ခွဲခွာခြင်း မှတ်‌တိုင်‌

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
မ‌နေ့ညက ကိုယ်‌နဲ့အတူတူ တွဲလုပ်‌ခဲ့တဲ့ သူငယ်‌ချင်းနှစ်‌‌ယောက်‌ ရဲ့နှုတ်‌ဆက်‌ပွဲကို တက်‌‌ရောက်‌ခဲ့ရတဲ့ခံစားမှု‌လေးကို နည်းနည်း‌ပြောပြချင်‌ပါတယ်‌။ ရန်‌ကုန်‌မှာ အလုပ်‌သစ်‌ရလို့ အလုပ်‌ထွက်‌သွားတဲ့နှုတ်‌ဆက်‌ပွဲ‌ပေါ့။ အလုပ်‌မထွက်‌ခင် အတူတူအလုပ်‌လုပ်‌လို့ ‌နေ့စဉ်‌မြင်‌‌တွေ့‌ရ‌ပေမယ့်‌ အလုပ်‌ထွက်‌ပြီးရင်‌‌တော့ သိပ်‌မ‌တွေ့မဖြစ်‌‌တော့ပါဘူး။ ဘာဖြစ်‌လို့လဲဆို‌တော့ သူ့အလုပ်‌ကိုယ့်‌အလုပ်‌ကတစ်‌ပိုင်း ‌ရှေ့မှာထွက်‌သွားတဲ့ သူငယ်‌ချင်း‌တွေဖြစ်‌စဉ်‌‌တွေ‌ဖော်‌ပြ‌နေတာက တစ်‌ပိုင်းမို့လို့ပါ။ ပြန်‌‌တွေ့ဘို့ အခွင့်‌အ‌ရေးက ရှားသွားပြီ။

