လူလည် ရေချမ်း

in #myanmar6 years ago (edited)


photo credit by facebook

မိုးလေးတစ်ပြိုက် နှစ်ပြိုက်ရွာချလိုက်တော့ လောကကြီးတစ်ခုလုံး ခဏတစ်ဖြုတ်တော့ အေးချမ်းသွားခဲ့တယ်။ပတ်ဝန်းကျင်တစ်ခုလုံး အေးအေးချမ်းချမ်းနဲ့အိပ်မောကျနေချိန်မှာ ဟိုတွေးဒီတွေးရင်းနဲ့ ဒေါ်အေးမေတစ်ယောက် အိပ်မပျော်နိုင်ဖြစ်နေခဲ့တာ ဒီညနဲ့ဆို ၅ ရက်လောက်ရှိနေခဲ့ပါပီ။

အကြောင်းကတော့ ဒေါ်အေးမေရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ရေချမ်းတစ်ယောက် ဒေါ်အေးမေတို့ရွာကနေထွက်သွားခဲ့လို့ပါပဲ။ရေချမ်းရွာကထွက်သွားရတဲ့အကြောင်းက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေထဲကတစ်ခုဖြစ်တဲ့ သူဌေးသမီးနဲ့ကြိုက်မိတဲ့အတွက်ပါ။သူဌေးသမီးရဲ့မိဘတွေက မုဆိုးမသားနဲ့သဘောမတူဘူးဖြစ်ကြလို့ ရေချမ်းတစ်ယောက် စိတ်ညစ်ညစ်နဲ့ ရုပ်ရှင်တွေထဲကလို မြို့တက်ပီးပိုက်ဆံရှာမယ်ဆိုပီးထွက်သွားခဲ့တာပါ။

ရုပ်ရှင်တွေထဲကဘဝဆိုတာ ၁နာရီခွဲလောက်ပဲကြာတာပါ။ကိုယ်တိုင်လျှောက်ရမယ့်ဘဝက ပျှမ်းမျှအနှစ် ၆၀ လောက်ကြာတာကို မစဉ်းစားခဲ့တဲ့ ရေချမ်းတစ်ယောက်ကတော့ အမေအိုကြီးကိုထားခဲ့ပီး ချစ်သူနဲ့ပေါင်းရဖို့အတွက် ရူးရူးမိုက်မိုက်နဲ့ မြို့ကြီးဆီကို ၁နာရီခွဲလောက်အတွင်းမှာ ချမ်းသာမယ်အထင်နဲ့ထွက်သွားချိန်မှာ အမေအိုကြီးကတော့ မျက်ရည်အဝိုင်းသားနဲ့ ကျန်ခဲ့တာပေါ့။

ရေချမ်းထွက်သွားတဲ့နေ့ကစပီး အမေအိုကြီးကတော့ ဘုရားဆောင်ရှေ့ကနေမခွာခဲ့ပါဘူး။မိခင်ရဲ့မေတ္တာတွေနဲ့ သူ့ရဲ့သားလေးကျန်းမာချမ်းသာစေဖို့ဆုတောင်းနေချိန်မှာတော့ ရေချမ်းရဲ့ချစ်သူ သူဌေးသမီးကတော့ အိမ်ကသဘောတူတဲ့သူနဲ့ အကြောင်းဆက်ပေါင်းဖက်ခဲ့ပေါ့။

ရွာကသူတွေကတော့ ရေချမ်းအတွက်စိတ်မကောင်းဖြစ်ကြတာပေါ့ သူဌေးသမီးကိုလည်း မုန်းခဲ့ကြတယ်။သစ္စာမရှိတဲ့သူအဖြစ် စာရင်းသွင်းခဲ့ကြတာပေါ့။ဒီလိုနဲ့ ရေချမ်းရွာကထွက်သွားတာ ၃နှစ်လောက်ကြာသွားပီး စာမလာသတင်းမကြားဖြစ်ခဲ့တော့ ရွာကလူတွေက ရေချမ်းတစ်ယောက် သေများသွားပီလားလို့ထင်ခဲ့ကြတယ်။ရေချမ်းရဲ့အမေအိုကြီးကိုတော့ ရွာဦးကျောင်းကဆရာတော်က ဘုန်းကြီးကျောင်းမှာခေါ်ပီးစောင့်ရှောက်ထားခဲ့တယ်။နောက်ပိုင်းတော့ ရေချမ်းကိုသေစာရင်းသွင်းပီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့တယ်။


