Ability Exam High Spot 😊😊

in #myanmar6 years ago

IMG_20180610_000229-864x1152.jpg

ယနေ့ မမတို့ စက်ရုံ အရည်ချင်းစစ် စာမေးပွဲ ရှိပါတယ်။ မြန်မာ တစ်နိုင်ငံတစ်လွှား အခြားစက်ရုံများမှာလည်း ကျင်းပလျက်ရှိပါသည်တဲ့..။ မမတို့ အရည်ချင်းစစ်စာမေးပွဲက ဖြေပြီးခဲ့ပါပြီ။ ခုဖြေမှာက အောက်ဆုံးရာထူးအဆင့် လုပ်သားအထွေထွေကနေ ဌာန စိတ်မှူး အဆင့်ထိ ပါပါတယ်။ (က)+(ခ) နှစ်ဆိုင်းပေါင်း လူပေါင်း ၁၇၀၀ခန့် ဖြေဆိုကြတာပါ။

Exam.jpg
Crd-org-source

အခန်းစောင့်က မမအပါအဝင် မမတို့ အလုပ်ရုံစုမှူးနှင့်အထက် ဒုလက်ထောက်မှူးထိ အခန်း စောင့်ကျပါတယ်။ မမ အခန်းက လူ 59 ယောက်ကို မမတစ်ယောက်ထဲ အစောင့်ကျပါတယ်။ အခန်းကတော့ ဝင်ဆန့်ပုံပေါ် မူတည်ပြီး လူများများဆန့်တဲ့ အခန်းဆို ၂ယောက် တာဝန်ခွဲပေးပါတယ်။ မမတို့ နားဒေးမှာ 😊တာဝန်ထမ်းဆောင်နေရတယ်ပေါ့နော် ။

images (23).jpeg
Crd-org-souce

စာမေးပွဲ မဖြေခင် တစ်ရက်အလို ညနေပိုင်းမှာ မမစောင့်ရမဲ့ လူစာရင်းအလိုက် ခုံနံပတ် သွားကပ်ပေးရတယ်။ လူအကုန်ဖြေတော့ စက်ရုံမှာ နေရာမလောက်လို့ မြို့ထဲ အထက ကျောင်းကို အကူညီတောင်းပြီး ဖြေဆိုရမှာဖြစ်ပါတယ်။ မဖြေခင်တစ်ရက်အလို ညနေပိုင်းမှာ အကူ၂ယောက်နဲ့ ခုံနံပတ်တွေ သွားကပ်ကြပါတယ်။ ဒီလိုနဲ့ ဖြေမဲ့နေ့ မနက်ခင်း ရောက်လာပါရော..။

download (8).jpeg
Crd-org-souce

မမအခန်းစောင့်ရမဲ့ အခန်းရှေ့ ဆိုင်ကယ်ရပ်ရင်ပဲ အပြင်ဘက်မှာ ထိုင်နေကြတဲ့ ကလေးတွေက မမကို မြင်ရင်ပဲ ပျော်နေကြတာ..။ မမက သဘောကောင်းတယ်မလား😁..။ ဖြေကြမှာ လူကအစုံ..။ စာတတ်သူရော ၊ ရေးတတ်ဖတ်တတ်ရော၊ စာလုံးဝ မတတ်သူရော အစုံပါပဲ..။ မမအခန်းထဲ ဖြေရမဲ့သူထဲလဲ မရေးတတ်သူတွေ ၃ ၄ ယောက်လောက်ပါတယ်။ ဘယ်လိုသိဆို သူတို့ဌာနက လူကြီးတွေက မမဆီ ဖုန်းလှမ်းဆက်ကြတယ် ဘယ်သူကဖြင့် စာမရေးတတ်ဘူး အာ့မို့ အမည် ရာထူး ခုံနံပါတ်လေး တတ်ပေးပါလို့ မမကို အကူညီတောင်းကြလို့ သိတာပါ။ အေးလေ အလုပ်ခန့်ထဲက စာတတ်မှ ခန့်မယ်မှမပါ တာ။ မမကူညီနိုင်တာ ကူညီပေးရမှာပေါ့လေ။

