ဥယျာဉ်ခြံမြေသတ္တဝါများ၏ ထူးဆန်းသော မှော်အတတ်ပညာ (၁)

in #myanmar6 years ago

image
ဒီအကြောင်းအရာက အင်းဆက်ပိုးမွှားသတ္တဝါလေးများအကြောင်း ဖြစ်ပါတယ်။ အခြားသတ္တဝါတွေရဲ့ကမ္ဘာနှင့် မတူဘဲ ကျွန်တော်တို့လူသားတွေနဲ့ ဆက်စပ်မှုအရှိဆုံး အင်းဆက်ကမ္ဘာက ကျွန်တော်တို့ မတွေးမိကောင်းသည့် အခြေအနေများ နှင့် ဂမ္ဘီရအတတ်ပညာများကို သင်ပြပေးနိုင်ပါတယ်။ သို့သော်ငြားလည်း လူသားသမိုင်းကြောင်းတွေမှာတော့ အင်းဆက်ပိုးမွှားလေးတွေသည် ဒဏ္ဍာရီများ ၊ ရိုးရာများ နှင့် လက်ဆင့်ကမ်းပြောကြားခဲ့သည့် ပုံပြင်ဆန်ဆန်အဖြစ်အပျက်လေးထဲမှာ အရေးကြီးတဲ့ အခြေအနေတွေအနေနဲ့ ပါဝင်နေကြပါတယ်။ အချို့သော အင်းဆက်ပိုးမွှားများ၏ စဉ်းစားဆုံးဖြတ်ဉာဏ်စွမ်း နှင့် အလှအပများကို လေးစားအသိမှတ်ပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့ လိုလားသည့် ကျွန်တော်တို့ လိုအပ်သည့် အရည်အသွေးများ ရှိစေဖို့အတွက် ညွှန်ပြပေးနိုင်ပါလိမ့်မယ်။ အနောက်တိုင်းမှ မှော်ပညာရှင်များသည် သူတို့နေထိုင်သည့် သဘာဝကမ္ဘာထဲမှာရှိနေသည့် အချက်အလက်များကို အသိပြုရန်ထက် ဘာကြောင့်မို့ အင်းဆက်သတ္တဝါလေးများကို ပိုမိုဂရုစိုက်ကြတာလဲ။ ဒီအမေးအတွက် ဖြေဖို့ စကားအချို့ရှိပါတယ်။ Hobbit ဇာတ်ကားထဲမှာ မှော်ဆရာကြီး ဂန့်ဒက်ပြောခဲ့တဲ့ စကားပါပဲ။ " အသေးဆုံးအရာများသည် ကြီးကျယ်မြင့်မြတ်သည့် တန်ခိုးအသုအဝေးကို သိမ်းပိုက်နိုင်စွမ်းရှိတယ်။ " ဒါပေမယ့် မစိုးရိမ်ပါနဲ့ အစီအရင်တွေပြုလုပ်ဖို့ မှော်ပညာတွေသုံးဖို့အတွက် သူတို့ကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိဖို့ မလိုပါဘူး။ သင်္ကေတအတတ်ပညာ ၊ စွမ်းအင် ၊ ရည်ရွယ်ချက်ရှိခြင်း နှင့် စိတ်ကိုစူးစိုက်ထားနိုင်ခြင်းတွေက အင်းဆက်သတ္တဝါတွေအပေါ် ဩဇာအရှိန်အဝါရှိစေခြင်းအတွက် အများကြီး အထောက်အပံ့ပေးနိုင်စွမ်း ရှိပါတယ်။ ဥပမာအနေဖြင့် ပြောရမယ်ဆိုရင် ကျွန်ုပ်တို့သည် အင်းဆက်တစ်ကောင်ကောင် ရဲ့ ဓာတ်ပုံ သို့ ရုပ်ထုငယ်တစ်ခုကို အစီအရင်ပြုလုပ်ရာနေရာ သို့ စားပွဲပေါ်မှာ ထားရှိမယ်ဆိုရင် အစီအရင်တစ်ခုအတွက် လိုအပ်သောစွမ်းအင်များကို ဆွဲယူပေးနိုင်စွမ်း ရှိပါတယ်။

