‌‌စိတ်‌ချမ်းသာပါ‌စေ

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
မ‌နေ့က ကိုဒွန့်‌post‌လေးဖတ်‌ပြီး ‌တော်‌‌တော်‌သ‌ဘောကျမိတယ်‌။ လူဆိုတာ အဓိက က စိတ်‌ချမ်းသာစွာ‌နေတတ်‌ဘို့ပါ။ ထိုအချက်‌ကို ‌ပေါ်လွင်‌‌အောင်‌ လွယ်‌ကူတဲ့နည်းလမ်း‌တွေနဲ့ ရှင်းပြခဲ့တယ်‌။ စိတ်‌ခံစားမှု စိတ်‌ဆင်းရဲမှု‌တွေကို လိုသလိုထိန်း‌ကျောင်း အစားထိုးတတ်‌ဘို့တိုက်‌တွန်းသွားတာ သိပ်‌‌ကောင်းတယ်‌။

images (6).jpeg

crd.org.source

‌နောက်‌ ဦးမင်းpostကိုဖတ်‌ရ‌တော့ စိတ်‌မ‌ကောင်းဖြစ်‌မိတယ်‌။ ဦး‌တော်‌‌တော်‌စိတ်‌ညစ်‌‌နေတဲ့ပုံ။ အားမလိုအားမ ဖြစ်‌‌နေတယ်‌။ အဓိက ပြဿနာဖြစ်‌‌နေတာက သူဘာလုပ်‌လုပ်‌ မကြည်‌တဲ့သူ‌တွေရှိ‌နေတယ်‌၊ အ‌ကောင်းမမြင်‌တဲ့သူ‌တွေရှိ‌နေတယ်‌လို့ ခံစား‌‌နေရပုံဘဲ။ စိတ်‌ခံစားမှု‌တွေကို စာသား‌တွေ cm‌တွေမှာ မြင်‌‌နေရတယ်‌။ ‌လော‌လောဆယ်‌ ဒီကိစ္စကို မ‌ဖြေရှင်းခင်‌ အ‌ပေါ်မှာ ပြခဲ့တဲ့ ကိုဒွန့်‌နည်းလမ်း‌လေးနဲ့ စိတ်‌အ‌နှောက်‌အယှက်‌‌တွေကို ခါချပြစ်‌လိုက်‌ပါဦး‌ရေ။ ကျွန်‌‌တော်‌တို့ လုပ်‌‌နေတာသည်‌ စိတ်‌ချမ်းသာစွာ လုပ်‌ကိုင်‌‌နေတာဘဲဖြစ်‌သင့်‌ပါတယ်‌။ ပြဿနာတစ်‌ခုကို အကြီး ကြီးလို့ သတ်‌မှတ်‌ရင်‌ အကြီးကြီး ဖြစ်‌သလို အ‌သေးအမွှားလို့ သတ်‌မှတ်‌ရင်‌ အ‌သေးအမွှားပါ။ စိတ်‌ခံစားမှုက ကိုယ့်‌အ‌ပေါ်မှာဘဲမူတည်‌ပါတယ်‌။ ဦးဖြစ်‌‌နေတဲ့ အားမလိုအားမရ ပြဿနာကို ကျွန်‌‌တော်‌ တစ်‌ခုခြင်းရှင်းပြပါ့မယ်‌။တစ်‌ခြားသူ‌တွေလည်းသိသွားတာ‌ပေါ့။