PhotoGrid_1427679219214.jpg

crd.org.source

အတူတူအလုပ်‌လုပ်‌စဉ်‌က ရန်‌ဖြစ်‌ခဲ့တာ‌တွေ ၊‌ပြောဆိုခဲ့တာ‌တွေ ၊စကားများခဲ့တာကို ပြန်‌စဉ်းစားကြည့်‌‌တော့ ဘာမှမဟုတ်‌တာကို ‌ရေးကြီးခွင်‌ကျယ်‌ လုပ်‌ခဲ့တာဘဲလို့ ‌တွေးမိလိုက်‌တယ်‌။ သူတို့ထွက်‌သွားပြီးရင်‌ ယခင်‌လို ရန်‌ဖြစ်‌ဘို့ စကားများဘို့‌တောင်‌ အခွင့်‌အ‌ရေးမရ‌တော့ဘူး။ ‌ရှေ့မှာလည်းသာဓက‌တွေ အများကြီး‌တွေ့ရ ယခုလည်း ‌တွေ့ရပြီ။ ‌ခေတ္တခဏ အခိုက်‌အတန့်‌ ‌လေးပါလားလို့ ‌တွေးရင်း အမည်‌မသိခံစားမှု‌တော့ ဖြစ်‌‌ပေါ်မိတယ်‌။ ဟုတ်‌ပြီ ကျန်‌‌နေတဲ့ သူငယ်‌ချင်း‌တွေ၊ အသိမိတ်‌‌ဆွေ‌တွေလည်း ဘယ်‌အချိန်‌အတိုင်‌အတာထိ အတူတူလက်‌တွဲလုပ်‌‌ဆောင်‌ရမယ်‌ဆိုလည်း မ‌ပြောနိုင်‌ပါဘူး။ ရှိတဲ့အချိန်‌‌လေးမှာ ‌ပျော်‌‌ပျော်‌ရွှင်‌ရွှင်‌ချစ်‌ချစ်‌ခင်‌ခင်‌ ဘဲ ‌ပေါင်းသင်းသင့်‌ပါတယ်‌။ ထွက်‌သွားမှ မရှိ‌တော့မှ သတိရ‌နေရင်‌ အလကားပါ။ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးသမိုင်းတို့ မှတ်‌တမ်းတို့ဟာ အချိန်‌တန်‌ အ‌ဖြေထွက်‌လာပါတယ်‌။ ‌‌မောင်‌ဖြူ‌မောင်‌နီရဲ့စိတ်‌‌နေစိတ်‌ထားကဘယ်‌လို့ ၊သည်းခံတယ်‌ ၊သည်းမခံတတ်‌ဘူး၊ မှန်‌တာ‌တွေ‌ပြောတာ မ‌ပြောတာ‌တွေထက်‌ တစ်‌ခု‌သော‌ပေတံနဲ့ ဘဲတိုင်းတာကြပါတယ်‌။ သူဟာ ‌ပေါင်းလို့ သင်းလို့ ‌ကောင်းတယ်‌ ၊မ‌ကောင်းတယ်‌ ဆိုတာဘဲ ခြုံငုံသုံးသပ်‌ကြပါတယ်‌။
လုပ်‌ငန်းခွင်‌မှာ လူ‌ပေါင်းစုံ‌တွေ့ဖူးပါတယ်‌။ မှန်‌တယ်‌ဆိုပြီး လုပ်‌ချင်‌သလိုလုပ်‌ ၊‌ပြောချင်‌သလို‌ပြောတဲ့သူ‌တွေ၊ ဆက်‌ဆက်‌ထိမခံ စပ်‌စပ်‌ကြဲစွာ‌တေးလန်‌‌တွေလည်း‌တွေ့ရပါတယ်‌။ ငါမှန်‌တာဘဲဆိုပြီး လမ်း‌ဘေးစရိုက်‌‌တွေနဲ့ ‌ပြောဆိုဆက်‌ဆံကြတာ‌တွေလည်း ဒုနဲ့‌ဒေးပါ။ အထက်‌လူကြီးနဲ့လည်းအဆင်‌မ‌ပြေ ၊ကိုယ့်‌နဲ့ အဆင့်‌တူ ရာထူး‌တူ‌တွေနဲ့လည်း အမြင်‌မကြည်‌ ၊‌အောက်‌ဝန်‌ထမ်း‌တွေက မ‌ကောင်းတတ်‌လို့ဆက်‌ဆံ‌နေရတဲ့ ဝန်‌ထမ်း‌တွေ ကြုံ‌တွေ့ဖူးပါတယ်‌။ သူတို့ရဲ့လက်‌သုံးစကားက မှန်‌တာ‌ပြောတာဘဲ လက်‌ကိုင်‌ထားတယ်‌။ သည်းခံမှုဆိုတာ သူတို့အဘိဓာန်‌မှာ မရှိသ‌လောက်‌ဘဲ။ သူ့ဘာသာသူ ဘယ်‌လိုဘဲ မှန်‌မှန်‌‌နေပါ‌စေ လူတိုင်းလူတိုင်းမှာ အများသတ်‌မှတ်‌ထားပြီးသား စံနှုန်းသမိုင်း‌လေး‌တွေက ရှိပြီးသားဗျ။ ဒါ‌ကြောင့်‌‌ပြောတာ သမိုင်းဆိုတာ ‌ချေဖျတ်‌ဘို့ မလွယ်‌ဘူး။ အလုပ်‌ကို ‌ရေသာခို ‌ချောင်‌သာခို တဲ့သူ‌တွေက ဘယ်‌သူဆိုတာ နာမည်‌ကြီးပြီးသား၊စရိုက်‌ကြမ်းကြမ်းစွာ‌တေလန်‌ဆိုတာ ဘယ်‌သူမှ‌ပြောစရာမလို‌အောင်‌ သိထားကြပြီးသား။ အများက သတ်‌မှတ်‌ကြတယ်‌ဆို‌ပေမယ့်‌ သူ့သမိုင်း သူဘဲ‌ရေးတာပါ။

