လူဖြစ်ရကျိုးနပ်ခဲ့သည်

in #myanmar6 years ago (edited)

image
မနက်အိပ်ရာနိုးသည်နှင့် မြန်မာစံတော်ချိန်
၆နာရီခွဲရှိလေပြီ။နောက်ကျနေပြီဖြစ်၍ ကပျာကယာထ
လိုက်သည်။စိတ်ကူးမိသည်ကား ဘုရားသွားရန်ဖြစ်၏။
နေမင်းကြီးကား အိပ်စက်နေဆဲဖြစ်၍ စိတ်ကျေနပ်မိလိုက်သည်။နေမထွက်မှီမှောင်ရီဝိုးတဝါးအချိန် မြူတဆိုင်းဆိုင်းနှင့် ဘုရားသွားရသော အရသာသည်လည်း ဘာနဲ့မှမလှဲနိုင်သော အရသာတစ်ခုဖြစ်သည်။ထိုကြောင့် နေမင်းကြီးမထွက်ပေါ်လာသေးသည်ကိုသဘောကျခြင်းဖြစ်၏။သို့သော်သည်နေ့ကား ၆နာရီတောင်ခွဲပြီဖြစ်၍
ဝိုးတဝါးအချိန်သည် ကျွန်ုပ်အတွက်မဟုတ်တော့ပေ။
ကိုယ်လက်သန့်စင်ခြင်းကို ပြုလုပ်၍ အကျ င်္ီဖြူ လက်ရှည်လည်ကတုံးနှင့်မန်းကျည်းရောင် ပုဆိုးကို ဝတ်
ဆင်ကာ စီးတော်မြင်းကိုထုတ်၍ မြို့ပြင်မရောက်မှီဘုရား
တစ်ဆူဆီသို့ ဦးတည်ထွက်ခွာလာလိုက်သည်။ကျွန်ုပ်ကံကောင်းသည်ဟုဆိုရမည်ဖြစ်၏။မြို့ထဲလမ်းမများသည် မြူအနည်းငယ်ဖြင့် အုပ်ဆိုင်းနေသေး၍ ကျွန်ုပ်ကို စိတ်ကျေနပ်မှုရရှိစေ၏။ဘုရားမရောက်မှီ မြူများပျောက်ဆုံးသွားမည်စိုး၍ စီးတော်မြင်းကို ကီလို၇၀မျှ အရှိန်တင်၍မောင်းနှင်လိုက်သည်။မကြာမှီတွင်ပင် မြို့ထဲလမ်းမကြီးကို ကျော်လွန်၍ မြို့ပြင်လမ်းမပေါ်သို့ရောက်ရှိလာခဲ့၏။မြို့ပြင်ရောက်လာသည်နှင့်အမျှ မြူမှုန်များသည် တိုး၍တိုး၍ များလာသည်ဟုထင်မိ၏။လမ်းဘေးဝဲဟာတဖက်တချက်တွင် မြူမှုန်များဖြင့်အုံ့ဆိုင်းကာ လှပနေ၏။ကျွန်ုပ်စိတ်သည်ကား ကြည်နူးမဆုံးတော့ပေ။
နာရီဝက်ခန့် မောင်းနှင်ပြီးနောက် ကျွန်ုပ်ဦးတည်ရာ
သာသနာပြုတောင်လမ်းချိုးသို့ရောက်ရှိလာပါသည်။လမ်းချို့သို့ ချိုးဝင်လိုက်သည်နှင့် ဆောက်လက်စမုဒ်ဦးကြီး
နှင့် လမ်းဘေးဝဲယာတလျှောက် စိုက်ထူထားသော သာသနာ့အလံများကို ကြည်ညိုဖွယ်ရာတွေ့လိုက်ရသည်။
လမ်းကလေးအတိုင်း ၅မိနစ်ခန့် ဝင်လာပြီးနောက် သာ
သနာ့အလံကြီးများ စိုက်ထူထားသော ကမ္ဘာအေးသာသနာ့ပြု တောင်ဆီသို့ရောက်ရှိလာခဲ့ပါသည်။ထိုဘုရားသို့
မရောက်ခဲ့သည်မှာ လအနည်းငယ်ကြာမြင့်ပြီဖြစ်၍ ပြောင်းလဲနေသော မြင်ကွင်းများကို ကြည့်ရင်း အံသြနေမိသည်။
image
တောင်ပေါ်ဆီသို့ လှမ်းဝင်လိုက်သည်နှင့်ပင် ဥာဏ်တော်မြင့်မားသောရပ်တော်မူဘုရားကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရ၏။ကြီးမားသော သာသနာ့အလံကြီးများကဝေဟင်တွင် တလူလူလွှင့်ပျံနေသည်။ဆောက်လက်စ
သာသနာ့အဆောက်အဦးများ၊တည်လက်စ ဘုရားစေတီများ၊ပြီးစီးပီးသော ဘုရားပုထိုးများဖြင့် ခမ်းနားထည်ဝါ
နေသည်။ထိုမြင်ကွင်းများကို တအံတသြ ငေးမောဖူး
