ဆိုးရွားသောတရားခံ

in #myanmar6 years ago

ခုရက်ပိုင်း ဟိုသွား၊ဒီသွား ဖြင့် စာမဖတ်ဖြစ်သည်
မှာ နှစ်ပတ်ပင်ကျော်ခဲ့ပါပြီ။အဖြစ်အပျက်သည် လွန်စွာ
ထူးဆန်းလှ၏။စာဖတ်အား လျော့သွားသည်နှင့်ပင် စာ
ရေးစရာများ ရှာမတွေ့တော့ခြင်းဖြစ်သည်။အရင်က Postတစ်ခု တင်တော့မည်ဆိုလျှင် ရေးစရာများ၊တွေး
စရာများသည် ဦးနှောက်ထဲတွင် အသင့်နေရာယူပြီး
သားပင်ဖြစ်၏။ယခုမူကား ဘာရေးရမှန်းပင် တွေးမရ
အောင် ချာချာလည်လျက်ရှိပါသည်။ခေါင်းစဉ်တစ်ခု တပ်လိုက်၊ပြန်ဖျက်လိုက်၊ဟိုအကြောင်း ရေးရမလား တွေး
လိုက်၊စာသည် ဆက်မသွားတော့သဖြင့် ရပ်နားလိုက်ရ
ပြန်သည်။ဤသို့နှင့်ပင် ကျွန်ုပ်သည် Postတစ်ခုရေးဖို့
ခက်ခဲနေပါတော့သည်။
image
image source
ထိုသို့ဖြစ်ရခြင်းကား စာဖတ်အား လျော့သွားခြင်း
ကြောင့်ပင်ဖြစ်သည်ဟုထင်မိပါသည်။တကယ်လည်း
ဤသို့ပင်ဖြစ်လတ္တံ့။စာမဖတ်ဖြစ်သည်ကား မအားလပ်
သည်က အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်။ထို့
အပြင် အခြားတစ်ခုကား ရှိသေး၏။ထိုအခြင်းအရာသည် တကျော့ပြန်လည်ကာ ကျွန်ုပ်ကို ဒုက္ခပေးနေခဲ့ပြန်ပါ
ပြီ။ဤအရာကား ပျင်းရိစိတ်ပင်ဖြစ်ပါသည်။မအားလပ်
ခြင်းကို အကြောင်းပြုကာ ပျင်းရိစိတ်သည် စိမ့်အင်းတစ်ခုအဖြစ် ရှင်သန်လာခြင်းဖြစ်၏။လွန်လာခဲ့သောရက်များတွင် ကျွန်ုပ်ကိုကျွန်ုပ် ဆင်ခြင်ရန်မေ့လျော့နေမိ၏။ထိုနေ့မှပင် "ငါ ဘာလိုအပ်နေလဲ၊ငါ ဘာ တွေ
မှားနေလဲ" ဟု ပြန်လည်ဆန်းစစ်မိမှပင် တရားခံကို
အဖြေထုတ်နိုင်ခဲ့ပါသည်။
image
image source
ပျင်းရိခြင်းသည် အင်မတန်ပင်ကြောက်စရာကောင်းလှ၏။ယခုအဖြစ်အပျက်လေးနှင့် ဆင်ခြင်ကြည့်လျှင်ပင်
ပျင်းရိခြင်းကြောင့် ကျွန်ုပ်မှာ ဆုံးရှုံးမှုများလှ၏။နောင်တွင်၊နောက်တစ်ခါများတွင် ပို၍ရှင်သန်ကြီးထွားလာခဲ့ပါမူကျွန်ုပ်မတွေးရဲတော့ပါ။ပျင်းရိခြင်းသည် အထက်တွင်ပြောခဲ့သလိုပင် စိမ့်အင်းတစ်ခုအဖြစ်စတင်၏။စိမ့်အင်းလေးမှသည် တဖြည်းဖြည်း အင်းအိုင် တစ်ခုဖြစ်လာ၏။ထိုအင်းအိုင်မှသည် တဖြည်းဖြည်း ချောင်းတစ်ခုအသွင် ပြောင်းလဲ၏။ထိုချောင်းသည်ပင် တရွေ့ရွေ့ မြစ်အဖြစ်သို့ ကူးပြောင်းနိုင်၏။ဤသို့နှင့်ပင် စိမ့်အင်းလေးသည် ပင်လယ်သမုဒ္ဒအရာအဖြစ် အဆုံးသတ်ကာ ဘဝသည်လည်းဆုံးရပါတော့သည်။သတိမထား မဆင်ခြင်မိသော် ထိုသို့ပြောင်းလဲခြင်းကို တော်ရုံသတိမမူမိပါ။သေးငယ်သော ပျင်းရိခြင်းသည်ပင် သည်မျှ ဖြစ်ခဲ့သည်ဆိုလျှင် ကြီးမားကျယ်ပြန့်သွားခဲ့ပါမူ လွန်စွာပင် ထိန့်လန့်မိပါသည်။
ထိုစိတ်ကလေးကို ကျွန်ုပ်ပြန်လည် ပြုပြင်ရပါတော့
မည်။ထိုနေ့မှပင် ထိုစိမ့်အင်းကလေးကို နည်းမျိုးစုံဖြင့်
ကျွန်ုပ်ဖျက်ဆီးပစ်ရပါမည်။ထို စိမ့်အင်းလေးကို မဖျက်
ဆီးနိုင်ခဲ့ပါမူ ချောင်းတစ်ခုဖြစ်သွားသည့်အခါ ကျွနုပ်
တတ်နိုင်တော့မည်မဟုတ်ပါ။ဤနေရာတွင်ကိုယ့်ကိုကိုယ်လည်း လွန်စွာကျေးဇူးတင်မိပါသည်။အကယ်၍ ကျွန်ုပ်သည် ပြန်လည်မဆင်ခြင်မိခဲ့သော် ထိုတရားခံကို လွယ်လွယ်နှင့်ရှာတွေ့မည်မဟုတ်ပါ။ထို့ကြောင့် ထိုစိမ့်အင်းကို ဖျက်ဆီးပစ်ခြင်းနှင့် စာဖတ်ခြင်းကို ပြန်လည်အားစိုက်ကာ ကျွန်ုပ်ကိုကျွန်ုပ် ကျေးဇူးဆပ်ပါတော့မည်။