idea-plan-action.jpg

crd.org.source

ကျွန်‌‌တော်‌တို့ MSC မှာ အနာဂတ်‌ အစီအစဉ်‌‌တွေ ‌ရှေ့လုပ်‌မယ့်လုပ်‌ငန်းစဉ်‌‌တွေ အများကြီးရှိပါတယ်‌။ ဘာ‌ကြောင့်‌ ချမပြတာလည်း ဆို‌တော့ ‌လော‌လောဆယ်‌ မလိုအပ်‌‌သေးလို့ပါ။ မ‌လောပါနဲ့ဦး။ လာမှာပါ။ အခုလက်‌ရှိအ‌ခြေအ‌နေက plan တစ်‌ခု စီမံကိန်းတစ်‌ခုကို လုပ်‌‌ဆောင်‌ဘို့ အ‌ခြေအ‌နေ မသာ‌သေးလို့ပါ။ လိုရင်း‌ပြောရရင်‌ လုပ်‌‌ဆောင်‌ဘို့ လူ့စွမ်းအားအရင်းအမြစ်‌လိုတယ်‌‌သေးတယ်‌။နည်းပညာ၊အဖွဲ့member ‌တွေကို စွမ်း‌ဆောင်‌ရည်‌ မြှင်‌တင်‌မယ့်‌ အစီအစဉ်‌‌တွေ လုပ်‌‌ဆောင်‌ဘို့ အစီအစဉ်‌‌ပေါင်းများစွာရှိပါတယ်‌။ ဥပမာ e လိုတင်‌ ရင်‌ဘယ်‌လိုဆုချမယ်‌ ဘယ်‌လိုအခွင့်‌အ‌ရေး ‌ပေးမယ်‌ဆိုတာကအစရှိပါတယ်‌။ ဦးတို့အမြဲ‌ပြော‌ပြော ‌နေတဲ့ spတိုး‌စေတဲ့တစ်‌ခြားအခွင့်‌အလမ်း‌တွေကို ‌ဖော်‌ထုတ်‌ဘို့ ပြိုင်‌ပွဲ‌တွေ ၊Promotion ‌တွေ လုပ်‌ဘို့ planရှိပြီးသားပါ။ ‌ဘာ‌ကြောင့်‌ ‌လော‌လောဆယ်‌ ချမပြ‌သေးတာ အ‌ကောင်‌အထည်‌မ‌ဖော်‌‌သေးတာကို ဦးနားလည်‌‌လောက်‌ပါပြီ။ အခုက proတင်‌တာ‌တောင်‌ ၁၀‌ယောက်‌‌ကျော်‌ဘဲရှိ‌နေတာ လုပ်‌ချင်‌တိုင်းလုပ်‌လို့မရ‌သေးဘူး‌လေ။ အချိန်‌အခါ‌စောင့်‌သင့်‌ရင်‌ ‌စောင့်‌ရမှာပါ။

Screen Shot 2556-08-18 at 11.11.12 AM.png

crd.org.source

ကျွန်‌‌တော်‌တို့ လုပ်‌စရာရှိတာကို ကိုဟင်‌ဦး‌ဆောင်‌ပြီးတစ်‌ဆင့်‌ချင်းလုပ်‌‌ဆောင်‌‌နေပါတယ်‌။ ယခုလည်း လုပ်‌ဆဲပါ။ လာမယ်‌လမှာ steemit ကို လူ‌တွေစိတ်‌ဝင်‌စားလာ‌အောင်‌ ရှိတဲ့member‌တွေ ပိုactiveဖြစ်‌လာ‌အောင်‌၊ လက်‌ရှိအ‌ခြေအ‌နေမှာ အလုပ်‌သင့်‌ဆုံး planတစ်‌ခုကို လုပ်‌ဘို့ ပြိုင်‌ပွဲတစ်‌ခုကျင်းပမှာပါ။ တစ်‌ဆင့်‌ချင်းသွား‌နေပါတယ်‌ဦး၊ မ‌လောပါနဲ့။ ဖြစ်‌‌စေချင်‌တာ‌တွေ လုပ်‌ကိုင်‌နိုင်‌မယ့်‌ planရဲ့ကိုင်းအလက်‌အလက်‌‌တွေကို ဦးစွာ ရှာရဦးမှာပါ။အထူးသဖြင့်‌ ဦးတို့ ကို‌စောတို့လို ထူးချွန်‌တဲ့သူမျိုး‌တွေအများကြီး ‌ဖော်‌ထုတ်‌ရဦးမှာ။ အခုဘဲကြည့်‌‌လေ ဦးမင်း ဦး‌ဆောင်‌ပြီး ‌ဆော်‌‌အောတာ လိုက်‌ပါတဲ့သူ ဘယ်‌နှစ်‌‌ယောက်‌ရှိလို့လဲ။ ဒါ‌ကြောင့်‌အ‌ရေးကြီးတာကို ပိုဦးစား‌ပေးလုပ်‌‌နေရခြင်းပါ။ spတိုး‌စေတဲ့အခွင့်‌အလမ်းက ကိုယ့်‌သ‌ဘောနဲ့ကိုယ်‌ ရှာ‌ဖွေလို့လည်းရပါတယ်‌။ MSC က ဘာမှကန့်‌သတ်‌မထားပါဘူး။ ချမှတ်‌ထားတဲ့စည်းကမ်း‌လေး မငြိရင်‌ ရှာချင်‌သ‌လောက်‌ရှာခွင့်‌ရှိပါတယ်‌။ ထိုလို အဖိုးတန်‌member‌တွေကို ပိုလို့‌တောင်‌ ‌မျှော်‌လင့်‌ပါတယ်‌။ ပြိုင်‌ပွဲသ‌ဘောမျိုး ‌ဖော်‌ထုတ်‌ဖို့လည်းရှိပါတယ်‌။ တစ်‌ခု‌တော့ ရှိတယ်‌။ ‌မြောက်‌များလှစွာ‌သော နည်းလမ်း‌တွေရှိတဲ့အတွက်‌ MSC ဟာ ကိုယ်‌ပိုင်‌နည်းလမ်း‌တွေနဲ့ဘဲ ‌ဖော်‌ထုတ်‌သွားမှာပါ။ ကိုယ့်‌member ‌တွေရဲ့ စွမ်း‌ဆောင်‌ရည်‌‌တွေနဲ့ ‌ရှေဆက်‌‌ဖော်‌ထုတ်‌လုပ်‌‌ဆောင်‌မှာပါ။ အဖွဲ့အစည်းတစ်‌ခုရဲ့ အသက်‌ဟာ ကိုယ်‌ပိုင်‌မူရှိဘို့လိုတယ်‌။ ဒါကို မပူ‌ပေါင်းလို့ သ‌ဘောထား‌သေးသိမ်‌တယ်‌လို့ မမြင်‌‌စေချင်‌ပါဘူး။ တစ်‌ခြားပူး‌ပေါင်းမယ့်‌ လုပ်‌ရပ်‌ ‌တွေရှိ‌ပါတယ်‌ ၊ဘယ်‌မြန်‌မာမဆို ကျွန်‌‌တော်‌တို့ voteပါတယ်‌။ ကူညီခြင်းပူး‌ပေါင်းခြင်းကို ဘာမှကန့်‌သတ်‌မထားပါဘူး၊ planပိုင်းမှာကြ စည်းရှိဘို့ လိုလို့ပါ။ ဒီ‌လောက်‌ ကျွန်‌‌တော်‌ရှင်းပြထားရင်‌ ဦး နားလည်‌မယ်‌ထင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့က ဘယ်‌သူ့ကိုမှ မျက်‌မှန်‌စိမ်းနဲ့ မကြည့်‌ပါဘူး။ နည်းပညာပိုင်း ‌ဖော်‌ထုတ်‌မှုပိုင်းကို သူ့စည်းကိုယ့်‌စည်းထားတဲ့သ‌ဘောပါ။ ကျန်‌တဲ့လုပ်‌ရပ်‌‌တွေမှာ အားလုံးဟာညီအစ်‌ကို‌တွေချည်‌ပါဘဲဦး‌ရေ။ဦးမင်း စိတ်‌ချမ်းသာပါ‌စေလို့ ဆု‌တောင်းရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

