မြင်‌ကွင်း‌လေးတစ်‌ခုမှ‌တွေးကြည့်‌ ခြင်း

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအပေါင်းတို့။ မ‌နေ့က ခ‌လေး‌ကျောင်းသွားကြို‌တော့ လမ်းမှာ ကြုံ‌တွေ့ရတာ‌လေး ‌ပြောပါရ‌စေ။ ကျွန်‌‌တော်‌တို့ စက်‌ရုံက‌နေ အင်းတ‌ကော်‌mainလမ်း‌ရောက်‌ဘို့ သွားတဲ့လမ်းနှစ်‌လမ်းရှိပါတယ်‌။ ပုံမှန်‌လမ်းနဲ့ ရပ်‌ကွက်‌ထဲက ဖြတ်‌သွားတဲ့လမ်းဆိုပြီးရှိပါတယ်‌။ ကျွန်‌‌တော်‌က ရပ်‌ကွက်‌လမ်းအတိုင်းလာခဲ့ပါတယ်‌။ ဆိုင်‌ကယ်‌သမားတစ်‌‌ယောက်‌က စီး‌ပြောတယ်‌။ အစ်‌ကို‌ရှေ့ဆက်‌မသွားနဲ့ ၊‌ရှေ့မှာ ကျွဲတစ်‌‌ကောင်‌ ‌သောင်းကျန်း‌နေတယ်‌တဲ့။ ဆိုင်‌ကယ်‌နှစ်‌စီး‌တောင်‌ခတ်‌ လိုက်‌တယ်‌လို့ ‌ပြောတယ်‌။ ကျွန်‌‌တော်‌လည်းအရှိန်‌‌လျှော့ပြီးရပ်‌လိုက်‌ပါတယ်‌။ လမ်းရဲ့တစ်‌ဘက်‌ထိပ်‌မှာ လူ‌တွေအများကြီး ဝိုင်းအုံကြည့်‌‌နေကြတယ်‌။ ကျွဲ‌သောင်းကျန်း‌တာ ကိုယ်‌လည်းမမြင်‌ဖူး‌တော့ ကြည့်‌‌နေမိတယ်‌။ ဒီဘက်‌မှာက ကျွန်‌‌တော့်‌ဆိုင်‌ကယ်‌နဲ့ အ‌စောကလှမ်း‌ပြောတဲ့ဆိုင်‌ကယ်‌တစ်‌စီးရှိတယ်‌။ ဟိုဘက်‌ထိပ်‌ကလူ‌တွေက ကျွန်‌‌တော်‌တို့နှစ်‌‌ယောက်‌ကို မလာဘို့ လှမ်း‌အော်‌‌ပြော‌နေတယ်‌။ ‌နောက်‌ပြန်‌လှည့်‌သွား‌တော့ လို လက်‌ဟန်‌‌ခြေဟန်‌‌တွေနဲ့ ပြ‌နေတယ်‌။ ကျွဲကြီးက လမ်းလယ်‌‌ခေါင်‌မှာ ‌လျှောက်‌သွား‌နေတယ်‌။ကိုယ်‌က ဆိုင်‌ကယ်‌‌ပေါ်ကဆို‌တော့ သိပ်‌မ‌ကြောက်‌ဘူး‌ပေါ့ဗျာ။ ဆိုင်‌ကယ်‌ကိုမလှည့်‌ဘဲ နှစ်‌‌ယောက်‌သား ကြည့်‌‌နေတာ။ ကျွဲက ‌တော်‌‌တော်‌ဆိုးတာဘဲဗျ။ စိတ်‌ဆိုးပြီး မြင်‌မြင်‌သမျှလိုက်‌‌ဝှေ့‌နေတာ။ သူ့သခင်‌လည်းမရှိဘူးထင်‌ပါတယ်‌။ သူ့နားဘယ်‌သူမှမကပ်‌ကြဘူး။ အကုန်‌ထွက်‌‌ပြေး‌နေကြတာ။ကြည့်‌‌ကောင်း‌ကောင်းနဲ့ကြည့်‌‌နေတုန်း ဗြုန်‌ဆို ကျွန်‌‌တော်‌တို့ နှစ်‌‌ယောက်‌ဆီကို ကျွဲကြီး ကဆုန်‌‌ပေါက်‌ပြီးလာပါ‌လေ‌ရော။ ကိုယ်‌လည်းမထင်‌ဘူး‌လေ။ဆိုင်‌ကယ်‌‌တောင်‌ ‌နောက်‌လှည့်‌မထားဘူး။ အစ်‌ကို‌ရေလစ်‌လစ်‌ဆိုပြီး နှစ်‌‌ယောက်‌သားဆိုင်‌ကယ်‌ကိုချာခနဲလှည့်‌ပြီး ‌ပြေးတာ‌ပေါ့။ ‌ပြေး‌ပေမယ့်‌ ‌နောက်‌လှည်‌ကြည့်‌တာ‌ပေါ့။ သူ‌ပြေးလိုက်‌တာက ကြည့်‌လို့‌တောင်‌‌ကောင်းတယ်‌။ ဒုန်းစိုင်းပြီး‌ပြေးလိုက်‌တာ။ ဘာကို‌ဒေါသထွက်‌‌နေလည်းမသိ။ တကယ်‌လိုက်‌တယ်‌ဟဆိုပြီး နှစ်‌‌ယောက်‌သားဆိုင်‌ကယ်‌ကို အမြန်‌‌မောင်း‌တော့တာ။
ကျွဲ‌သောင်းကျန်းတာ‌တောင်‌ အခု‌လူ‌တွေမကပ်‌ရဲကြဘူး။

