Meditation For Mindfulness(5)

in #myanmar5 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
ဒီနေ့ Meditation အပိုင်းကို ဆက်လက် တင်ပြဆွေးနွေးပါမယ်။ တရားစထိုင်တဲ့သူအတွက် အရေးကြီးဆုံးက သတိ နဲ့ ဝီရိယပါဘဲ။ သတိကို မပြတ်ဂရုစိုက်နေရမယ်။ ဝီရိယက အမြဲထက်သန်နေဘို့ အရေးကြီးပါတယ်။ အာနာပါနမှာ ဝင်လေထွက်လေ သိတဲ့သတိဟာ အရေးကြီးဆုံးပါ။ အဆင့်တွေအမျိုးမျိုး တိုးတက်သွားပေမယ့် ပင်တိုင်လုပ်ရမှာက ဒါပါဘဲ။ သတိကို မပြတ်နှလုံးသွင်းနိုင်မှ တိုးတက်မှု မြန်ဆန်မယ်။ လုပ်လိုက် မလုပ်လိုက်ဆိုရင် သူ့ရဲ့အစွမ်းသတ္တိကို သိပ်ထိတွေ့ခံစားရမှာ မဟုတ်ဘူး။ ဒီနည်းကျင့်စဉ်က မဟာပုရိသ တို့ရဲ့ကျင့်စဉ်တဲ့၊ တော်ရုံဝီရိယနဲ့တော့ မရဘူး။ သတိနဲ့ ဝီရိယ အရမ်းအရေးကြီးပါတယ်။ အချိန်ရတိုင်း နှာခေါင်းဝမှာ ဝင်လေထွက်လေ မှတ်တဲ့ စိတ်ကလေးကို အကျင့်ဖြစ်အောင်လုပ်ပါ။ အမြဲထိုင်နေဘို့ဆိုတာ ကျွန်တော်တို့လို လူဝတ်ကြောင် အိမ်ထောင်သည်တွေနဲ့ အဆင်မပြေပါဘူး။ အချိန်တိုင်းနီးပါး မထိုင်နိုင်တောင် အချိန်တိုင်နီးပါး သတိထားတဲ့စိတ်ကလေးတော့ မွေးမြူလေ့ကျင့်လို့ရပါတယ်။ စိတ်ဆိုတာ အကျင့်ပါတတ်တဲ့ အလေ့အကျင့်ရှိတော့ လုပ်စမှာ ဝီရိယလေးနဲ့ အထူးဂရုစိုက်လုပ်ထားလိုက်ရင် နောက်ပိုင်း သူ့အလိုလို မှတ်တဲ့စိတ်ကလေး ဖြစ်ပေါ်ပါတယ်။

images (20).jpeg
crd.org.source

အာနာပါနမှာ အဓိက လိုရင်းက သတိလေးနဲ့ ဝင်လေကိုရှူပါ ၊ သတိလေးနဲ့ ထွက်လေကို ထုတ်ပါတဲ့။ ပထမဆုံး လုပ်ရမှာ သတိမြဲတဲ့အကျင့် ရအောင် လုပ်ရမှာပါ။ မှတ်တဲ့နေရာကို သေချာထပ်ပြောပါ့မယ်။ နှာသီးဖျား ဒါမှမဟုတ် အထက်နှုတ်ခမ်းပေါ်မှာ ထိနေတဲ့ လေလေးကို အထူးသတိထားရမှာပါ။ လေ လေးထိတဲ့နေရာကို အာရုံစိုက်တဲ့အခါမှာ ထိတာကို အာရုံမထားဘဲ လေကို အာရုံထားရမှာပါ။ တကယ်တမ်း ထိသွားသောလေကို အာရုံပြုမှ အာနာပါန နည်းစစ်စစ်ပါ။ ဒီနေရာမှာ ဖားအောက်ဆရာတော်ဘုရားက သေသေချာချာ သတိပေးဟောကြားပါတယ်။ထိတဲ့နေရာကစောင့်ပြီး လေ ကို စောင့်ကြည့်ရှူပါတဲ့။ သေချာထပ်ပြောပါမယ် ၊ ထိသွားတဲ့နေရာက လေကိုဘဲ အာရုံပြုရမှာပါ မိတ်ဆွေ။ ထိုပထမအဆင့် လေ့ကျင့်ခန်းကို ပိုင်နိုင်အောင် လေ့ကျင့်ရမှာပါ။ မှတ်နေတဲ့အချိန်မှာ အနိစ္စ ဒုက္ခ အနတ္တ တွေ ဉာဏ်ထဲမထည့်ပါနဲ့၊ ထိတဲ့နေရာကြည့်ပြီး အေးသဘော ပူသဘော ၊ မာသဘော၊ ပျော့သဘောတွေလည်း ဉာဏ်ထဲမထည့်ပါနဲ့။ ဝင်လေထွက်လေကို သတိနဲ့ဘဲစောင့်ကြည့်တဲ့အလုပ်တစ်ခုသာလုပ်ပါ။ တစ်ခြားကမ္မဌာန်းတွေနဲ့ ရောသွားမှာ ဆိုးလို့ပါ။ အာနာပါန ကမ္မာဌာန်းဟာ အလွန်အကျိုးများစေတယ် မြင့်မြတ်စေတယ်ဆိုတာ ရှင်တော်ဘုရား ဟောကြားထားပါတယ်။