download.jpeg

crd.org.source

လူတစ်‌‌ယောက်‌ရဲ့စိတ်‌‌နေစိတ်‌ထား၊‌ပေါင်းသင်းဆက်‌ဆံ‌ရေးကိုသိချင်‌ရင်‌ သိပ်‌မခက်‌ခဲပါဘူး။ သူကျင်‌လည်‌တဲ့ပတ်‌ဝန်းကျင်‌မှာ စုံစမ်းရင်‌ သိဘို့လွယ်‌ပါတယ်‌။ အဓိက ‌ပြောချင်‌တာက လူ့သဘာဝကို ‌ပြောချင်‌တာပါ။ စရိုက်‌‌ပေါင်းစုံ ရှိကြ‌ပေမယ့်‌ တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ဟာ သည်းခံမှု‌လေး‌တွေနဲ့ ‌ပေါင်းသင်းဆက်‌ဆံတတ်‌မှ ‌ရေရှည်‌အဆင်‌‌ပြေတာာ။တစ်‌ခြားသူမ‌ပြောနဲ့ ကိုယ့်‌ကိုယ်‌ကို‌တောင်‌ စိတ်‌တိုင်းမကျတာ‌တွေ ရှိတတ်‌ကြတာဘဲ။ သူမရှိ‌တော့မှ သတိရ‌ကြောင်း လွမ်း‌ကြောင်း ‌ပြော‌နေမယ့်‌အစား အတူရှိတုန်း တစ်‌ဦးနဲ့တစ်‌ဦး စိတ်‌ရှည်‌သည်းခံနားလည်‌စွာ ‌ပေါင်းသင်းသင့်‌ပါတယ်‌။ ဘဝအဆက်‌ဆက်‌ကပါလာတဲ့အကျင့်‌တစ်‌ခုကို ကိုယ်‌နဲ့‌ပေါင်းသင်းတဲ့အခိုက်‌အတန့်‌‌လေးမှာ သွားပြင်‌လို့ ဘယ်‌ရမလဲ။ အကြွားသန်‌တဲ့သူက ကြွားတာသူ့စရိုက်‌‌လေ ဒါကိုမသိသလို‌နေလိုက်‌ရင်‌ ‌အေး‌အေး‌ဆေး‌ဆေးပါ၊ တစ်‌သက်‌လုံး ဆရာလုပ်‌လာတဲ့သူက အရာရာဆရာကြီးလုပ်‌ချင်‌တာ လုပ်‌ပါ‌စေ၊လူ့စရိုက်‌‌တွေဘယ်‌လိုရှိရှိ လိုက်‌‌လျောညီ‌ထွေဆက်‌ဆံတတ်‌ရင်‌ ‌ပေါင်းသင်းဆက်‌ဆွ‌ရေးမှာ အဆင်‌‌ပြေပါတယ်‌။
အမှန်‌အတိုင်း‌ပြောရရင်‌ တစ်‌ဖြည်းဖြည်း အသက်‌ရလာ၊ အ‌တွေ့ကြုံ‌တွေများလာ‌တော့ လူငယ်‌တုန်းကထက်‌စာရင်‌ သည်းခံနိုင်‌လာပါတယ်‌။ ကျွန်‌‌တော်‌postတစ်‌ခုတင်‌ဖူးပါတယ်‌ စက်‌မှု ၂ ဝန်‌ထမ်း‌တွေခွဲခွာရ‌တော့ ‌တော်‌‌တော်‌ခံစားခဲ့ရတယ်‌။ ရန်‌ဖြစ်‌တယ်‌ စကားများတယ်‌ဆိုတာ လတ်‌တ‌လော ကိုယ့်‌အတ္တ‌လေးကို ‌ရှေ့တန်းတင်‌မိလိုက်‌တာဘဲလို့ ‌တွေးမိတယ်‌။‌နောက်‌မှငါ‌ပြောတာ လွန်‌သွားပြီလို့ သိလည်း မ‌ကောင်း‌တော့ပါဘူး။ ညကလည်း သူငယ်‌ချင်းနှစ်‌‌ယောက်‌ကြည့်‌ပြီး အ‌တွေး‌ပေါင်းများစဝင်‌မိတယ်‌။ သူတို့မှားခဲ့တာရှိရင်‌ ခွင့်‌လွှတ်‌ဘို့၊ တစ်‌ခါတ‌လေ အလုပ်‌သ‌ဘောအရ စကားများခဲ့တာ‌တွေကိုလည်း ‌တောင်းပန်‌တဲ့အ‌ကြောင်း‌ပြော‌တော့ ကျွန်‌‌တော့ရင်‌ထဲမှာမ‌ကောင်းဘူး။ ကိုယ်‌နဲ့သိပ်‌မဖြစ်‌ခဲ့‌ပေမယ့်‌ အများ‌ရှေ့မှာ တစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌ ‌တောင်းပန်‌စကား၊ခွင့်‌လွှတ်‌စကား‌တွေ‌ပြော‌နေကြ‌တော့ ပီတိလည်းဖြစ်‌သလို့ ဝမ်းနည်းတဲ့ခံစားမှုလည်းဖြစ်‌‌ပေါ်မိပါတယ်‌။ ဒါ‌ကြောင့်‌ဒီpostကို‌ရေးဖြစ်‌တာပါ။ လတ်‌တ‌လောကျွန်‌‌တော်‌ရဲ့ခံစားမှုကို ‌ရေးလိုက်‌တာပါ။ ဘယ်‌သူ့ကိုမှရည်‌ရွယ်‌ပြီး ‌ရေးခြင်းမဟုတ်‌ပါ‌ကြောင်း ကြိုတင်‌‌ပြောပါရ‌စေ။ ‌တွေ့ဆုံခွင့်‌ရတဲ့ အခိုက်‌အတန့်‌‌လေးမှာ ချစ်‌ချစ်‌ခင်‌ခင်‌ နားလည်‌မှု‌ပေးခြင်းအားဖြင့်‌ အတူလက်‌တွဲ သွားကြပါစို့လို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ခံစားချက်နဲ့ထပ်တူညီပါတယ်။
ဘယ်သူမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။
အဲ့သဘောမျိုး ကျမလဲပိုစ့်တစ်ခုရေးဖူးပါတယ်။
သိပ်မဆိုးရင်တော့ သည်းခံခွင့်လွတ်ခြင်းဟာ အကောင်းဆုံးဆက်ဆံရေးပါပဲ

