မြန်မာနှင့်နိုင်ငံတကာ

in #myanmar5 years ago

မြန်မာနဲ့နိုင်ငံတကာ ကွာခြားပုံလေး အပြုသဘောနဲ့ နဲနဲလေးရေးဦးမယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ ဂျပန်နိုင်ငံဟာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေသွားခဲ့တယ်။ ဒါပေမဲ့ နေမဝင်စီးပွားရေးဆိုပြီး ၂၄ နာရီ ပြည်သူတွေအလုပ်ပိုလုပ်တဲံ့ ဥပဒေ မျိုးနဲ့ တနိုင်ငံလုံး အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ကြတဲ့အတွက် ခဏလေးနဲ့ ပြန်ချမ်းလာခဲ့တယ်။ ယနေ့ ဂျပန်နိုင်ငံရဲ့အခြေအနေကို လူတိုင်းသိကြမှာပါ။
sc880u96bb.jpg
Images Credit - Original Source
ဂျပန်တွေဟာ အကြောင်းမကောင်းလို့  ဆင်းရဲပေမဲ့ ဘယ်သူ့ ကိုမှ အပြစ်မပြောပဲ ခေါင်းဆောင်တွေချမှတ်တဲ့ စည်းကမ်း ဥပဒေတွေကို ပြည်သူအားလုံး တသဝေမတိန်း လိုက်နာကျင့်သုံးကာ တက်ညီလက်ညီ ကြိုးစားလုပ်ခဲ့ကြလို့ ခဏလေးနဲ့ ပြန်ချမ်းသာလာခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံလည်း အတိတ်က အကြောင်းမကောင်းခဲ့ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်မှာ ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်ခဲ့တယ်ဆိုတာ မြန်မာပြည်သူတိုင်း သိကြပါတယ်။ ဒါတွေကိုတွန်းလှန်ပြီး ယနေ့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ မဖြစ်နိုင်တော့တဲ့အရာကို အပြစ်ပြော ဆဲဆို ရွဲ့စောင်းပြီး ထောက်ပြနေမဲ့အစား ထောက်ပြသင့်တာ စိတ်မဆိုးပဲ ထောက်ပြဝေဘန်ပြီး တနိုင်ငံလုံး လုံ့လ ဝီရိယပိုထုတ်ပြီး ကြိုးစားဖို့အချိန်ရောက်နေပါပြီ။ မနက်မိုးလင်း လဘက်ရည်ဆိုင်ထိုင် ညမိုးချုပ်တော့ ဘီယာဆိုင်ထိုင် ၀ိုင်းဖွဲ့ပြီး နိုင်ငံရေးမကောင်းကြောင်း ဟိုလူမကောင်းကြောင်း ဒီလူမကောင်းကြောင်း ပြောနေတာတွေကတော့ သိပ်ပြီးထိရောက်မှာမဟုတ်ပါဘူး။

ဂျပန်မှာ ဆူနာမီဖြစ်တော့ ကမ်းခြေမှာ မီးခံသေတ္တာအလုံးပေါင်း ၄၅၀၀ ကျော်နဲ့ ဒေါ်လာ ၇၅ သန်းကို ရတဲ့သူတွေက ရဲစခန်းပြန်အပ်ပြီး ပိုင်ရှင်တွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ခဲ့ရတယ်။ မြန်မာမှာ နာဂစ်ဖြစ်ပြီး ကျွန်တော်တို့ ကယ်ဆည်ရေးသွားပေးတော့ မြစ်ကမ်းစပ် ချောင်းကမ်းစပ်တွေမှာ စိတ်မကောင်းစွာပဲ လက်ပြတ် နားရွက်ပြတ် အလောင်းတွေ အများကြီး တွေ့ခဲ့ရတယ်။ တချို့က နာဂစ်ဖြစ်တာ ချမ်းသာသွားကြတယ်။ အဲဒါကိုဂုဏ်ယူဝင့်ကြွားစွာပြောနေကြသေးတယ်။
ဂျပန်တွေက နှလုံးသားလှကြတယ်။ သူများပစ္စည်း အလကားမလိုချင်ကြဘူး။ ဆုံရှုံးတဲ့ပိုင်ရှင် ဘယ်လောက်ထိ အခတ်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာတယ်။ ကရုဏာထားကြတယ်။ မြန်မာတွေကတော့ အလောင်းတောင်ချမ်းသာမပေးဘူး။ ချွတ်ရတာကြာလို့ လက်တွေ နားရွက်တွေကို ဖြတ်ယူသွားကြသတဲ့။
ဗုဒ္ဓဘာသာအမည်ခံထားတဲ့ တို့မြန်မာတွေရဲ့ သူတပါးပစ္စည်းကို မတရားလိုချင်တဲ့ ၀ိသမလောဘက အံ့မခန်းပါပဲ။

