လူမှား ခြင်း

in #myanmar6 years ago

အားလုံးဘဲ မင်္ဂလာပါ။ ပွင့်‌ပွင့်‌လင်းလင်း ‌ပြောရရင်‌ စိတ်‌မလန်းဘူးဗျာ။ စိတ်‌မကြည်‌ဘူး။ ဒီအချိန်‌မှာ စာ‌ရေးရင်း စာ‌ကောင်း‌ပေ‌ကောင်း‌တွေ ထွက်‌လာမှာ မဟုတ်‌ဘူး။ အဆိုးမြင်‌စာ‌တွေဘဲ ထွက်‌လာမယ်‌ထင်‌တယ်‌။ ဒီ‌နေ့ တွတ်‌ပီ ကံမ‌ကောင်းဘူး ‌ခေါင်းစဉ်‌နဲ့ စာ‌ရေးရင်‌ ‌ကောင်းမလား လို့ စဉ်းစား‌နေတာ။ Pro အတွက်‌ စာကလည်းမ‌ရေးရ‌သေးဘူး‌လေ။ ‌ရေးရင်‌ အမှားပါမှာလည်း စိုးရိမ်‌မိတယ်‌။ ကိုင်း ‌ရေးပြီဗျာ။

FB_IMG_1524973561560.jpg

မ‌ဟော်‌ ကံမ‌ကောင်းတဲ့ အ‌ကြောင်း‌လေး ‌ပြောပြမယ်‌။ ကျွန်‌‌တော်‌‌ရေး‌သော အကြုံပြုစာ ‌ဆောင်းပါး ပြီးခဲ့တဲ့pro မှာ ‌ရေးခဲ့ပါတယ်‌။ ကျွန်‌‌တော့်‌တို့ steemit မှာ copy တို့ cheetech တို့ ဆိုရင်‌ လန့်‌စရာ ရွံစရာ ‌ကောင်းတဲ့ စကားလုံး‌တွေပါ။ အထူးသဖြင့်‌ MSC မှာ အမှားမခံပါဘူး။ ဖြစ်‌ပြီးမှ ဘွားခတ်‌လို့လည်းမရပါဘူး။ ဒါကို MSC member တိုင်းသိကြပါတယ်‌။ ဖြစ်‌စဉ်‌ကဒီလိုဗျ။ ကျွန်‌‌တော့်‌ရဲ့ postမှာ စီနီယာ အစ်‌ကိုတစ်‌‌ယောက်‌က လာမန့်‌သွားတာ။ တစ်‌ပုဒ်‌လုံးကူးချထားတယ်‌၊ ‌နောင်‌လာ‌နောင်‌သား‌တွေအတွက်‌ မ‌ကောင်းဘူး၊ ‌နောင်‌ဒါမျိုးမလုပ်‌ပါနဲ့၊ အစ်‌ကိုက သတိ‌ပေးတာပါ ဆိုပြီး cm မှာလာ‌ရေးသွားတာ။ ရှင်းရှင်း‌ပြောရရင်‌ မ‌ဟော်‌ မင်းဟာက copy လို့ ‌ဒဲ့ ‌ပြောလိုက်‌တာဘဲ။ အလုပ်‌ကမအား‌တော့ ကျွန်‌‌တော်‌ကလည်း မသိ‌သေးဘူး။ ‌နေ့ခင်း ၂ နာရီ ၃နာရီ‌လောက်‌မှ cm‌တွေကို reply ပြန်‌ဘို့ ဖတ်‌မှ‌တွေ့တာ။ ပထမတစ်‌‌ခေါက်‌ ဖတ်‌လိုက်‌တယ်‌ ဘာမှန်းမသိ‌သေးဘူး၊ ဒီcm က ဘာကိုဆိုလိုတာလဲ‌ပေါ့။ ‌နောက်‌တစ်‌ကြိမ်‌ထပ်‌ဖတ်‌တယ်‌၊ လူကို ပြာထွက်‌သွားတာဘဲ။ ငါ့ကို အလွတ်‌ကြီး‌ဆော်‌တာဟ ဆိုပြီး စိတ်‌တိုလွန်းလို့ လက်‌‌တောင်‌တုန်‌တယ်‌။ ငါ ဘာလုပ်‌သင့်‌လဲ လို့‌ခေါင်း‌အေး‌အေးထားပြီး စဉ်းစား စဉ်းစား မ‌ဟော်‌ဆိုပြီး ထပ်‌တလဲလဲ ‌မေး‌နေမိတယ်‌။ ကိုယ့်‌ကိုလာမန့်‌တာက စီနီယာ အစ်‌ကိုကြီး‌လေ၊သူကလည်း မပိုင်‌ဘဲ‌နေ‌တော့ မ‌ရေး‌လောက်‌ဘူး ၊‌နောက်‌ပြီး ကိုယ်‌နဲ့လည်း ငြိထားတာ မရှိဘူး။ ကိုယ်‌ကလည်း မမှားဘူးဆိုတာ ကိုယ်‌အသိဆုံး‌လေး။ ဒါမျိုးကမရှင်းလို့လဲ မရဘူး‌လေ။ အ‌ကောင်းဆုံး‌ဖြေရှင်းဘို့ စဉ်းစား‌တော့ slကို သတိရပြီး သူ့ကို‌ဖြေရှင်း‌ပေးဘို့ အကူအညီ ‌တောင်းလိုက်‌တယ်‌။ slက ‌တော်‌ရှာပါတယ်‌ ၊ချက်‌ချင်း‌ဖြေးရှင်း‌ပေးတယ်‌။ မကြာပါဘူး သတင်းပြန်‌ပို့‌ပေးတယ်‌ လူမှားမန့်‌မိတာတဲ့။ လာမန့်‌တဲ့ စီနီယာအစ်‌ကိုကလည်း သူ့cmကို ချက်‌ချင်းပြန်‌ဖျက်‌‌ပေးပြီး cmမှာ လာ‌တောင်းပန်‌သွားတယ်‌။ ပွဲလမ်းသဘင်‌‌တွေမှာ လူမှားရိုက်‌ခံရတာ ဟုတ်‌မှာဘဲလို့ ‌တွေးမိတယ်‌။

