📄📄 အလှူ မမြောက်ခဲ့သော အလှူ လေးတစ်ခု အကြောင်း 📄📄

in #myanmar6 years ago

ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ
အလှူရေစက် လက်နှင့်မကွာ အလှူ အတန်း ရက်ရောတဲ့ လူမျိုးများ ဖြစ်ကြပါတယ်။ယခု နွေ နှင့် မိုး စပ်ကြား ကာလ မှာတော့ အနယ်နယ် အရပ်ရပ်မှ အလှူ ခံများ ရွားတိုင်း အိမ်တိုင်းစေ့ အလှူ လိုက်ခံကြပါတယ်။

ကျွန်တော်တို့ အရပ်ဒေသမှာ ဆိုရင်ဖြင့် အိမ်မှာ လူမရှိသည်မှ လွဲ၍
သဒ္ဒါတရား နည်းများမဆို ပိုက်ဆံရှိလျှင် ပိုက်ဆံ ပိုက်ဆံ မရှိလျှင် ဆန်ဖြင့် ကိုယ်တတ်နိင်သလောက်တော့ လောင်းလှူကြပါတယ်။
ကန်တော့ပါသေးရဲ့ ဆိုပြီး လှည့်ပြန်ရတဲ့ အလှူခံ ကျွန်တော်တို့ တောမှာတော့ မရှိပါဘူးဗျာ။

တစ်နေ့ ကတော့ သီးချင်းသံ ဇာတ်သံနဲ့. ဘာတွေလဲပေါ့ဗျာ။
နောက်တော့မှ အလှူခံတဲ့ ဆင်က ကပြီး ရွာထဲ လှည့် အလှူခံနေကြတာပေါ့ဗျာ။ကလေးတွေ တစ်အုံးအုံးနဲ့ တစ်ခါတစ်လေမှ ကြည့်ရတဲ့ ဆင်ကနဲ့ ဆိုတော့ လမ်းမှာ လူတွေကို စည်လို့ဗျ။

20180704_212951.png

သူတို့ အလှူခံ အဖွဲ့ကလည်း ၁၅ ယောက် အယောက် ၂၀ လောက်ရှိမလားပဲ ဗျို့။

သူတို့ အလှူခံလို့ မိုက်နဲ့ အော်တာက မိဘမဲ့ ကလေးများ ပညာသင်စရိတ် အင်္ကျီဖိုး စာအုပ်ဖိုး ထမင်းစား တစ်ဝိုင်းဖိုး ဆိုပြီး အလှူခံနေတာလေ။
ဘယ်သူ့ အိမ်ကတော့ ၅၀၀၀ ကျပ်ပါ ဦး ဘယ်သူကတော့ ၁၀၀၀၀ ကျပ်ပါနဲ့။
ဒါနဲ့ အိမ်ဘက်ကိုရောက်တော့ အိမ်က ၃၀၀၀ ကျပ် လှူပါတယ်။
အဲ့ဒီမှာ ဇတ်လမ်းက စပြီလေ။
အမရယ် ၃၀၀၀ တော့ မလုပ်ပါနဲ့ အမတို့က ဆိုင်ဆိုတော့ ၅၀၀၀ တော့ လုပ်ပါ ဘာညာ နဲ့ဆိုတော့ ၅၀၀၀ ကျပ်လှူလိုက်ရတယ်။

Screenshot_20180704-225229.png

ပြီးတော့ ကျွန်တော်တို့ အနောက်နားက အိမ်ကလည်း ၃၀၀၀ ကျပ်လှူတယ်လေ။ပိုက်ဆံကတော့ ၅၀၀၀ တန်ပေးလိုက်တာပေါ့။ဒီတော့
အလှူခံ အမျိုးသမီးတွေက အမကလည်း ၅၀၀၀ တန်ပေးနေမှတော့ ၅၀၀၀ လုပ်လိုက်တော့ ဆိုပြီး ဇွတ်ပြောနေလို့ မနည်း ၃၀၀၀ ထည့်လွတ်လိုက်ရတယ် ပြောတယ်။

20180704_213024.png

တစ်ကယ်တော့ အလှူခံ ဆိုတာ ၁၀၀ ကျပ်ပဲ လှူလှူ ၁၀၀၀ ကျပ်ပဲ လှူလှူ လက်ခံရမှာပဲလေ မဟုတ်ဘူးလား။
ခုတော့ ၁၀၀၀ ရှိလို့ ၁၀၀၀ လှူတာတောင် ဇွတ် အလှူခံနေလို့ ဘေးအိမ်က ချေးပြီး လှူလိုက်ရတဲ့ သူတွေလဲရှိတယ်။
အလှူခံဆိုပြီး အိမ်ထဲဇွတ်ဝင် အိမ်ရှင် စိုက်ထားတဲ့ ပန်းတွေ ခွင့်မတောင်းပဲ အကုန်ခူးသွားလို့ ခံလိုက်ရတဲ့ အိမ်တွေလည်းမနည်းဘူး။

