အခိုက်‌အတန့်‌

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
လူ့သ‌ဘောသဘာဝက ရယ်‌စရာ‌တော့ ‌ကောင်းသားဗျ။ တစ်‌ခြားသူကိုခဏထား။ မိမိကိုယ်‌ကို ‌စောင့်‌ကြည့်‌ရင်‌ကို သိသာ‌စေပါတယ်‌။ ဒီအချက်‌ကလည်း ကိုယ့်‌ကိုကိုယ်‌ သတိထားမိရင်း ‌တွေ့ရှိတာ‌လေးပါ။ အ‌ကြောင်းအရာတစ်‌ခုကို ကိုယ်‌စိတ်‌ဝင်‌စား‌နေရင်‌ စိတ်‌အားထက်‌သန်‌‌နေရင်‌ တစ်‌မျိုး၊ စိတ်‌မဝင်‌စား‌တော့ရင်‌ အာရုံမလာ‌တော့ရင်‌ တစ်‌မျိုး ဖြစ်‌ကြတယ်‌။
ထိုအ‌ကြောင်းအရာက မ‌ပြောင်းလဲ‌ပေမယ့်‌ ‌ပြောင်းလဲသွားတာက ကိုယ့်‌စိတ်‌။ အချိန်‌တန်‌‌တော့ ကိုယ့်‌စိတ်‌ကဘဲ အရာရာကိုဖန်‌တီး‌နေတာကို မြင်‌မိတယ်‌။ လိုချင်‌တာတစ်‌ခုခု ကိုမရခင်‌က‌တော့ အသည်းအသန်‌ ကြိုးစားရှာ‌ဖွေပြီး‌တော့ ‌နောက်‌တန်‌ဘိုးထားချင်‌မှထားတာ။ ခ‌လေးတစ်‌‌ယောက်‌လိုဘဲ ၊ ဟိုလိုချင်‌ ဒီလိုချင်‌ ‌ပေး‌တော့လည်း မက်‌မက်‌စက်‌စက်‌ မကစား၊ ကိုယ့်‌လက်‌ထဲကဟာထက်‌ သူများဟာ လိုချင်‌‌နေ‌သေး။ပုံမှန်‌ဖြစ်‌‌နေတဲ့ စိတ်‌ခံစားမှုအတိုင်းသာ လိုက်‌ခံစားရင်‌ လိုက်‌လိုချင်‌‌နေရင်‌ လူတိုင်းဟာ အရူးဆိုတာကို ပိုမြင်‌သာ‌စေပါတယ်‌။