images (21).jpeg

crd.org.source

မြတ်စွာဘုရား ဟာ ထိုအာနာပါနကမ္မဌာန်းနည်းကို အထူးချီးကျူးထားပါတယ်။ လွန်စွာအကျိုးများတဲ့အပြင် သတိပဌာန်လေးပါး လည်း ကျင့်သုံးပြီးသားဖြစ်ပါတယ်တဲ့။ ဗောဇ္ဈဉ် ၇ပါးလည်း စောင့်ထိန်းပြီးသား ဖြစ်တယ်လို့လည်း ဟောကြားပါတယ်။ အာနာပါနနည်းဟာ သတိ နဲ့ ဝီရိယ အရေးကြီးပါတယ်။ ဖားအောက်ဆရာတော်ဘုရားက ဝင်လေထွက်လေ မှတ်လို့ မထင်ရှားရင် ဂဏာန်းရေတွက်တဲ့နည်းကို အသုံးပြုနိင်ပါတယ်တဲ့။ တစ်နေ့က ကျွန်တော်တင်ပြဆွေးနွေးခဲ့တဲ့နည်းပေါ့။ ဒါပေမယ် ဖားအောက်ဆရာတော်ဘုရားကတော့ ဟိုပုံဒီပုံတဲ့ အထိတော့ အားမပေးဘူး။ အခြေခံကတော့ အားလုံးအတူတူပါဘဲ။ သတိမြဲဘို့ အဓိက ပါ။ ရှူနည်းမှန်ဘို့ အရေးကြီးပါတယ်။ ထိသွားတဲ့နေရာကလေကို စောင့်ကြည့်ရုံပါဘဲ။ ဒီနေ့တော့ သတိမြဲရာ ပထမှာ နည်းကို ပြောကြားရင်းနဲ့ဘဲ နိဂုံးချုပ်လိုက်ပါတယ်။
ဖတ်ရှူသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ကျမ်းကိုး - အာနာပါန သုတ္တန်(ဖားအောက်ဆရာတော် )
- ဒဿနပါရဂူကျမ်း
-အာနာပါနသတိ အနှစ်ချုပ် ( အရှင်နန္ဒမာလာဘိဝံသ)

MSC-228
@mahaw

Sort:  

You got a 2.07% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

သေသေချာချာ အာရုံစိုက် လုပ်တော့လည်း သူ့ဟာနဲ့ သူတော့ ခက်သားလားဗျ နော့

Posted using Partiko Android

လုပ်ရင်း တ ဖြည်းဖြည်း နားလည်စေပါတယ်။အဓိက က လုပ် ဖြစ်ဘို့ပါဘဲ။ကျေးဇူးပါ။

အင်း ကျွန်​​တော်​လည်း အရင်​ညဆို တရာမှတ်​အိပ်​​နေကြ ၂လ​လောက်​ရှိပြီ ပြန်​စအုန်းမှ

ပြန်စ လုပ်လိုက် ပါ ဦးယုရေ။ကိုယ့်အတွက် ပါဘို့သေချာတာ ဒီအလုပ်မလို့ပါ။

၃ တန်း ၄တန်းတုန်းက လူကြီးတွေပြောစရာမလိုဘဲ ဘုရားစာအုပ်တွေဖတ်ရင်း တရားပုံမန်ထိုင်ဖြစ်ခဲ့တယ် ခုတော့ မလုပ်ဖြစ်တာကများနေတယ် ပြန်ပြီး လုပ်ရဦးမယ်

အစလေးဘဲ လိုတာပါ၊အရှိန်ရသွားရင် ပုံမှန်လုပ်ဖြစ်ပါတယ်။ကျေးဇူးပါ။

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34