Meditation For Mindfulness(9)

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေတို့။
ဝိပဿနာရဲ့ လိုရင်းအချုပ်က မမြဲခြင်း ၊ ဆင်းရဲခြင်း ၊ အစိုးမရခြင်းခေါ် အနိစ္စ ဒုက္ခ အနတ္တ တရားများကို ဆင်ခြင်နိုင်ဘို့။ ဒါပေမယ့် ဒီအတိုင်း တရားစထိုင်တဲ့သူက စ မှတ်လို့မရပါဘူး။ ယေဘူယျ အမှန်တရားအနေနဲ့ ခြုံငုံပြီး သိတဲ့အသိ ၊ လေ့လာဖတ်ထားသောအသိ  ၊ သင်ယူထားသောအသိကို သညာသိလို့ခေါ်ပါတယ်။ ထိုအသိလောက်နဲ့ ပညာဉာဏ်မထွက်ပါဘူး။ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်မှ ပညာဉာဏ် ထွက်ပေါ်မှာပါ။ ဟောတရားမှာတော့ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးလို့ ဟောထားပါတယ်။ ဖြစ်ပျက်ဆိုတာ လူသေတာကြည့်ပြီး ဖြစ်ပျက်လုပ်လို့မရပါဘူး။ ပစ္စည်းတစ်ခု လွတ်ကျကွဲသွားတာကို ဖြစ်ပျက်လို့ မှတ်ယူလို့မရပါဘူး။ အိမ်တွေမီးလောင်သွားတာ ၊သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးသွားတာတွေကို ဖြစ်ပျက် ဖြစ်ပျက်လို့ မှတ်ယူလို့မရပါဘူး။

images (3).jpeg

crd.org.source

တစ်ချို့က သက်ရှိသက်မဲ့တွေ ပြောင်းလဲမှု ဖြစ်စဉ်ကို အနိစ္စ ဒုက္ခ အနတ္တ လို့ဆိုဆိုပြီးလိုက်မှတ်ကြတယ်၊ ဖြစ်ပျက်လို့ တရားရှူကြတယ်။ ထိုအသိလောက်နဲ့ ခန္ဓာမှာ ဉာဏ်မပွင့်နိုင်ပါဘူး။ ရေထဲမှာ မမြင်နိုင်တဲ့ ပိုးမွှားအကောင်းလေးတွေ ၊အင်းဆက်သတ္တဝါတွေ အများကြီးရှိတယ်လို့ ဗဟုသုတအနေနဲ့ သိထားကြပါတယ်။ ဒါပေမယ့် ရေကို ဒီအတိုင်းဘဲသောက်နေကြတာများပါတယ်။ မျက်စိနဲ့မြင်လိုက်တဲ့ အမှုန်တို့ ပိုးလောက်လန်းတွေတွေ့ရင်တော့ သွန်လိုက်ကြပါတယ်။ ပြီးရင် နောက်တစ်ခွက်ခပ်တယ် ၊အမှုန်မပါတာဆိုရင် သောက်လိုက်တာပါဘဲ။ ကိုယ်တိုင် ပိုးလောက်လန်းတွေမမြင်ရင် သောက်တယ်၊ မြင်ရင် မသောက်ဘူး။ ရေကို အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင် ပိုးမွှားလေးသန်းနဲ့ချီရှိတာ မြင်ရပါတယ်။ ဟိုတစ်လောကဘဲ fbမှာ တွေ့လိုက်တယ်။ ရေတစ်စက်မှာ ပါတဲ့ ပိုးမွှားတွေကိုရိုက်ပြထားတာ အများကြီးဘဲ။ တကယ်မြင်ရင် တကယ်ရွံပါတယ်။ ကိုယ်တိုင်မြင်ရင် မသောက်ချင်ပါဘူး။ Meditationလုပ်တယ်ဆိုတာဟာ အနုကြည့်မှန်ပြောင်း ဖြစ်အောင် လေ့ကျင့်တဲ့သဘောပါ။ အပြင်ကို အသေးစိပ်မြင်ရအောင် အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရသလို ကိုယ်ခန္ဓာအတွင်းကို သမာဓိမှန်ပြောင်းနဲ့ ကြည့်ရသလိုပါဘဲ။ ဒါကြောင့် တရားစမှတ်သူဟာ သမာဓိရအောင် အရင်လုပ်ရခြင်းပါ။

