Meditation For Mindfulness (10)

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေတို့။ အကြောင်းအရာတစ်ခုကို ဖတ်တာဖြစ်ဖြစ် လေ့လာတာဖြစ်ဖြစ် နားလည်သွားအောင်တော့ လုပ်လိုက်ပါ။ ပြီးမှ လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ ကျွန်တော်တို့ လူငယ်တွေ သမထ နဲ့ ဝိပဿနာ မကွဲ တာကို အနည်းငယ် ရှင်းပြပါရစေ။ Meditation လုပ်တယ်၊ တရားထိုင်တယ်ဆိုတာ တကယ်တမ်းက နှစ်မျိုးရှိပါတယ်။ သမထအလုပ်လား ဝိပဿနာအလုပ်လားဆိုပြီး ရှိပါတယ်။ သမထကမ္မဌာန်းဆိုတာ အာရုံတစ်ခုထဲမှာ စိတ်ကိုတည်ငြိမ်အောင်ထားခြင်းကို ဆိုလိုပါတယ်။ မီးကသိုဏ်းတို့ မြေကသိုဏ်းတို့ကို မိတ်ဆွေတို့ ကြားဖူးမှာပါ။ အရာဝတ္ထု တစ်ခု အမှတ်အသားတစ်ခု ကို အချိန်တိုင်း ကြည့်နေတာ။ စိတ်ကို ထိုအာရုံတစ်ခုတည်းမှာဘဲ တည်ငြိမ်အောင်ထားရုံပါဘဲ။ သမထကမ္မဌာန်းက ၄၀ ရှိပါတယ်။ သမထနည်းတွေက တိတ်ဆိတ်ဖို့ အရေးကြီးတယ်။ အာရုံတစ်ခုတည်းပေါ်မှာ စိတ်ကိုထားနိုင်လေလေ သမာဓိအားကောင်းလေလေပါဘဲ။ ဈာန်လမ်းကိုသွားတာ ဒီကမ္မာန်းနည်းတွေပေါ့။

knowleddge 1.jpg

crd.org.source
ဝိပဿနာကိုရှင်းပြရရင် ဝိဆိုတာ အထူး ၊ ပဿနာဆိုတာက ရှူတာ ။ ဝိပဿနာဆိုတာက အထူးရှူတာပေါ့။ဘာကိုအထူးရှူတာလည်းဆိုတော့ ပြောင်းလဲမှုဖြစ်စဉ် ရုပ်နာပ်သဘာဝကို အထူးရှူတာကို ဆိုလိုခြင်းပါဘဲ။ ဥပမာက ကွေးတယ် ၊ဆန့်တယ် ၊ လှမ်း ၊ ကြွတယ် လို့ ဖြစ်စဉ်တွေကို လိုက်မှတ်နေတော့ စိတ်က တစ်နေရာတည်းမှာ ရှိပါ့မလား။ ထင်းရှားရာကို မှတ်ရတာဆိုတော့ စိတ်က တစ်နေရာတည်းမှာ ထားလို့မရပါဘူး။ သူ့ရဲ့အဓိက အလုပ်က ပြောင်းလဲမှု သဘောကို မြင်အောင်ကြည့်နိုင်ဘို့ဘဲ။ ဝေဒနာတစ်ခုခုခံစားနေရပြီဆိုလည်း ခံစားရတဲ့သဘောလေးကို မြင်အောင်ကြည့်ဘို့ပါဘဲ။ ဝိပဿနာမှာ အသိလေးထပ်ထည့်ပေးလိုက်တာ။ ဘယ်လိုသဘောလဲဆိုတဲ့ စူးစမ်းဉာဏ်လေးနဲ့ ထင်းရှားတဲ့ ရုပ်နာမ်သဘာဝကို လိုက်ကြည့်တာ။ မြင်သာအောင်ပြောရရင် ဝိပဿနာမှာ ဉာဏ်ပါလာပြီ။သမထမှာ က အာရုံတစ်ခုတည်း စိတ်ညိတွယ်ငြိမ်ဝပ်နေဘို့က သူ့ရဲ့အဓိက တာဝန်။ ဒါကြောင့် ဝိပဿနာက နေရာတိုင်းမှာ မှတ်လို့ရတယ်၊ ချက်ရင်းပြုတ်ရင်းလည်း လုပ်လို့တယ်။ သမထက ထိုလိုလုပ်လို့မရဘူး၊ တိတ်ဆိတ်တဲ့နေရာလိုတယ်၊ ဆူညံမှု ကင်းဘို့လိုတယ်။ စိတ်ကိုတစ်နေရာတည်းမှာ ထားတာနဲ့ ထင်းရှားရာ လိုက်မှတ်တာ ကို အဓိက ကွာဟချက်အဖြစ် မိတ်ဆွေတို့ မြင်ရမှာပါ။