စေတနာတွေ မြင်နေရပါတယ် ကွီးမဟော်😁

Posted using Partiko Android

‌ကျေးဇူးပါ မတ်‌မတ်‌ကြည်‌‌ရေ။

စိတ်ချမ်းသာဖို့ဆိုတာ မိမိရဲ့စိတ်သဘောထားကို ကောင်းသောအဓိပ္ပာယ်ပေးတတ်ရမည်

Posted using Partiko Android

စိတ်ချမ်းသာဖို့ အရေးကြီးဆုံးမို့ ပြည့်ချင်ပါသည်

Posted using Partiko Android

ပြည့်‌ရပါ‌စေမယ်‌ကိုဟိန်း‌ရေ။

စိတ်​ချမ်းသာဖို့ကို စိတ်​နဲ့ဘဲ ပြန်​ကုစားရပါတယ်

ဟုတ်‌ကဲ့ပါဦးယု။

မဟော်ရေ ငါ့စာကြောင့်စိတ်ညစ်ရတယ်ဆိုတောင်း ပန်ပါတယ်၊ ဒါပေမယ့် မဟော်လိုမျိုး ငါ့စေတနာကိုနားလည်ကြရင်ဘာမှရေးနေစရာမလိုပါဘူး၊ သို့မဟုတ်ဘာမှမပြောလည်း ပြဿနာမရှိပါဘူး၊ ဒီလူနည်းနည်းလေးမှာဘယ်သူဘာဟလိုက်ရင် ဘာကိုဆိုလိုသလည်းတော့ သိတာပါပေါ့နော်။ အစီအစဉ်တွေရှိတယ် ချမပြသေးတာ ဆိုတာကတော့ နားလည်ဖို့ခက်ပါတယ်၊