images (3).png
Crd-org-souce

စောင့်ရမဲ့အခန်းထဲ ခန ဝင်ပြီး ပြတင်းပေါက်တွေဘာတွေဖွင့်..။ ပြီးတော့ မေးခွန်းယူရအောင် လာခဲ့ပါ ခေါ်လို့ စုရပ်ထွက်ခဲ့ပါတယ်။ စာမေးပွဲ ကို ရုံချုပ်က အထွေထွေ မန်နေဂျာ GM တစ်ယောက် လာစောင့်ပါတယ်။ ပြီး မေးခွန်း ခွဲတမ်းချတော့ ကမောက်ကမက ဖြစ်ရသေးတယ်။ ဖြစ်ရတာက ဒီလို မမတို့ လူတွေက အခန်းကျယ် ကျယ်သလို လူချထားတယ်။ မေးခွန်းကကျ ချိတ်ပိတ်တစ်ထုတ်ကို ၆၀ဦးစာ။ အာ့ကိုဗျာ အခန်းကပ်လျက်တွေ အဆင်ပြေသလို ခွဲယူကြ ပြီး တထုတ်၆၀ဆီစီ ပြန်လာအပ်ဆို ပြီးနေပြီ..။ အာ့ဒါကို လူတစ်ဦးချင်းစီကို အာ့လူကြီး GM ဆိုသူက ခွဲပေးနေရော..။ ကလေးတွေကျလို့ဗျာ.။ အေးဗျ သူ့အမြင်မှာတော့ မယ်ကြည်တို့ အဆင့်က ကလေးတွေလို့ 🤣🤣မြင်လို့နေမှာပါလေ ..။

download (9).jpeg
Crd-org-souce

ကြာနေမှာပေါ့ဗျာ တစ်ခန်း တစ်ခန်း ၃၂ယောက်ပါသူ ၄၂ပါသူ ၃၆ပါသူ ၅၉ပါသူနဲ့ ..အမျိုးစုံနေတာကိုး ။စာမေးပွဲက ၉နာရီစမှာ ၉နာရီထိုးဖို့ ၅မိနစ်အလိုကျမှ အခန်းအမြန်ပြန်ပြေးရတယ်..။ ရောက်တာနဲ့ မေးခွန်းဝေပြီး ပြီးမှ လက်မှတ်လိုက်ထိုးခိုင်းရတယ်။ လာမဖြေသူ တစ်ယောက်ပါလို့ မေးခွန်း လှန်ကြည့်မိတော့ မမတို့ ဖြေတုံးက နဲ့ အတူတူကြီး မေးထားပါရောလား..။ အော် သူတို့ မေးခွန်းထက်ထုတ်ရမှာ မလွယ်လို့လားပဲ..😏😏။ အံသြဘအေ ဒီ အထွေထွေလေးတွေ စာရေးတတ်ဖတ်တတ်လေးတွေကို စုမှူးအဆင့် မေးတဲ့ မြန်မာစာ အထွေထွေဗဟုသုတတွေ 🙃🙃မေးသတဲ့ ။ စာမရေးတတ်သူတွေက ပါသေးတာကိုလေ..။ မရေးတတ်သူတွေ နာမည် ရာထူး ဌာနတွေ မမလိုက်ဖြည့်ပေးပြီး..။ ဖြေနေတဲ့သူတွေကြား လိုက်ကြည့်မိတယ်..။

IMG_20180609_103636-780x1040.jpg

ခုမမတို့ ဝန်ကြီးဌာန နဲ့ သက်ဆိုင်တဲ့ လုပ်ငန်း၂ခု ဦးစီးဌာန ၄ခုကို မေးထားတာပါနေရော..။ ကလေးတွေက ဘယ်သိပါ့မလဲအေ ဟုတ်ဖူးလား..။ ဘယ်သူက အာ့လောက် လေ့လာနေပါ့မယ်..။ သူတို့သိတဲ့ မမတို့်စက်ရုံထဲက ဌာနခွဲလေးတွေ ရေးနေကြတာ..။ မမတော့ မေးခွန်းထုတ်သူ စမြင်ကပ်လာလို့. ကဲ အကုန်နားထောင်ကြ နံပတ် ၄(က) ပြောပြမယ် အကုန် လိုက်ရေးဆိုပြီး ပြောပြလိုက်တယ် အေးရော..😁။ ပေးထားတဲ့အမှတ်က (၁၂)မှတ်ဖိုး...။ အာ့နောက်တော့မမ လက်ကိုမလည်ဘူး ဟိုခုံက မမကို မေးလိုက် ဒီခုံက မမကို မေးလိုက်နဲ့ သိတာ အကုန် 😂😂ဖြေပေးခဲ့တယ် ။ အေးလေ 😅😅ကိုယ်ဖြေခဲ့တုံးကလိုပါပဲဆို။ ဘွဲ့ရတွေလဲ ပါပါတယ်။ သူတို့က သပ်သပ်ရပ်ရပ်ပေါ့ ရေးထားတာလေးတွေက..။