photo credit by facebook

ဆာင်းဦးရဲ့မနက်ခင်းတစ်ခုမှာတော့ ရွာလမ်းမကြီးပေါ်မှာမောင်းဝင်လာတဲ့ ဇိမ်ခံကားအကောင်းစားကြီးတစ်စီးကို ရွာသားတွေစိတ်ဝင်တစ်စားနဲ့ကြည့်နေခဲ့ကြတယ်။ကားကြီးဘယ်အိမ်ရှေ့မှာများရပ်မလဲပေါ့။ရွာသားတွေကြည့်နေတုန်းမှာပဲ ကားကြီးကရေချမ်းတို့ခြံဝိုင်းရှေ့မှာရပ်သွားခဲ့တယ်။

ကားပေါ်ကနေ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ဆင်းလာခဲ့ပီး ရွာသားတွေဘက်ကိုလှည့်ပီးပြုံးပြခဲ့တယ်။အဲဒီအခါမှာတော့ ရွာသာတွေအားလုံးဝမ်းသာအားရနဲ့ ဝိုင်းပီးအော်ခဲ့ကြတယ်။ရေချမ်းပြန်လာပီဟေ့ဆိုတဲ့အသံအဆုံးမှာ ရွာသားတွေတော်တော်များများ ဝိုင်းအုံလာခဲ့ကြတယ်။

ရွာကထွက်သွားတာကြာခဲ့ပီဖြစ်တဲ့ ရေချမ်းတစ်ယောက်ကိုယ်ပိုင်ကားကြီးမောင်းပီး ပြန်လာခဲ့တော့ ရေချမ်းကိုအရမ်းအားကျနေခဲ့ကြတာပေါ့။ဘယ်လိုကြီးပွားလာတာလဲဆိုပီး ဝိုင်းပီးမေးမြန်းကြပေမယ့် ရေချမ်းကတော့ သူ့ရဲ့အမေအိုကြီးနဲ့ အရင်တွေ့ပါရစေလို့ပြောပီး ရွာဦးကျောင်းကိုထွက်လာခဲ့ပါတယ်။အမေအိုကြီးကလည်း သေပီထင်တဲ့သားကို ပြန်တွေ့ရတော့ ဝမ်းသာလွန်းလို့မျက်ရည်တွေဖြိုင်ဖြိုင်ကျပေါ့လေ။

အမေအိုကြီးနဲ့တွေပီးတော့ ညဘက်ရွာကသူတွေနဲ့စကားစမြည်ပြောကြတာပေါ့။ဒီလိုနဲ့ နောက်နေ့မနက်ရောက်တဲ့အထိ ရေချမ်းတစ်ယောက် သူ့ချစ်သူသူဌေးသမီးအကြောင်းကို ယောင်လို့တောင်ပါးစပ်မဟတော့ ရွာသားတွေထူးဆန်းနေခဲ့ပါတယ်။နောက်ဆုံးတော့ မနေနိုင်တဲ့ရွာသားတစ်ယောက်က ရေချမ်းကိုထုတ်မေးခဲ့ပါတယ်။မင်းချစ်သူအကြောင်းမသိချင်ဘူးလားဆိုတော့ ရေချမ်းကခပ်တည်တည်ပဲ ပြန်ဖြေပါတယ်။သိပီးသားအကြောင်းကို ဘာလို့မေးရမှာတုန်းတဲ့လေ။

နောက်တော့မှ ရေချမ်းပြောပြလို့ ဇာတ်ရည်လည်သွားခဲ့ပါတယ်။ရွာကထွက်သွားမယ်ဆိုပီးပြောခဲ့တဲ့ရေချမ်းက တစ်ကယ်တော့ အဲဒီနေ့တုန်းကရွာကထွက်မသွားခဲ့ပဲ ရွာထိပ်ကလယ်စောင့်တဲတစ်ခုမှာ ပုန်းနေတာပါတဲ့။တလင်းသိမ်းပီးချိန်ဆိုတော့ လယ်တဲမှာလူတွေရှိမနေတော့ဘူးဆိုတာကိုသိတဲ့ ရေချမ်းအတွက် လယ်စောင့်တဲမှာနေထိုင်ရင်း သူ့ချစ်သူရဲ့သတင်းကိုနားထောင်နေပါတယ်။

