ထင်ရှားဆန်းပြား ကလေးမြို့မှ ရေဆန်ကျွန်းဘုရား (၂)

in #myanmar6 years ago

image
ယခု ရာဇဂီရိ​တော​င်​​တော်​​ပေါ်တွင်​ ကိန်းဝပ်​စံ​ပျော်​​တော်​မူ​သော ​ရေဆန်​ကျွန်း မြတ်​စွာဘုရားဆင်းတု​တော်​ ထုဆစ်​ထားသည့်​ပုံသဏ္ဍန်​မှာ တစ်​မူထူးခြား​သောလက်​ရာဖြစ်​ပြီး ​စေတီဘုရားဟု​ဆိုနိုင်​သကဲ့သို့ ဂင်္ဂါဝါဠု သဲစုမကပွင့်​​တော်​မူပြီး​ကြသော မြတ်​စွာဘုရားတို့ကိုလည်း ရည်​မှန်း​ထုလုပ်​ထားသည်​ဟု ဆိုသည်​။ ​ရေဆန်​ကျွန်း မြတ်​ဗုဒ္ဓ ရုပ်​ပွား​တော်​၏ ဉာဏ်​​တော်​အမြင့်​မှာ ၁၉ ​ပေရှိပြီး ​အောက်​ခံ ပလ္လင်​​တော်​အမြင့်​မှာ ၂ ​ပေ ၉ လက်​မ ရှိကြောင်းသိရပါသည်​။ ​ရေဆန်​ကျွန်း မြတ်​ဗုဒ္ဓ ရုပ်​ပွား​​တော်​များထုလပ်​ထားပုံမှာ . ​အောက်​​ခြေတွင်​ ပဒုမာသန​ခေါ် ကြာပလ္လင်​ခံ၍ ​လေးမျက်​နှာလှည့်​ ဘုရား​လေးဆူအဖြစ်​ ယခုဘဒ္ဒကမ္ဘာတွင်​ ပွင့်​ထွန်း​တော်​မူပြီး​သော ကကုသန္ဓ၊ ​ကောဏဂမန၊ ကဿ ပ၊ ​ဂေါတမ​လေးဆူ​သောမြတ်​စွာဘုရားတို့ကို မတ်​ရပ်​​အ​နေအထားဖြင့်​ထွင်းထုထားပါသည်​။

image

ဖူး​မြော်​ပွားထုံ မြတ်​ဗုဒ္ဓ၏ဂုဏ်
အ​ရှေ့ အ​နောက်​ ​တောင်​ ​မြောက်​ အရပ်​​လေးမျက်​နှာမှ ​​ရေဆန်​ကျွန်း မြတ်​စွာဘုရားကို လာ​ရောက်​ကြည်ညို ​ဖူး​မြော်​ကြ​သော အများပြည်​သူအကျိုးကိုရည်​​မျှော်​၍ အ​ရှေ့အရပ်​မျက်​နှာဘက်​မှ ဖူး​မြော်​ကြည်​ညိုဆု​တောင်းမှုပြုနိုင်​​သော မြတ်​စွာဘုရားရှင်​မှာ ကကုသန်​မြတ်​စွာဘုရားဖြစ်​၍ "လာဘမုဒြာ"ဟန်​ဖြင့်​ ဖူး​တွေ့နိုင်​သည်​။ (ဆရာ​တော်​ကြီးတစ်​ပါး၏ မိန့်​ဆိုချက်​အရ - လာဘ်​လာဘနည်း​နေသူများ၊ ​ငွေ​ကြေးအဆင်​မ​ပြေဖြစ်​​နေသူများ၊ ​ဈေးဆိုင်​​ရောင်းအားကျ​နေသူများ လာ​ရောက်​အဓိဋ္ဌာန်​ဝင်​သင့်​သည်​။ ပန်း ​ရေချမ်း ဆီမီး လာ​ရောက်​ ကပ်​လှူဆု​တောင်းက အဆင်​​ပြေနိုင်​သည်​ဟု မိန့်​ဖူးပါသည်​။ )

