မုဆိုးကြီးဦးတိမ်

in #myanmar6 years ago (edited)

[ယခင်အပတ်မှအဆက်]
ဦးတိမ်သည် ဟင်းမျိုးကြီး လဲကျသွားသည့်နေရာ
သို့ အပြေးသွားကြည့်အခိုက် အလွန်အမင်းအံ့အားသင့်သွားလေသည်။အဘယ်ကြောင့်မူ ဟင်းမျိုးကြီးကား
ထိုနေရာတွင်မရှိတော့ချေ။ဦးတိမ်သည် ဝေခွဲမရစွာဖြင့်
မိုးရေကြောင့် စိုရွဲနေသော ဆံပင်ကို ခါထုတ်လိုက်သည်။မျက်စိရှေ့မှာပင် လဲကျသွားသည်ကို မြင်လိုက်သော်
လည်း ယခု ဤနေရာတွင် မရှိသည်ကို အံ့အားသင့်နေ၏။ချက်ချင်းဆိုသလိုပင်"ဘာမှမဖြစ်ပါဘူးတော် ၊ကျွန်မစိတ်ထဲ ထင့်နေလို့ပါ"ဟူသော ဇနီးသည် မမြိုင်၏
စကားသံက နားထဲ အလိုလို ပြန်ကြားမိလျက်သား ဖြစ်သွား၏။ကျောပြင်တစ်ခုလုံးလည်း ရုတ်ချည်း ကြက်သီးဖြန်းကနဲ ထသွားလေသည်။
ထိုအချိန်တွင် အရှေ့ ကိုက်၅၀ခန့် ရှိ ချုံပုတ်တစ်ခု
လှုပ်ခါသွားသည်ကို မုဆိုးတို့ မျက်လုံးပီသစွာ မြင်လိုက်၏။ဦးတိမ်သည် ချက်ချင်းဆိုသလို သေနတ်ကို အသင့်ပြင်လိုက်ရင်း လစ်ကနဲ ပြေးလိုက်လေသည်။ဦးတိမ်မြင်လိုက်သည်ကား ချုံပုတ်လှုပ်ခါ သွားသည်သာမဟုတ်၊
အဝါရောင်အစင်းကြားအ ကောင်ကြီးကိုပါ တွေ့လိုက်ရသောကြောင့်တည်း။မုဆိုးကောင်းတို့ဟူသည် ဘယ်အရာကိုမှ လန့်တတ်ခြင်းမရှိပေ။အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တတ်၏။ရဲဝံ့ခြင်းနှင့်အတူ လျှင်သော ဥာဏ်ကိုပါ
ပိုင်ဆိုင်ထားတတ်ကြလေသည်။အဘယ်ကြောင့်မူ တောမုဆိုးတို့အလုပ်သည် တစ်ချက်မှားသည်နှင့်ပင် အသက်ပေးလိုက်ရတတ်သောကြောင့်ဖြစ်၏။
image
image source
ဦးတိမ်သည် ကြောက်ရွံ့ခြင်း အလျှင်းမရှိဘဲ အန္တရာယ်ရှိသော သတ္တဝါနောက်သို့ အပြေးလိုက်၏။ဟင်းမျိုး
ကြီးသည် တူရှုရာ အရပ်သို့ပင် မနှေးလွန်း မမြန်လွန်း
နှုန်းဖြင့် ပြေးနေ၏။ထူးဆန်းသည်ကား ဟင်းမျိုးကြီးသည် မြင်ကွင်းမှ ပျောက်ကွယ် သွားသည့် အထိ မပြေးချေ။မုဆိုးဦးထိမ် မှီလောက်သောအနေအထား၌ပင် ပြေးနေ၏။သို့သော် ထိုအခြင်းအရာ ကို မုဆိုးကြီးသည် ရုတ်တရက် သတိမထားမိလိုက်ပေ။အဘယ်မျှ ပြေးလိုက်ခဲ့သည် မသိ၊သတိထားမိချိန်တွင် ဦးတိမ်သည် မိမိကျင်လည်ကျက်စားသော တောအုပ်များကိုများသာမက ကနဦးကရောက်ရှိနေသောတောကြီးကိုပါကျော်လွန်၍ တစ်ခါမှ မရောက်ဖူးသော တောကြီးမျက်မဲ သို့ ရောက်ရှိနေပါတော့သည်။
image
image source
အဆိုပါတောကြီးမှာ မိမိမရောက်ဖူးသော၊မကျွမ်းကျင်သော ဒေသဖြစ်နေသည့်အလျှောက် ရုတ်တရက်ကြောင်နေ၏။အတွေးဝင်နေသည့်အခိုက် ဟင်းမျိုးကြီးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားချေပြီ။တောကြီးမှာ လမ်းဟူ၍မရှိ၊ချုံနွယ်များ၊သစ်ပင်ကြီးများဖြင့် ပိန်းပိတ်နေ၏။ဦးတိမ်သည် မိမိမကျွမ်းကျင်သော ဒေသဖြစ်သည့်အလျှောက်မျက်စိလည်နေလေသည်။ထို့ကြောင့် တူရှုအရပ်သို့ပင် လျှောက်ရင်း လည့်ပတ်ကြည့်ရှု၏။ထို့အခိုက် ဦးတိမ်၏ မျက်လုံးအစုံသည် ပြူးကျယ်သွား၏။"ဟာ "ဟူသောအာမေဋိတ် အသံနှင့်အတူ ဦးတိမ်တစ်ယောက် တစ်စုံတစ်ခုကို မျက်လုံးအပြူးသားနှင့်ငေးကြည့်ရင်း အံ့သြမင်သက်စွာဖြင့် ထိုနေရာ၌ပင် ရပ်နေမိလေတော့သည်။
ဆက်ရန်...
image
image source