ရေချမ်းထွက်သွားလို့မှ တစ်ပတ်မပြည့်ခင်မှာပဲ တစ်ခြားတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့ချစ်သူကို စိတ်နာနာနဲ့ပဲ သူ့ချစ်သူမင်္ဂလာဆောင်တဲ့နေ့ကျမှ ရေချမ်းတစ်ယောက်မြို့ကိုထွက်သွားခဲ့တာပါ။လူလည်ရေချမ်းတစ်ယောက် သူ့ချစ်သူကို လက်စားချေဖို့အတွက် အချိန်တိုအတွင်းမှာချမ်းသာမယ့်နည်းကို စဉ်းစားကြည့်တော့ သူဌေးသမီးတစ်ယောက်ကို အမြန်လက်ထပ်ဖို့ကြိုးစားခဲ့ပါတယ်။

ဘယ်သူဌေးသမီးနဲ့မှအဆင်မပြေမှန်းသိသွားတဲ့ ရေချမ်းတစ်ယောက်စိတ်ညစ်ညစ်နဲ့ ကားတစ်စီးရဲ့အရှေ့ကိုပြေးဝင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အတိတ်ဘဝကရေချမ်းပြုခဲ့ဘူးတဲ့ ကုသိုလ်ကံတွေက ဟုန်းကနဲပေါ်ပေါက်ခဲ့သလိုပါပဲ။ရေချမ်းကိုဝင်တိုက်တဲ့ကားက မုဆိုးမသူဌေးမကြီးစီးလာတဲ့ကားပါ။သူဌေးမကြီးကဆင်းလာ ရေချမ်းကိုဘယ်နားနာသွားလဲမေး ဆေးခန်းလိုက်ပို့နဲ့ အဆင်တွေပြေပီးနောက်ပိုင်းတော့ ရေချမ်းတစ်ယောက် မုဆိုးမကြီးနဲ့အကြောင်းပါခဲ့ပေါ့။

သူယူတဲ့သူဟာ သူဌေးမတော့ဖြစ်ပေမယ့် သူ့အမေနဲ့ရွယ်တူလောက်ဆိုတော့ ရေချမ်းတစ်ယောက်ရှက်ရှက်နဲ့ရွာမပြန်ဖြစ်ခဲ့ပဲ မုဆိုးမကြီးဆုံးပါးသွားချိန်မှ ပြန်လာဖြစ်ခဲ့တာကိုတော့ ဘယ်သူ့ကိုမှ အသိမပေးပဲ သူတစ်ယောက်တည်းရဲ့ရင်ထဲမှာပဲ သိမ်းဆည်းထားရင်း ရွာမှာလူတတ်ကြီးလုပ်ဖို့ အကြံထုတ်နေပါတော့တယ်။

@leeshang
MSC -230

Sort:  

You got a 9.76% upvote from @mitsuko courtesy of @leeshang! .

Join our team and delegate your SP to earn passive income.
Get part of 90% @mitsuko profit based on your delegated SP
Delegate 10 SP
Delegate 100 SP
Delegate 200 SP
Delegate 300 SP
Delegate 500 SP
Delegate 1000 SP

or custom delegation SP

သွားမပါရင်နေ ကားပါရင်ပြီပေါ့နော်

ပညာတတ်တာပေါ့

ရည်ရွယ်ချက်အတိုင်း ချမ်းသာတော့ ချမ်းသာသွားတာပေါ့နော်။

အဲတစ်ခုတော့ ချီးကျူးစရာပဲ

Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 10.56% upvote courtesy of @leeshang!


Message from the Mother Ship:

You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.

Click one of the links below and start earning :)

10 SP20 SP50 SP
100 SP200 SP500 SP
1000 SP2000 SP5000 SP
Any Other Amount

မောင်ရေချမ်းမွေတော့မယ်နက် တူဒေ ငိငိ

မသိရင်တော့ ဆရာကြီးပေါ့

You got a 33.26% upvote from @slimwhale courtesy of @leeshang!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, sharing 100% of the bidding pool rewards, daily, proportional to your investment.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

မောင်ရေချမ်းက ကြံတတ်တယ်နော်

အကြံကြီးသူ

ဆက်​ဖတ်​ရမယ့်​ဇာတ်​လမ်းလားရှင့်​။

ပီးသွားပီလေ

ဇာတ်ပျိုးထားတာလေးကောင်းရက်နဲ့ဖတ်စငံ့ငံ့မလုပ်နက်

နောက်ကိုပို ကြိုးစားပါ့မယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75