images (3).jpeg

crd.org.source

‌ရှေး‌တုန်းက ဆင်‌‌တွေကို တိုက်‌ပွဲ‌တွေမှာသုံးတာ ‌လေးစားစရာ‌နော်‌။ ဆင်‌မုန်‌ယိုတာတို့ ဆင်‌‌သောင်းကျန်းတာဆိုရင်‌ ‌တော်‌‌တော်‌‌ကြောက်‌စရာ‌ကောင်းမှာ။ လွန်‌ခဲ့တဲ့၁၀နှစ်‌ကျော်‌‌လောက်‌က ဂျာနယ်‌ထဲမှာ ဆင်‌နင်းသတ်‌လို့ သီလရှင်‌တစ်‌‌ယောက်‌‌သေတယ်‌ဆိုတာ‌လေ။ အဲဒါက ကျွန်‌‌တော်‌တို့ စက်‌ရုံနားမှာဖြစ်‌တာ။ အဲဒီတုန်းက အိပ်‌‌ရေးပျက်‌လိုက်‌တာ ဗျာ။ ‌တော်‌‌တော်‌‌ကြောက်‌ဘို့‌ကောင်းပါတယ်‌။ တစ်‌‌ယောက်‌‌တောင်‌မဟုတ်‌ဘူး။ တကယ်‌တမ်းက နှစ်‌‌ယောက်‌။ ‌နောက်‌တစ်‌‌နေရာမှာ ခ‌လေးတစ်‌‌ယောက်‌ ‌သေသွားတယ်‌။ ‌ရှေးဘုရင်‌‌တွေကိုချီးကျူးပါတယ်‌။ စစ်‌တိုက်‌ခါနီးရင်‌ အရက်‌တိုက်‌ပြီး ဆင်‌‌ပေါ်တက်‌ တိုက်‌တာဆို‌တော့ ‌လေးစားစရာပါဗျာ။ အခု‌ခေတ်‌လူ‌တွေ ‌ရှေး‌ခေတ်‌လို သာစစ်‌တိုက်‌ရမယ်‌ဆိုရင်‌ စစ်‌သား‌တောင်‌ရှိပါ့မလားမသိ။

250px-African_Elephant.jpg

crd.org.source

လူ‌ငယ်‌‌လေး‌တွေ ကြည့်‌ ကြည့်‌ပါ။ လူဖလံ‌တွေ လူနံပိန်‌‌တွေများတယ်‌။ ကျွန်‌‌တော်‌တို့ မြန်‌မာလူမျိုး‌တွေတဖြည်းဖြည်း လူ‌ကောင်‌‌သေးလာတယ်‌။ အစားအ‌သောက်‌နဲ့ဆိုင်‌တာ‌ပေါ့။ အဓိကက ဆင်းရဲတဲ့နိုင်‌ငံဖြစ်‌လို့ပါ။ နိုင်‌ငံ‌တော်‌အ‌နေနဲ့ ခ‌လေး‌တွေ ကြီးထွား‌အောင်‌ project အ‌နေနဲ့လုပ်‌သင့်‌တယ်‌။ ဘာရယ်‌မဟုတ်‌ ‌တွေးမိ‌တွေးရာကို ‌ရေးမိ‌ရေးရာ ‌ရေးလိုက်‌တာပါ။ ကိုယ့်‌မျိုးဆက်‌ကို ငယ်‌ငယ်‌ကတည်းက ကြီးထွား‌အောင်‌ ဂရုစိုက်‌ပါလို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ပညာပေါ့ဗျာ...

