ဝသန်ဥတု၏မြင်ကွင်းများ

in #myanmar6 years ago

1280x720-data_wallpapers_38_931420.jpg
image source
ဤနှစ်အတွက် ဂိမာန်ရာသီ၏ အချိန်ပြည့်တာဝန်မှအနားယူခဲ့ပြီးနောက်ဝသန်ဥတုက အစားဝင် တာဝန်ယူခဲ့ပြန်ပါပြီ။ဝသန်သည် သူ၏တာဝန်ကို အချိန်ပြည့် လစ်လပ်မှုပင်မရှိအောင် တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိ၏။ညဦးမှာသည် သန်ခေါင်ယံဆီသို့၊သန်ခေါင်ယံမှသည် အာရုံဦးဆီသို့၊အာရုံဦးမှသည်မနက်ဆီသို့တိုင်အောင် မရပ်မနား ထမ်းဆောင်နေ၏။ကမ္ဘာလောက
ကြီးသည် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂိမာန် နှင့်ဝသန်သည်ဝန်ထမ်းများဖြစ်ငြားအံ့။ကမ္ဘာလောကကြီးသည် ဝသန်ကို လစာ၂ဆ ပိုပေးသင့်ပေသည်။အဘယ်ကြောင့်မူ
ဝသန်သည် ကျွန်ုပ်တို့မြန်မာပြည်တစ်ခုတည်းကြည့်လျှင်ပင်မူ ဂိမာန်ထက် အလုပ်ပိုလုပ်ရ၊ပိုအားစိုက်ရသောကြောင့်တည်း။
ဝသန်သည် အလုပ်ကိုတာဝန်ကျေစွာ ထမ်းဆောင်သော်လည်း အကျင့်ဆိုးကားရှိ၏။ထိုအကျင့်ဆိုးသည် အတော်ကိုဆိုးရွားလွန်းနေပြန်သည်။ကုပ္မဏီကြီးအတွက်တာဝန်ကျေချင် ကျေခဲ့မည်ဖြစ်သော်လည်း ကျွန်ုပ်တို့
လူသားများအတွက်မူ ဂျင်းအတုံးလိုက်၊အတက်လိုက်ပင်ဖြစ်နေချေ၏။တစ်ခါတစ်ရံ အိုးအိမ်၊ တိုက်တာ၊အစရှိသည့်အရာများကို အားနှင့်ခွန်နှင့်ဖျက်ဆီးပစ်တတ်၏။
ဝသန်ကို ကျွန်ုပ်ကြိုက်နှစ်သက်သော အချက်တစ်ခုကားရှိ၏။ဤကား ဂိမာန်လက်ထက်ခါက "အိပ်ရာဝင်ရာ ညအခါ၌ ပူ၍ ပြင်း၍ အိပ်မရခဲ့၊ဟိုဘက်လူးကာ သည်ဘက်လှည့်ဖြင့် ၊မှောက်လိုက်တဖန်၊ပက်လက်တစ်လှည့်၊ကွေးကာ ဆန့်ကာ လူးလွန့်သော်လည်း၊မအေးမြနိုင်၊ဆိုးလှချည့်ရဲ့၊အိပ်မပျော်သောညများတည်း"။ဤသို့ အိပ်စက်မရသော ညများကို ဝသန်မိုးက အေးချမ်းစွာဖြင့် စက်
တော်ခေါ်ခွင့်ပေးသနားခဲ့ပါသည်။အဲကွန်းကြီးနှင့်မနေနိုင်သော ကျွန်ုပ်အဖို့ ဤအချက်ကားအနှစ်သက်ဆုံးသောအချက်ပင်တည်း။
တစ်ညတာ ကို မိုးစက်များဖြန်းကာ လွန်စေခဲ့ပြီးမနက်ရောက်သို့ ကြမ်းတမ်းသော အသွင်ကို ဖြောက်၍နူးညံ့သောအဆင်ဖြင့် ထပ်မံ အလှဆင်ထားပြန်၏။မိုးဥတု၏သင်္ကေတ တစ်ခုဖြင့် Stateကျောင်းကြီးလည်း
ဖွင့်လှစ်လို့နေခဲ့ပါပြီ။ကြီးကြီးရွယ်ရွယ်၊ငယ်ငယ် အလတ်စုံလင်စွာ ဖြင့် ကျောင်းတော်ကြီးဆီသို့ နူးညံ့အသွင် အဆင် အပြင်ဖြင့် တဖြောက်ဖြောက်နှင့် မိုးစက်အောက်ဝယ် အရောင်အသွေးစုံလင်စွာဖြင့် ကျောင်းတော်ကြီးအသီးသီးစီသို့ ချီတက်နေကြသည်မှာအသက်ဝင်နေသော ပန်းချီကားတစ်ချပ်သဖွယ် လှပနေပြန်၏။
rainy-season.jpg
image source
ပူပြင်းသော ဂိမာန်၏ဒဏ်ကို အံတုခံရင်း နီတာ အိုရင့်နေသော ပန်းမန်သစ်ပင်တို့သည်လည်း ဝသန်မိုး၏အကူအညီဖြင့် စိမ်းစိုလန်းဆန်းနေကြသည်။မြင်မြင်သမျှ
ပန်းပွင့်တို့သည် အားမာန်အပြည့်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာပြုံးပြနေကြ၏။ရှေးက ညိုးငယ်နေသော အိမ်ရှေ့သစ်ခွပင်လေးလည်း အဖူးလေးတွေ မရဲတရဲ ပြူထွက်ရင်း
ချောင်းကြည့်နေ၏။ပြာလဲ့နေသော ကောင်းကင်ကြီးသည် မူလအရောင်ကို ခေတ္တဖယ်၍ ဝသန်ကိုယ်စားပြုညို့မှောင်သောအဆင်းကို ချယ်ကာ ကမ္ဘာလောကတခွင်ကို ထိုအဆင်းဖြင့်ပင် လွှမ်းခြုံထားလေသည်။
ရွာနေသော မိုးကို ဂရုမမူ ဘဝအခြေအနေအရ
ဇွဲကောင်းလှသော ကျေငှက်များ သည် တအုံတကျင်းဖြင့်သော်လည်းကောင်း၊သီးခြားအားဖြင့်လည်းကောင်း
အစာရှာထွက်လေပြီ။ထို့အတူ ဖဲမွှေ့ယာထက် ဂွမ်းစောင်ထူနှင့်ဇိမ်မကျနိုင်သောလူတန်းစားများအဖို့ နားချင်တိုင်းနား၍မရသော၊ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရသော ကျွန်ုပ်တို့လို အခြေခံလူတန်းစားများလည်း ဆိုင်ရာဆိုင်ရာအသီးသီးစီသို့ အလုပ်လုပ်ရန် ထွက်ခွာကြသည်ကို တွေ့မြင်ရပေသည်။
images (4).jpeg
image source
images (6).jpeg
image source
ဘယ်ဆီက လွှင့်ပျံလာမှန်းမသိသော မြေသင်းနံ့အချို့က တမူထူးခြားစွာ သင်းပျံ့နေပြန်သည်။ထိုအနံ့လေးသည် ကျွန်ုပ်ငယ်ဘဝကို ပိုမိုပီပြင်အောင် အသက်သွင်းလိုက်ပြန်ပါသည်။အတွေးများသည် ဟိုးအတိတ်င ယ်ဘဝဆီသို့ ကူးသွားပြန်ချေ၏။စိုက်ခင်းထဲ မြေဆွေး
ဖုတ်ထားသော မြေကျက်ပုံမှ ထိုရနံ့လေးသည် ကျွန်ုပ်နှစ်သက်သော ရနံ့ပင်။အဖေ အမေနှင့်အတူ စိုက်ခင်းအတွင်း ညီကို မောင်နှမတတွေ ရယ်ရယ်မောမော ပေါင်းနုတ်ခဲ့ကြပုံများ၊မိုးအေးအေးလေးနှင့် မွေးမိခင်ချက်ပြုတ်ထားသော ထမင်းဟင်းများကို မောင်နှမစုံစွာဖြင့် တက်ညီလက်ညီ မြိန်ရေယှက်ရေ လွေးခဲ့ကြပုံများသည် ကျွန်ုပ်မျက်ဝန်းများ၌ မျက်ရည်များ စို့တက်သည်အထိ ပြန်လည် အမှတ်ရစေခဲ့ပါသည်။"ဒေါင် ဒေါင် "နာရီနိုးစက်သံသည်ရုတ်တရက်တုန်လာ၏။မြန်မာစံတော်ချိန်သည် မနက်၈နာရီထိုးခဲ့ပြီဖြစ်၍ အတွေးများ အမြင်များကို ရုတ်သိမ်းကား အများနည်းတူ အလုပ်ခွင်သို့ ထွက်ခွာခဲ့ပါတော့သည်။
029.jpg
image source

