ဖြစ်ချင်သောနေရာမှာ စိတ်ထားပါ

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
လောကနိယာမတွေဟာ ရိုးရိုးရှင်းရှင်းလေးတွေပါ။ ဘာကြောင့်ကျွန်တော်တို့အတွက် ခက်ခဲစေနေတာလဲဆိုတာကို စဉ်စားလို့ မရအောင် ဖြစ်စေတယ်။ မိတ်ဆွေဖြစ်ချင်တာ ဖြစ်လို့ရတယ် လုပ်ချင်တာလုပ်လို့ ရတဲ့  အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။ စိတ်ပညာကျမ်းတွေအကြောင်း တင်ပြနေတာမဟုတ်ပါဘူး။ တကယ်တမ်းတွေးကြည့်ရင် ရိုးရှင်းလွန်းပါတယ်။
ဥပမာတစ်ခု ပြောပါရစေ။ လူတစ်ယောက်ဟာ ကားအဝေးပြေးဝန်းထဲရောက်နေတယ် ဆိုပါစို့။ သူသွားချင်တဲ့ မြို့ ကို ပထမသူသိရမယ်။ ထိုမြို့ကိုသွားမယ်ကားဂိတ် ဘယ်နေရာမှာလည်းဆိုတာ ရှာရမယ်။ ပြီးရင်ကား လက်မှတ်ဖြတ် ထွက်တဲ့အချိန် တက်စီးသွားရုံပါဘဲ။ကိုယ်သွားချင်တဲ့ မြို့ကားစီးရင် ထိုမြို့ ကို ရောက်မှာပါ။ဒါက လူတိုင်းသိတဲ့ကိစ္စ။ အဝေးပြေးဝန်းထဲက လမ်းဆုံမှာ ထိုင်ပြီး သူများတောင်ကြီးသွားရင် သွားချင်နေတယ်။ စစ်တွေသွားရင်သွားရင် သွားချင်နေတယ်။ချောင်းသာကို အဖွဲ့ လိုက်သွားနေတာမြင်ရင် သွားချင်ပြန်ရော။သွားချင်ပေမယ့် ဆိုင်ရာ ကားလက်မှက် ဖြတ်လားဆိုတော့ မဖြတ်ပါဘူး။ ကားလက်မှတ်တော့ မဖြတ်ဘဲနဲ့ ရောက်ဖူးချင်လိုက်တာ ရောက်ဖူးချင်လိုက်တာလို့ တဖွဖွပြောနေရုံနဲ့ မရောက်ပါဘူး။ သွားချင်ရင် သွားမယ်လို့ ဆုံးဖြတ်ချက်ချ ပြီးတော့ ကားလက်မှတ်ဖြတ် ကားပေါ်တက်စီးသွားရင် အချိန်တန်ရောက်မှာပါ။

101283390.jpg

crd.org.source

လူတွေတော်တော်များများက ကိုယ်ဘယ်သွားချင်မှန်း မသိတာကခက်နေတာ။ သိဘို့ လည်း မကြိုးစားဘူး။သူတစ်ပါး ဖြစ်နေတာ အောင်မြင်နေတာကိုဘဲ လိုက်အားကြနေတယ်။ ဘာကိုဦးတည်သွားနေမှန်း မသိမှန်းမသိပေမယ့်အချိန်တန် အောင်မြင်တဲ့သူ ချမ်းသာတဲ့သူ ဖြစ်နိုင်တယ်လို့ဘဲ ယုံကြည်နေကြတယ်။ ကုသိုလ်လား ပညာလား ဥစ္စာလား။ ကိုယ်လိုချင်တာသဲသဲကွဲကွဲတော့ သိဘို့  အရေးကြီးတယ်။ စိတ်ကို ကိုယ်လိုချင်တဲ့နယ်ပယ်မှာဘဲ ထားရင် တဖြည်းဖြည်းတိုးတက်မှုရှိလာပါတယ်။တိကျတဲ့ရည်းမှန်ချက် ဦးတည်တဲ့ပန်းတိုင်မရှိတာဟာ ကားလက်မှတ် ဘယ်ဟာဖြတ်ရမှန်း မသိသလိုပါဘဲ။ ဘယ်ကိုသွားချင်လို့  ဘာလုပ်ရမှန်း မသိသလို ဖြစ်နေတယ်။အချိန်တန်ရောက်မှာဆိုတာတွေးပြီး ဘယ်ရောက်ချင်မှန်းမသိသလိုပေါ့။ သူတစ်ပါး english skillကောင်းတာမြင်ရင် ကိုယ်လည်းတတ်ချင်တယ် သူတစ်ပါးချမ်းသာနေတာမြင်ရင် ကိုယ်လည်းချမ်းသာချင်တယ်။ ဘာသာရေးဘက်မှာ ထူးထူးချွန်ချွန်လုပ်နေတဲ့သူတွေမြင်ရင် ငါမလုပ်ဖြစ်သေးပါလားဆိုတာဘဲနောင်တရနေတယ်။ ချင်တာရှိတယ် တစ်ခုမှလက်တွေ့ အကောင်အထည်မဖော်ဘူး။ ကိုယ်ဖြစ်ချင်တာလေးကိုတောင် စိတ်နစ်မထားနိုင်ကြဘူး။ ပြီးရင် လိုချင်တဲ့ ဖြစ်ချင်တဲ့အခိုက်အတန့် လေးဘဲ။စိတ်ကတစ်ခြားနေရာ ရောက်သွားရော။ ကားလက်မှတ်ဖြတ်ပြီးရင် ကားပေါ်တက်စီးဘို့ လိုတယ်လေ။ ရေးတတ်ငဇင်ရိုင်းလို ဖြစ်ချင်တုန်း ခဏဘဲ စိတ်ရောက်ကြတယ်။ ကိုယ်ဖြစ်ချင်တဲ့လိုင်းတစ်လိုင်းကို ဦးစွာသိဘို့  အရေးကြီးပါတယ်။ ပေါ်ပင်ဖြစ်ချင်တာလား တကယ်ဖြစ်ချင်တာလား တကယ်သိဘို့  အရေးကြီးလှပါတယ်။သိပြီဆိုရင် ထိုနယ်ပယ်မှာစိတ်ကိုဦးတည်ထားရမှာပါ။ ထိုအကြောင်းအရာနဲ့ပက်သက်တဲ့ နယ်ပယ်မှာဘဲ စိတ်ကိုထားရင် ထိုပန်းတိုင်ဟာ ရောက်ဘို့ သေချာသလောက်ရှိပါပြီ။ လုပ်စရာတွေကို စိတ်က တစ်ခုပြီးတစ်ခု command ပေးပါလိမ့်မယ်။အဓိက က လိုချင်တဲ့အာရုံဘက် စိတ်ကိုထားနိုင်ဘို့ပါဘဲ။ တစ်ခုဆိုတစ်ခုဘဲထားပြီးဝီရိယလေးနဲ့  မောင်းနှင်နေရင် မရောက်စရာ ဘာမှမရှိပါဘူး။