အလှူခံလို့ ပေးတာနဲ့ မကျေနပ်ပဲ အိမ်ပုံစံကြည့်ပြီး ဘယ်လောက်လှူပါဆိုပြီး ပြောတဲ့အိမ်တွေလည်း မနည်းဘူး။
ဒီကြားထဲ အလှူငွေ ထည့်ရတဲ့ အပြင် လက်ဖက်ရည်ဖိုးလေး ပေးပါအုံးဆိုတော့ အလှူခံတာလား အကြွေးတောင်းတာလား မသဲကွဲတော့ဘူး။

တစ်ချို့ အိမ်တွေဆို တောက်တစ်ခေါက်ခေါက်နဲ့ တစ်ချို့ဆို လင်မယား ချင်းတောင် စကားများကြရတယ်။
ကျွန်တော်တို့ လူမျိုးတွေဟာ လူဆင်းရဲတွေ များပေမယ့် သဒ္ဒါတရား မဆင်းရဲကြပါဘူး။
ဒါတွေကို အခွင့်ကောင်းယူနေတဲ့ လူတွေ အဖွဲ့တွေ ကျွန်တော်တို့ တိုင်းပြည်မှာ အများကြီးရှိပါတယ်။

ကျွန်တော်ရဲ့ မိတ်ဆွေ အပေါင်းလည်း ဒီလို ဇွတ် အသင်းအဖွဲ့ တွေဒဏ်က လွတ်ကင်းပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ဗျာ။အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။

@lwanwai
Photo by my phone

Sort:  

အေးဓါးပြတွေပါ ဘာသာရေး အရေခြုံ ပရဟိတ အရေခြုံထားတဲ့ လူတွေ ပါပဲ။

အမှန်ပါပဲဗျာ 😊😊

ကြုံဆုံရသောလူ့လောက

ဟုတ်ပါ့ဗျာ 😊😊

ဟုတ်​ပါ့ရှင်​။တချို့ကဇွတ်​တရွတ်​​တွေ။

ဟုတ်တယ် မအိရေ သူတို့ ကြောက်နေရတယ်😊😊

အလှူခံဘက်‌ကို စဉ်းစား‌မ‌နေပါနဲ့ ကိုလွမ်းရာ ။ကိုယ့်‌ဘက်‌က ‌စေတနာသုံးတန်‌ဘဲ ဂရုစိုက်‌လိုက်‌ပါ။‌ခေတ်‌ကာလက ‌ပြောမယ်‌ဆိုရင်‌ အများကြီးပါ။အစ်‌ကို့အလှူကို သာဓု သာဓု သာဓုပါ အစ်‌ကိုလွမ်း‌ရေ။

ကျေးဇူးပါ ကိုမဟော်ရေ အားပေးနေလို့ 😊😊

အလှူခံတယ်​ဆိုတာ သူများလှူချင်​​အောင်​လုပ်​ရတဲ့အလုပ်
တတ်​နိုင်​သမျှ အလှူ​ပေးပုဂ္ဂိုလ်​ လှူချင်​​အောင်​အလူခံမှ သဘာဝကြတာဗျ နိုမို့ဆို ဓားမြနဲ့ သိပ်​မကွာပါ

အမှန်ပါပဲ ကို ယုဇန ရေ 😊😊

ကိုယ်လှူချင်သလောက်ကို အနုတ်နဲ့လှူလိုက်ရင်ပိုအဆင်ပြေမယ်မဲ့တူတယ်နော့်

ဟုတ်ပါ့ ဆရာရေ 😆😆

ဟုတ်တယ်ဗျ

တစ်ချို့ က အလှူခံတာနဲ့ မတူဘူး
ဓားပြတိုက်နေသလိုပဲ

အတူတူပါပဲ အကိုရေ မျက်နာဖုံး လေးတွေပဲ ကွာသွားတယ်

ဒီလိုမျိုးတွေလည်း တွေ့ဖူးပါတယ်။မိမိစိတ်ကိုပဲ ပြတ်သားစွာနဲ့လှူပြီး ထိန်းနေခဲ့ရတာပေါ့ဗျာ။ကြုံတတ်တဲ့ ကိစ္စရပ်လေးပါပဲအစ်ကို။လောကွတ်ချော် သော လူတစ်ချို့ပဲပေါ့။အမြဲတန်း လောကွတ်ချော်နေရင်တော့ သူများအတွက် အနှောက်အယှက်ဖြစ်စေတာပေါ့

ဟုတ်တယ် ကိုသန့်ဇင်ရေ စိတ်ပြတ်သားဖို့က အဓိကပါပဲလေ😊😊

အစုံပါဘဲ...အလှူကကိုယ့်​​စေတနာရှိသ​လောက်​လှူမှာ​ပေါ့​နော့...

ဟုတ်တယ်ဗျာ စေတနာရှိသလောက်ပေါ့😊😊

ကျ​နော်​က​တော့ အလှူဆို ​စေနာရှိမှ လှူဖြသ်​တယ်

အဲ့တာ အကောင်းဆုံးပါပဲဗျာ 😊😊

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70887.21
ETH 3581.98
USDT 1.00
SBD 4.75