image

တကယ်တော့ အင်းဆက်တွေဟာ ဓာတ်များဖြင့် ပတ်သက်ဆက်နွယ်နေခြင်းကြောင့် ဖြစ်ပါတယ်။ လိပ်ပြာသည် လေကိုကိုယ်စားပြုပြီး ၊ ပုဇဉ်းသည် ရေကိုကိုယ်စားပြုသည်။ ပုရစ်သည် မြေကိုကိုယ်စားပြုပြီး ပိုးစုန်းကြူးသည် မီးဓာတ်ကို ကိုယ်စားပြုလေသည်။ အင်းဆက်ပိုးကောင်တစ်ကောင်ကောင်၏ ဓာတ်ပုံအပေါ်တွင် မန္တန်တစ်ပုဒ်ရေးချလိုက်ကာ စိတ်ကိုစူးစည် အာရုံစိုက်ပြီး ရွတ်ဖတ်ပါက ကျွန်ုပ်တို့၏စိတ်စွမ်းအားကို ပိုမိုမြှင့်တင်ဖို့အတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ အင်းဆက်သတ္တဝါပုံစံထုလုပ်ထားသော ဆွဲသီးများဝတ်ဆင်ထားမယ်ဆိုရင်လည်း နိမိတ်ဟောပညာရပ်တွေအသုံးပြုခြင်း ၊ ဝိညာဉ်လွှင့်ခြင်း နှင့် အခြားသောဂမ္ဘီရအတတ်ပညာများ အသုံးပြု လေ့ကျင့်မှုတွေကို ပိုမိုအထောက်အကူပြုစေတတ်ပါတယ်။ အပြင်ကိုထွက်ပြီး သူတို့ကို သေချာစောင့်ကြည့်ကြည့်ပါ။ လေ့လာစူးစမ်းခြင်းသည် သူတို့၏စွမ်းအင်များကို ဘယ်လိုညှိယူရမလဲဆိုတာ သိရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့၏သဘာဝ နှင့် အခြေအနေများကို အများကြီးသိထားဖို့အတွက် ကျွန်ုပ်တို့ဟာ လေ့လာစူးစမ်း ဆန်းစစ်ရမှပဲ အဆင်ပြေစွာ အသုံးပြုတတ်မှာပါ။

image

ဥယျာဉ်ခြံမြေ အင်းဆက်သတ္တဝါများ

ရိုးသားစွာပြောရမယ်ဆိုရင်တော့ ဒီနေရာမှာ အများစုတွေ့မြင်ရသည့် အင်းဆက်သတ္တဝါများ၏ သဘာဝအချို့ကို သိရှိနားလည်အောင် ရှင်းပြပေးမှာပါ။ ဒါက ထိုအင်းဆက်သတ္တဝါ ၏ အပြည့်အစုံ သဘာဝတစ်ခု မဟုတ်ပါချေ။ နားလည်သင့်သလောက် နားလည်နိုင်မှုရှိအောင်အတွက်ပဲ ဖြစ်ပါတယ်။