မျှော်ရင်း ယခင် မူလ ရှေးဦးတည်ရှိစဉ် တည်ထားကိုးကွယ်ထားသော တောင်ထိပ်ရှိ ကမ္ဘာလုံးစေတီဆီသို့ တက်လာခဲ့၏။တောင်ထိပ်သို့ရောက်သည်နှင့် လတ်ဆတ်သော လေနုနုကို တဝကြီး ရှုရှိုက်ခွင့်ရ၏။တောင်အောက်တွင် ကြီးမားကျယ်ပြန့်သော စိမ်းလန်းစိုပြေသော လယ်ကွင်းပြင်ကြီးကို မျက်စိတဆုံး ငေးမောကြည့်ခွင့်ရသည်။ထိုနောက် စေတီရင်ပြင်ပေါ်သို့ တက်ရောက်လာခဲ့၏။ဘုရားရင်ပြင်ပေါ်သို့ ရောက်ရှိသောအခါ ယင်ကရင်ပြင်ကြမ်းခင်း ကြွေပြားများနေရာတွင် ပါကေးပုံသဏ္ဌာန် ခင်းပြားများပြောင်းလဲခင်းထားသည်ကိုတွေ့ရ၏။
image
image
ညကမိုးရွာထား၍ ရင်ပြင်ကြမ်းခင်းများသည် စိုစွတ်နေ၏။ထိုကြောင့် သင့်တော်ရာ နေရာတစ်နေရာတွင်
ကြည်ညိုဖွယ်ရာ စေတီတော်မြတ်ကြီးကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးဦးချလိုက်သည်။စိတ်သည် လန်းဆန်း
သထက် လန်းဆန်းခြင်းကို ခံစားလိုက်ရ၏။ထို့အခိုက်
လေပြေနုနုကလည်း တိုက်ခိုက်နေသည်ဖြစ်၍ အပြင်ခန္ဓာကိုယ်သည်လည်း အေးမြခြင်းကို ခံစားရ၏။အတွင်း အပြင် အေးချမ်းခြင်းကို ခံစားရ၍ ကျွန်ုပ်၏ တသောင်းခြောက်ထောင်သော ပူပင်သောကများကို တစ်နေ့တာ အေးမျှစေခဲ့ပါသည်။ဘုရားဝတ်ပြုပြီးနောက် တောင်အောက်ရှိ မြင်ကွင်းများကို စိန်နပြေ ကြည့်ရှုခံစားနေလိုက်သည်။ဝန်းကျင်တခွင်တွင်မြူမှုန်များသည် မပျောက်သေး၍ စိမ်းလန်းစိုပြေလှသော သဘာဝပတ်ဝန်းကျင်နှင့်
ပနံရကာ အလှပကြီးလှပနေပါတော့သည်။
image
စပါးပင်များစိုက်ပျိုးထားပြီးဖြစ်သောလယ်ကွင်းပြင်များနှင့် လယ်စောင့်တဲလေးများကို တွေ့ရ၏။ထိုမျက်စိတဆုံးလယ်ကွင်းပြင်ကြီးအလွန်တွင် ပင်လယ်ပြင်ကြီးကိုလည်းတွေ့ရ၏။ချက်ချင်းဆိုသလိုအတွေးများသည် ထိုလယ်ကွင်းပြင်ဆီရောက်ရှိသွားပါတော့သည်။စိတ်ကူးထဲတွင်ကား ကောက်လှိုင်းများရိတ်သိမ်းခြင်း၊ကောက်ရိုးပုံပေါ်တွင်ပြေးလွှားဆော့ကစားခြင်း၊လယ်ကွင်းဘေးတွင် ထမင်းမြိန်မြိန် စားသောက်ခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နေရသလို ခံစားနေမိသည်။လယ်ကွင်းပြင်ကြီးတွင် အုံ့ဆိုင်းဆိုင်းသစ်ပင်ကလေးများ၊ထန်းပင်အချို့ကိုလည်းတွေ့ရ၏။စိတ်သည်အေးချမ်းခြင်း၊အေးချမ်းသထက်အေးချမ်းခြင်း၊ကြည်နူးခြင်း၊ကြည်နူးသထက်ကြည်နူးခြင်းများသည် ရိုးတွင်းချဉ်ဆီဆီမှ တိုး၍တိုး၍ လှိုက်ဖိုတက်လာပါတော့သည်။
image
ယနေ့အဖို့ ကျွန်ုပ်အတွက်ကား လူဖြစ်ရကျိုးနပ်
ပြီဟုဆိုချင်ပါသည်။နေ့စဉ် လောက၏သောကအပူများ
ရိုက်ခတ်၍ နွမ်းလျကျနေသော စိတ်နှလုံးအစုံသည်
နတ်ရေစင်နှင့်ဖြန်းပက်သကဲ့သို့ အနူးညံ့ဆုံးအေးချမ်းခဲ့ရပါပြီ။ဖြစ်နိုင်လျှင် တစ်ရက်တာပတ်လုံး မပြန်ဘဲနှင့်ထိုနေရာ၌ပင် အေးအေးချမ်းချမ်းနေလိုက်ချင်ပါသည်။သို့သော် နေ့စဉ်ဒူဝ လုပ်နေရသော အလုပ်များက ရှိနေသေး၍ တွေးလက်စအတွေးများကိုဖျောက်ကာ စေတီတော်မြတ်အား ဖူးမျှော်ဦးချ၍ ထိုသာသနာပြုတောင်ဆီမှ
ပြန်လည်ထွက်ခွာလာခဲ့ပါတော့သည်။လမ်းဘေးဝဲယာတဖက်တချက်တွင်ကား မြူမှုန်အကြွင်းအကျန်များ လွှင့်ပျံလျက်။
image
-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