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

မိုးတွင်းနေ့မကြိုက်ဘူး ညပဲကြိုက်တယ် နေ့ရွာရင်ဈေးရောင်းပါးလို့ဗျာ။

ခေါင်မိုးမလုံတဲ့ လူတွေ အတွက်တော့ ဝဿ န်က အိမ်မက်ဆိုး ဖြစ်နေတော့မှာ

မိုးရာသီရောက်ပြီဆိုတော့ကာ .....အိပ်ကောင်းပြီပေါ့

အေးဆေးပဲ့လေ ကွေးလိုက်တာ တရေးမှမနိုးဘူး

အရင်ကတော့ တောရွာတွေမှာ မပျော်ဘူး နောက်ချေးနံလို့  ဆိုပြီး အနံ့မခံနိုင်ဖြစ်ခဲ့ဖူးတယ် အခုတော့ တောမှာပဲပျော်ပြီး တောရွာလေးတွေပဲ သဘောကျမိတယ်

မိုးရာသီ ​​တောင်​​ရောက်​လာပြီ​နော်

Get your post resteemed to 72,000 followers. Go here https://steemit.com/@a-a-a

မိုးရာသီ မြေသင်းနံ့ လေးကိုတော့သဘောကျသား

ဟုတ်တယ်ဗျာ ထူးခြားတဲ့ရနံ့လေး

မိုးရာသီကြိုက်ပေမယ့် ဆိုင်ကယ်တွန်းရတာမချောင်ဘူးဗျာ

မိုးရွာတာကိုသ​ဘောကျ​သော်​လည်းဗွက်​ထသဖြင့်​စိတ်​ညစ်​ရ၏

ဟေမာန်လေးကို အကြိုက်ဆုံးပဲ... :P

မိုးဟေကိုတို့.....
ဆောင်းဟေကိုတို့ ကိုမကြိုက်ဖူးလား?😛

တာပြောတာက ဟေမာန်ဆောင်းရာသီလေးပါ မတ်မတ်.. :P

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69735.97
ETH 3533.64
USDT 1.00
SBD 4.72