My Tel Sim နှင့် User များ

in #myanmar6 years ago

My Tel Sim နှင့် User များ

အခုလပိုင်း လေးခုမြောက် အော်ပရေတာဖြစ်သောMy Tel ဆင်းကဒ်ကိုလူပြောများသုံးစွဲလာသည်ကိုတွေ့ရပါသည် ။ ထိုဆင်းကဒ်နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များနှင့် သုံးစွဲသူများ၏ အမြင်များကို နားထောင်ပြီးယခုpost ကိုရေးသားလိုက်ရပါသည် ။

IMG_20180611_100146.jpg

My tel သည် ဗီယက်နမ်နှင့်ပြည်တွင်း
ကုမ္ပဏီများပူးပေါင်းလုပ်ဆောင်ထားသော
ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည်။

IMG_20180611_101526.jpg
သူ၏ အားသာချက်မှာ
အခြား အော်ပရေတာများထက် ဖုန်းခေါ်ဆိုခနှင့် အင်တာနက် Data နှုန်းထားများကို များစွာသက်သာစွာပေးထားသည်။ကျွန်တော်သည်Telenor သုံးစွဲသူတစ်ယောက်ဖြစ်ပါသည်။ တယ်လီနောတွင် 2G data အတွက် ၃၂၀၀ ကျပ်ကျသင့်ပါသည် ။ My Tel တွင် 3G data ကို 2400ကျပ်သာကျသင့်ပါသည် ။ ထိုသို့ဈေးနှုန်းအလွန်သက်သာခြင်းကြောင့် အခြားTelenor/MPT/Ooredoo
သုံးစွဲသူများသည် My Tel user များဖြစ်မှန်းမသိဖြစ်လာကြသည်။နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကတော့
စစ်တပ် ပါဝင်သော အော်ပရေဖြစ်သည်ဟာဆိုကာ အသုံးမပြုရန်တားမြစ်ကြသည်။အချို့ပညာရှင်များက စီးပွားရေးနှင့်ဈေးကွက်ဝေစု ဆိုင်ရာများပြောကြားရာတွင် ယခုအော်ပရေတာသည် အခြား အော်ပရေတာသုံးခုကိုဖြုတ်ချရန်ဈေးနှုန်း ကိုကနဦးအနေဖြင့် ချပေးခြင်းဖြစ်ပြီး နောက်တွင် အခြားအော်ပရေတာများ မရှိတော့အခါ သူသည်ဈေးကွက်ဝေစုကိုအများဆုံးရရှိလာမည်ဖြစ်ပြီး
ဈေးကွက်ကြီးတစ်ခုလုံးကိုချယ်လှယ်လိမ့်မယ်ဟု ခန့်မှန်းကြသည် ။
IMG_20180611_101951.jpgIMG_20180611_101941.jpg

IMG_20180611_102112.jpg
အော်ပရေတာများလေ ထိုအော်ပရေတာများ
အချင်းချင်း ဈေးကွက်ဝေစုရရန် ပြိုင်ဆိုင်ရင်း
ဈေးနှုန်းများလျော့ကာ သုံးစွဲသူများသက်သာနိုင်မည့်သဘောလည်းရှိသည်။

IMG_20180611_102122.jpg

မြန်မာနိုင်ငံတွင်၁၅၀၀တန်ဆင်းကဒ်များသည် ၂၀၁၀ ဒီမိုကရေစီ အစိုးရသစ်လက်ထပ်တွင် ပြည်သူများ၏ လက်ထဲသို့ တွင်တွင်ကျယ်ကျယ်ရောက်ရှိလာခြင်းဖြစ်သည်။
ကနဦးတွင် ပြည်တွင်းကုမ္ပဏီများဖြစ်သော MEC နှင့် MPT အော်ပရေတာ နှစ်မျိုးသာ ရှိပြီး နောက်ပိုင်းတွင် ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေနိုင်ငံအခြေစိုက် Telenorတို့ရှေ့ဆင့်နောက်ဆင့်ဝင်ရောက်လာခဲ့သည် ။ မြန်မာပြည်သူများသည်ယခင်ဟိုးအရင်နှစ်များတွင် သာမန်လူတန်းစားများနှင့်အောက်ခြေလူတန်း သည် ဖုန်းကိုင်နိုင်ရန် အိမ်မက်တစ်ခုအဖြစ်ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုတော့ ဖုန်းကဒ်တစ်ခုသည် မြန်မာငွေ သိန်း၅၀ သိန်း၂၀ စသည့်ဖြင့် ဈေးအလွန်ကြီးမြင့်ခဲ့သည်။ထိုခေတ်အခါတွင် ဖုန်းကိုင်နိုင်သူသည် သူဌေးတစ်ယောက်ဖြစ်ပြီး စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။
Screenshot_20180609-230044.jpg

My Tel ကိုစမ်းသပ် သုံးစွဲကြည့်ရာတွင်ယအင်တာနက်လိုင်းကောင်းမွန်ပြီး Download Speed 8M လောက်အထိတက်သည်ကိုတွေ့ရပါသည် ။ သူ၏ My Tel App တွင် Lucky Draw အစီအစဉ်ထည့်သွင်းထားပြီး Data လက်ဆောင်များ/ဖုန်းဘေလက်ဆောင်/စာတိုပေးပိုမှုလက်ဆောင် များအပြင် အမြင့်ဆုံးဆုများအဖြစ်
ဟန်းဆက်များအထိ ပေါက်နိုင်ကြောင်းသိရှိရပါသည် ။ ထိုရာတွင် My Tel သည်သုံးစွဲသူများအတွက် ဒိဟ ဖြစ်နေပြီးစစ်တပ်မြတ်နိုးသူများ နှင့် ဒီမိုကရေစီ
မိသားစုများအကြား သဘောထားကွဲလွဲမှုများ
ရှိနေသည်ကိုလေ့လာတွေ့ရှိရပါသည်။
Screenshot_20180609-230908.jpg