သာဓု (၃)ကြိမ်ခေါ်ပါတယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဘုရားဖူးရင်းလှပတဲ့ရှုခင်းများကိုကြည့်ရတာ စိတ်ကြည်နူး အပန်းပြေစေပါတယ်။

Posted using Partiko Android

အဲနေရာ ရှုခင်း လှချက်ကတော့ဗျာ အပြင်မှာ ပိုမိုက်တယ်

သာဓု သာဓု သာဓုပါ။

သာဓုပါ ကိုမဟော်

စိတ်ကြည်နူးစရာလေးပါ

Posted using Partiko Android

အလည်လာပါ ဦးမင်း

ကောင်းမှူကုသိုလ်​လုပ်​တာဆို​တော့သာဓုပါဗျာ

Posted using Partiko Android

သာဓုပါ

စိတ်အေးချမ်းသောနေရာလေးကို အေးချမ်းစွာသွားရောက်ပြီး ကုန်လွန်စေခဲ့တာလေးကို သိသာပေါ်လွင်စေပါတယ်အစ်ကို။ဒီလိုမျှဝေပေးတဲ့အတွက် စာဖတ်သူတွေကိုပါ စိတ်အေးချမ်းစေသော ဓါတ်နှင့်အငွေ့အသက်များ ခံစားရောက်ရှိသွားစေပါတယ်ခင်ဗျာ။ကောင်းမွန်လှပါတယ်အစ်ကို။

အစ်ကို့မန့်လေးက အားရှိစေသလို ကြည်နူးမှုလည်းထပ်မံရရှိစေပါတယ်ခင်ဗျ

ကောင်းပါတယ်​...​အေးချမ်းလိုက်​တာ...

Posted using Partiko Android

လာလည်ပါဗျ

နေ့စဉ် အနည်းဆုံးကုသိုလ်တစ်ခုမပြုဖြစ်တာ အလွန်ကောင်းပါတယ်

ဟုတ်ပါတယ်ဗျ

မရေးတာကြာပေမဲ့ရေးအားမကျသေးဘူးပဲညီ။
နောက်ထပ်ရေးပေးပါဦးဗျာ။

ကျေးဇူးပါဗျာ အားတွေရှိလာပီ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10