Gathering

in #myanmar6 years ago

yhur0gbeep (1).jpg
crd.org.source
Steemit ညီအစ်‌ကို‌မောင်‌နှမများအားလုံး မင်္ဂလာပါ။ MSC gathering ‌တွေ့ဆုံပွဲ အ‌ကြောင်း‌လေးတင်‌ပြပါရ‌စေ။ အစက ခ‌လေး‌တွေ စာ‌မေးပွဲရှိလို့ မသွား‌တော့ဘူးဆုံးဖြတ်‌ထားတာ။ 3.8.2018 ‌နေ့ နံနက်‌ လက်‌ဘက်‌ရည်‌ဆိုင်‌ထိုင်‌ပြီး MSC chart groupထဲဝင်‌ဖတ်‌‌တော့ ကိုဟင်‌က ‌ပုဂံကို‌ရောက်‌‌တော့မယ်‌ အ‌ကြောင်း‌ရေးထားတာ‌တွေ့ရ‌တော့ သွားချင်‌စိတ်‌က တားမရဘူး ။အလုပ်‌ယူနီ‌ဖောင်းလဲပြီးခ‌လေး‌တွေ‌ကျောင်းပို့ခါနီးမှ အိမ်‌ရှင်‌မက gathering ကို သွားတက်‌ချင်‌‌နေတာ သွားပါလားတဲ့။ သား‌တော်‌‌မောင်‌ စာ‌မေးပွဲပြီးမယ့်‌အချိန်‌‌မေးလိုက်‌‌တော့ ၁၀း၃၀ ပြီးမှာတဲ့။ ကိုင်း ဒါဆို‌ဖေကြီး စီစဉ်‌လိုက်‌‌တော့မယ်‌ ဆိုပြီး အားချင်းစီစဉ်‌ရတာ‌ပေါ့။ ‌ကျောင်းကို၁၁း၀၀ နာရီ သွားပြီး သားကြီးဝင်‌‌ခေါ်ပြီး ပုဂံကို ဒိုးတာ‌ပေါ့ဗျာ။ ကိုသက်‌က‌တောင်‌ မှီမယ်‌မထင်‌ဘူး။ ကားသမားကိုကြီး‌မောင်း‌ချက်‌က ‌ကျောက်‌ပန်း‌တောင်း‌ရောက်‌‌တော့ ၆း၃၀ဘဲရှိ‌သေးတယ်‌။ မိသားစု‌တွေထမင်းစားပြီးမှပုဂံဆက်‌သွားေ‌တော့၈း၀၀နာရီ‌လောက်‌‌ရောက်‌တယ်‌။
20180804_103303.jpg

ကိုသက်‌က ဆိုင်‌ကယ်‌နဲ့လာကြို‌တော့ ရင်‌ထဲ‌ပျော်‌လိုက်‌တာ ဘယ်‌လို‌ပြောရမှန်းမသိဘူး။ တစ်‌ခါမှမ‌တွေ့ဘူးဘဲ ‌နွေး‌ထွေးစွာ ကြိုဆို‌တော့ ‌ပျော်‌တာ‌ပေါ့ဗျာ။ ‌ရောက်‌‌ရောက်‌ချင်း ကိုသက်‌က ကိုဟင်‌နဲ့‌တွေ့‌ပေးတယ်‌။ခရီးပင်‌ပန်းတာ‌တွေ‌တောင်‌ ဘယ်‌‌ရောက်‌မှန်းမသိဖြစ်‌သွားတယ်‌။ ပါတီပွဲတတ်‌‌တော့ဆရာညီနဲ့ဆရာစိုးကြားထိုင်‌ရပြီး ၊မျက်‌နှာချင်‌ဆိုင်‌ကဆရာတင်‌ ၊ကိုသက်‌ ၊ကိုဟင်‌ ။ကျွန်‌‌တော့်‌အ‌ပျော်‌ကို ‌တွေးတာ ကြည့်‌ဗျာ။ ဘယ်‌‌လောက်‌ထိရင်‌ထဲပီတိ ဖြစ်‌တုန်းဆိုရင်‌ အ‌ပျော်‌လွန်‌ရင်‌ ရင်‌ပြည့်‌ပြီး ထမင်းမစားနိုင်‌သလို ကျွန်‌‌တော်‌ အရက်‌‌သောက်‌လို့ မရဘူးဖြစ်‌‌နေတယ်‌။ အဲ့ဒလို ကျွန်‌‌တော်‌ တစ်‌ခါမှမဖြစ်‌ဘူး ဘူး။ ကိုယ့်‌အ‌ကြောင်းသိတဲ့ သူငယ်‌ချင်းက‌တောင်‌ မ‌သောက်‌ဘဲ ဘာလုပ်‌‌နေတာလဲ‌တောင်‌ လာ‌ပြော‌သေးတယ်‌။ ချိစ်‌ပတ်‌စ်‌ကို‌ရေ‌ရောလို့‌ရော၊ ဘီယာ‌တောင်‌ မငှဲ့တတ်‌‌တော့ဘူး။ ဆရာတင်‌က‌တောင်‌ လှမ်း‌နောက်‌လိုက်‌‌သေးတယ်‌။ မင်း ငါတို့ကို ညာလို့မရပါဘူးကွာ။ ဘီယာ‌တောင်‌မငှဲ့တတ်‌ဘဲနဲ့တဲ့။ ‌ပျော်‌လွန်းလို့ အ‌ယောင်‌‌ယောင်‌အမှားမှား ဖြစ်‌လို့။ ကိုဒိုမီကို မိတ်‌ဆက်‌‌တော့ ကျွန်‌‌တော်‌က ကိုမ‌ဟော်‌ကို ဝဝဖိုင်းဖိုင်းလူကြီးကြီးထင်‌‌နေတာတဲ့။ကိုဒိုမီက အမြဲပြုံးချို‌နေတာဗျ။ကိုသက်‌ကို ကိုယုဇနကဘယ်‌သူလဲလို့‌မေး‌တော့ သူမလိုက်‌လာဘူးတဲ့၊သူကမ‌သောက်‌လို့တဲ့။ကိုယ်‌က‌တွေ့ချင်‌‌နေပြီ၊G2က လူဆိုလို့ သူနဲ့ကိုယ်‌ဘဲလာတာလို့သိထားတာ‌လေ။

