စိတ်ဓာတ်ကျအားငယ်မှုကိုဘယ်လိုအနိုင်ယူမလဲ

in #myanmar5 years ago

လူတိုင်းမှာ တနေ့မဟုတ်တနေ့ စိတ်ဓာတ်ကျခြင်း အားငယ်ခြင်းဆိုတာ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့သူပဲဖြစ်ဖြစ် စီးပွါးရေး လူမှုရေး ပညာရေး ကျမ်းမာရေး စသည့်အရာတွေ အဆင်မပြေသည့်အခါမှာ စိတ်ဓာတ်ကျ အားငယ်မှုဆိုတာက ဖြစ်လာတတ်ပါတယ်။ အဆုံးထိပြောရရင် ကိုယ့်ရဲ့ဘ၀ အဆင်မပြေမှုတွေကို မခံစားနိုင်ပဲ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေတောင် ရှိကြပါတယ်။ စိတ်ဓာတ်ကျအားငယ်မှုဆိုတာက ထောင်ကျနေတဲ့လူတစ်ယောက်လိုပါပဲ၊ ဒါပေမေ့ အဲဒီထောင်ထဲကို ဘယ်သူကမှ သူ့ကိုထည့်တာမဟုတ်ပါဘူး။ သူ့ကိုသူထည့်ယူတာပါ။
အခုတင်ပြမည့် အကြောင်းအရာလေးတွေကို လိုက်နာမယ်ဆိုရင် အဲဒီစိတ်အကျဉ်းထောင်ထဲကနေ လွယ်လွယ်ကူကူ ရုန်းထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
u4ura1zyrb.jpg
Images Credit - Original Source
ဖြစ်ခဲ့ပြီးတဲ့အရာတွေကို မေ့ပစ်လိုက်ပါ၊ ပြီးရင်ကိုယ့်ဘ၀ကို အကောင်းဆုံးပြန်လည်တည်ဆောက်ပါ။
ဘ၀မှာ တချို့အရာတွေကို အရမ်းကြီးခံစားနေဖို့မလိုပါဘူး။ ဥပမာ- ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုပစ်သွားတယ်ဆိုပါတော့ ကိုယ့်ကိုမချစ်လို့ပစ်သွားတဲ့ဟာကို အရမ်းကြီးခံစားနေစရာမလိုပါဘူး။ ကိုယ်ကသူ့ကိုအရမ်းကြီး ချစ်တယ်ဆိုရင်တောင် တပတ် နှစ်ပတ်၊ အလွန်ဆုံး တလလောက်ခံစားရင် တော်ပြီပေါ့။ တချို့က အဲလိုမဟုတ်ဘူး ချစ်သူပစ်သွားလို့ဆိုပြီး တမှိုင်မှိုင် တငိုင်ငိုင်နဲ့ နှစ် လ ချီပြီး ခံစားနေတာကတော့ လွန်လွန်းပါတယ်။ ကိုယ့်ကိုမချစ်လို့ ပစ်သွားနဲ့သူတယောက်မတွက် အလုပ်ပျက်အကိုင်ပျက် ခံစားနေဖို့ တန်ရဲ့လား စဉ်စားသင့်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ ချစ်ပြီး စွဲလမ်းခံစားနေစေကာမူ သူကကိုယ့်ကိုပြန်ချစ်လာမှ မဟုတ်ဘူးလေ။ အဲဒါကြောင့်မို့လို့ အမြန်ဆုံး မေ့နိုင်အောင်ကြိုးစားပြီး အသစ်တဖန် အကောင်းဆုံးတည်ဆောက်ပါ။
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပြန်လည်ဆက်ဆံပါ။
လူတိုင်းလူတိုင်း ဘ၀မှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းဆိုတာက အလွန်အရေးပါပါတယ်။ ဘယ်လောက်ထိ စည်းစိမ်ဥစ္စာပြည့်စုံတဲ့သူပဲဖြစ်ဖြစ် သူ့မှာသူငယ်ချင်းကောင်း မရှိဘူးဆိုရင် သူ့ဘ၀မှာ တခုခု တယောက်ယောက်ကို လိုနေသလို ခံစားရမှာ အမှန်ပါပဲ။ အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျ အားငယ်နေတဲ့အချိန်မှာ သူငယ်ချင်းကောင်းရှိဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ကိုယ်အားငယ်နေတာကို ကိုယ့်သူငယ်ချင်းကိုပြောပြရင် ကိုယ့်သူငယ်ချင်းက အားပေးစကားတွေ ပြောလာလိမ့်မယ်။ အဲဒါကြောင့်မို့ စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းတွေကိုပြောပြပါ။ ဘာကြောင့် စိတ်ဓာတ်ကျတယ်၊ ဒါတွေ ဒိဟာတွေအဆင်မပြေလို့ စိတ်ဓာတ်ကျတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကိုယ့်သူငယ်ချင်းက စိတ်ဓာတ်ကျအားငယ်နေတယ်ဆိုရင်လဲ သူ့ကိုအားပေးစကားတွေပြောပေးပါ။
အိပ်ရေးဝအောင်အိပ်ပါ။