ohy7auqzd8.jpg
Images Credit - Original Source
တိုးတက်တဲ့အနောက်နိုင်ငံတွေကလူတွေဟာ လူတယောက်ကိုကြည့်ရင် အဆောင်အယောင်ကိုမမြင်ဘူး။ အရည်အချင်းကိုပဲမြင်တယ်။ လူလူချင်းပဲမြင်တယ်။ အရည်အချင်းရှိရင် တန်ဘိုးထားဆက်ဆံကြတယ်။ မြန်မာတွေကတော့ ပိုက်ဆံမရှိ ဆင်းရဲသားဆိုရင် လူမဟုတ်သလိုဆက်ဆံကြတယ်။ ဆင်းရဲတဲ့သူတွေ ဘာပြောပြော ဘာလုပ်လုပ် ဘယ်သူမှတန်ဘိုးမထားဘူး။ အရာမထင် ဘောင်မ၀င်ဘူး။ အဆောင်အယောင်တွေနဲ့ ချမ်းသာတဲ့သူတွေဆိုရင် ဘာလုပ်လုပ် အောက်ကျပေးဆက်ဆံကြတယ်။ ချမ်းသာသူတွေကလည်း အဲဒီလို မြှောက်ပင့်ပေးမှု့တွေအပေါ်မှာသာယာနေကြတော့ အလိုလို လူတန်းစားခွဲခြားသလို ဖြစ်နေတယ်။
ဥရောပကလူတွေက တခြားသူတွေ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် စိတ်မဝင်စားဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာသိတယ်။ မြန်မာနိုင်ငံမှာက လူတယောက် အောင်မြင်လာရင် သူ့ကို ဘယ်လို ပျက်အောင်လုပ်မယ်ဆိုပြီး သူများအဆင်ပြေရင် မုဒိတာပွားဖို့ထက် မရှုစိမ့်မနာလို့တဲ့ မစ္ဆရိယတွေစိတ်ကပိုများတယ်။ သူတပါးပျက်စီးဖို့ဆိုရင် အောက်လမ်းပညာရပ်တွေသုံးပြီးတော့တောင် ဖျတ်စီးတတ်တဲ့အထိ အံ့သြလောက်အောင် ယုတ်ညံ့ကြတယ်၊ အောက်တန်းကျကြတယ်။ စေတနာနဲ့သတိပေးသူကို အပြောမခံ ပြန်လှန်ပြောတယ်။ ဆုံးမတဲ့သူကို ပြန်ပြောတယ်။ ကိုယ်မလုပ်နိုင်ရင် သူများမပြောနဲ့ ဆိုတဲ့ လွဲမှားတဲ့အယူအဆတွေ ပေါများတယ်။ ကိုယ်ထက်သာရင် မနာလိုတတ်ကြဘူး။
အနောက်နိုင်ငံက လူတွေဟာ မစ္ဆရိယဆိုတာ ဘာမှန်းမသိဘူး။ ဒါပေမဲ့ ကျင့်သုံးတယ်။ သူများကိုမနာလိုတာမရှိဘူး။ သူများထက်ချမ်းသာချင်ရင် အလုပ်ပိုလုပ်တယ်။ ကြိုးစားတယ်။ မြန်မာတွေက မစ္ဆရိယ ဆိုတဲ့စိတ်ဟာ မကောင်းမှန်းသိကြပါတယ်။ ဒါပေမဲ့ မုဒိတာ မထားနိုင်ဘူး။ ပြောနေရင်တော့အများကြီးပါပဲ။ စာလည်းရှည်သွားပြီထင်ပါတယ်။ ဘယ်သူမှမရွယ်ရည်ပါဘူး။ မြန်မာတွေ လမ်းကြောင်းမှန်ရောက်ဖို့ အပြုသဘောနဲ့ ပြောပြတာပါ။

m1gpem9a6e.jpg
Images Credit - Original Source

တကယ်တော့ ပထ၀ီအနေအထား ရေပေါ်ရေအောက် မြေပေါ်မြေအောက် သယံဇာတတွေပေါကြွယ်ဝတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ အထက်တန်းကျစေဖို့က ရုပ်ဝတ္ထုတွေ မလိုပါဘူး။ လူ့စွမ်းအာင်အရင်းအမြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ပဲလိုပါတယ်။
ပြည်သူအားလုံး အဲဒါတွေကို နားလည်ရင် ပြည်သူလိုလားတဲ့ ဒီမိုကရေစီဆိုတာ "ဒို့ရေး ဒို့ရေး" နဲ့ အော်နေစရာမလိုဘူး အလိုလိုရပြီးသားပါ။

@kyawhlaing

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Right အမှန်တရားတွေပါ

Posted using Partiko Android

ဟုတ် လာရောက်ဖတ်ပေးတာကျေးဇူးပါ

Good တယ်ဗျာကြိုက်လို့ vote ခဲ့တယ်
ကိုချစ်ကိုရေ ကျုပ်တို့လူမျိုးက ကိုယ့်ထက်သာ မနာလိုသဗျ

ဟုတ်ပါ့ဗျာ ဘယ်လိုမှမပြုပြင်ကြဘူး

စိတ်ပိုင်းဆိုင်ရာ ပြည့်စုံလွန်းအားကြီးတော့ နာဂစ်တုန်းက သေူသူဆီက ချွတ်ယူတာ
ခုများ ကြတော့ ဆိုင်ကယ်စီးနတဲ့သူကို နောက်ကနေ သံတုတ်နဲ့ အသေရိုက်သတ်ပီး ဖုန်း ဆိုင်ကယ် ပါသမျှလုယူ ကုန်ကြပီ

တရားဥပဒေစိုးမိုးတာ :-P

မြန်မာတွေရဲ့ စိတ်ဓာတ်က အတော့်ကို ပျက်စီးနေခဲ့ပြီ။ အရင်တုန်းကဆို ကောင်ရရင်တောင် ပြန်ပေးတယ်။ ရင်လေးမိပါတယ်ဗျာ။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

ဟုတ်တယ် အနာဂါတ်အတွက်ရင်လေးစရာပဲဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @kyawhlaing!

You just got a 0.27% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Congratulations @kyawhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 3000 comments. Your next target is to reach 3500 comments.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Be ready for the next contest!
Trick or Treat - Publish your scariest halloween story and win a new badge
SteemitBoard notifications improved

You can upvote this notification to help all Steemit users. Learn why here!

အမှန်​​တွေပါပဲ အကို​ရေ

Posted using Partiko Android

ဟုတ် ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75