IMG_20180609_100924-780x1040.jpg

ဒီလိုနဲ့ စာမေးပွဲ အချိန် ပြီးဖို့ နာရီဝက်ပဲ လိုတော့ချိန်ကျ အပ်လိုရပြီဆိုတော့ အပ်လိုက်ကြတာ မမမယ် မနဲ ပြန်စီယူရတယ် ခုံနံပတ်အတိုင်း ဖြစ်တောင် ပြန်စီပြီး ကိုယ့်အထုတ်ထဲ ၆၀ပြည့်အောင် တခြားသူတွေစောင့် အပ်ပြီး အိမ်ပြန်ရောက်တော့ ၁၁ခွဲ နေပြီ.။ ဗိုက်ဆာလိုက်တာ မပြောပါနဲ့တော့..။ ထမင်းစားပြီး နားရင်း ညကျ စာရေးတင်ဦးမယ် တွေးမိလို့ ပြန် ဝေမျှလိုက်ရခြင်း ဖြစ်ပါတယ်။ စာမေးပွဲ အခန်းစောင့်ပေးခြင်းကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ကျေးဇူး တင်ပါတယ်ရှင့်။

a5d77e80592c90319ce434a5f39b7acc-20-51725241.jpeg
Crd-org-source

Author @kyi
Msc 050

Sort:  

အဲဒီလိုဆရာမမျိုးနဲ့ စာမေးပွဲ ဖြေချင်တာပါ။အခုမှပဲ တွေ့တော့တယ်

ဖြေလတ်စမ်းဘာ ပြော ပြချင်လွန်းလို့😁😁

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

လွန်ခဲ့တဲ့၇နှစ်လောက်တုံးက တခါဖြေဘူးတယ်
စက်ရုံကရှုံးနေလို့ဆိုပြီး ဘယ်သူမှရာထူးမတိုးဘူး

ခုထိလဲ မယ်ကြည်တို့ ရာထူးတိုးဘူး ရှုံးတာက့ ကြောင့်လဲ ဆရာ မယ်ကြည်တို့လဲ အရှုံးပြတယ်တဲ့😞

မမလို အခန်းစောင့်မျိုးနဲ့တွေ့ရတဲ့ ဝန်ထမ်းတွေကတော့ ထီပေါက်တာပေါ့

😁😁 သားလာဖြေပါလား မတ်မတ် ပြောပြမယ်

ပျော်စရာကြီး စာမေးပွဲ ဖြေရတာ...မသိရင်လည်း မေးလို့ ရတယ် , ဖြေလည်း ဖြေ ပေးတယ်ဆိုတော့ ...

မေးခွန်းပုံ မပြောင်းပေးတာ စိတ်တိုနေတာ leader ရေ.. အာ့နဲ့ ပြောပြပလိုက်တာ😂😂

မေးခွန်းပုံ မပြောင်းပေးတာ စိတ်တိုနေတာ leader ရေ.. အာ့နဲ့ ပြောပြပလိုက်တာ😂😂

ဟန်‌ပြပါဘဲ။‌ပေးချင်‌တဲ့သူကို ‌ပေးပြီးသားပါ။ဝန်‌ကြီးဌာန‌တွေ က ပုံစံတူ များပါတယ်‌။

ဟုတ်ပါ့ အာ့လဲ သိပါ ကိုမဟော်ရေ😔

မမလို အဖြေပြောတဲ့ အခန်းစောင့်နဲ့ ကျချင်တယ် ဟိဟိ

😊😊ဟိ ပြောပြမယ်😜

စာမေးပွဲဖြေတိုင်း အဲ့လိုတစ်ခါမှ မတိုးဖူးဘူး😿😿😿😿

အေးလို့ ခေး..မတ်မတ်လို သဘောမကောင်းကြဘူးယေ😊

စာ​မေးပွဲခန်း​စောင့်တဲ.အ​​တွေ.အကြုံဖတ်​​ကောင်းတယ်​...​ဖြေတဲ့သူ​တွေအများကြီး​နော့...😊

၅၉ယောက် ယွန်း အများရီးပဲ😁

စာမေးပွဲကလဲကြီတဲ့ထိဖြေရတုန်းပါဘဲ မမ kyi ရေ
အလုပ်လျှောက်လဲဖြေရနဲ့

ဟုတ်ပါ့ သက်ရယ် တကယ်ပါပဲ😊

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62480.78
ETH 3045.78
USDT 1.00
SBD 3.91