ကလေးတို့ရဲ့ မေမေတွေ အတွက်

in #myanmar6 years ago

၂-၃နှစ်အရွယ် ကလေးလေးတွေရဲ့ မေမေတွေ ဘွားဘွားတွေ အုပ်ထိန်းသူတွေဆီက အမြဲကြားတဲ့ အသံရှိတယ်။

အရမ်း ဂျီကျတာပဲ၊ အရမ်း ဆိုးလာတယ်၊ ပြောရင် နားမထောင်ဘူး စတာတွေပေါ့

ဒီလိုအရွယ် ကလေးလေးတွေ ဘာလို့ ပြောင်းလဲ လာရတာလဲဆိုတဲ့ အဖြေကတော့ သဘာဝကြောင့်ပါ
ဒါ ဖြစ်ကိုဖြစ်ရမယ့် အဆင့်မို့လို့ ကလေးအပေါ် ဒေါသထွက်တာမျိုး၊ ကလေးက အရမ်းဆိုးနေပြီလို့ တံဆိပ်တပ်တာမျိုးကို ရှောင်ကြဉ်ရမယ်

ပိစိကွေးဘဝက ကျွေးရာစားတယ်၊ ထားရာနေတယ်ဆိုပေမယ့် အခုအချိန်မှာတော့ သူတို့စိတ်ခံစားမှူလေးတွေ ရှိလာတယ်။
မကြိုက်ဘူး၊ ကြိုက်တယ်၊ စားချင်တယ်၊ မဝတ်ချင်ဘူး ဒါမျိုးတွေဖြစ်လာတဲ့အတွက် လူကြီးနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်သလို ဖြစ်လာတတ်တယ်

ဒီလိုအရွယ်မှာ အကောင်းဆုံး ဖြေရှင်းနည်းကတော့ စိတ်ရှည်ခြင်းပါပဲ
သူ ဂျီကျနေမယ် အော်ဟစ်နေမယ်ဆိုရင်လည်း ကိုယ်က လိုက်ဒေါသမထွက်ပဲ ဖက်ထားပေးတာမျိုး ကြင်နာနွေးထွေးမှုပေးပြီး စိတ်ငြိမ်သွားအောင် အရင် လုပ်သင့်တယ်

၃နှစ်အရွယ်လေးတွေမှာ ဒါမျိုးတွေ ဖြစ်လာပြီဆိုရင် ပြောသင့်တဲ့ မပြောသင့်တဲ့ စကားလေးတွေလည်း ရှိပါတယ်

❌ ပြန်ရိုက်နေတာ ရပ်စမ်း

ကလေးက တခုခု စိတ်ဆိုးရင် အုပ်ထိန်းသူကို ပြန်ရိုက်တာ ပြန်လုပ်တာမျိုး ရှိလာတတ်တယ်။ ဒါမျိုးဖြစ်ရင် ရပ်စမ်းလို့ အမိန့်ပေးအော်ဟစ်မယ့်အစား " သားဘာဖြစ်လို့လဲ သမီး ဘာလိုချင်တာလဲ စိတ်ဆိုးရင် ဒီလိုမလု့်ရဘူးဆိုပြီး ဖက်ထားပေးပါ" ဖက်ထားဆိုတဲ့ နေရာမှာလည်း အတင်းကလေး မကြိုက်အောင် ဖက်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သူ့စိတ်လေး Calm Down ဖြစ်သွားဖို့ နွေးထွေးမှု ပေးခိုင်းတာပါ။ သူ စိတ်ဆိုးတိုင်း ဒီလို နူးညံ့တဲ့ အပြုအမူလေးပြပေးပါ။ ကောင်းကျိုး တခု တွေ့ရပါလိမ့်မယ်