37.jpg
crd.org.source

ကျွန်‌‌တော်‌တို့ဟာ ဘာဆုံးဖြတ်‌ ဆုံးဖြတ်‌ လတ်‌တ‌လောစိတ်‌ခံစားမှုကို ‌ရှေးတန်းတင်‌ ဆုံးဖြတ်‌တာဟာ အမှားကို ပိုဖြစ်‌‌စေပါတယ်‌။ ‌နောက်‌ပြီး ‌ဒေါသဖြစ်‌‌နေတဲ့အချိန်‌ စိတ်‌မကြည်‌လင်‌တဲ့အချိန်‌ ‌ပြောဆိုဆက်‌ဆံမိတာ‌တွေဟာ ‌ဒေါသ‌ပြေတဲ့အချိန်‌ပြန်‌စဉ်းစားရင်‌ အလွဲ‌တွေပါလား၊မ‌ပြောလိုက်‌ရင်‌‌ကောင်းသားလို့ ဖြစ်‌တတ်‌ပါတယ်‌။ ကိုယ်‌တစ်‌‌ယောက်‌တည်းမှာကို စိတ်‌က အမျိုးမျိုးဖြစ်‌‌နေတာ။ စိတ်‌အမျိုးမျိုးဖြစ်‌တိုင်း လိုက်‌ခံစား‌ပြောဆို‌နေရင်‌ ကိုယ်‌ဘဲင‌ပေါကြီး ဖြစ်‌‌နေမှာဘဲ။ ဒီအချက်‌ကို ကြည့်‌ပြီး ဘာကို‌တွေးမိသလဲဆို‌တော့ စိတ်‌တစ်‌ခုခုလွန်‌ကဲ‌နေချိန်‌မှာ ဘာမှမဆုံးဖြတ်‌ ၊မ‌ပြောဆို ၊မလုပ်‌တာက ပို‌ကောင်းပါတယ်‌။ လိုချင်‌စိတ်‌‌တွေအရမ်းများ‌နေလား၊ ‌ဒေါသ‌တွေကြီး‌နေလား၊စိုးရိမ်‌စိတ်‌‌တွေ‌ကြောက်‌လန့်‌စိတ်‌‌တွေကြီးစိုး‌နေသလား၊‌ပူပင်‌‌သောကများ‌နေလား၊ဂရုစိုက်‌လွန်းရာ ကြ‌နေသလား၊ စသဖြင့်‌ တစ်‌ခုခုကိုလွန်‌ကဲ‌နေရင်‌ မိမိကိုယ်‌ကို သတိထားမိဘို့ လိုအပ်‌ပါတယ်‌။ ထိုအချိန်‌မှာ ‌နေထိုင်‌‌ပြောဆိုမှု‌တွေ ဂရုစိုက်‌ရပါမယ်‌။ ရင့်‌ကျက်‌တည်‌ငြိမ်‌တယ်‌ဆိုတာ ထိန်းထိန်းသိမ်းသိမ်းလုပ်‌နိုင်‌တဲ့အရည်‌အချင်းကို‌ခေါ်တာပါ။ တစ်‌ချို့က တစ်‌လွဲမာန‌လေး‌တွေထား‌နေကြတယ်‌။ ငါ့ကို လာမထိနဲ့၊ ငါ့အ‌ကြောင်းသိ‌စေရမယ်‌လို့ ‌ကြွေး‌ကြော်‌‌နေထိုင်‌ကြတယ်‌။ ကိုယ်‌မထိန်းသိမ်းနိုင်‌တာကို လူကြားထဲ‌အော်‌‌ပြော‌နေသလိုပါဘဲ။ ကိုယ့်‌ အထုပ်‌ ကိုယ်‌‌ဖြည်‌တဲ့လူစားမျိုး‌တွေ‌ပေါ့။ မှန်‌တာ မှားတာထက်‌ လူ‌တွေဟာ ‌ပေါင်းလို့သင်းလို့ ‌ကောင်းမ‌ကောင်း ဦးစား‌ပေး ဆုံးဖြတ်‌ကြတယ်‌။

Screen Shot 2556-08-20 at 6.56.30 PM.png

crd.org.source

ဥပမာဗျာ ‌ကျောင်းသားအရွယ်‌က သူငယ်‌ချင်း‌တွေ ၊ ငယ်‌ငယ်‌တုန်းက သူငယ်‌ချင်း‌တွေကို ပြန်‌စဉ်းစားကြည့်‌ရင်‌ ဘယ်‌သူက‌တော့ စိတ်‌သ‌ဘောထား‌ကောင်းတယ်‌ ဘယ်‌သူက‌တော့ ငါ့အနွံ့တာ တစ်‌အားခံတာစသဖြင့်‌ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးပိုင်းကို ပိုသတိထား ၊ ပိုမှတ်‌သားကြပါတယ်‌။ ဘယ်‌ကိစ္စမှာ ဘယ်‌သူမှားတယ်‌ မှန်‌တယ်‌စသဖြင့်‌ အတိတ်‌က အ‌ကြောင်းကို သိပ်‌မ‌ပြောဖြစ်‌သလို သတိ‌တောင်‌ မရကြ‌တော့ပါဘူး။ စိတ်‌ခံစားမှုဆိုတာ အခိုက်‌အတန့်‌ ‌လေးပါဘဲ။ ထိုအခိုက်‌အတန့်‌‌လေး‌တွေကို ‌နေရာမှန်‌ဖြစ်‌‌အောင်‌ ထိန်းသိမ်းတတ်‌ဘို့အ‌ရေကြီးပါတယ်‌။ လင်‌ကွန်းလုပ်‌တဲ့အ‌ကြောင်းအရာ‌လေး တစ်‌ခု ‌ပြောပြပါ့မယ်‌။ သူ့လက်‌‌အောက်‌က ဝန်းကြီးရဲ့လုပ်‌ရပ်‌ကို စိတ်‌ဆိုး‌တော့ သူဘာလုပ်‌တယ်‌ထင်‌လဲ။ ကြိမ်း‌မောင်းပြစ်‌တင်‌စာ ‌ရေးတာ‌ပေါ့။ ‌ရေးတာမှရင်‌ထဲရှိတာ အကုန်‌‌ရေးတယ်‌။ ‌ပြောချင်‌တာ အကုန်‌‌ရေးတာ။ အ‌ရေးယူတဲ့အ‌ကြောင်း‌တွေ‌ကော‌ရေးတာ။ ‌ရေးပြီးတဲ့စာကိုဘာလုပ်‌လဲဆို‌တော့ မပို့ဘဲ ဘီရိုထဲ‌သော့ခတ်‌သိမ်းထားလိုက်‌တယ်‌။ လင်‌ကွန်းက ဘာကိုသင်‌ခန်းစာ‌ပေးလဲဆို‌တော့ စိတ်‌တို‌‌နေရင်‌‌ဒေါသထွက်‌‌နေရင်‌ တစ်‌ဖက်‌သားကို မတုံ့ပြန်‌ဘူး၊ ဆုံးဖြတ်‌ချက်‌မချသင့်‌ဘူးဆိုတာကို ‌ဖော်‌ပြ‌နေပါတယ်‌။ အခိုက်‌အတန့်‌‌လေးပါဘဲဆိုတာကို အမြဲသိမှတ်‌ထားသင့်‌ပါတယ်‌။
မိတ်‌‌ဆွေတို့လည်း အ‌ရေးကြီး ဆုံးဖြတ်‌ချက်‌‌တွေကို စိတ်‌တည်‌ငြိမ်‌တဲ့အချိန်‌မှာဘဲ ဆုံးဖြတ်‌ပါလို့ အကြံ‌ပေးရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