အွန်လိုင်း user တစ်ယောက်အမြင်ဖြင့်ကြည့်ပါလျှင် My tel သည် user အဖို့ဈေးသက်သာနိုင်သည် ။

IMG_20180611_112059.jpg
သူသည် +95 9 (69)ဟူသောဂဏန်းဖြင့် ဖုန်းနံပါတ်များကိုစထားပြီး +95 ကိုဖျောက်ကာ ၉၆၉ ဟုရေးသားထားသဖြင့် ဗုဒ္ဓဘာသာဝင်များအကြားရေပန်းစားသော ဂဏန်း၉၆၉ ကြောင့် သုံးစွဲသူများကြိုက်နှစ်သက်နေသည်ကိုလည်းလေ့လာတွေရှိရပါသည်။

My Tel ဆင်းကဒ်သည်
3G မရဘဲ 2G နှင့် 4Gသာအသုံးပြု၍ ရနိုင်သည်။

my-tel-o-800x445.png

အချုပ်ဆိုရသော် မြန်မာပြည်တွင် လက်ရှိအချိန်၌ MPT/Telenor/ Ooredoo/ကမ်းရိုးတန်းဆက်သွယ်ရေးဖုန်း MEC/ယခု My Tel စသော ဆက်သွယ်ရေး
အော်ပရေတာများရှိပြီး ထိုအော်ပရေတာများအချင်းချင်း
ပြိုင်ဆိုင်ရင်း သုံးစွဲသူများအတွက် ဈေးနှုန်းသက်သာစွာသုံးစွဲခွင့်များရရှိလာမည်ဟု မျှော်လင့်ရပါသည်ဟာ ဖော်ပြရင်း ကျွန်ုပ်၏ မျှဝေမှုကို ဤမျှ နှင့် အဆုံးသတ်လိုက်ရပါသည် ။
source photo
www.google.com
www.mytel.com.mm
and my tel app & own screen short

စာရေးသူ KyawThuHein
@kyawthuhein
MSC 260

Sort:  

မိုက်တယ်ညီ..သုံးတတ်တဲ့သူကတော့ရွှေပဲ..မသုံးတဲ့သူကလဲငွေပဲ..အဲ အဆဲမခံရအောင်အဲ့လိုရေးမှနော့်။ရွှေနဲ့ငွေ။

သားကကြားနေပါခိုခို ဒီpost ရေးရတာတော့လန့်လည်းလန့်တယ် ဟိုဘက်ဒီဘက်မပါအောင် မျှခြေသုံးသပ်ပြရတာ

ဝယ်သုံးဦးမှဘာ

ချချ အစ်ကို

Apkကို shake ရတာသ​​​ဘောကျ😂

ဟုတ်တယ်ဗျ free တွေအများကြီးရတယ်

နေပြည်တော်မှာတော့ mytel 4G က ooredoo 3G ကိုမမီဘူးဖြစ်နေတယ်။အ ပြိုင်အဆိုင်များတာ သုံးစွဲသူအတွက်ကောင်းပါတယ်၊

ဟုတ်ကဲ့အပြိုင်အဆိုင်များလာတော့ သုံးစွဲသူတွေ
ရွေးချယ်စရာပိုလာတာပေါ့ခင်ဗျ

ဒီလောက်နာမည်ကြီးနေတာ သုံးကြည့်ဦးမှ 😁

စမ်းတော့သုံးကြည်ပေါ့ခင်ဗျ ဖုန်းဘေကို ok dollar ကဝယ်လို့လည်းရယ်

သုံးလို့အရမ်းကောင်းပါတယ်ရှင့် အရမ်းလည်းတန်

တန်ရင်သုံးဗျာ အတန်တော့ရင်မသုံးနဲ့

ငါတို့ဘက်တော့လိုင်းသိပ်မကောင်းသေးဘူးဟ

နောက်တော့ကောင်းလာမှာပေါ့မကြီး

app ကို shake ရတာ ကြာရင် ဖုန်းပျက်တော့မယ် နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ဘဲ ကျလာတာ ကံကောင်းပုံများတော့

ကျွန်တော်က အရင်ရထားတဲ့ဟာတွေကိုသက်တမ်းတိုးလောက်ဖြစ်ရင်ရပ်လိုက်ကောမကြီး

မျှဝေတာ ကျေးဇူးပါ တစ်နိုင်ငံလုံးသုံးလို့ ရပြီလား

ဟုတ်မကြီးအခုလက်ရှိမြန်မာတစ်ပြည်လုံးသုံးလို့တော့ရတယ်နေရာတိုင်းမှာတော့ကဒ်ဝယ်မရသေးဘူး

လိုင်းမမိသေးလို့ပေါ့ဗျာ.......

ဟုတ်တယ်ခင်ဗျ အချို့နေရာတွေမှာတော့တိုင်သိပ်မရှိသေးလို့လိုင်းမမိပါဘူး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94