20180804_090448.jpg

ဆရာညီက အပြင်‌မှာ ချစ်‌ဘို့‌ကောင်းတယ်‌ဗျ။ လူရိုး ၊လူမှန်‌ ၊လူ‌ဖြောင့်‌ကြီးဆိုတာ စကား‌ပြောကြည့်‌တာနဲ့ ကျွန်‌‌တော်‌သိလိုက်‌တယ်‌။ စကား‌ပြောတာ ‌ဖြေ‌ဖြေမှန်‌မှန်‌ လိုရင်းတိုရှင်း ‌ပြောတယ်‌။ အသံက ကိုယ့်‌ကိုကိုယ်‌ ယုံကြည်‌မှု ရှိတဲ့အသံမျိုးနဲ့ ‌ဖြေ‌ဖြေ‌ပြောတတ်‌တယ်‌။ဆရာစိုးက အညာကဘကြီးပုံစံမျိုး ။ခပ်‌ပြုံးပြုံးနဲ့ ‌ဒေါသထွက်‌တတ်‌မယ့်‌ပုံ မဟုတ်‌ဘူး။‌ပါတီပွဲ ပြီး‌တော့ ဆရာတင်‌က မင်း ငါ့အခန်းလာခဲ့ဦးတဲ့။‌တွေ့ချင်‌‌နေတဲ့သူကို လာခဲ့ဆို‌တော့ ကျွန်‌‌တော့်‌အ‌ပျော်‌ကို မှန်းသာကြည့်‌‌တော့။ထိုညကဆရာတင်‌တို့ ဇနီး‌မောင်‌နှံနဲ့ စကား‌ပြောတာ ည ၁း၀၀ထိုးတယ်‌။အန်‌တီက ဘွင်းဘွင်းရှင်းရှင်း‌ဖော်‌‌ဖော်‌‌ရွေ‌ရွေရှိတယ်‌။ စကား‌ပြောတာပြတ်‌သားတယ်‌။ဆရာတင်‌က‌တော့ ဒိသာပါ‌မောက္ခကြီးလိုပါဘဲဗျာ။ဆရာ့ရဲ့အ‌တွေ့အကြုံ‌တွေကလည်း ‌ပြောလို့မကုန်‌နိုင်‌‌အောင်‌ပါဘဲ။
20180804_104458.jpg

ကျွန်‌‌တော့်‌ကို ကိုယုဇနက လာမိတ်‌ဆက်‌တယ်‌။ကျွန်‌‌တော်‌ထင်‌တာက ရွယ်‌တူ‌လောက်‌၊အသက်‌ကြီးလှနည်းနည်းဘဲထင်‌ထားတာ။ကိုယုဇနမဟုတ်‌ဘူးဗျို့၊ဦး‌လေးယုဇနဗျ။ဦး‌ကျော်‌ဟိန်းကြီး လာစကား‌ပြောတယ်‌ထင်‌လိုက်‌တာ။တကယ်‌မိုက်‌တယ်‌၊ဦးယုလို့မ‌ခေါ်‌တော့ဘူး၊ဦး‌ကျော်‌လို့ဘဲ‌ခေါ်‌တော့မယ်‌။ကျွန်‌‌တော်‌တို့နှစ်‌‌ယောက်‌ပုဂံမြို့ထဲ ဆိုင်‌ကယ်‌စီးခဲ့တာကို အမြဲအမှတ်‌ရ‌နေမယ်‌ ဦး‌ကျော်‌‌ရေ။စကား‌ပြောလည်း‌ကောင်းတယ်‌။ စည်းလုံးညီညွတ်‌ဘို့နဲ့ သည်းခံဘို့‌ပြောသွားတာ အရမ်း‌ကောင်းတယ်‌။ချစ်‌ဆုံးအ‌ကြောင်း‌တောင်‌ပါ‌သေး။
20180804_093835.jpg
20180804_134457.jpg