image

ရေဆန်​ကျွန်းဘုရား၏ ​တောင်​ဘက်​မျက်​နှာ၌ ​ကောဏဂမနဘုရားရှင်​အားဖူး​မြော်​ကြည်​ညိုနိုင်​ပြီး "ဉာဏမုဒြာ" ဟန်​ဖြင့်​ ဖူး​မြော်​နိုင်​ပါသည်​။ (အဆိုအမိန့်​အရ- ​ကျောင်းသား​ကျောင်းသူများ၊ ဉာဏ်​နုံနည်းသူများ၊ စာ​မေးပွဲ​ဖြေဆိုမည့်​သူများ ဖူ​မြော်​ကြည်​ညိုအဓိဋ္ဌာန်​ဝင်​သင့်​သည်​ဟု မှတ်​ချက်​ပြုမိန့်​ဆိုပါသည်​။)​မြောက်​ဘက်​မျက်​နှာတွင်​ ​ဂေါတမ ဘုရားရှင်​အား ဖူး​မြော်​ကြည်​ညိုနိုင်​ပြီး မဟာဂရုဏာ မုဒြာ ´ ဟန်​ဖြင့်​ ဖူး​မြော်​နိုင်​ပါသည်​ ။ ဆရာ​တော်​ကြီးမှ ပင်​မိန့်​ဆိုရာ ဤ​မြောက်​ဘက်​ အရပ်​မှ ​ဂေါတမဘုရားအား ​လာ​ရောက်​ဖူး​မြော်​ကြည်​ညို အဓိဌာန်​ဝင်​ ပန်း ၊​ရေချမ်း ၊ ဆီမီး လှူ၍ ဆု​တောင်းသူများသည်​ အများချစ်​ခင်​ကြည်​ညို ​လေးစားခြင်း၊ အစားအ​သောက်​ ၊ အဝတ်​ အထည်​​ပေါများခြင်း၊ကူညီမစမယ့်​သူ ​ပေါ်​ပေါက်​ခြင်းတို့နှင့်​ ပြည့်​စုံနိုင်​သည်​ဟာ မိန့်​ဆိုပါသည်​။ ​ရေဆန်​ကျွန်းဘုရား၏ အ​နောက်​မျက်နှာ အရပ်​တွင်​ ကဿ ပ ဘုရားရှင်​အား အဘယလာဘမုဒြာ ´ ဟန်​ဖြင့်​ ဖူး​မျှော်​ရမည်​ဖြစ်​ပါသည်​။ ( ဆရာ​တော်​ ဘုရားကြီး၏ မိန့်​ဆိုချက်​အရဆိုပါက အ​နောက်​မျက်​နှာအရပ်​မှ ကဿ ပ ဘုရားရှင်​အား လာ​ရောက်​ဖူး​မြော်​ အဓိဌာန်​ဝင်​ ဆု​တောင်းကြသူများအ​နေဖြင့်​ အထူးထူးအပြားပြား​သော​ဘေး ၊ အထူးထူးအပြားပြား​သော အနာ​ရောဂါ ကပ်​သုံးပါးတို့မှ ကင်းလွတ်​နိုင်​မည်​ဟုဆိုပါသည်​။)

image

   ဆု​တောင်းပြည့်​ မတ်​ရပ်​​တော်​ ​လေးဆူဘုရား၏ အထက်​တွင်​ ထိုင်​​တော်​မူဘုရား ၊ ကမ္ဘာတစ်​သိန်းထက်​၌ ပွင့်​​တော်​မူကြကုန်​​သော သုဇာတာ ၊ ပီယဒသီ ၊ အတ္တဒသီ ၊ ဓမ္မဒသီ၊  သိဒ္ဓတ္ထ ၊ တိဿ      ၊ ဖုဿ      ၊ ဝိပဿီ  ၊ သိခီ ၊ ​ဝေ​ဿဿ   ဿ     ဘူ ၊ ကကုသန်​ ဘုရားဆယ်​ဆူဖြစ်​ပါသည်​ ။ ​ထိုမှတဖက်​တွင်​ ​ကောဏ္ဍည ၊ မင်္ဂလ ၊ သုမန ၊ ​ရေဝတ ၊ ​သောဘိတ ၊  အ​နော မဒဿီ ၊ပဒုမ ၊ နာရဒဟု ဆိုအပ်​​သော ရှစ်​ဆူ​သောရုပ်​ပွားဘုရားများ၊ ထိုအထက်​ဖက်​တွင်​ ​လေးဆူ​သော ရုပ်​ပွား​တော်​များကို ထုလုပ်​ ပူ​ဇော်​ထားပြီး အားလုံးနှစ်​ကျိပ်​ရှစ်​ဆူ​သော ဘုရားများကို ပူ​ဇော်​ထားပါသည်​။ ထိုမှ အထက်​ဖက်​တွင်​ ​စေတီ​တော်​ပုံကို ထုဆစ်​ပူ​ဇော်​ထားသည်​ကို ကြည်​ညိုဖွယ်​ဖူး​မြော်​နိုင်​ပါသည်​ ။ ထို​ရေဆန်​ကျွန်ုးမြတ်​ဘုရားတွင်​ ​ဂေါတမဘုရား​လောင်း ဗျာဒိတ်​ခံယူ​တော်​မူသည့်​ ဒီပင်္ကရာ ဘုရားမှ အစပြု၍ ​ဂေါတမဘုရားရှင်​အထိ နှစ်​ကျိတ်​ရှစ်​ဆူ​သော ဘုရားများကို ထုလုပ်​ပူ​ဇော်​ထားခြင်းဖြစ်​သည်​။