❌ ပါးစပ် ပိတ်ထား
ဒီစကားဟာ ကလေး သေးသေးလေးတွေအတွက် အရမ်း ရက်စက်တဲ့ စကားလုံးပါ။ ကလေးတွေမှာလည်း စိတ်ခံစားချက်ရှိပါတယ်။ ဒါကို ထုတ်ဖော်မပြခိုင်းပဲ ဒေါသတကြီး ပါးစပ်ပိတ်ထားလို့ပြောတာဟာ ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်ချက် လျော့နည်းစေသလို ကြောက်ရွံစိတ် ဝင်တတ်ပါတယ်။ ကလေးတွေမှာ အီတဲ့အချိန်ရှိပါတယ်။ ကလေးက အော်ဟစ်နေရင် သူပြောချင်တာ ဘာလဲဆိုတာ နားထောင်ပေးလိုက်ပါ။ ပြီးရင် ဒါလား ဟိုဟာလား မေးကြည့်ပါ။ အကယ်လို့ မှန်သွားပြီဆိုရင် နောက်တခါ အော်မပြောရကြောင်း ဒါ လိုချင်ရင် လိုချင်ပါတယ် ဖြေးဖြေးပြောရင် ရတယ်ဆိုတဲ့ အကြောင်း နားလည်အောင်ပြောပြပါ။ အီနေရင် စကားကို ကောင်းကောင်းမပြောပြရင် လူကြီးက နားမလည်ကြောင်း ရှင်းပြပေးပါ။ ကလေးတွေကို လျော့မတွက်ပါနဲ့နော်။ သူတို့ဟာ လူကြီး ပြောတဲ့စကားကို နားလည်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

FB_IMG_1528123261257.jpg

❌ မဝယ်ပေးဘူး
ပစ္စည်းတွေ အရမ်း ပူဆာတတ်တဲ့ အရွယ်ရောက်နေတဲ့ အခိုက်အတန့်မှာ မဝယ်ပေးဘူးဆိုတဲ့ စကားကိုပဲ ပြောနေရင် ပို ဂျစ်ကျပါလိမ့်မယ်။ ဆိုင်တဆိုင်ရောက်ပြီ။ သူနဲ့ မတည့်တဲ့ အရာတခုကို စားချင်ပြီဆိုရင် မစားရဘူးဆိုတာကြီးပဲ မပြောပါနဲ့။ ဘာလို့ မစားရတာလဲ အရင်ပြောပြပါ။ ပြီးရင် အဲ့ဒီ့ဟာအစား ဘယ်ဟာဝယ်ကျွေးမယ် ဝယ်ပေးမယ်ဆိုတာကိုပါ ပြောပြပါ။ ပြောလို့မရဘူး ငိုနေရင်တော့ ငိုခွင့်ပေးလိုက်ပါ။ တခါတရံ သူ့ကို ဖက်ထားပြီး ငိုခွင့်ပေးလိုက်တာဟာ ငါ ငိုပြလည်း မရနိုင်ဘူးဆိုတာကို သိစေမှာပါ

❌ စိတ်မကောက်နဲ့
ဒီအရွယ် ကလေးတွေဖြစ်တတ်တာ ရှိပါသေးတယ်။ မေ့မေ့ကို မချစ်တော့ဘူးဆိုတာမျိုးလေ၊
အဲဒီလိုပြောရင်ကလေးကို ဘာလို့ ပြောရတာလဲဆိုပြီး ဒေါသမထွက်ပါနဲ့။ စိတ်ဆိုးတာ စိတ်ကောက်တာ မချစ်ဘူးဆိုတာ ရတယ် ဖြစ်လို့ရတယ်။ မချစ်ချင်တဲ့ အချိန် ရှိခွင့်ပေးလိုက်ပါ။ ပြီးရင်တော့ ဘာကို မကျေနပ်လို့ ဒီလိုပြောတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့ကတော့ လူကြီးအလုပ်ပါ။ သူ့ကို ဂရုမစိုက်လို့ ပြောတာမျိုးလည်းဖြစ်နိုင်လို့ ကိုယ့်အပြစ်ကိုလည်း ရှာပါ

