ခေါင်းစဉ်ရှာမရပါသော

in #myanmar6 years ago

image
မနက်ခင်း၏လှပခြင်းကို သူရိန်နေမင်းကြီး၏ ရောင်စဉ်ဖြာ များနှင့် စတင်ခဲ့ပါပြီ။ပြတင်းပေါက်မှတစ်ဆင့် ဝင်လာသော နေခြည်နုနက ပါးပြင်ကို လာရောက်ထိတွေ့စဉ်မှပင် ရှက်သွေးဖြာသော မျက်နှာဖြင့် ကျွန်ုပ်အိပ်ရာမှနိုးထလာခဲ့ပါသည်။ညက သန်းခေါင်ယံကျော်သည်အထိ မအိပ်စက်ခဲ့ခြင်းက ဒီမနက် နိုးထခြင်းကို နောက်ကျစေခဲ့၏။ထိုကြောင့် ရေချိုး သန့်စင်ခြင်းကို ဝှစ်ကနဲ ဝှစ်ကနဲ လုပ်လိုက်ရ၏။မနက်စာ အေးဆေးထိုင်စားနိုင်သော အချိန်သည် ကျွန်ုပ်တို့တွင် နတ္တိဖြစ်သောကြောင့် နေ့လည်စာနှင့် တစ်ခါတည်းပေါင်းစားခဲ့သည်မှာလည်း ကြာခဲ့ပြီကိုး။
ကျွန်ုပ်၏ မနက်ခင်းကိုစတင်ခြင်းထုံးစံဖြစ်နေသာ ကျောင်းပို့ခြင်းကို ပြုလုပ်ရင်း ကျွန်ုပ်ပါ ကျောင်းသို့သွားခြင်းကိုတစ်ပါတည်းပြုလုပ်ရ၏။ဒီကနေ့ ရာသီဥတုက ကြည်လင်လန်းဆန်းနေသောကြောင့် ရာသီဥတုနှင့်အတူ ကျွန်ုပ်စိတ်ပါ ကြည်လင်လန်းဆန်းရပါသည်။မတွေ့ရတာ ကြာပြီဖြစ်၍ ခေါင်းပေါ်ကျရောက်လာသည့် နေခြည်နွေး
နွေးကို တဝကြီး ခံယူပစ်လိုက်သည်။ပင်လယ်ပြင်ကြီးကို
ခရီးအဝေးကြီးဖြတ်၍ တိုက်ခတ်လာရသော လေပြေနုနု
ကို အားနာလှသောကြောင့် စီးနှင်းလာသော ဆိုင်ကယ်ကို ခေတ္တရပ်ကာ အားရပါးရ ရှုရှိုက်ပစ်လိုက်သည်။
ရတုန်းဖြစ်သော သဘာဝလေကို ရှုရှိုက်ထားမှပါလေ။
မြို့ပြမှ မြို့ကြီးဖြစ်လာသည့်အခါ ထိုကဲ့သိုသော လေမျိုးမရှုရှိုက်ရတော့မှာစိုးလှသည်။
ပင်လယ်ပြင်ကြီးဆီ ကျရောက်နေသော ရောင်စဉ်ဖြာလေးများသည် လေပြေလေးက ဖြတ်တိုက်ခတ်လိုက်သောအခါ လှိုင်းလုံးလေးများနှင့်အတူ လင်းလက်သွားသည်။အို...ပနံရလိုက်လေခြင်း။ခံစားမိလိုက်၍ထင်၏။ပုံမန်ခုန်နေသော နှလုံးသည် နှစ်ဆ မြန်သွား၏။နှလုံးကိုလည်း သနားမိပြန်ပါသည်။ကျွန်ုပ်တို့
ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊လွမ်းဆွေးခြင်း၊ပီတိဖြစ်ခြင်း၊ကြည်နူးခြင်းများဖြစ်သည့်အခါတိုင်း သူ့ခမျာ တိုး၍တိုး၍အလုပ်လုပ်ရရှာသည်။အလုပ်လုပ်ရ များလာသည်နှင့်အမျှ ပင်ပန်းလာသည့်အခါ လုံးဝအနားယူသွားမှာလည်း စိုးရိမ်စရာကောင်းလှ၏။
အို...အတွေးတွေ လွန်နေတာ ကျောင်းနောက်ကျနေပါပီကော။ဆိုင်ကယ်သော့ကို ဖွင့်လိုက်ရင်း ထိုပင်လယ်ကြီးကို ကျောခိုင်းကာ ထွက်လာခဲ့လိုက်သည်။လမ်းတစ်လျှောက် မြင်ကွင်းမျိုးစုံကို ကျော်ဖြတ်ရင်း ခေါင်းထဲ တွေးလာမိသည်ကား ငွေရှာသည့်ကိစ္စပင်။ငွေရနိုင်သော နည်းလမ်းပေါင်းများစွာကို အဖြေရှာရင်း အတွေးအချို့ကလည်း စိတ်ကူးယဉ်ဆန်လှသည်။ဖြစ်နိုင်ချေရှိသော နည်းလမ်းထက် စိတ်ကူးယဉ်ဆန်သော နည်းလမ်းက ပို၍
ကျေနပ်စရာကောင်းနေပြန်၏။ဘာကြောင့်များပါလိမ့်။
ခုတလော အချိန်တိုင်းတွေးမိနေတာက သို့လော
သို့လောသော အတွေးများ။ကောင်းသောအတွေးလေးများကို အမိအရဖမ်းဆုပ်မိလိုက်တာလည်းရှိသည်။ဖမ်း
ဆုပ်မမိခင် ပျောက်ကွယ်သွားသော အတွေးကောင်းများလည်းရှိသည်။မီးခဲပေါ် ယင်နားသကဲ့သို့သော အတွေးမျက ပို၍ များသည်ထင်ပါသည်။ဤကဲ့သို့သော အဆုံးအစမရှိသည့် အတွေးများကို တွေးရင်း ...တွေးရင်း...တွေးရင်း...။

-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

အ​တွေး​တွေက​တော့ ​တွေး​နေမိဆဲပါ

တွေးမြဲ တွေးဆဲ

ပင်‌လယ်‌ကမ်းေ ခြကို တစ်‌ခါဘဲ‌ရောက်‌ဖူးတယ်‌။ထိုအရသာကိုကြိုက်‌တယ်‌။

များများတွေးပြီးများများစာရေးနိင်ပါစေ

များများရေးန်ူင်အောင်ကြိုးစားပါ့မယ်

တွေးနေတုန်းလေး ဖမ်းဆုတ်တက်ရင် စာကောင်းတစ်ပုဒ်ရတယ်

ဟုတ် မစု

အ​တွေး​တွေနဲ့စာ​ကောင်းတပုဒ်​ဖန်​တီးနိုင်​ပါရဲ့။

ပေါ်လာတဲ့ အ​တွေး ​ပေါ်သလိုချ​ရေးလိုက်

ဆိုင်ကယ်စီးရင်တော့ မတွေးပါနဲ့ဗျာ
အန္တရာယ်များလို့ပါ

ဟုတ် ကဲ့ပါ bro

ငွေလည်းရချင် စိတ်ကူးလည်း ယဉ်နေတတ်ပါတယ်လေ..

တွေးလည်းတွေး ရေးလည်းရေးကြ bro တို့

အတွေးများနဲ့စိတ်ကူးယဉ်ကမ္ဘာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28