မုဆိုးကြီးဦးတိမ်

in #myanmar6 years ago (edited)

ဤနေ့ကား မိုးပြေးလေးများ ဖြန်းထားသဖြင့် ပတ်ဝန်းကျင် ကား စိုထိုင်းထိုင်း ရှိနေ၏။တရိပ်ရိပ် တက်လာနေသော မိုးတိမ်တိုက်များကို ညနေခင်းနေရောင်သည်
မတိုးဖောက်နိုင်ပေ။တစ်ခါတစ်ရံ မိုးတိမ်တိုက်တို့ကြား
မှ လက်ကနဲ ပေါ်လာ၏။မိုးတိမ်တို့က တဖန် အလု
အယက် နေရာမပေး အတင်းဖုံးဖိလိုက်ကြပြန်သည်။
"တော်.. ဒီနေ့ တောမထွက်ပါနဲ့တော့လား "
"ဘာဖြစ်လို့တုန်းရှင်မရဲ့ ၊အထူးအဆန်းပါလားကွ"
"ဘာရယ်လို့တော့ မဟုတ်ပါဘူးတော် ကျွန်မစိတ်ထဲ ထင့်နေလို့ပါ၊ပြီးတော့ မိုးကရွာထားတယ်လေ၊အိမ်မှာလည်း ဆန်နဲ့ဟင်းစားတွေ ရှိပါသေးတယ်"
"ရှိတာလည်း ရှိတာပေါ့ရှင်မရယ် ၊အခု မိုးကျတော့
မယ်၊ မိုးတွင်းမရောက်ခင် အမိအရလေး စုထားနိုင်မှ တော်ကာကျမှာ၊ကလေးတွေလည်း ကျောင်းစရိတ်က
ရှိသေး၊မဖြစ်ပါဘူးရှင်မရယ် ၊အချိန်မလင့်ခင် တောဝင်
ဦးမှပါ။"
"ပြောမရလည်း သွားပါ တော်၊ဂရုစိုက်ပြီးသွားဦး
မမှောင်ခင် ပြန်ခဲ့ပါ"
ဦးတိမ်နှင့်သူ၏ဇနီးဒေါ်မြိုင် စကားပြောနေခြင်း
ဖြစ်သည်။ဦးတိမ်သည် မုဆိုးတစ်ယောက်ဖြစ်၏။အသက်မှာလေးဆယ်ကျော်ငါးဆယ်နီးပါးရှိသည်ဟုထင်ရ၏။ကျွန်ုပ်တို့အိမ်နှင့်ကပ်လျက်တွင်နေထိုင်ကြပြီး သူတို့တွင် ကျွန်ုပ်နှင့်ရွယ်တူ ကလေးနှစ်ယောက် ရှိလေသည်။ထိုအချိန်က ကျွန်ုပ်မှာ မူလတန်းကလေးမျှသာရှိ၏။ဦးတိမ်သည် ညနေဘက်များတွင် တောဝင်လေ့ရှိပြီး အမဲလိုက်မုဆိုးအလုပ်ဖြင့် သူ၏ဇနီးနှင့်ကလေးများကို ရှာဖွေကျွေး၏။ဦးတိမ်သည် အမြဲရွှင်ပြပြ နေတတ်သူတစ်ဦးဖြစ်ပြီးသာရေး နာရေး လက်မနှေးသော သူဖြစ်၏။ဦးတိမ်သည် မုဆိုးတစ်ဦးဖြစ်သော်လည်း ဘာသာတရား အလျင်းမမေ့တတ်ချေ။ထို့ကြောင့်တစ်ရွာလုံးက ခင်မင်ကြသည်။
image
image source
ဦးတိမ် တောထဲမှ ပြန်လာလျှင် သားကောင်
တစ်ကောင်၊နှစ်ကောင် ပါလာမြဲဖြစ်သည်။ရလာသော
တောကောင်များကို ရောင်းချပြီး စီးပွားရှာ၏။တောကောင်ရလာတိုင်း အချို့တဝက် ကျွန်ုပ်တို့အိမ်ကိုလာပို့တတ်လေသည်။ဦးတိမ်သည် ကျွန်ုပ်ကိုလည်း သူ့သားအရင်းလို အင်မတန်ချစ်၏။တောထဲမှပြန်လာသည့်အခါတိုင်း
ကျွန်ုပ်ကြိုက်တတ်သော သစ်ခွပန်းများ ခူးလာပေးတတ်လေသည်။
ယနေ့ ဦးတိမ်တောထဲသို့မဝင်မှီ အဖွားမြိုင်သည်
ထူးထူးဆန်းဆန်းပင် အထက်ပါစကားတို့ဆိုနေသည်ကို
ကြားရ၏။မကြာမှီပင် ဦးတိမ်သည် အိမ်မှထွက်လာပြီး
"သွားတော့မယ်ဟေ့ ကောင်လေးရေ"ဟု လှမ်းနှုတ်ဆက်လေသည်။နေ့စဉ်တောဝင်တိုင်း နှုတ်ဆက်နေကျ ဖြစ်သော်လည်း ယခုနှုတ်ဆက်သောအခါ ကျွန်ုပ်စိတ်ထဲ
တစ်မျိုးတစ်မည်ကြီးခံစားလိုက်ရသည်။ကလေးပီပီ
ဆက်၍ မတွေးတော့ဘဲ "ဟုတ် ဖိုးတိမ်၊ပြန်လာရင် သားအတွက် သစ်ခွပန်းလှလှလေး ခူးခဲ့နော်"ဟု လှမ်းအ်ာရင်း ပြန်၍နှုတ်ဆက်လိုက်သည်။
ဦးတိမ် တောထဲသို့ ဝင်ပြီး မကြာလိုက်ပေ။ရုတ်ချည်း မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အုံ့မှောင်သွားပြီး မြင်ကွင်းမှာ မရှင်းလင်းတော့ချေ။ခြုံနွယ်များကို ကျော်ခွရင်း မိုးသည်းသည့် ကြားကပင် တောကောင်ကိုရှာဖွေနေ၏။ဤသို့ဖြင့်ညနေ၅နာရီခန့်သို့ရောက်ရှိလာ၏။ထိုအခါ ရွာနေသော
မိုးသည် အနည်းငယ် ညံ့လာလေသည်။တောကောင်မပါဘဲ အိမ်ပြန်လေ့မရှိသော ဦးတိမ်သည် ဇွဲကောင်းစွာပင် တောကောင်ရှာတုန်းဖြစ်လေသည်။တောမှာလည်း တဖြေးဖြေး နက်သထက် နက်လာကာ သစ်ပင်ကြီးများက
အုံ့ဆိုင်းနေ၏။
image
photo credit-google image
ယခင်နေ့တွေက တောစပ် အနီးအနား
တစ်ဝိုက်ပင် သားကောင် ရတတ်သော်လည်း ယနေ့မှာ
မူ တောကြီးထဲရောက်လာသည့်တိုင် သားကောင်
တစ်ကောင်တစ်လေမျှ မတွေ့ရသေးချေ။တစ်နေရာအရောက်တွင်ကား ကိုက်၁၀၀အကွာခန့်တွင် အကောင်တစ်
ကောင် ဖြတ်ပြေးသွားသည်တွေ့လိုက်ရ၏။သို့သည်နှင့်ဦးတိမ်သည် သေနတ်ကို အဆင်သင့်ပြင်လိုက်ရင်း
မြင်ကွင်းဆီကို အာရုံစိုက်ကာ အသံဖျောက်၍ ပစ်မှတ်ဆီ
သို့ တဖြေးဖြေးချဉ်းကပ်သွား၏။တွေ့ပါပြီ၊အဝါစင်းကျားနှင့်အကောင်တစ်ကောင်၊ရုတ်တရက် ဦးတိမ်လန့်သွား
လေသည်။တွေ့လိုက်ရသော အကောင်ကား ဟင်းမျိုး
ကြီးပင်ဖြစ်လေသည်။
image
image source