FB_IMG_1525762978699.jpg

မ‌ဟော်‌တို့ ကံ‌ကောင်းချက်‌က‌တော့ ‌နောက်‌တစ်‌ပတ်‌ လူမှားပြီး ထပ်‌ရိုက်‌ခံရတယ်‌။ ‌နောက်‌တစ်‌ပတ်‌ pro တင်‌ပြီး group chatမှာ ထပ်‌ရိုက်‌ခံရတာ။ ဒီတစ်‌ခါရိုက်‌ချက်‌က ပိုပြင်းတယ်‌။ စာ‌တောင်‌ မ‌ရေးနိုင်‌‌လောက်‌‌အောင်‌ ဖြစ်‌သွားတယ်‌။ ဒီတစ်‌ခါက စီနီယာ ဘဘကြီးက ဗျင်းတာ။ ဖြစ်‌စဉ်‌‌လေးကို ‌ပြောပြမယ်‌။ pro postတင်‌ပြီး botဘို့ လိုက်‌ကြည့်‌‌နေတဲ့အချိန်‌မှာ အစ်‌ကိုတစ်‌‌ယောက်‌က ဘယ်‌သူက ဘယ်‌လို‌ရေးတယ်‌ဆိုတာကို group chatမှာ ‌ပြော‌နေတယ်‌။ group မှာ မဝင်‌‌ပေမယ့်‌ အ‌ပေါ်မှာ စာ‌တွေကို မြင်‌‌နေရတယ်‌။ ကျွန်‌‌တော့်‌postအ‌ကြောင်း ‌ပြော‌နေတဲ့အချိန်‌မှာ ဘဘ က ‌ရောက်‌ချလာပြီး မ‌ဟော်‌ဆိုတာ ဘယ်‌သူလဲတဲ့။ sl နဲ့ တစ်‌ခြားသူ‌တွေက မ‌ဟော်‌ဆိုတာ ရှိတယ်‌။ ရှားကိုးဟာ မ‌ဟော်‌ပါ၊ က‌လေး‌လေး တရားထိုင်‌‌နေတာ သူပါလို့ ဝိုင်း‌ပြောကြ‌တော့ ဘဘက ‌ပြောလိုက်‌တယ်‌။ မ‌ဟော်‌က နှစ်‌ခွတဲ့။ slက ‌မေးတယ်‌။ ဘာကိုဆိုလိုတာလဲ‌ပေါ့။ သူက ဟိုဘက်‌အဖွဲ့လည်းဝင်‌တယ်‌ ဒီအဖွဲ့လည်းဝင်‌တယ်‌။ တစ်‌ချိန်‌တုန်းက MSCက ထုတ်‌ထားတာတဲ့။ SL က ထပ်‌‌မေး‌သေးတယ်‌ ဆရာ လူမှားတာ ဖြစ်‌‌နေပါဦးမယ်‌‌ပေါ့။ ထိုအချိန်‌မှာ ကိုယ်‌နဲ့ခင်‌မင်‌တဲ့သူက ထပ်‌ဝင်‌‌ပြောတယ်‌။ ဟုတ်‌တယ်‌ သူလည်းသိတယ်‌တဲ့။ ‌သေစမ်း နန္ဒိယ။ ထိုအချိန်‌မှာ အားလုံးက ထင်‌‌ယောင်‌ထင်‌မှား‌တွေ ဖြစ်‌ကြကုန်‌ပြီ။ အဲ့လိုချည်းလားတို့ ၊ဒါဆို ရှင်းရမှာဘဲတို့ ‌ပြော‌နေကြပြီ။ ထိုအချိန်‌မှာ ကျွန်‌‌တော်‌က လိုင်း‌ပေါ်မှာရှိတယ်‌။ တို့‌ပေမယ့်‌ group chatထဲ မဝင်‌‌သေးဘဲ အ‌ပေါ်စာတမ်းကလိုက်‌ဖတ်‌‌နေတာ။ မိတ်‌‌ဆွေတို့ ကျွန်‌‌တော့်‌‌နေရာမှာဆိုရင်‌ ဘယ်‌လိုခံစားရမလဲ။ ဒီလိုမျိုး ကိစ္စ‌တွေက ချက်‌ချင်းရှင်းမှ‌ကောင်းတာ‌လေ။ တစ်‌ခြားသူ‌တွေလည်းရှိတာကိုး။ ကျွန်‌‌တော်‌ group chatထဲလည်းဝင်‌‌ရော တရားခံစစ်‌နည်း စ စစ်‌ကြတာဘဲ။ MSဟွာ ကို သိလားတဲ့၊ MSC စည်းကမ်းကိုသိလားတဲ့ ၊‌နောက်‌ပြီး ဘဘ‌ကောသိလားတဲ့။ ‌ဆရာ‌ရေရှင်း‌ပေးပါဆို‌တော့ ဆရာဘဘက‌ပြောတယ်‌ လူမှားသွားတာ။ မ‌ဟော်‌နဲ့ MH မှားတာတဲ့။ sorryပါ ‌တောင်းပန်‌ပါတယ်‌‌ပေါ့။ ဆရာမှားတာကို လက်‌ခံပါတယ်‌။ လူက အများကြီး‌လေ ၊‌နောက်‌ပြီး နာမည်‌က ဆင်‌တယ်‌‌လေ။ မှားမှန်းသိ‌တော့ ချက်‌ချင်း‌တောင်းပန်‌တယ်‌။ ကျွန်‌‌တော်‌စိတ်‌ကွက်‌စရာ မရှိပါဘူး။ ဒါ‌ပေမယ့်‌ ‌လေ‌ယောင်‌လိုက်‌ပြီး ‌နောက်‌‌ကျောကိုဓားနဲ့ထိုးတာ‌တော့ ခံပြင်းတယ်‌။ ကျွန်‌‌တော်‌ စိတ်‌မ‌ကောင်းဘူး‌ပေါ့ဗျာ။

