Meditation For Mindfulness (7)

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
အာနာပါနကမ္မဌာန်းနည်းနဲ့ပက်သက်ပြီး ဆရာတော်ကြီးတွေဟာ အဓိကmain point တွေရွေးထုတ်ပြီး သင်ကြားဟောပြောခဲ့ကြပါတယ်။
သတိမြဲစွာ ၊ ပထမာ၊ ဒု-မှာ တို-ရှည် သိ။
သုံးချက်သိမှာ၊ တတိယာ ၊ လေးမှာ ငြိမ်းစေဘိ။(ကန္နီဆရာတော်)
သတိမြဲရာ ၊ပထမာ ၊ ဒု -မှာ ရှည်- တို သိ၊
လုံးစုံလင်းရာ၊ တ - ၌သာ၊ စ- မှာ ငြိမ်းစေဘိ။ (လယ်တီဆရာတော်)
နံပါတ်တစ် သတိ
နံပါတ်နှစ် -ရှည်တာ တိုတာ သိလာတဲ့အသိဉာဏ် (ပညာ)
နံပါတ်သုံး- ကြိုးစားအားထုတ်မှုဆိုတဲ့ ဝီရိယ
နံပါတ်လေး- ဝင်လေထွက်လေအားလုံး သိမ်မွေ့စေတယ်ဆိုတဲ့ သမာဓိ (အရှင်နန္ဒမာလာဘိဝံသ - ပါချုပ်ဆရာတော်)

phatdan05.gif
crd.org.source

ဆရာတော်ကြီးတွေက လိုရင်းသဘောကို ထိမိအောင် အနှစ်ချုပ်လေးတွေနဲ့ ရှင်းပြဟောကြားခဲ့တာ တန်ဘိုးရှိလှပါတယ်။ အာနာပါအခြေခံလမ်းစဉ်ဟာ ထိုနည်းအတိုင်း ကျင့်ကြံအားထုတ်ရမှာပါ။
သုံးချက်သိမှာ တတိယာ
လုံးစုံလင်းရာ တ-၌သာ
နံပါတ်သုံး - ကြိုးစားအားထုတ်မှုဆိုတဲ့ ဝီရိယ
အထက်ပါသုံးချက်ကို တွဲပြီးရှင်းပြပါမယ်။
အာနာပါနတတိယအဆင့်ဖြစ်တဲ့ လုပ်ငန်းစဉ်မှာ ဝင်လေထွက်လေ အစ ၊ ဝင်လေထွက်လေ အလယ် ၊ ဝင်လေထွက်လေ အဆုံး ဆိုတဲ့ သုံးချက်လုံးကို အထူးဝီရိယစိုက်ပြီး သတိနဲ့ ရှူမှတ်ရမှာပါ။ ဒုတိယအဆင့်မှာ အရှည် အတို ၊ အနှေးအမြန် သိရုံ မှတ်ရပေမယ့် တတိယအဆင့်မှာတော့ ဝင်လေထွက်လေရဲ့ အစ အလယ် အဆုံး သုံးချက်လုံးကို သိမှတ်ပေးရမှာဖြစ်ပါတယ်။ ဆိုလိုတာက Process တစ်ခုလုံးကို ဝီရိယကောင်းကောင်း၊သတိကောင်းကောင်း ဖြင့်ရှူမှတ်ရမယ်။ လယ်တီဆရာတော် ပြောတဲ့ လုံးစုံလင်းရာ ၊ တ -၌ သာ ဆိုတာက ထိုအဆင့်ရောက်ရင် ဖြစ်လာမယ့်အခြေအနေကိုပြောတာ။ ပြောရမယ်ဆိုရင် လက်တွေ့ခံစားရတဲ့ အတွေ့အကြုံကို ဖော်ပြပေးခဲ့တာပါ။