images (4).jpeg

crd.org.source

ဝိပဿနာမှာ အဓိက လေးမျိုးင်္ခွဲထားတယ်။
ကာယာနုပဿနာ သတိပဌာန်
ဝေဒနာနုပဿနာ သတိပဌာန်
စိတ္တာနုပဿနာ သတိပဌာန်
ဓမ္မာနုပဿနာ သတိပဌာန်ဆိုပြီး ရှိပါတယ်။ ပြောရရင် အထူးသတိထားပြီး ရုပ်နာမ်သဘာဝကို စောင့်ကြည့်တဲ့သဘောပေါ့ဗျာ။ ကြည့်တဲ့နေရာမှာ သမာဓိကောင်းတော့ ပိုမြင်သာထင်သာ ရှိစေပါတယ်။ သမာဓိမကောင်းဘဲ ကြည့်နေရင် ပြောင်းလဲမှုဖြစ်စဉ်တွေကို မြင်ဘို့ခဲယဉ်းတာပေါ့။ မမြင်ဘဲနဲ့ လိုက်မှတ်ရတာ နည်းနည်းပင်ပန်းတာစေတယ်။ သမာဓိကောင်းတဲ့သူကြတော့ လိုက်ကြည့်ရုံဘဲဆိုတော့ ပိုလည်းမြင်တယ် သက်လည်းသက်သာတယ်။ ဒါကြောင့် ဝိပဿနာမှာ သမာထကိုထူထောင်ပြီးမှ ဝိပဿနာကို ပြောင်းတဲ့နည်းနဲ့ ဝိပဿနာကို တိုက်ရိုက်တန်းလုပ်တဲ့နည်းဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ အာနာပါနဟာ သမထကိုအရင်လုပ်ပြီးမှ ဝိပဿနာကို ကူးတဲ့နည်း ဖြစ်ပါတယ်။ထိုနည်းက သမာဓိမှန်ပြောင်းရအောင် အရင်လုပ်ရတယ်။ ဒါကြောင့် သမာဓိရဘို့ အချိန်ပေးရတယ်။သမာဓိမှန်ပြောင်းရရင် ဝိပဿနာကူးလို့ရပြီ။ အခြေခံသဘောတရားတွေကို တဖြည်းဖြည်း ကြိုးစားတင်ပြသွားပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

MSC- 228
@mahaw

Sort:  

You got a 1.51% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

ကျင့်ကြံအားထုတ်နိုင်ရင် အကောင်းဆုံးပါဘဲ

Posted using Partiko Android

ကြိုးစား ရမှာပေါ့ မတ်မတ်စုရေ။

အဓိက က​တော့ စိတ်​ကိုတည်​ညိမ်​နိုင်​မှ သမာဓိအား​ကောင်းမယ်​လို့ထင်​တယ်​ဗျာ့

မှန်ပါတယ်ဦးယု။ကျေးဇူးပါ။

တရားသဘောအကြောင်းအရာလေးတွေ တင်ပြပေးလို့ ကျေးဇူးပါ။

Posted using Partiko Android

သမာဓိ ​ကောင်းဖို့ စိတ်​ကို​လေ့ကျင့်​မှရမယ်​ထင်​တယ်

Posted using Partiko Android

ပထမဦးဆုံးအနေနဲ့ တရားအသိတွေကို အားလုံးသိအောင် ပြန်ပြီးမျှဝေပေးတာဟာ တရားအလှူ အမြတ်ဆုံးဒါနကို ပြုလုပ်နေခြင်းဖြစ်တာကြောင့် ဒီလို post မျိုး အရမ်းနှစ်သက်မိပါတယ်။
စာထဲမှာလည်း သမထ နဲ့ ဝိပဿနာ အကြောင်းကို တစ်ခုချင်းစီ အဓိပ္ပါယ်သိရှိစေရန် ရှင်းပြထားပြီး ထိုနှစ်ခု၏ကွာခြားပုံကို ပြောပြပေးထားတာ တိကျမှုရှိပြီး မှတ်သားစရာကောင်းလှပါတယ်ခင်ဗျာ။
ရေးသားထာသောစာသားများသည် စာဖတ်သူတွေအတွက် ပေးချင်သော message ကို လွယ်ကူပေါ်လွင်စွာ သိရှိနိုင်စေရန် စေတနာအပြည့်ထားပြီး ရေးသားထားသော ဟန်များတွေ့နေရပါတယ်အစ်ကို။ကောင်းမွန်လှသော post လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။

ပျော်ပြီ ဗျာ၊ ဒီcm တစ်ခုတည်းနဲ့ ညဘက် အိပ်ရေးပျက်ရကျိုးနပ်ပါပြီ။တွန်းအားတွေ ဖြစ်စေလို့ ကျေးဇူးအထူးပါ ကိုသန့်။လေးစား လျက်

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73