နွားရှစ်‌‌ကောင်‌တန်‌တဲ့မိန်းမ

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ စာ‌ရေးရမယ့်‌ အချိန်‌‌တော့‌ရောက်‌ပြီ။ ‌‌ရေးစရာ‌တော့ ရှိ‌သေးဘူး။ ‌ရေး‌တော့‌ရေး‌နေပြီ။ ‌ရေးရင်း‌ပေါ်လာမယ်‌လို့ထင်‌တာဘဲ။ ‌ခေါင်းစဉ်‌ရှာမရလို့ စဉ်းစား‌နေရင်‌ ပိုဆိုးလိမ့်‌မယ်‌။ အခုတစ်‌‌လော ကိုဟိန်းကြီးက အလွမ်းရသ‌တွေ တယ်‌‌ရေးသကိုး။ မ‌ဟေသီ‌တွေ့သွားရင်‌‌တော့ ဗိုက်‌‌ကြော‌တော့ ပြတ်‌‌တော့မှာဘဲ။ ဦးစိုးကြီးက လူပျိုကြီး အပျိုကြီး‌တွေကို သွားကလိ‌နေပြီ။ဟုတ်‌ပြီဗျ ‌ရေးစရာ‌ခေါင်းစဉ်‌‌တွေ့ပြီ။

download (2).jpeg

crd.org.source

တို့ MSCက ညီအစ်‌ကို‌တွေ အိမ်‌‌ထောင်‌ပြုရင်‌ ၊မင်္ဂလာပွဲကျင်းပရင်‌ ဖိတ်‌ကြပါ‌နော်‌။ လာ ဖြစ်‌‌အောင်‌လာပါ့မယ်‌။ တစ်‌ခြားမိတ်‌‌ဆွေညီအစ်‌ကို‌မောင်‌နှမ‌တွေနဲ့လည်း‌တွေ့ရတာ‌ပေါ့။ အငယ်‌‌တွေ‌တော်‌‌တော်‌များများက‌တော့ လူပျို အပျို‌တွေများမယ်‌ထင်‌ပါတယ်‌။ မကြာမှီ သီတင်းကျွတ်‌‌တော့မယ်‌။ ဘယ်‌လိုလဲ မယ်‌ကြည်‌တို့။ တို့MSC ညီအစ်‌ကို‌တွေက ရှယ်‌လက်‌ဖွဲ့မှာ‌နော်‌။ ‌ကျောင်းသူ ‌ကျောင်းသား‌တွေက‌တော့ မယူ‌သေးနဲ့ဦး။ ‌ကျောင်းပြီး‌အောင်‌လုပ်‌၊ပြီးရင်‌မိဘကိုလုပ်‌‌ကျွေးပြီးမှစဉ်းစားပါ။ အိမ်‌‌ထောင်‌ပြု ဘုရားတည်‌ ‌ဆေးမင်‌ရည်‌စုတ်‌ထိုး။ ထိုသုံးမျိုးကို မပြုလုပ်‌ခင်‌က ‌သေချာစွာ စဉ်းစားသင့်‌ပါတယ်‌။ အိမ်‌‌ထောင်‌ပြုတာနဲ့ပက်‌သက်‌ပြီး ငယ်‌ငယ်‌က အ‌ဖေ‌ပြောခဲ့တဲ့ နွားရှစ်‌‌ကောင်‌တန်‌တဲ့မိန်းမ အ‌ကြောင်းကိုသတိရမိတယ်‌။ နည်းနည်း‌ပြောပြမယ်‌‌နော်‌။ မစုလည်း cmမှာ‌မေးထားတာကို ‌ဖြေရင်း‌ပေါ့။