image

  ကလေးမြို့၊ ကျီးကုန်းကျေးရွာအနီး ရာဇဂီရိတောင်ပေါ်ရှိ ရေဆန်ကျွန်းမြတ်ဘုရားတွင် ရှေးမူမပျက် ရှေးအနုလက်ရာများကိုလည်း ထည့်သွင်းထုဆစ်ထားလေသည်။ မြန်မာ -အိန္ဒိယ နယ်ခြားဒေသတွင် ရှားရှားပါးပါးတွေ့မြင်နိုင်သော ထူးခြားလက်ရာများဖြစ်သည်။ ထိုရေဆန်ကျွန်းမြတ်ဘုရားတွင် ရှားပါးပန်းပုလက်ရာများ ၊ မြန်မာမူ သစ်သားထွင်းကနုတ်ပန်းများ၊ ပန်းတော့ အင်္ဂတေ ၊ မြန်မာမှု သွပ်ပန်းတဉ်းလက်ရာများကိုတွေ့မြင်နိုင်ပြီး ၊ အဝင်မုဒ်ဦး၊ ခြင်္သေ့ရုပ်ထုကြီးများ ၊ တံခွန်တိုင်၊ ခေါင်းလောင်း ၊ မော်ကွန်းကျောက်စာ၊ မဟာရံတံတိုင်း ၊ မင်္ဂလာကန်တော်စသည့် သာသနိက အဆောက်အအုံများပါဝင်လေသည်။ ဖြတ်သွားဖြတ်လာ နိုင်ငံခြား ခရီးသွားများ ၊ ပြည်တွင်းခရီးသွားများ ဝင်ရောက်ဖူးမျှော်ကြသည်ကို မကြာခဏတွေ့ရတတ်ပြီး ရွှေရောင်လွှမ်းသည့် ဂန္ဓကုဋိတိုက်တော်ကြီးကလည်း ခမ်းနားတင့်တယ်လှပါသည်။ သာသနိက အဆောက်အအုံ ဆောက်လုပ်မှု အစုစုကုန်ကြငွေ သိန်းတထောင်ကျော် ကုန်ကြသည်ဟုဆိုသည် ။

ရေဆန်ကျွန်းမြတ်ဘုရား၏တောင်ဘက်ကုန်းတော်ပေါ်တွင် ရှားပါးရှေးဟောင်း ထောင်ပြည့် ဘုရားနှစ်ဆူကိုလည်း ဖူးမြော်ကြည်ညိုနိုင်ပြီး ထို ရာဇဂီရိတောင်တော်ပေါ်မှ ကွေ့ကောက်ကာစီးစဆင်းနေသော မြစ်သာမြစ်၏ရှုခင်းအလှများ ၊ အရှေ့ဘက် ဟိုဝေးဝေးမှ ပုံတောင်ပုံညာတောင်တန်းမှ သွယ်တန်းလာသော ထန်တောင်၊ နွားတောင် တောင်လက်မောင်းများ၊ သစ်တောဝါးတောများ ၊ ဟိုမှာဘက် ကလေးဝ ရွှေသမင်တောင်စွယ်အထိ သာမောဖွယ်ရှုခင်းများကို ကြည်နူးစွာ ခံစားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့မှ လာလျှင်လည်းကောင်း၊ ချင်းတောင်ကလေးမြို့မှလည်းကောင်း၊ ကလေးဝ၊ မုံရွာ၊ မန္တလေး ဘက်မှ တက်လာခဲ့လျှင်လည်းကောင်း၊ ကလေး - ကလေးဝ - တမူး တြိဂံလမ်းဆုံ ကျီကုန်း ရာဇဂီရိတောင်တော်ပေါ်၌ ရေဆန်ကျွန်းရုပ်ပွားတော်မြတ်ကြီးကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

မှီငြမ်း ။ ။ မဟာသာကပဋိမာ ရေဆန်ကျွန်းဘုရားသမိုင်း လက်ကမ်းစာစောင်

image

Photo : Me
@linnhyotaryar
လင်းညို့တာရာ
MSC - 226

Sort:  

မသွားဖြစ်တော့ ဒီကဖူးခွင့်ရတာကျေးဇူးတင်တယ် ကိုလင်းညို့ရေ။နောက်လဲတင်ပေးပါအုံး ထူးဆန်းတာလေးတွေ။

ဒီက​နေ ပုံ​လေး​တွေနဲ့ ဖူးခွင့်​ရလို့ ​ကျေးဇူးပါဗျို့ ..

ရောက်ဖူးတယ်

ဘုရားပေါ်က ရှုခင်းကြည့်ရတာကောင်းမှာပ

ဖူးချင်​မိတယ်​ မ​ရောက်​ဖူး​သေးဘူးဗျာ

ဗဟုသုတ ရပါတယ်ဗျာ ။စာတစ် ချို့ထောက်နေတယ်

ဟုတ် လက်ကမ်းစာစောင်ထဲက စာတွေကိုပဲ မှီရေးတာဆိုတော့လေ

နောက်တခါလမ်းကြုံရင် ဝင်ဖူးအုံးမယ်ဗျ

ဟုတ် ဝင်ဖူးပါအုန်း

တစ်ခေါက်တစ်ခါတော့ အလည်သွားသင့်တဲ့ ဒေသပါ

ရောက်အောင် သွား၍ ဖူးဦးမည်

ပိုက်ဆံမကုန်ပဲ ဘုရားဖူးခွင့်ရလို့ အရမ်းကျေးဇူးပါ..။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13