ပြည့်‌စုံခင်‌ခင်‌ကိုလည်း ‌ကျေးဇူးတင်‌ပါတယ်‌။မှတ်‌တမ်း ဓာတ်‌ပုံ‌လေး ရိုက်‌ခွင့်‌‌ပေးလို့။ပြည့်‌စုံအ‌မေက အရမ်းကျက်‌သ‌ရေရှိတယ်‌။ မျက်‌နှာက အမြဲပြုံးချိုပြီး‌အေးချမ်းမှုကို ကူးစက်‌‌စေတယ်‌။ သ‌ဘောလည်း‌ကောင်းတယ်‌။ဒီတစ်‌‌ခေါက်‌ gathering မှာ စိတ်‌မ‌ကောင်းဖြစ်‌မိတာ တစ်‌ခုရှိတယ်‌။ကိုဒွန်‌နဲ့ စကား‌ပြောခွင့်‌၊မိတ်‌ဆက်‌တာ မလုပ်‌လိုက်‌ရဘူး။ နည်းနည်းရှိန်‌တာလဲပါတာ‌ပေါ့။ ကိုဒွန်‌က စကား‌ပြော‌ကောင်းတယ်‌ဗျ။ ကိုဒွန်‌‌ပြောတဲ့ဥပမာ‌လေးက လိုရင်းကိုထိတယ်‌။‌နောက်‌ပြီး စကား‌ပြောတာ ငြိမ်‌တယ်‌။‌လေးစားပါတယ်‌ ကိုဒွန်‌‌ရေ။ကိုမိုး‌ဇော်‌ကို လူကြီးပိုင်းလို့ထင်‌ထားတာ။လူငယ်‌‌ချော‌ချောဘဲဗျ။ ညီအစ်‌ကိုနှစ်‌‌ယောက်‌လုံး‌ချောတာ။myanmarkoko ကို‌တော့ အများမတူ ပိုမှတ်‌မိစရာရှိတယ်‌။ ပါတီပွဲပြီး‌တော့ ‌ဘုန်းကြီး‌ကျောင်းမှာ ကိုဟင်‌ကိုသွား‌ပြော‌နေတာ။ နည်းနည်းလည်း‌ကောင်း‌နေပြီ။ ဘာတဲ့ ကျွန်‌‌တော်‌က ကိုဟင်‌နဲ့ဆရာ‌တွေ‌ပြောတာနား‌ထောင်‌ချင်‌တာ။ ကျွန်‌‌တော်‌လည်း‌ပြောချင်‌တယ်‌တဲ့။‌နောက်‌ ကျွန်‌‌တော့်‌‌ခေါင်းအုံးနဲ့‌စောင်‌‌တွေ ဝိုင်းကူသယ်‌‌ပေးပြီး အစ်‌ကိုတို့‌ပြောတာ နား‌ထောင်‌ချင်‌တာတဲ့။ချစ်‌စဖွယ်‌လူငယ်‌‌လေး‌တွေ‌တွေ့ရ‌တော့ လာရကျိုးနပ်‌တယ်‌လို့‌တွေးမိတယ်‌။MSC ‌ကောင်းကျိုးအတွက်‌ ကျွန်‌‌တော်‌တင်‌ပြချင်‌တာ‌များ‌ပေမယ့်‌အနည်းငယ်‌ဘဲတင်‌ပြခဲ့ပါတယ်‌။ တစ်‌‌ယောက်‌တည်းအကြာကြီး‌ပြောတာမ‌ကောင်းဘူး‌လေ။ ‌နောက်‌ပိုင်းအကြံပြုစာအ‌နေနဲ့ Post‌ရေးသားပါ့မယ်‌။ကျွန်‌‌တော်‌တို့ MSC အဖွဲ့အစည်းကြီး ‌အောင်‌မြင်‌တိုးတက်‌ကြီးထွား‌အောင်‌ တို့ညီအစ်‌ကို‌မောင်‌နှမများ ကြိုးစားကြပါစို့။

MSC - 228
@mahaw

Sort:  