IMG_20180914_064049.png

crd.org.source

ဟိုတုန်းကရွာတစ်‌ရွာ သားတစ်‌‌ယောက်‌က သူ့အ‌ဖေကို‌ပြောတယ်‌။ သူ့ကိုမိန်းမ‌တောင်း‌ပေးပါတဲ့။ သားလိုချင်‌ရင်‌ အ‌ဖေ‌တောင်း‌ပေးမှာ‌ပေါ့လို့ ကတိ‌ပေးလိုက်‌တယ်‌။ ထိုနယ်‌တစ်‌ဝိုက်‌ရဲ့ ဓ‌လေ့ထုံးစံက သမီးမိန်းခ‌လေးကို တင်‌‌တောင်းရင်‌ နွား တစ်‌‌ကောင်‌ဖြစ်‌ဖြစ်‌ နှစ်‌‌ကောင်‌ဖြစ်‌ဖြစ်‌ တင်‌‌တောင်းကြတယ်‌။ ထိုဦး‌လေးကြီးက သူ့သားသတိုးသမီး‌လောင်းကို နွားရှစ်‌‌ကောင်‌‌တောင်‌ တင်‌‌တောင်းသတဲ့။ ထိုနယ်‌တစ်‌ဝိုက်‌ သတင်းကြီးသွားတာ‌ပေါ့။ ဘာဖြစ်‌လို့ ဒီ‌လောက်‌‌တောင်‌တန်‌ဘိုးကြီးရတာလဲ‌ပေါ့။ ရွာနီးချုပ်‌စပ်‌က သတိုးသမီးကို လာကြည့်‌တဲ့အထိဘဲတဲ့။ နွားရှစ်‌‌ကောင်‌‌တောင်‌ တန်‌သတဲ့ဆိုပြီး လာကြည့်‌ကြတယ်‌။ သတိုးသားဖခင်‌က ဘာပြန်‌‌ပြောလဲဆို‌တော့ အိမ်‌မှုကိစ္စကို နိုင်‌နင်း‌ကြောင်း၊ လင်‌‌ယောင်္ကျားကိုလည်း ချစ်‌ခင်‌ပြီးရို‌သေ‌လေးစား‌ကြောင်း၊ ‌ယောက္ခမကိုလည်းမိဘတဖွယ်‌ ဂရုစိုက်‌‌ကြောင်း၊ ဘာသာတရားလည်းကိုင်းရိုင်း‌ကြောင်း၊စသဖြင့်‌ သတိုးသမီး‌ကောင်း‌ကြောင်း‌တွေကို သတိုးသမီး‌ရှေမှာဘဲ ပရိတ်‌သတ်‌‌တွေကို ရှင်းပြ‌တယ်‌။ တကယ်‌လည်း ထိုနွားရှစ်‌‌ကောင်‌တန်‌တဲ့သတိုးသမီးဟာ ထိုအရည်‌အချင်း‌တွေနဲ့ပြည့်‌စုံတဲ့အိမ်‌‌ထောင်‌ရှင်‌မ ဖြစ်‌လာတယ်‌တဲ့။ အ‌ဖေက ကျွန်‌‌တော့်‌ကို‌မေးတယ်‌။ သား နွားရှစ်‌‌ကောင်‌တန်‌တဲ့ မိန်းမကို လိုချင်‌ရင်‌ ဘာလုပ်‌ရမယ်‌ထင်‌လဲတဲ့။ ထိုပုံပြင်‌‌လေးက ဘာကိုဆိုလိုချင်‌တာလဲဆိုတာ မိတ်‌‌ဆွေဘာသာ စဉ်းစား‌စေချင်‌တယ်‌။ ညီငယ်‌ ညီမငယ်‌တို့ကိုလည်း ‌ဒီပုံပြင်‌ကို ‌လေး‌လေးနက်‌နက်‌ စဉ်းစား‌စေချင်‌တယ်‌။
ကိုင်း မိတ်‌‌ဆွေတို့ လင်‌‌ကောင်းသား‌ကောင်း၊ ဇနီး‌ကောင်းမယား‌ကောင်းရဘို့ သိပ်‌မခက်‌ခဲပါဘူး။အခု‌ခေတ်‌စကားနဲ့‌ပြောရရင်‌ ဝမ်း ကလစ်‌ပါဘဲဗျာ။ အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။

MSC- 228
@mahaw

Sort:  

နွားရှစ်ကောင်တန်တဲ့ ယောက်ျား ☺

ဟင်‌!

ဟုတယ် နွားရှစ်ကောင်မက ရုန်းရတယ်လေ ဟီး

ဟုတ် မှတ်ထားပါ့မယ်😁

Posted using Partiko Android

‌သေ‌သေ ချာချာမှတ်‌။

တန်ဖိုးထားတတ်မှ တန်ဖိုးရှိတဲ့အရာ ဖြစ်လာမယ်

Posted using Partiko Android

သိပ်‌မှန်‌တဲ့စကား‌ပေါ့ဗျာ။

ဟုတ်ပ။အိမ်ထောင်ပြုမယ်ဆို စဉ်းစားမှ တော်ရာကြမည်
Posted using Partiko Android

Posted using Partiko Android

ဟုတ်‌ကဲ့အစ်‌ကို ၊‌ကျေးဇူးပါ‌နော်‌။

ကောင်းပါတယ်​...ပုံပြင်​ဖတ်​ပြီး​လေး​လေးနက်​နက်​စဉ်းစား​တွေး​တောဖို့လည်း​ပေးထားခဲ့တယ်​....

Posted using Partiko Android

အသိတစ်‌ခုတိုးရင်‌ ‌ကျေနပ်‌ပါတယ်‌ညီမ။‌ကျေးဇူး။

တင်ပြပုံလေး ကြိုက်ပါတယ်။ကယ်...သီတင်းကျွတ်အတွက် စဉ်းစားစရာလေး အလုပ်ပေးသွားပြီဗျာ။

‌ကျေးဇူးပါကိုသန့်‌‌ရေ။

ဟုပ်​မှတ်​သားထားပြီးလိုက်​နာ ကျင့်​သုံးပါ့မယ်​ဗျာ့ အဟီး

‌နောက်‌တစ်‌‌ယောက်‌ လိုချင်‌တယ်‌‌ပေါ့။

ဝမ်းကလစ်ပြီး ဗုတ်ခဲ့ပါတယ်လို့
နွားရှစ်ကောင်တန်တဲ့သူကြီး တွေ့စမ်းချင်ပ

ထပ်‌‌တွေ့ချင်‌‌သေးတယ်‌လို့ ဆိုလိုချင်‌တာလားဥိး။

ခင်ပွန်းယောက်ျားက ပိုတန်ဖိုးထားမှ ဇနီးမယားက ပိုတန်ဖိုးမြင့်လာတာပါ ကိုမဟော်ရေ တကယ်မှတ်သားလိုက်နာသင့်တဲ့ ပုံပြင်လေးပါ

Posted using Partiko Android

အဓိက လိုရင်းကို ညီမ ‌ပြောလိုက်‌တာပါဘဲ။ ‌တော်‌တယ်‌ ညီမ။

နွားရှစ်​​ကောင်​တန်​တဲ့အမျိုးသမီး ကျွန်​​တော်လည်းသွားကြည့်​ချင်​မိသား

ကိုယ်‌တိုင်‌ ယူလို့ရပါတယ်‌ ကို‌အောင်‌ကြီးရယ်‌။

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71