image
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ပျင်းရိချင်းဟာ စိမ့်​အင်းဆိုပါလား ​ရေးတတ်​ပါ​ပေ့ ကို​ကျော်

စိတ်ကူးပေါက်ရာ ရေးတာ😂😂

မပျင်းနဲ့ ပျင်းရင် ဖျင်းသွားလိမ့်မယ်

ဟုတ်တယ် ဦးဇင်းရေ အပျင်းကတော့ တကယ်ကြောက်စရာကောင်းတယ်

တွေးစရာ စာတစ်ပုဒ်ပါဘဲ

တော်သေးတယ်မစုရေ ပြန်ဆင်ခြင်မိလို့

ငယ်စဉ်အခါပျင်းခဲ့လို ခုချိန်မှာနောင်တရနေပါတယ်

ခုချိန်က မှီပါသေးတယ်

စိမ့်အင်းလေး အချိန်မှီဖာထေး

ဟုတ်ကဲ့ပါဦးထွေး

ပျင်းတာတော့ကောင်းဘူးဗျာ ပျင်းရင်ဘာမှဖြစ်မလာတော့ဘူး ဖိုက်တင်းဗျ။

နည်းနည်းလေးပျင်းသွားတာ😂😂

ကောင်းချက်

ကျေးဇူးပါ ဦးအင်း

စာများများဖတ်ပီး စာများများပြန်ရေးပေးပါ။

ဟုတ် အစ်မရေ ကျေးဇူး

ငပျင်းဆို ကြားရတာတော့ မကောင်းဘူးကွယ် နေရတာတော့ သက်သာသားဟ

ဟီး ဟုတ်ပ ခို ဒို

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61645.58
ETH 3013.85
USDT 1.00
SBD 3.71