ချစ်‌စရာ မြင်‌ကွင်း

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ‌ပေါင်းတို့။
မ‌နေ့က ချစ်‌စရာ‌ကောင်း‌သောမြင်‌ကွင်း ၊ပီတိဖြစ်‌ရ‌သောမြင်‌ကွင်း အ‌ရေးကြုံရင်‌ စည်းလုံးညီညွတ်‌‌သော မြင်‌ကွင်းကို ခံစားခဲ့ရပါတယ်‌။ တစ်‌ပြိုင်‌နက်‌ စိုးရိမ်‌ပူပန်‌ရ‌သော ခံစားမှုလည်း ဖြစ်‌‌ပေါ်ရပါတယ်‌။ တစ်‌‌ယောက်‌‌ယောက်‌ဒုက္ခ‌တွေ့ရင်‌ လက်‌မ‌နှေး ကူညီတတ်‌တဲ့အကျင့်‌ ၊ဓ‌လေ့စရိုက်‌များဟာ ချစ်‌စရာဓ‌လေ့စရိုက်‌များပါ။ ထိုအ‌လေ့အကျင့်‌များဟာ သိတက်‌မှုလိုဘဲ သင်‌‌ပေးလို့ မရပါဘူး။ ငယ်‌ငယ်‌ကတည်းက သ‌န္ဓေတည်‌တတ်‌တဲ့ အမူအကျင့်‌ပါ။

IMG_20150929_061953.jpg
crd.org.source

သူတစ်‌ပါးကို ရိုင်းပင်းကူညီတတ်‌တာ ‌လေးစားဘို့‌ကောင်းသလို ကိုယ်‌နဲ့အခန့်‌မသင့်‌တဲ့သူကို ထိုစိတ်‌မျိုးထားနိုင်‌တာက ချစ်‌ဖို့‌ကောင်းသွားပြီ။အတုယူဘို့ ‌ကောင်းလှပါတယ်‌။ ကမ်းလင့်‌တဲ့လက်‌တစ်‌စုံ‌တွေ အားလုံးမှာ ရှိကြတယ်‌ဆိုတာ ကျွန်‌‌တော်‌ယုံကြည်‌ပါတယ်‌။ အခိုက်‌အတန့်‌‌လေးမှာ စိတ်‌ခံစားမှု‌တွေပါပြီး အနည်းငယ်‌ အဖုအထစ်‌ဖြစ်‌ခဲ့‌ပေမယ့်‌ ထိုအ‌ခြေအ‌နေ‌တွေဟာ ရင်‌ထဲက စိတ်‌ရင်း‌စေတနာ‌တွေကို မ‌ကျော်‌လွှားနိုင်‌ပါဘူး။
ဒုက္ခရဲ့တန်‌ဘိုးကို ဒုက္ခ‌ရောက်‌တဲ့သူက ပိုသိပါတယ်‌။ ထိုအချိန်‌မှာ နွယ်‌တစ်‌မျှင်‌မြတ်‌တစ်‌ပင်‌ကအစ အားကိုးချင်‌မိပါတယ်‌။

download (1).jpeg

crd.org.source

စကား‌လေးနဲ့‌ဖေးမတာအစ သူ့အတွက်‌ အားရှိ‌စေပါတယ်‌။ ကူညီရိုင်းပင်းတတ်‌တဲ့စိတ်‌က ‌ကျေးလက်‌‌တွေ၊နယ်‌‌တွေမှာ အထင်‌အရှား‌တွေ့မြင်‌နိုင်‌‌သေး‌ပေမယ့်‌ မြို့ပြမှာ သိပ်‌မ‌တွေ့ရ‌တော့ဘူး။ ‌ကျေးလတ်‌ တို့ နယ်‌တို့မှာ မီး‌ဟေ့ဆိုတာနဲ့ တစ်‌ရွာလုံး တစ်‌ရပ်‌ကွက်‌လုံး ‌ရောက်‌လာငြိမ်းသတ်‌ကြစမြဲ။ မြို့မှာက ကိုယ်‌နဲ့မဆိုင်‌သလို လှည့်‌မကြည့်‌တာ။ မီးများရင်‌ ကိုယ့်‌အထုတ်‌ကိုယ်‌စွဲပြီး လစ်‌‌တော့တာဘဲ။ မြို့‌တွေရဲ့သာ‌ရေးနာ‌ရေးဆို ပိုဆိုး‌သေး။ ‌ဘေးချင်းကပ်‌လျက်‌ ‌နေအိမ်‌‌တွေ‌တောင်‌ အ‌ခေါ်အ‌ပြောနည်းကြတယ်‌။တစ်‌ခုခုဖြစ်‌ရင်‌ ကူညီ‌ဖေးမစိတ်‌‌တွေ ‌ခေါင်းပါးကြတယ်‌။ မြို့ရဲ့‌နေထိုင်‌မှု ပုံစံဆို‌ပေမယ့်‌ ‌တောသားတစ်‌‌ယောက်‌အ‌နေနဲ့ကြည့်‌ရတာ တစ်‌မျိုးဘဲ။ ဘာပဲ‌ပြော‌ပြော ရိုင်းပင်းကူညီစိတ်‌ရှိတဲ့သူတိုင်းကို ‌လေးစားမိပါတယ်‌။ ပရဟိတစိတ်‌ထားဘို့ဆိုတာ ထင်‌သ‌လောက်‌မလွယ်‌သလို ပရဟိတလုပ်‌ရပ်‌ကို လူတိုင်းမလုပ်‌နိုင်‌ပါဘူး။
အဓိက ‌ပြောချင်‌တာက ဒီpostနဲ့အတူ ‌လေးစား‌ကြောင်းနဲ့ ‌ကျေးဇူးအထူးတင်‌‌ကြောင်း‌ပြောကြားပါရ‌စေ။

MSC-228
@mahaw

Sort:  

good တယ်

‌ကျေးဇူး ပါညီမ။

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 3500 comments. Your next target is to reach 4000 comments.
You received more than 250 as payout for your posts. Your next target is to reach a total payout of 500

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The new Steemfest³ Award is ready!
Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

ဟုတ်တယ်အစ်ကို မြို့ပြမှာတော့ ဒီအခြေအနေတွေဟာ သိပ်မမြင်နိုင်တော့ပါ။သဘာဝလေးတွေ ကွာခြားသွားပါပြီ။ကောင်းမွန်သော post လေးပါပဲအစ်ကို။

စိတ်​ရင်းနဲ့ကူညီရိုင်းပင်းတာလူတိုင်း​တော့မရှိနိုင်​ပါ...ဒီလိုလူမျိုးကိုလည်း​လေးစားပါတယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62710.59
ETH 3048.49
USDT 1.00
SBD 3.77