Posted using Partiko Android

ကျွဲ‌ကျောင်းသား‌တွေကို ‌လေးစားပါတယ်‌ဗျာ။

ကြောက်စရာကြီးနော်။ အခုကြုံတွေ့ရတော့ရှေးခေတ်က လူတွေကို ကျမလဲ လေးစားမိတယ်။

ကျွဲနားဘယ်‌သူမှမကပ်‌ရဲကြဘူး‌လေ။

ဗဟုသုတရစေပါသည်

‌ကျေးဇူးပါအန်‌တီ။

ဟုတ်တယ်ဗျာ ကျုပ်တို့ဆီက ကလေးတွေ သေးပြီးညှပ်ကာ မထွားကြိုင်မသန်မာကြရှာဘူး
ကိုယ်ကစလို့ပါ အစားအသောက်ကွာတာလဲပါသပေါ့

အစားအစာ စကားေ ပြာတာပါ။ ငှက်‌‌ပျောသီးတို့ မြန်‌မာမုန့်‌တို့မစား‌တော့ဘဲ တရုပ်‌မုန့်‌ထုပ်‌‌တွေစားကြတာများတယ်‌ ။ဂျုံသာကူဆို မ‌တွေ့‌တော့သ‌လောက်‌ပါဘဲ ဦး‌ထွေး‌ရေ။

ဆုပ်​ကပ်​ ဖြစ်​လာပြီ​ ဆရာမ​ဟော်​​ရေ့

နိုင်‌ငံခြားသား‌တွေကြ ထွားကြိုင်‌တယ်‌‌လေ ဦးယု။

မင်းကပြေးလို့ရသေး၊ ဆရာတို့မှာ ထန်းတပင်ဇီးကုန်း လယ်ကွင်းထဲမှာ ဆိုင်ကယ်ကို ထားခဲ့ရတော့တာ။

‌တော်‌‌တော်‌လန့်‌သွားမှာဘဲ‌နော်‌ဆရာ။

အန္တရာယ်ရှိတယ်နော့် ဦးမဟော် အသေဖမ်းရင်ဖမ်းမှ

ကျွဲ‌တွေ‌ရှေ့ ဖြတ်‌ရရင်‌ လန့်‌မှလန့်‌။

အဲဒီ ကျွဲနား စောင်းသွားတီးရမှာ ☺

ဟားး!လုပ်‌ရဲပါဘူး ဂျာ။

ဆင်က သစ်လုပ်ငန်းတွေမှာ ခုထိသုံးတုန်းပါ ။ ဆင်က မုန်ယိုအခန့်မသင့်ရင် ဆင်ဦးစီး ပါမချောင်ပါဘူး ဒါပေမဲ့သူ့နည်းလမ်းနဲ့သူကျ အဆင်ပြေပါတယ် ရွှာက သူငယ်ချင်းတစ်ယောက်တော့ နွှားတွေ ကျွဲတွေ ဘယ်လောက်ဆိုးဆိုး ခတ်တာကိုရှောင်ပြီး နဖားကြိုးပြေးဆွဲတာဘဲ ကျွန်တော်တော့ ကပ်ရဲဘူး ။

ပညာ ပါတယ်‌ဆို‌ပေမယ့်‌ ကျွန်‌‌တော်‌က‌တော့ လန့်‌တယ်‌။

ကိုယ်​ခန္ဓာ ​တွေ​သေး​ကွေးလာတာ​တော့ မ​ကောင်းဘူးဗျာ ကိုမ​ဟော်​​ပြောသလို project ​လေးနဲ့လုပ်​​ပေးရင်​​တော့ အတိုင်းထက်​အလွန်​​ပေါ့

အဓိက က နိုင်‌ငံရဲ့စီးပွား‌ရေးနဲ့ဆိုင်‌တယ်‌။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63478.09
ETH 3067.28
USDT 1.00
SBD 3.81