❌ ဒါကို မယူရဘူး
ဒါကတော့ မောင်နှမရှိတဲ့အိမ်တွေမှာ ဖြစ်ပါတယ်။ ပစ္စည်း လုတာမျိုးပါ။ ဒီလိုဖြစ်ပြီဆိုရင် ပထမဆုံးပြောရမှာပါ ဒီပစ္စည်းဟာ ဘယ်သူ့ ပစ္စည်းလဲဆိုတာကိုပါ။ သူများအိမ်သွားလို့ လျှောက်ကိုင်ရင်လည်း ဒါကတော့ ဘယ်သူ့ပစ္စည်းဆိုတာမျိုး အရင် ရှင်းပြပါ။ ပြီးမှ သူများပစ္စည်းမို့လို့ ယူလို့မရဘူး။ ကိုင်လို့ မရဘူး။ ဒါအစား ဘာတော့ ပေးမယ်ဆိုပြီး သဘောတူညီချက် ရယူပါ

❌ ကစားလို့မရဘူး
တခါတလေ ဖြစ်တတ်ပါတယ်။ ကိုယ်က သွားရတော့မယ့် အချိန်ကပ်နေပြီ သူလေးက ဆော့ကောင်းတုန်းလေ။ ဒါမျိုးဖြစ်ရင် မကစားနဲ့တော့ ထ ထ ဆိုပြီး မဆူငေါက်ပါနဲ့။ သွားပြီး ပြန်လာရင် ဘာတွေကစားကြမယ်ဆိုတာကို ပြောရင်းနဲ့ သူ့ကို ခေါ်ပါ။ အခုတော့ ဒါတွေ ခဏသိမ်းထားပြီး ဘယ်အရင်သွားရမယ်။ သွားရင်လည်း ဘာတွေ တွေ့မယ်ဆိုတာကို ပြောရင်းနဲ့မှ စည်းရုံးပေးပါ

ဒီအပေါ်က အချက်တွေအားလုံးဟာ ပြောရတာလွယ်သလောက် လုပ်ရ အရမ်းခက်တာ အမေတိုင်း သိပါတယ်
တခါတည်းနဲ့ မရဘူးဆိုတာလည်း အသိပေးပါမယ်
အကြိမ်ကြိမ် ကြိုးစားပြီး ကိုယ့် ဒေါသကိုလျော့ပြီး ကလေးကို စည်းရုံးကြည့်ပါ
ထူးခြားတာတွေ့ရမှာပါ
ကိုယ့်ကလေးမှ ဒီလိုဖြစ်တာမဟုတ်ပဲ ဖြစ်သင့်တဲ့ အရွယ်မို့ ဖြစ်တယ်ဆိုတာ အမြဲ သတိရပါ
ကိုယ်ဒေါသထွက်ပြီး ရိုက်နှက်လည်း ပြသနာက မပြီးသွားပဲ ကလေးရဲ့ ဉာဏ်ရည်တိုးတတ်မှု၊ ဖန်တီးနိုင်စွမ်း၊ စူးစမ်းချင်စိတ် ဒါတွေ လျော့ကျစေနိုင်လို့ အထူး သတိထားရမယ့် အရွယ်ဖြစ်ပါတယ်
အရေးကြီးတာက ကလေးတွေရဲ့ အနီးကပ် မိဘဟာ Good Listener ဖြစ်ဖို့ အရေးကြီးပါတယ်
ကလေးရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတဲ့အချိန်မှာ မပိတ်ပင်ပဲ စကားလုံးအမှန်ကို ရွေးချယ်ပြီး သင်ပေးပါ
သူပြောချင်တာကိုလည်း နားထောင်ပေးပါ

မိသားစုတိုင်း ကျန်းမာရွှင်လန်းကြပါစေ 🙏
Crd#CZL

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94