ထင်ရှားဆန်းပြား ကလေးမြို့မှ ရေဆန်ကျွန်းဘုရား (၁)

in #myanmar6 years ago

image

ဒီတစ်ခေါက်ကတော့ ခရီးသွားခဲ့တဲ့လမ်းကြောင်းမှာ တည်ရှိခဲ့တဲ့ ထူးဆန်းသောရေဆန်ကျွန်းဘုရားအကြောင်းကို ပြောပြပါရစေ။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီး၏ဘေး၊ ကလေး-ကလေးဝ-တမူး သုံးမြို့ လမ်းဆုံနေရာ (ဒေသအခေါ် ကျီကုန်းတောင်) ရာဇဂီရိတောင်တော်ထက်တွင် မဟာသာကပဋိမာ ရေဆန်ကျွန်း မြတ်ဗုဒ္ဓရုပ်ပွားကို ဖူးမြော် ကြည်ညိုနိုင်ပါတယ်။ ကလေးမြို့မှ သွားရောက်ဖူးမြော်မည်ဆိုပါက (၆)မိုင်မျှ စက်ဘီး၊ ဆိုင်ကယ်၊ လိုင်းကား၊ ကြိုက်ရာဖြင့်သွားရောက်လို့ရပါတယ်။ မဟာသာကပဋိမာ ရေဆန်ကျွန်း မြတ်ဗုဒ္ဓရုပ်ပွားတော်အဖြစ်မထုလုပ်မီ ရေဆန်ကျွန်းသစ်ကြီး၏ သမိုင်းကြောင်းကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။ ကလေးမြို့နယ်သည် ရှေးယခင်ကစ၍ သစ်တောဝါးတောပေါများသော ဒေသဖြစ်သည့်အားလျော်စွာ ခေတ်အဆက်ဆက် ကလေးမြို့နယ် သစ်တောတွင်းမှ သစ်အမျိုးမျိုး ထုတ်လုပ်ခဲ့ကြပြီး ရှေးအစဉ်အလာအရ သစ်ဝါးတို့ကိုသယ်ယူရာတွင် မြစ်ချောင်းတို့မှ သစ်လုံးဝါးလုံးတို့ကို မျှောချဆွဲယူသယ်ဆောင်ခဲ့ကြသည်။ ထိုအထဲတွင် ယခုရေဆန်ကျွန်းတုံးကြီးလည်းအပါအဝင်ဖြစ်သည်။ ကလေးမြို့နယ်၊ မော်လိုက်ကလေး ရွာအနီးမှ ဖြတ်သန်းစီးဆင်းသော နေရဉ္ဇရာမြစ်အတွင်း၌ ထိုရေဆန်တုံးကြ်ီးသည် ဆယ်ယူသူမရှိဘဲ မြုပ်လိုက်ပေါ်လိုက်၊ စုန်လိုက်ဆန်လိုက်ဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည်။

၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်း နေရဉ္ဇရာမြစ်ရေကြည်လင်ချိန်၌ ထိုရေဆန်ကျွန်းတုံးကြီးကို စတင်တွေ့ရှိခဲ့ကြသည်။ ယခင့်ယခင်နှစ်များက မြစ်ကြောင်းအတွင်း စုန်လိုက်ဆန်လိုက် ပျောက်လိုက်ပေါ်လိုက် ဖြစ်နေသော ရေဆန်ကျွန်းတုံးကြီးသည် နှစ်အတန်ကြာပျောက်နေရာမှ ကလေးမြို့နယ်၊ မော်လိုက်ကလေးရွာအနီး မြစ်အတွင်း၌ တွေ့လာရခြင်းဖြစ်သည်ဟုဆိုသည်။ ရေစီးကြမ်းတမ်းလှသော နေရဉ္ဇရာမြစ်အတွင်း ရေဆန်ကျွန်းတုံးကြီးကိုညစတင်တွေ့ရှိသူမှာ မော်လိုက်ကဘေးတောင်ရွာနေ ဦးမြင့်ဦးမှ စတင်တွေ့ရှိခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။