ပစ်ကွင်းကား ရှင်းလွန်းနေလေသည်။ ထိုနောက်" ဘာဖြစ်ဖြစ်ကွာ"ဟုစိတ်ကိုတင်းရင်း ပစ်မှတ်ဆီ သေနတ်ကို ချိန်လိုက်ပြီး ..သေနတ်မောင်းခလုတ်ကိုဆွဲလိုက်၏။"ဒိုင်းကနဲ"အသံနှင့်အတူ ဟင်းမျိုး
ကြီးမှာ လဲကျသွားသည်ကို တွေ့လိုက်ရ၏။ဦးတိမ်သည်
"ငါကွ"ဟု ကြုံးဝါးရင်း ဟင်းမျိုးကြီးလဲကျသွားသောနေရာသို့ ခြုံနွယ်များကို ခုန်လွှားကျော်ဖြတ်၍ပြေးသွားသည်
။ထိုနေရာသို့ရောက်သော်ဦးတိမ် တစ်ယောက် မျက်လုံးပြူးသွားလေသည်။"ဟင် ...ဟာ ..."...

ဆက်ရန်
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ဖတ်​လို့​ကောင်းချက်ဗျာ ​ .. ​မုဆိုးအ​​ကြာင်း ​တောတွင်းအ​ကြောင်း​လေး​တွေ ဖတ်​ရတာ အရသာရှိတယ်​ဗျာ .. အား​ပေး​နေပါတယ်​ဗျ ..
ဟင်းမျိုးကြီး ဘာဖြစ်​သွားလည်း သိချင်​မိ ..

ကျေးဇူးပါ ကိုမြန်မာရေ လာရောက်အားပေးတာ

ဟာမုဆိုးကြီးကျော်သူရိန်။ဟင်းမျိုးကြီးကားနေရာတွင်ရှိမနေပေ။တောခြောက်ခြင်းပေလော။မုဆိုးကြီးကျော်သူရိန်တစ်ယောက်သုတ်ခြေတင်ပြေးလေပြီ။

ပြေးပု

လုပ်ပြန်ပီ......
ကောင်းခန်းမှနော် ဟွင်း

ဒီလို တောတွင်း မုဆိုးအမဲလိုက်တာတွေ မဖတ်ရတာ ကြာနေပြီ ကျေးဇူးပဲ မြိုင်ရာဇာကျော်သူရိန် ရေ

ဇာတ်ရှိန်တက်နေတုန်းဖြတ်လိုက်တယ်
ဘာဖြစ်သွားတာလဲ ဟင်းမျိုးကြီးက

ဟာကွာ...ကောင်းခန်းရောက်မှ..မီးကပျက်သွားတယ်ကွာ။

ငင့်​ လူဆိုး

ငင့်​ ဟင်းမျိုးကြီးက ဘာဖြစ်​သွားလို့လည်း

အပိုင်းဆက် မျှော်

အကောင့်လေးပြန်ရပါစေ ယူထားသူလည်းစိတ်ထဲဘယ်လိုများနေပါလိမ့်

ဟင် … ဘယ်လိုဖြစ်မှာပါလိမ့် ?

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17