Posted using Partiko Android

မ‌လောပါနဲ့ဦးရယ်‌လာမှာပါ၊

အခုဘဲကြည့်‌‌လေ ဦးမင်း ဦး‌ဆောင်‌ပြီး ‌ဆော်‌‌အောတာ လိုက်‌ပါတဲ့သူ ဘယ်‌နှစ်‌‌ယောက်‌ရှိလို့လဲ။လို့ပြောတယ်နော်၊ ခု partiko သုံးတဲ့သူတွေ၊ ခု kryptonia သုံးတဲ့သူတွေ ရှိလာတာ ဘယ်သူ့ကြောင့်လည်း steemhunt နဲ့ actifit ကတော့ ဘယ်သူဆော်သည်ဖြစ်စေလုပ်ကြမှာမဟုတ်ဘူး၊ english ဆိုတော့ ကြောက်ကြတာကိုး၊ မလောပါဘူး၊ဆရာအောင်သင်းပြောသလိုပဲ **လူတွေကိုစောင့်ခေါ်မနေနဲ့ပြေးလိုက်ကြပါစေတဲ့ **ဒါကြောင့်ကိုယ်က ပြောပြစရာတွေကို ပြောပြခဲ့ပြီးပြီ ၊ ဒါကိုလောတယ်ထင်ထင်မ ထင်ထင် ကိုယ့်ကခရီးဆက်ရမှာပဲ၊ ဆရာစားချန်ပြီး မနေနိုင်ဘူး။ လိုက်လာတာ လိုက်မလာတာ သူတို့အလုပ်ပဲ၊

Posted using Partiko Android

စိတ်‌ချပါဦး ၊ဦးမင်း ဦး‌ဆောင်‌တာကို ကျွန်‌‌တော်‌လိုက်‌မှာပါ ။ကျွန်‌‌တော့်‌မှာ လိုအပ်‌ချက်‌‌တွေရှိ‌သေးလို့ ‌လော‌လောဆယ်‌ မလုပ်‌ဖြစ်‌‌သေးတာပါ။တစ်‌ခု‌တော့ သတိ‌ပေးချင်‌တယ်‌ ၊အများ‌ကောင်းဘို့ အကြံဉာဏ်‌‌ပေးတာကို ဘာဖြစ်‌လို့ ဦး စိတ်‌ညစ်‌‌နေရတယ်‌ ၊အားလုံးလိုက်‌မလာတာကို စဉ်းစားမကြည့်‌မိဘူးလားဦးရယ်‌။ကျွန်‌‌တော်‌ ‌ပြောချင်‌တာ ကျွန်‌‌တော့်‌postမှာ ပါပြီးတာပါ ။စိတ်‌ချ ဦးတို့ ဦး ‌ဆောင်‌တာ မလုပ်‌ရင်ေ ပြာ ၊ဒါ‌ပေသိ တစ်‌ ခြားအဖက်‌‌တွေမပါ‌စေပါ့နဲ့ ။ကျွန်‌‌တော်‌ ဒီထက်‌ပိုေ ပြာလို့မ‌ကောင်းဘူးဦး‌ရေ။

စိတ်ကအရေးကြီးဆုံးပါ။ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးလုပ်မယ်လို့ ဆုံးဖြတ်ပြီး အဖြေရှာ တိုင်ပင်လုပ်ဆောင်ကြရင်ဖြင့်>>>>>>>>?????

စည်းလုံး ညီညာ ‌အောင်‌‌ကြောင်း ဖြာပါ ကိုသန့်‌‌ရေ။

Think
Plan
Do
Success

အတူတူကြိုးစားကြတာ‌ပေါ့ဦးစိုး‌ရေ။

ရှေ့​ရှောက်​ ပန်းတိုင်​ကို ​မျှော်​မှန်းလျှက်​ပါဗျာ😊

Posted using Partiko Android

တစ်‌‌နေ့တစ်‌လံ ပုဂံဘယ်‌‌ပြေးမလဲ‌ပေါ့ ကိုလွမ်း‌ရေ။

Hints လေးတွေကြားရတာ အားရစရာပါ ကိုမဟော်

ကို‌စောတို့ကိုဘဲ အားကိုးရမှာပါ။သင်‌ပြ‌ပေးဦး‌နော်‌အစ်‌ကို။

plan နောက်ကိုယက်ကန်ယက်ကန်နဲ့ လိုက်ခဲ့ဖို့အသင့်ပါ။

အစ်‌မ ဦး‌ဆောင်‌ဖို့ တာဝန်‌‌တွေ ရှိတယ်‌‌နော်‌။

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.033
BTC 63900.26
ETH 3063.07
USDT 1.00
SBD 4.21