တကယ်‌တမ်း မာန ‌တွေ အတ္တ‌တွေ ဆိုတာ အလကားပါ။ဘာ‌ကောင်းကျိုးမှမ‌ပေးပါဘူး။

နီးတကျက်ကျက်ျဝးတသက်သက်ပေါ့ဗျာ😁😁

Posted using Partiko Android

အရိုးကွဲ‌အောင်‌ရိုက်‌မှ အသဲကွဲ‌အောင်‌ချစ်‌မှာတဲ့ ၊ငင့်‌ ဆိုင်‌လားမသိ ၊ဟားးး! ‌ရောကုန်‌ပြီ။‌ကျေးဇူးပါကိုဟိန်း။

ရွေ့​ပြောင်းသွား​တော့​တော်​ရုံ​တွေ့ဖို့မလွယ်​...အတူရှိကြတဲ့ချိန်​​​ပျော်​​ပျော်​​နေသင့်​ပါတယ်​...

Posted using Partiko Android

အတူ‌နေတုန်း တန်‌ဘိုးထားသင့်‌ပါတယ်‌။

တွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာပါ

ဟုတ်‌ကဲ့ ပါအန်‌တီ။

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 900 replies. Your next target is to reach 1000 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Be ready for the next contest!
Trick or Treat - Publish your scariest halloween story and win a new badge

Support SteemitBoard's project! Vote for its witness and get one more award!

တစ်နေ့တော့ခွဲရမည်မှန်းသိပါသော်လည်း

သည်းမခံနိုင်‌ကြဘူးလို့ ‌ပြော ချင်‌တာလားဦး‌ထွေး‌ရေ။

အလုပ်ခွင်မှာ ရန်ဖြစ်ကြတာက ထုံးစံလိုပဲ မကောင်းတဲ့စိတ်နဲ့မဟုတ်ရင် ဘာမှမဖြစ်တတ်ကြပါဘူးလေ မှားတော့လည်း တောင်းပန်လိုက်ရင် ပြီးသွားရတာပါပဲ

ဟုတ်‌ပါတယ်‌ဦးစိုး‌ရေ၊သူတို့ နှစ်‌‌ယောက်‌ နှုတ်‌ဆက်‌စကားေ ပြာ‌တော့ စိတ်‌မ‌ကောင်းဖြစ်‌လို့ပါ။

သာမာန် လူသားလေး ကျွန်တော့မှာတော့ သည်းခံတတ်ဖို့ ကြိုးစားရဦးမည် ။ အရာရာ သည်းခံနိုင်သူများကိုလည်း လေးစားပါသည် ။ ဆက်ပြီး သည်းခံပေးကြပါဦးနော် ။ ဟီး ။

ဟုတ်တယ်အစ်ကိုရေ လူ့လောကကို လာကြတဲ့ဧည့်သည်တွေပဲဖြစ်တာကြောင့် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် နေထိုင်ကျင့်ကြံကြရမှာပါ။

မယ်ကြည့်စက်ရုံက ပြောင်းသွားသူတွေလဲ နောက်ထက်မဆုံရတော့ဘူး😞

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62837.82
ETH 3037.45
USDT 1.00
SBD 3.80