artworks-000015133785-y0c9yv-t500x500.jpg

crd.org.source

အခုဖြစ်နေကြတာက သင်္ဘောပဲ့ကို လမ်းကြောင်းတစ်ခုတည်း မသတ်မှတ်နိုင်ဘဲ ဟိုလှည့်လိုက် ဒီလှည့်လိုက်နဲ့ ပင်လယ်ပြင်မှာချာချာလည်နေတဲ့ အဖြစ်မျိုး ကြုံနေကြတာ။ လူငယ်တွေတော်တော်များများလမ်းပျောက်နေတာ ထိုအချက်ကြောင့်ပါ။စိတ်ကို ကိုယ်ဖြစ်ချင်တဲ့ရုံပေါ် တင်ပေးဘို့  တည်ပေးဘို့  အရေးကြီးလှပါတယ်။ နောက်ပြီးထက်သန်စိတ်ကို အမြဲနှိုးဆွပေးရမယ်။ ကျွန်တော်ပြောနေကြဖြစ်တဲ့ မီးထိုးပေးဘို့ လိုပါတယ်။ဒါကဒုတိယအဆင့်ပါ။ ပထမအဆင့်က ကိုယ်ဖြစ်ချင်တာဆုံးဖြတ်ပြီး စိတ်ကိုထိုနယ်ပယ်မှာကျက်စားဘို့ အရေးကြီးပါတယ်လို့  ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC- 228
@mahaw

Sort:  

မြင်မြင်ရာ လုပ်ချင် ဖြစ်ချင်ကြတာ လူစိတ်က နီးရာကို
စွဲလန်တဲ့သဘောထင်ပ

ကိုယ်ဖြစ်ချင်တာကို စိတ်မနှစ်ဘဲ ဟိုယောင် ဒီယောင် မဖြစ်ဘို့ အရေးကြီးလှပါတယ်။

ဖြစ်​ချင်​တာပဲရှိပြီး၊စိတ်​အားထက်​သန်​ကြိုးစားမှုမရှိရင်​ဘာမှဖြစ်​မလာနိုင်​ဘူး​ပေါ့​နော့....

Posted using Partiko Android

မှန်ပါတယ်ညီမ။ ကျေးဇူးပါ။

ဘယ်လမ်းသွားရမှန်း မသိတာက ဘယ်မှမရောက်စေတဲ့ အကြောင်းရင်းဘဲ

Posted using Partiko Android

သိပ်ကြိုက်သွားပြီ။

This post has received a 5.09 % upvote from @boomerang.

မြင်​ မြင်​ရာကိုဖြစ်​ချင်​တာ ​အောင်​မြင်​ချင်​တာ လူ​တွေရဲ့စိတ်​သဘာဝပါ ၊ပြီးသွား​တော့မှ ရီစရာကြီး ဖြစ်​​နေ​တော့တာ အဟပ်

ဖြစ်ချင်ရုံအဆင့်ကမတက်တော့ ဘာမှမထူးဘူးပေါ့။

ဖြစ်​ချင်​တာ​တွေ များ​နေတယ်​ 😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87