image

မြစ်အတွင်း၌ ကျွန်းတုံးကြီးသည် စုန်ဆင်းမျောပါခြင်းလည်းမရှိ၊ ရေစီးအတွင်း၌ ရပ်တန့်နေသည်ဟုဆိုသည်။ မော်လိုက်ကလေး ရွာသူရွာသားများထွက်လာ၍ အားလုံးက ဝိုင်းကြည့်လေ့လာကြသည့်အခါ ရေအောက် ကြမ်းပြင်နှင့်လည်း ငြိတွယ်ထားခြင်းမရှိ၊ အခြားနည်းနှင့် ဆွဲထားချိတ်ထားခြင်းလည်းမတွေ့ရ၊ ရေစီးအတွင်းမှာ အထက်ကိုပင် ဆန်တက်နေသည်ကိုတွေ့ကြရ၍ အနီးပတ်ဝန်းကျင်ရွာများကပါ အုတ်အော်သောင်းနင်း ဖြစ်၍ ကမ်းလုံးညွှတ်မျှ လာရောက်ကြည့်ကြသည်ဟုဆိုသည်။

ထိုအခါ ရေဆန်ကျွန်းတုံးကြီးကိုစတင်တွေ့ရှိသူ မော်လိုက်ကလေးတောင်ရွာသား ဦးမြင့်ဦးဆိုသူက " ရေဆန်ကျွန်းစစ်စစ်ဖြစ်ပါက မော်လိုက်ကလေးတောင်ရွာ အောင်ဇေယျကျောင်းသို့ ဘုရားထုလုပ်ကိုးကွယ်ရမည် ဟုဆိုပါကုကြွချီတော်မူပါဘုရား " ဟု မော်လိုက်ကလေးတောင်ရွာ တစ်ရွာလုံးကိုယ်စား ရေထဲဆင်းလျှောက်ပင့်ပြီးလျှင် ``ရေဆန်ကျွန်းအစစ်ဖြစ်ခဲ့ပါက သာသနာ့အရောင်နေလလို ထွန်းပြောင်နိုင်သည့် အရပ်ဒေသ၌ ကိန်းဝပ်စံပျော်နိုင်ပါစေသား´´ဟုအဓိဌာန်ပြုခဲ့ကြောင်းသိရသည်။ထိုအခါ နေရဉ္ဇာမြစ် အတွင်း၌ ရေဆန်ကျွန်းတုံးကြီးသည် အောက်သို့လည်းမစုန် အထက်သို့လည်းမဆန်တော့ဘဲ တဖြည်းဖြည်းမြစ်ဆိပ်ကမ်းဘက်သို့ ဦးတည်ကပ်ရောက်လာသည်ဟုဆိုပါသည်။ နေ့ည မော်လိုက်ကလေးရွာဆိပ်ကမ်း၌ ကျွန်းတုံးကြီးဆိုက်ကပ်နေပြီး ကျေးရွာလူထု အပေါင်းစုပေါင်း၌ နေရဉ္ဇာမြစ်အတွင်းကဆယ်ယူကာ မော်လိုက်ကလေးရွာတွင် ကောင်းစွာထိန်းသိမ်း စောက်ရှောက်ထားခဲ့ကြသည်ဟုဆိုပါသည်။

image

၁၃၆၅ခုနှစ် တန်ခူးလဆုတ် ၁ရက် ၅-၄-၂၀၀၄ တွင် မော်လိုက်ကလေးရွာမှ ဆယ်ယူရရှိထားသည့် ရေဆန်ကျွန်းတုံးကြီးကို အများပြည်သူ အလွယ်တကူဖူးမျှော်ကြည်ညိုနိုင်ရန် ကလေးမြို့မှ ၁၈မိုင်အကွာ ကလေး-တမူး သွားကားလမ်းပေါ်ရှိ ကံသာယာရွာ ထေရဝါရသာသနာပြုဗဟိုဌာနသို့ ပြောင်းရွေ့ထားကြပြီး ၂၄-၄-၂၀၀၄ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ် သံဃာ့နာယကဆရာတော်ကြီးများ ရဟန်းပညာရှိ လူပညာရှိတို့တိုင်ပင်ကာ အများပြည်သူ ကုသိုလ်ကံတရားပွားများနိုင်ရန် မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ရေဆန်ကျွန်းမြတ်ကို ဗုဒ္ဓရုပ်ပွားတော်မထုလုပ်မီ သစ်တောဖက်ဆိုင်ရာတိုင်းတာချက်များအရ အလျား၁၆ပေ လုံးပတ်၁၀ပေ ၁လက်မ ၁၀၁.၆၇ကုဗပနှင့် ၂.၀၃၃၄တန်ရှိပြီး ရေဆန်ကျွန်းတုံး၏သက်တမ်းမှာ နှစ်၁၂၀ဟု သုံးသပ်ခန့်မှန်းခဲ့ကြသည်။