ယနေ့ခေတ် လူငယ်တော်တော်များများက တော်တော်နဲ့မအိပ်ကြဘူး၊ မနက် ၁နာရီ ၂နာရီထိ မအိပ်ပဲ ဂိမ်းဆော့၊ online သုံးတဲ့သူတွေရှိတယ်။ တချို့လူတွေ အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ တအားများကြတယ်။ စိတ်ဖိစီးမှုတွေတအားများနေပြီဆိုရင်လည်း ညကျလွယ်လွယ်နဲ့ အိပ်မပျော်နိုင်တော့ဘူး။ မနက်ကျတော့ ညကအိပ်ရေးမ၀တဲ့အတွက် မလန်းဆန်းဘူး။ ဘာပဲလုပ်လုပ် အဆင်မပြေဘူး။ အလုပ်ထဲမှာလည်း အိပ်ငိုက်လာတယ်။ အိပ်ရေးမ၀ရင် ကိုယ်ခံအားနဲလာသလိုလို စိတ်ဓာတ်ကျသလိုလို အိပ်ချင်သလိုလို ခံစားရတယ်။ အဲဒါကြောင့်မို့လို့ အိပ်ရေးဝအောင်အိပ်အိပ်ဖို့လိုပါတယ်။
"ဘူးလို့မပြောပါနဲ့"
ငါမလုပ်နိုင်ဘူး ငါမဖြစ်နိုင်ဘူးဆိုတဲ့ ဘူး ဘူးဆိုတဲ့စကားကို သိပ်မပြောပါနဲ့။ ငါ့ဘ၀ကမပြည့်စုံဘူး။ ငါပညာတတ် မဖြစ်နိုင်ဘူး။ ငါညာဏ်မကောင်းဘူး၊ ငါစာမေးပွဲအောင်မှာအဟုတ်ပါဘူးဆိုတဲ့ ဘူး ဘူးဆိုတဲ့အတွေးကို ဦးဏှောက်ထဲကို လုံးဝမထည့်ပါနဲ့။ Positive thinking တွေကို များများထားပါ။ ငါလုပ်နိုင်တယ်။ ငါဖြစ်အောင်ကြိုးစားမယ်။ သူများထက်ကြိုးစားပြမယ်ဆိုပြီး လုပ်နိုင်တယ် ဖြစ်နိုင်တယ် ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုထားပါ။
အကယ်၍ ကိုယ်လုပ်နေတဲ့စီးပွါးရေး မအောင်မြင်လာခဲ့ဘူးဆိုရင်တောင်မှ စိတ်ညစ်ပြီး ခံစားမနေပဲ အဲဒီကျရှုံးမှုကနေ အတွေ့အကြုံယူပြီး နောက်တခါ ငါအောင်မြင်အောင်လုပ်မယ်ဆိုတဲ့ Positive thinking လေးတွေကို ထားပါ။
အချုပ်အားဖြင့်ပြောရရင် ဘ၀မှာ ဘယ်လိုဒုက္ခတွေနဲ့ ရင်ဆိုင်ရရင်ဆိုင်ရ အားငယ်ပြီး စိတ်ဓာတ်မကျပါနဲ့။ ပြဿနာဆိုတာ အချိန်ကာလတစ်ခုအတွင်းမှာပဲ ခံစားရမှာပါ။ အဲဒီအချိန်ကာလကျော်လွန်သွားမယ်ဆိုရင် ဘ၀ဟာ ပိုပြီး သာယာလှပလာပါလိမ့်မယ်။
l0yxb1ujdj.jpg
Images Credit - Original Source
မိမိတို့ဘ၀ သာယာလှပဖို့အတွက် သူငယ်ချင်းကောင်းများများထားပါ။ မိတ်ဆွေတုတွေကို ဘေးဖယ်ထုတ်ပါ။ ဘ၀မှာ ဆင်းရဲဒုက္ခတွေကြုံလာတဲ့အခါ အရမ်းကြီး ခံစားမနေပါနဲ့။ အရမ်းကြီးခံစားနေရင် အဲဒီခံစားမှုမှာပဲ နစ်ဝင်သွားတတ်ပါတယ်။ အချိန်ကာလတိုတိုလေးအတွင်းပဲ ခံစားပါ။ မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးဆိုတဲ့ Negative thinking တွေကို ဘေးဖယ်ထားပါ။ အားမငယ်ဘူး စိတ်ဓာတ်မကျဘူးဆိုပြီး Positive thinking တွေနဲ့ ကျော်ဖြတ်ပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်
ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။
@kyawhlaing

Sort:  

ကိုဒေ ကတော့ စိတ်ခွန်အားဖြစ်စေမယ့်စာတွေဖတ်တယ်
နောက်ပြီး ကို့ထက်နိမ့်ပါးတဲ့လူ့ဘဝတေ ကိုကြည့်ပီး သံဝေဂ ယူတယ်ယ်ယ်

သံဝေဂဒေသိပ်ယူနေနက် တော်ကြာရိပ်သာထဲရောက်နေမှဖြင့်

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

သူငယ်​ချင်​​ကောင်း များများရှိ​နေရင်​ ​ကျေနပ်​ပါပြီ😁

Posted using Partiko Android

အတုအယောင်တွေတော့ ခွဲခြားတတ်ဖို့လိုပါတယ်

မိတ်‌‌ဆွေ‌ကောင်း ဖြစ်‌ပါရ‌စေ။

ကျေးဇူးပါဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteem!

Hi, @kyawhlaing!

You just got a 0.43% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Keep trying bro.

ကြိုးစားပြီးရေးနေတာပဲ
နေ့တိုင်းတော့မတင်နိုင်ဘူးဗျိုးးး

ရသလောက်ပေါ့ဗျာ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76