တော့အေ

ကိုချစ်က စာရေးကောင်းတယ်ဗျာ။လူကို ပင်လယ်နားရောက်သွားသလိုပဲ။

ဟားးးရေးရကျိုးနပ်ပီလေ

ချောင်းသာကမ်းခြီကတော့ ကကောင်းစည်စော်ပါလား အစ်ကို

ချောင်းသာကတော့စည်ရေ ခုက ငွေဆောင်လေ ကောင်းမစည်ကာ

ချောင်းသာတောင်နောက်တစ်ခေါက်သွားချင်လာပြီ 😁

ရာသီဥတုကပူပြင်းလွန်းတော့ သွားသင့်ပါတယ်လေ 😁

ဘုတ်ပီးဘာပီကွယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86