အဆိုပါရေဆန်ကျွန်းတုံးကြီးကို ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပြီးစီးသည့်အခါ ကံသာယာရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းဆရာတော် သဒ္ဓမ္ဓဇောတိကဓဇ ဘဒ္ဒန္တဇဝနမထေရ်က ကျောင်းဝင်းအတွင်း တိလောကမာရဇိန်စေတီတော် အနီးတွင် ယာယီဂန္ဓကုဋီတိုက်တော် တစ်ဆောင်ဆောက်လုပ်၍ ယာယီထိန်းသိမ်းစောင့်ရှောက် ပူဇော်ထားခဲ့သည်။

ထို့နောက် ရေဆန်ကျွန်း ဗုဒ္ဓရုပ်ပွားတော်ဘုရားအား ကလေးခရိုင် တမူးခရိုင်အတွင်းမှ အများပြည်သူများ ပြည်တွင်း ပြည်ပဘုရားဖူးများ ခရီးသွားများလွယ်လင့်တကူ ဖူးမျှော်သက္ကာဝ ပြုနိုင်ရန် အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကတ္တရာလမ်းမကြီးဘေး ကလေး-ကလေးဝ-တမူး တြိဂံလမ်းဆုံနေရာ မြစ်သာမြစ်ကမ်းနဖူးထိပ်နေရာကို သက်ဆိုင်ရာအဖွဲ့စည်းများနှင့် သက်ဆိုင်ရာ ဆရာတော်သံဃာတော်များ နာယကဆရာတော်ကြီးများက ရွေးချယ်သတ်မှတ်ပေးခဲ့ကြသည်။ ထိုရွေးချယ်ခဲ့သောမြေနေရာသည် ရှေ့နှစ်ပေါင်းတစ်ထောင်ကျော်ကာလက ကျက်ပျံမကျစည်ကားခဲ့သော ကလေးမြို့ဟု ကလေးသမိုင်းတွင်ပါဝင်​သည့်​တိမ်​ညင်းမြို့အနီး၌တည်​ထားခြင်​လည်းဖြစ်​​ကြောင်းသိရသည်​။ (မှတ်​ချက်​ - က​လေးမြို့ မှ က​လေးဝအသွားလမ်း ကျီကုန်းမ​ရောက်​မီ ​တောင်​ထွတ်​​ပေါ်၌ တိမ်​ညင်းဘုရားကို ကြည်ညိုဖွယ်​ ဖူး​တွေ့နိုင်​သည်​။ ကျီကုန်း​ကျေးရွာအနီး ရာဇာဂီရိ​တောင်​​တော်​​ပေါ်တွင်​ မြန်​မာ့အနုလက်​ရာ အ​ပြောက်​အမွမ်းများဖြင့်​ ဂန္ဓကုဋီ​ကျောင်း​တော်​ကြီး​ဆောက်​လုပ်​ပူ​ဇော်​ရန်​စီစဉ်​ကြပါ​တော့သည်​။ ၉.၂.၂၀၀၅ ​နေ့တွင်​ သံဃာ​တော်​ ဆရာ​တော်​ ​ထေရ်​ကြီးဝါကြီး လမ်းညွှန်​မှုဖြင့်​ ဌာနဆိုင်​ရာ စစ်​လက်​နယ်​ဘက်​ ပုဂ္ဂိုလ်​များ ပါဝင်​ညှိနှိုင်းပြီး ၃.၆.၂၀၀၅ ရက်​​နေ့၌ ရာဇဂီရိ​တောင်​​တော်​​ပေါ်တွင်​ ဂန္ဓကုဋီ​ကျောင်း​တော်​ကြီး ပန္နက်​တင်​မင်္ဂလာဆင်​ယင်​ကျင်းပနိုင်​ခဲ့သည်​။