FB_IMG_1437884403192.jpg

crd.org.source

ချက်ချင်းကြီး အဖြစ်တို့ အပျက်တို့ မမြင်ဘဲနဲ့ လိုက်မှတ်နေတော့ မထိရောက်သလိုဖြစ်တာပေါ့။သမာဓိဖြစ်အောင် စိတ်ကို အာရုံတစ်ခုထဲမှာဘဲ ငြိမ်အောင်ထားရုံပါဘဲ။ ဘာအတွေးမှ ပါစရာမလိုသလို ဉာဏ်နဲ့လည်းလိုက်ဆင်ခြင်စရာမလိုသေးပါဘူး။ သမာဓိအား ကောင်းလာရင်ကောင်းလာသလို ကြည့်နိုင့်တဲ့ မြင်နိုင်တဲ့ မှန်ပြောင်းပါဝါ တိုးလာပါတယ်။ နောက်ပြီး သမာဓိဟာ နားနဲ့တူသလို မျက်လုံးနဲ့လည်းတူပါတယ်။ သမာဓိအားကောင်းလာရင် မိုင်ပေါင်းများစွာဝေးကွာလည်း ကြားနိုင်သလို မြင်လည်းမြင်နိုင်ပါတယ်။ လူဆိုတဲ့ အမျိုးက တကယ်သိရင် တကယ်ကြောက်ပါတယ်။ ကိုယ်တွေ့မမြင်သေးလို့ပါ။ သမာဓိကောင်းလာရင်ဲမိမိခန္ဓာကိုယ်ကို အာရုံညွှတ်လိုက်တာ တစ်ဖွဲဖွဲပျက်နေတာ မမြင်ချင်မှအဆုံး။ ဒါကြောင့် မြစိမ်းတောင်ဆရာတော်က သမာဓိအားကောင်းလာရင် မှတ်စရာသိပ်မလိုတော့ဘဲ ကြည်ရုံ ကြည့်နေရမှာလို့ ဟောထားတာပါ။ ခန္ဓာမှာ ဖြစ်ပျက်နေတာတွေကို မှတ်နေစရာမလိုအောင် မြင်နေရပါတယ်။ တစ်ချို့ဆို သဲကမ်းပါးကြီး ပြိုကျသလို ခန္ဓာကိုယ်ကြီး ပြိုကျသလိုမြင်နေရလို့ ထပြေးတာတွေရှိတယ်တဲ့။ ရုပ်နာမ်ဖြစ်ပျက်တွေ မြင်၊ ပြီးတော့ ကြောက်လာ ၊ ပြီးတော့ မုန်းလာ၊ ဖြစ်ပျက်ဆုံးလာ တာတွေဟာ ဟော စဉ် တရားသာ ကြာပေမယ့် မြင်တဲ့အချိန်မှာ အခိုက်အတန့်အတွင်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘက်က သမာဓိကောင်းကောင်းနဲ့ ကြည့်နေရုံဘဲ။ ခန္ဓာကိုယ်ကြီး တစ်ဖွဲဖွဲ ပျက်နေတာမြင်ပါများတော့ ဘုရားဟောတဲ့ မမြဲခြင်း ဆင်းရဲခြင်း ကိုယ်မပိုင်ခြင်းတွေဆိုတာ ဟုတ်ပါလားဆိုတာ ကိုယ်တိုင်သိမြင်ယုံကြည်လာပါတယ်။ စစ်ပွဲတွေမှာ လူသေတွေမြင်တာလောက်နဲ့ ပညာသိ မဖြစ်ပါဘူး။ တရားထိုင်တယ်ဆိုတာ ဖြစ်စဉ်ကို ချုံကြည့်တဲ့သဘောမျိုးပေါ့။ Focus ဆွဲပြီး သေသေချာချာ မြင်အောင်ကြည့်တဲ့သဘောပေါ့။ မနေ့က ကိုယ်ပိုင်လက္ခဏာတွေ အများဆိုင် လက္ခဏာတွေ ထည့်ပြောလိုက်တော့ ပိုရှုပ်သွားတယ်ထင်တယ်။ သဘောတရားက အတူတူပါဘဲ။ ဒီနေ့ ဒီလောက်နဲ့တင်ပြရင်း နိဂုံးချုပ်ပါရစေ။

MSC-228
@mahaw

Sort:  

You got a 1.08% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

အဆုံးထိဖတ်​ခဲ့ပြီးဗဟုသုတအသိတိုးတယ်​လို့​ပြောပါရ​စေ....

Posted using Partiko Android

ကျေးဇူးပါညီမရေ။

ဝင်လေ ထွက်လေ မှတ်နေရတုန်းပါဗျာ

ထိုအဆင့်လုပ်နိုင်ရင်ကို ကောင်းလှပါပြီ။

ရေထဲကပိုးဒေ ကြည့်ချင်ဘု မြင်သွားရင် ရေသောက်တိုင်း စိတ်မချမ်းသာ ဖစ်နေမာ ။

မ မြင်တော့ သောက်ရတာ အဆင်ေ ပြတာပေါ့ ကိုဒိုမီရေ။

တောထွက်​ခြင်​စိတ်​​တောင်​​ပေါက်​လာပြီဗျာ့

လုပ်ပါနဲ့ ဦးယုရယ်။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11