FB_IMG_1524970217208.jpg

ဘာတဲ့ သူလည်းသိတယ်‌တဲ့။ ခ‌လေးဆို‌တော့လည်းခက်‌သား။ အဓိက ‌ပြောချင်တာက ပြီးခဲ့တဲ့လမှာ မ‌ဟော်‌တို့ လူမှားပြီး နှစ်‌ခါရိုက်‌ခံခဲ့ရတယ်‌။ တွတ်‌ပီတို့ ကံမ‌ကောင်းဘူး‌ပေါ့ဗျာ။ ကျွန်‌‌တော်‌ဒီpostကို‌ရေးတာ အစ်‌ကို နဲ့ ဆရာကို စိတ်‌ဆိုးလို့ ‌ရေးတာမဟုတ်‌ပါ‌ကြောင်း အဓိက ‌ပြောချင်‌ပါတယ်‌။ ဖြစ်‌တတ်‌တာကို postတစ်‌ခုအ‌နေနဲ့ ‌ရေးလိုက်‌တာပါ။ ဟဲ ဟဲ လူမှားရိုက်‌မိ‌တော့ ပိုမှတ်‌မိတာ‌ပေါ့‌နော်‌။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။ ကျန်းမာ ချမ်းသာကြပါ‌စေ။

photo - facebook
MSC- 228
@mahaw

Sort:  

သူဘက်ကိုအများကြီးကြည့်ပြီး မိမိဘက်ကို နည်းနည်းဘဲကြည့်ပါ

ဟုတ်‌ကဲ့ပါဗျာ။

စိတ်မဆိုးပါနဲ့ ကိုမဟော်ရယ် အာ့ကမလေးက ရူးနာပါ😂😂ကိုမဟော် အမှားခံရတာပါလေ.. စိတ်မကောင်းဖိပါနဲ့လို့ အားပေးရင်း😌

စိတ်‌မဆိုးပါဘူး။‌ရေးစရာကြုံတုန်း‌ရေးလိုက်‌တာပါ။

အဲဒါ ဆန်းထတယ်လို့သဘောထားလိုက်ပေါ့ဗျာ။ခုဆို ကိုမဟော်ကို ဘယ်လိုလူဆိုတာသိသွားကြတော့ ကြော်ငြာပြီးသားရသွားတာပေါ့ဗျာ။

ကို‌ထွေး ‌ပြောသလိုဘဲ မှတ်‌ထားလိုက်‌ပါတယ်‌။ We are familyပါ ။ ‌တော်‌‌တော်‌‌တော့ အီသွားတယ်‌။ဘာ‌ပြော ‌ပြော cmမှာ ကို‌ထွေးကို မြင်‌ရ‌တော့ ‌ပျော်‌တယ်‌ဗျာ။တကယ်‌ပါ ‌ကျေးဇူး ကို‌ထွေး‌ရေ။

ဆရာ အဆင့်တွေက အဲ့လိုကြုံရတယ်ဗျ
အကို က ဆရာအဆင့်လေ

ကျွန်တော်တောင်ကြုံချင်တာ
ကြုံဘူးဗျ

ဟီး

မ‌နော ‌ပြောသလို မဟုတ်‌ရပါဘူးဗျာ။ ‌ကျေးဇူးဘဲ ညီ။

က​လေး ​လေးတရားထိုင်​​နေတယ်​​လေ..☺☺

‌တော်‌‌သေးတာ‌ပေါ့ တရားထိုင်‌‌နေလို့ ၊ဟဲ ဟဲ

ကိုမဟော်တို့ကံကောင်းချက်၂ခါတောင်မှားပြီးပြောခံရတယ်

အမှတ်‌တရ‌လေး‌ပေါ့ညီရာ။‌ကျေးဇူးပါညီ။

ဖြစ်​တတ်​ပါတယ်​ဗျာ...

ကိုယ်တောင် ဘာမှမသိလိုက်ရပါလား😆😆😆

နိ အိပ်နာကို😏

ဟဲ ဟဲ သိရင်‌ ဆွမ်းကြီးဝိုင်း‌လောင်း မလို့လား။

အင်း ဖြစ်တတ်ပါတယ်လေ

Cmလည်း ဒိထက်‌ တိုလို့မရဘူးလား ‌မောင်‌ ပြုံး။

ကံမ​ကောင်းခြင်း​တွေပြီးရင်​ကံ​ကောင်းတာ​တွေလာ​တော့မယ်​...😁

‌ကျေးဇူးပါ ညီမ‌ရေ၊အမှတ်‌တရအ‌နေနဲ့ ‌ရေးလိုက်‌တာပါ။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76