new-my-photo.gif
crd.org.source

ပထမအဆင့် သတိမြဲရာ ပထမာ ၊ ဒုတိယအဆင့် ဒုမှာ ရှည်တိုသိ အဆင့်မှာကတည်းက အားထုတ်သူယောဂီဟာ သတိစွမ်းအားတွေ သမာဓိတွေကောင်းပြီး နိမိတ်ရခဲ့တယ်လို့ ရှေ့အပိုင်းတွေမှာ ကျွန်တော် ရေးသားခဲ့ပါတယ်။ နိမိတ်စွမ်းအားကောင်းလာလေလေ ၊နိမိတ် Level မြင့်လာလေလေ အာရုံထဲမှာ အလင်းစွမ်းအား မြင့်လာလေလေပါ။ ရှေ့အပိုင်းမှာ နိမိတ် ၃မျိုး ရှိတယ်လို့ ရေးသားခဲ့ပါတယ်။ တတိယအဆင့်ရောက်လာရင် နိမိတ်စွမ်းအားတွေ ၊သမာဓိစွမ်းအားတွေဟာ မြင့်သထက်မြင့်လာပြီး တရားအားထုတ်သူယောဂီဟာ မျက်စိမှိတ်ထားပေမယ့် တစ်ကိုယ်လုံးလင်းသလို ခံစားရပါတယ်။ ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက လုံးစုံလင်းရာ တ-၌ သာ လို့ ရေးစပ်ခဲ့ခြင်းဖြစ်ပါတယ်။
စတုတ္ထ အချက်ဖြစ်တဲ့ စ မှာ ငြိမ်းစေဘိ ၊ လေးမှာ ငြိမ်းစေဘိ ဆိုတာ သမာဓိအား ကောင်းလွန်းလို့ ငြိမ်သက်နေတာကို ဆိုလိုတာပါ။ တစ်ခြားကမ္မဌာန်းတွေက အဆင့်မြင့်လာလေလေ ပင်တိုင်အာရုံက ထင်းရှားလေလေပါ။ အာနာပါနရဲ့ထူးခြားမှုက ထိုကမ္မဌာန်းတွေအတိုင်းမဟုတ်ဘူး။ အဆင့်မြင့်လာလေလေ ညင်သာလေလေပါ။နောက်ဆုံး ဝင်လေထွက်လေ ရှူလို့ ရှူမှန်းမသိလောက်အောင် ညင်သာပျောက်ကွယ်နေတယ်။ အသက်မရှူဘူးလားလို့တောင် လန့်သွားတတ်တယ်တဲ့။ ပါချုပ်ဆရာတော်ကြီး ပြောသလို သမာဓိ အကောင်းဆုံးအချိန်၊ သမာဓိအကောင်းဆုံးအဆင့်လို့ သတ်မှတ်လိုက်တာပါ။ အာနာပါနရဲ့ အခြေခံလမ်းစဉ်က ဒါပါဘဲ။ တကယ်ဝီရိယရှိရှိ လုပ်ဖြစ်ဘို့ အရေးကြီးတယ်။ တော်ရုံသတိ တော်ရုံဝီရိယနဲ့တော့ အာနာပါနည်းဟာ မပေါက်မြောက်နိုင်ဘူး။ နည်းက လွယ်ပေမယ် သတိ ၊ဝီရိယ အားကောင်းဘို့ အရေးကြီးလှပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

68aff600b3e2ae647c8589b6ddd32335.gif

crd.org.source

ကျမ်းကိုး- အာနာပါနဿတိသုတ္တန် အနှစ်ချုပ်( အရှင်နန္ဒမာလာဘိဝံသ)
- ဒဿနပါရဂူကျမ်း (မြေဇင်းတောရဆရာတော်)

MSC-228
@mahaw

phatdan05.gif

Sort:  

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 3000 upvotes. Your next target is to reach 4000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Thank you very much.

You got a 1.15% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

ကောင်းပါတယ်​ဗျာ ဘာသာ​ရေး အသိ​တွေတိုး​စေပါတယ်

ကျေးဇူးပါဦးယု။

ဗဟုသုတရ​စေပါတယ်​...အမှန်​အတိုင်း​ပြောရရင်​တစ်​​ခေါက်​ဖတ်​လို့နားမလည်​နိုင်​ပါ...အဆုံးထိဖတ်​သွားပါတယ်​....

Posted using Partiko Android

ပင်တိုင်လုပ်ရမှာက သတိလေးမြဲရုံပါဘဲ ။ step by step က အလုပ်က တ ဖြည်းဖြည်း သင်သွားပါတယ် ။ကျေးဇူးပါညီမ။

ကောင်းပါတယ်

Posted using Partiko Android

တကယ့် အဖိုးတန်ပိုစ့်လေးမို့ သိမ်းထားလိုက်တယ် ကိုမဟော်ရေ...
မှတ်စုထဲမှာပါ မှတ်ထားလိုက်တယ်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28