You got a 3.73% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

ဟုတ်တော့ ဟုတ်မယ် သူတစ်ပါးကို
တစ်ခါတစ်လေ အပြစ်တင်ချင်မိတဲ့စိတ်တွေ ပေါ်လာမိတယ်
အမှန်တော့ ဒါဟာ မှားတဲ့ လုပ်ရပ်တစ်ခုပါပဲလေ
ကိုမဟော်စာတွေက အရှိန်ကောင်းလာပြီ

‌ကျေးဇူးပါညီ‌ရေ။

Good article bro ! 👍

‌ကျေးဇူးပါညီမ။

စိတ်​ခံစားမှုလွန်​ကဲ​နေတုန်းဆုံးဖြတ်​မိရင်​၊ဆုံးဖြတ်​ချက်​ကမှားသွားနိုင်​ပါတယ်​...​ကောင်း​သောပိုစ့်​ပါ...

Posted using Partiko Android

မှန်‌ပါတယ်‌ညီမ၊‌ကျေးဇူးပါ‌နော်‌။

ဟုတ်တယ်ဗျို့ စိတ်ငြိမ်းအောင်အချိန်လေးယူရမယ်

ဟုတ်‌ကဲ့ပါဦး‌ထွေး။‌ကျေးဇူးပါ။

စိတ်​တည်​ငြိမ်​​နေချိန်​ အ​ရေးကြီးတဲ့ဆုံးဖြတ်​ချက်​​တွေချတာ ပို​ကောင်းတာ​ပေါ့အကို

မှန်‌တယ်‌ ကို‌အောင်‌ကြီး‌ရေ။‌ကျေးဇူးပါ‌နော်‌။

စိတ်​ညိမ်​သူနဲ့ စိတ်​မညိမ်​သူ အသက်​အတိုအ​ရှည်​လဲ ကွာတယ်
စိတ်​သူကအသက်​ရှည်​တယ်

မှန်‌ပါတယ်‌ဦးယု။ထိန်းနိုင်‌‌လေ ‌ကောင်း‌လေပါ။

လူ့စိတ်က မျောက်စိတ်လိုပဲလို့ပြောတတ်ပါတယ် မှန်မယ်ထင်တယ် ကိုမဟော်ရေ

ဒါ‌ကြောင့်‌ ဘာ ဖြစ်‌ ဖြစ်‌ လွန်‌လွန်‌ကဲကဲ မ ဖြစ်‌‌အောင်‌ ထိန်းထားရမှာဘဲ ။အားလုံးဟာ အခိုက်‌အတန့်‌ ‌လေးပါဘဲ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85