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ကိုရီးယားကျော်သူရိန်ကြီးပါလား။ဆွဲဆောင်မှုအပြည့်ပဲဇာတ်ရှိန်ကတော့။ကောင်းခန်းရောက်ရင်ဖျက်လိုက်ပြီ။ချီးတတ်ကတော့ပွန်းဆိုဒ်ပေးပြီးတော့ကြော်ငြာဝင်သွားတယ်ဟေဟေး။နင့်ပျင်းနေမှာစိုးလို့ထင်တယ်။

ဟဲဟဲ နောက်တစ်ခန်းဆို ပီးပါပြီ

ဖတ်​လို့ တကယ်​​ကောင်းတယ်​ဗျာ .. ​ကောင်းခန်း​ရောက်​မှ ရက်​စက်​ပါ​ပေ့ စာ​ရေးဆရာရယ်​ ..​မျှော်​​ရပြန်​ပါ​ပေါ့ .. ​နောက်​တစ်​ပိုင်း ..

ကျေးဇူးပါဗျာ ခုလိုလာရောက်အားပေးလို့ နောက်တစ်ပိုင်းကျ ဇာတ်သိမ်းပါပီ

ဆက်​ပါ

ဟုတ် ဦးအင်းရေ

ချီးတက်ကို ပြန်ပြောထားတယ် ကျန်း စွာတာအေ

သားကို လာပြောနာကို

ဟင်………………

ကောင်းတယ်ဗျာ အရင်တောတွင်းဇတ်လမ်းတွေပြန်ဖတ်ရပြီပေါ့

ကျေးဇူးပါ ဗျ

မုဆိုကြီး ဦးမိုးတိမ်​ဘာမြင်​သွားလို့လည်းဟင်​😶

ဘာထင်တုန်း

ချိတက်မိပြန်ပဟ ဒီချိတက်ခုထိအမူးမပြေသေးဘူး။မုဆိုးကြီးကတော့ အမှတ်တရပါပဲလေ။ passမှားမချနဲ့ဦးနော် 😁

ဟဲဟဲ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွားပီလေ .

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

ကောင်းတယ်ဗျာ

ကျေးဇူး broရေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75