အစ်ကိုမဟော်ရဲ့ စိတ်ဓါတ်နဲ့ ဇွဲ ကိုလေးစားပါတယ်ခင်ဗျာ။ချက်ခြင်းစီစဉ်ပြီး ရောက်အောင်သွားတာ ဘယ်လောက်အားကျစရာကောင်းလဲဗျာ။အောင်မြင်မယ့် စိတ်ဓါတ် ဇွဲ လုံ့လ တွေပဲဖြစ်ပါတယ်ခင်ဗျာ။MSC အဖွဲ့အစည်းအပေါ် မှာထားတဲ့ အစ်ကိုရဲ့ စိတ်အားထက်သန်မှုတွေကိုလည်း မြင်နေရပါတယ်ခင်ဗျာ။

‌ကျေးဇူးကိုသန့်‌‌ရေ။ကိုသန့်‌လည်းပဲခူးသားဆို‌တော့ တစ်‌‌နေ့‌လောက်‌ ‌တွေ့ရ‌အောင်‌။ကျွန်‌‌တော့်‌ ဖုန်းနံပါတ်‌က 095309113ပါ ကိုသန့်‌။

မဆုံဆည်းရသေးသောကျမအဖို့ရေးသားတင်ပြလာသောအကြောင်းများကိုဖတ်ခွင့်ရသောကျေးဇူးတင်ပါသည်နောင်ဆုံနိုင်အောင်ကြိုးစားပါ့မယ်

ဟုတ်‌ကဲ့ပါ ခင်‌ဗျ။‌နောက်‌ပွဲ‌တွေမှာ ‌ပျော်ွှင်‌စွာတက်‌‌ရောက်‌ကြတာ‌ပေါ့ဗျာ။‌ကျေးဇူးအထူးတင်‌ပါတယ်‌။

မယ်ကြည်မလာဖြစ်တာ စိတ်မကောင်းပါဘူး နောက်နှစ်ပေါ့ ကိုမဟော်ရေ😁

G2 ‌တွေ့ဆုံပွဲ လုပ်‌ဘို့ အစီအစဉ်‌ရှိတယ်‌။အချိန်‌နဲ့‌နေရာကို စစ်‌တမ်း‌ကောက်‌မယ်‌။ အားလုံးလာနိုင်‌မယ့်‌ အချိန်‌နဲ့ ‌နေရာ‌ပေါ့။မိုးကုန်‌ရင်‌လုပ်‌မယ်‌ ။

အစီစဉ်​မရှိဘဲဒီလိုသွားလိုက်​တာလည်း​ကောင်းပါတယ်​...အခြားmemberများနှင့်​​တွေ့ရ​တော့​ပျော်​စရာကြီးဘဲ👍👍👍

G2 ‌တွေ့ဆုံပွဲကြ ညီမလာရမယ်‌‌နော်‌။

ခရီးထွက်​ခဲ့တာ​တွေထဲမှာ ဒီခရီးအ​ပျော်​ဆုံး အတန်​ဆုံးပါ ကိုမ​ဟော်

ဦး‌လေးယု နဲ့ ထပ်‌‌တွေ့ချင်‌ပါ‌သေးတယ်‌။

ထပ်မံဆုံတွေ့ချင်ပါသေးတယ် ကိုကြီးမဟော်ရေ...

ထပ်‌‌တွေ့ဆုံ ချင်‌ပါ‌သေးတယ်‌ညီ။အချိန်‌မရ‌တော့ ‌အေး‌အေး‌ဆေး‌ဆေး စကားမ‌ပြောလိုက်‌ရဘူး။‌ကျေးဇူးပါညီ။

ကိုမဟော်ကို ညီလေးသတိရပါတယ်ဗျာ ညီလေးကို
စကားထပြောခိုင်းတော့ ဒူတွေတုန်နေသလိုပါပဲလေ
ဟိဟိ

myanmar ko ko နဲ့ konyinyitun နဲ့ မှားသွားတာsorry။ကိုဟင်‌ကို သွား‌ပြောတာ ညီ‌လေး ညီညီထွန်းပါ ။သတိရ‌နေပါတယ်‌ညီ။

ထပ်မံဆုံတွေ့ကြပါစို့

ဟုတ်‌ကဲ့ ဆရာစိုး။လာဖြစ်‌‌အောင်‌ကြိုးစားမှာပါ။

လာတာမလာဖြစ်​တာ ပုံ​တွေကြည့်​ပြီး အ​ပျော်​​တွေ​ကူးစက်​​စေပါတယ်

G2 ‌တွေ့ဆုံပွဲလုပ်‌မယ်‌၊ညီမ အဆင်ေ ပြမယ့်‌ အချိန်‌နဲ့ ‌နေရာကို စဉ်းစားထား။

Congratulations @mahaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Thank you.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94