image

ကျောင်း​တော်​ကြီးပြီးစီးချိန်​ ၂.၇.၂၀၀၅ ရက်​​နေ့တွင်​ ကံသာယာရွာ ယာယီ ဂန္ဓကုဋီတိုက်​၌ စံ​ပျော်​​လျက်​ရှိတော်​မူ​သော ​ရေဆန်​ကျွန်းဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ရာဇဂီရိ​တောင်​​တော်​​ပေါ်ရှိ ဂန္ဓကုဋီ​ကျောင်​​တော်​ကြီးသို့ ​ပြောင်း​ရွှေ့ပင့်​​​ဆောင်​ခဲ့ကြပြီး ၆.၇.၂၀၀၇ ​နေ့တွင် နာယကဆရာ​တော်​ သံဃာ​တော်​အရှင်​မြတ်​များက ဗုဒ္ဓဘိ​သေက အ​နေကဇာတင်​လှူ​တော်​မူခဲ့ကြသည်​။

@linnhyotaryar
လင်းညို့တာရာ
MSC - 226

Photo : Me
မှီငြမ်း ။ ။ သမိုင်းအထောက်အထားများအတွက် ဘုရားမှပေးသော လက်ကမ်းစာစောင်များနှင့် ဘုရားဆီကျောက်စာမှတ်တမ်းများမှ မှီငြမ်းရပါသည်။

Sort:  

ရေဆန်ကျွန်းဘုရား..နာမည်ပေးထားတာရော ဘုရားဆင်းတု ဖြစ်ပေါ်လာပုံရောထူးဆန်းတယ်ဗျာ။ခေါင်းစဉ်နဲ့လိုက်တယ်။မရောက်ဖူးသေးတဲ့နေရာကဘုရားပုထိုးတွေအကြောင်းသိခွင့်ရလို့ ကျေးဇူးတင်တယ် ကိုလင်းညို့ရေ။

ဟုတ်ကဲ့ဗျ

ဓာတ်ပုံများများ တင်ပေးပါလို့😁
မရောက်ဖူးလို့

စုစုပေါင်း ရှစ်ပုံပဲရှိလိုံ ခြွေတာနေရတယ် အဟီး

ဖူးချင် လိုက်တာ

သွုးကြည့်ပါဗျာ

ကြည်ညို သပ္ပါယ်ဖွယ်ကောင်းတယ်ဗျာ

ဟုတ်တယ်ဗျ

ခုမှကြားဖူးတယ် ဖူးတွေ့ခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ

ဟုတ်ဟုတ်ဗျ

ကြားတော့ကြားဖူးတယ်ဗျ ခုမှပဲ့ပြည့်ပြည့်စုံစုံ သိရတော့တယ်

ဟုတ်ကဲ့ပါဗျ

ကြားဖူးတာတော့ ကြာပြီကွယ် ရေဆန်ကျွန်းဘုရားဆိုတာ ဒါပေမဲ့ ခုလိုမျိုး ရေကိုဆန်တတ်နိုင်တဲ့ ကျွန်းတုံးကို ဘုရားဆင်းတုထုပြီး ပူဇော်ထားတာတော့ မသိခဲ့ရဘူး ကျေးဇူးပါ ရှင်းပြပေးတဲ့အတွက်

ဟုတ်ကဲ့ အခုညတောင် ရောက်သွားသေး ဘုရားကို

စိတ်ဝင်စားစရာကောင်းပြီး အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားတစ်ဆူပါဘဲ

ဟုတ်တယ် စိတ်ဝင်စားစရာပဲ

သာဓုပါဗျာ

ဟုတ်ကဲ့ပါ

ဖတ်​ရတာဗဟုသုတရပါတယ်​ဗျာ

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29