လိပ်ပြာ

image

ကျွန်ုပ်တို့ ပထမဆုံးလိပ်ပြာအကြောင်းနဲ့ စလိုက်ကြရအောင်ဗျာ။ လိပ်ပြာဆိုတာက ကမ္ဘာတစ်ခွင်မှာ ကိုယ်ပွားခြင်း ၊ နာမ်ခွဲခြင်းဆိုင်ရာ ၏ အကြီးမားဆုံးသော တံဆိပ်တစ်ခုဖြစ်တဲ့ မှော်အဆန်ဆုံး အင်းဆက်သတ္တဝါတစ်မျိုးပါ။ အကယ်၍ သင်ဟာ ယူနီကောင်းတို့ ၊ အလင်းကောင် တို့ကို သင်ပိုပြီး သဘောကျကာ ပတ်သက်ချင်တယ်ဆိုရင် သူတို့အထဲမှာ အလေးချိန်အပေါ့ဆုံး သတ္တဝါတစ်မျိုးကတော့ သူတို့နဲ့ အင်အားတူတဲ့ သတ္တဝါကတော့ လိပ်ပြာပါပဲ။ မြင့်မြတ်သော နတ်ဘုရားမနှင့်ပတ်သက်ပြီးတော့ လိပ်ပြာသည် သူမ၏ အသစ်ပြန်လည်ဖြစ်ပွားခြင်း (ဘဝသစ်ဖြစ်ခြင်း) တန်ခိုးတော်နှင့် ပိုမိုသက်ဆိုင် သင်္ကေတပုံရိပ်ဖြစ်တော်မူပါတယ်။ အချို့သော ရိုးရာ နဲ့ ဒဏ္ဍာရီသဘောအရမှာဆိုရင်တော့ လိပ်ပြာသည် အသက်ဝိညာဉ်ကို ကိုယ်စားပြုပြီး ၊ အချို့မှာတော့ သေဆုံးသွားသူ၏ နာမ်ဝိညာဉ်ကိုလည်း လိပ်ပြာအဖြစ် သတ်မှတ်ကြပြီးတော့ အချို့ကတော့ ရှေးဟောင်းဘိုးဘေးဘီဘင်၏ ဝိညာဉ်တော်များအဖြစ် သတ်မှတ်ကြပါတယ်။

image

အရှေ့ဥရောပနိုင်ငံမှာတော့ လိပ်ပြာနှင့်ပတ်သက်ပြီး အရမ်းထူးခြား ထင်ရှားတဲ့ ယုံကြည်မှုတစ်ခုကတော့ လိပ်ပြာဆိုသည်မှာ စုန်းတစ်ယောက်၏ ရုပ်ပြောင်းလဲခြင်း တစ်မျိုးလို့ ဆိုပါတယ်။ တကယ်တော့ စလိုနီးယန်းစကားလုံးဖြစ်သည့် véšča ဆိုသော စကားလုံး၏ အဓိပ္ပာယ်သည် စုန်း နှင့် လိပ်ပြာ ဆိုသည့် အဓိပ္ပာယ်နှစ်မျိုးကို ဖြစ်ပေါ်စေပါတယ်။ ရုရှားနိုင်ငံရိုးရာတစ်ခုမှာလည်း baba ဆိုသော စကားလုံးတစ်လုံးသည် ရှေးဟောင်းဘိုးဘေးဘီဘင် အမျိုးသမီး လိပ်ပြာ ဟု အဓိပ္ပာယ်ရသည့် bábočhka ဆိုသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ အလယ်ပိုင်းခေတ်ကာလ ၏ ဥရောပနိုင်ငံ အချို့သောနေရာမျိုးတွေမှာတော့ စုန်းတွေ နဲ့ ဖယ်ရီတွေ (သစ်ပင်စောင့်နတ်သူငယ်) က နို့တွေ ထောထာပတ်တွေ လာခိုးသည့်အခါ လိပ်ပြာအသွင်ပြောင်းပြီး လာခိုးတတ်တယ်လို့ ယုံကြည်မှုတွေ ရှိပါတယ်။ ဝီကန် နှင့် ဘတ်ကန် မှော်ပညာရှင်တို့အတွက် လိပ်ပြာဆိုသည်မှာ အချစ်ဆိုင်ရာအစီအရင်များ နှင့် အိမ်မက်ဆိုင်ရာ မှော်ပညာလမ်းစဉ်များအတွက် အကူညီအထောက်အကူ တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ လိပ်ပြာက ဖယ်ရီကမ္ဘာ နှင့် ဝိညာဉ်များကို ဆက်သွယ်နိုင်ခြင်း စသော နေရာတွေမှာ ကူညီပေးနိုင်စွမ်း ရှိပါတယ်။ ပြောင်းလဲခြင်း အမှတ်တံဆိပ်သဘောအရ လိပ်ပြာသည် အသစ်ပြန်လည်ဖြစ်တည်ခြင်းအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ လိပ်ပြာများ၏ ဓာတ်သဘောများသည် အခွင့်အလမ်းများ နှင့် ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်များ ရှာဖွေရေးအတွက် ပိုမိုပြီး ဘယ်လိုမျိုး မြန်မြန်ဆန်ဆန် ယုံကြည်မှုရှိစေရန် လုပ်သင့်လဲဆိုတာအတွက် ကျွန်ုပ်တို့ကို ရှင်းလင်းစွာ ပြသပေးတတ်ပါတယ်။ လိပ်ပြာကိုအသုံးပြုပြီး ရရှိလာတဲ့ အကူညီအထောက်အပံ့များဖြင့် ကျွန်ုပ်တို့သည် လူလူချင်းဆက်သွယ်ရေး(Relationship) တစ်ခုအတွက် သစ္စာရှိခြင်း နဲ့ ပျော်ရွှင်ခြင်းများကို ယူဆောင်ပေးနိုင်ပါတယ်။ လိပ်ပြာပုံစံအသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်လိုက်ခြင်းအားဖြင့် စုန်းကဝေများဖြင့် သက်ဆိုင်မှုများ ဖြစ်သွားနိုင်တယ်လို့ ဆိုကြပါတယ်။ လိပ်ပြာတစ်ကောင်ကောင် သင့်ရဲ့ပခုံးပေါ် သို့ သင်ရဲ့ခန္ဓာတစ်နေရာရာမှာ သယ်ဆင်းနားသွားခဲ့သည်ရှိသော် သူမပြန်ခင် သူဆုတောင်းလေးတစ်ခုအား ခပ်တိုးတိုးလေး ရွတ်ဆို ဆုတောင်းလိုက်ပါ။ ဆုတောင်းပြည့်ပါလိမ့်မည် ဟု ဆိုပါတယ်။

Photo : Pinterest

MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Sort:  

စိတ်​ဝင်​စားဖို့လဲ​​ကောင်း .. ဖတ်​လို့လဲ​​ကောင်းပါတယ်​ဗျ .. ဗဟုသုတ တိုး​စေပါတယ်​ဗျာ ..

ဟုတ်ကဲ့ပါဗျာ

လိပ်ပြာတွေက လူ့ရဲ့စိတ်ကို ဖမ်းစားနိုင်ပါတယ်

ဟုတ်တယ် ကျန်တဲ့ အင်းဆက်တွေ အဲ့လောက်မမဖြစ်တောင် လိပ်ပြာကိုတော့ အားလုံးက ချစ်ကြတာပဲ

ကြောက်စရာ။

ဟေး..လိပ်ပြာလေးတွေကိုတော့ချစ်တက်ပီယေ

ပျားတို့ ပိုးစုန်းကြူးတို့ကျန်သေးတယ်

စိတ်​ဝင်​စားဖို့​ကောင်းတယ်​ဗျာ

ဟုတ်တယ်ဗျာ

စိတ်ဝင်စားစရာပါဘဲဗျာ

ဟုတ်တယ်ဗျာ

စိတ်ဝင်စားမိတယ် လိပ်ပြာတော့မသိဘူး ထားဝယ်မှာနေတုန်းက သင်္ကန်းမှာဆို ပျားတွေ ခနခနလာဆွဲတယ် လူကိုတော့ အန္တရာယ်မပေးဘူး

လိပ်ပြာတွေက ချစ်ဖို့ကောင်းပါတယ်

ဒီတခါ လိပ်ပြာလာနားလို့ကတော့ အမိအရဆုတောင်းပီလေ.. :P

ဆုတောင်းကြည့်ပါ့

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73