ယခုဘာမြင်‌ရသလဲ ဆို‌တော...

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
‌ကျောင်းသားဘဝတုန်းက ဖဲရိုက်‌ခဲ့တဲ့အဖြစ်‌‌လေးကိုသတိရမိတယ်‌။ ညအိပ်‌ရင်‌ မျက်‌စိထဲမှာ ဖဲချပ်‌‌တွေဘဲမြင်‌‌နေမိတယ်‌။ တစ်‌ချို့ဆို အသံထွက်‌ပြီး‌တောင်‌ ‌ယောင်‌တတ်‌ကြတယ်‌။ ဖဲမ‌ကောင်းဘူးထင်‌ပါတယ်‌ ချွန်းချွန်း ‌ထောက်‌‌ထောက်‌ လွတ်‌လွတ်‌‌တွေ‌ကော ဆဲသံ‌တွေ‌ကော ထ‌ယောင်‌တာ‌တွေ‌တွေ့ဖူးတယ်‌။ မနက်‌‌ရောက်‌ရင်‌ သူငယ်‌ချင်း‌တွေ‌ပြောပြီးရယ်‌ကြတာ‌ပေါ့ဗျာ။
"မျက်‌လုံးထဲမှာ ဖဲချပ်‌‌တွေဘဲ မြင်‌‌နေမိတယ်‌တဲ့။"

2124833204_e4b2c64bcd.jpg

crd.org.source

တစ်‌ချိန်‌တုန်းက COC game ကို ‌တော်‌‌တော်‌‌ဆော့ခဲ့ဖူးတယ်‌။ အဲ့ဒီတုန်းက လူငယ်‌မှန်‌သမျှ မ‌ဆော့သ‌လောက်‌ပါဘဲ။ အလုပ်‌ထဲ‌ရောက်‌တာနဲ့ မင်းတပ်‌ဘယ်‌လို၊ဘယ်‌အ‌ကောင်‌‌တွေ မြှင့်‌ပြီး ပြီလား ၊ဘယ်‌အချိန်‌ warတိုက်‌မယ်‌နဲ့ ထိုအ‌ကြောင်း‌တွေဘဲ‌ပြောဖြစ်‌ကြတယ်‌။ ညညဆိုထပြီးတိုက်‌ရတာအ‌မော။ မိတ်‌‌ဆွေတစ်‌‌ယောက်‌က နည်းတစ်‌ခုသင်‌‌ပေးတယ် ။အကြံဉာဏ်‌‌ပေးတယ်‌။ ည ၂ နာရီထပြီး ‌သွေးတို့ ‌ငွေတို့ရှာရင်‌ ပိုရတယ်‌လို့‌ပြော‌တော့ ကိုယ်‌ကupgrade မြှင့်‌ချင်‌‌နေတာ‌လေ။ ဘယ်‌‌ပြော‌ကောင်းမလဲ ည၂နာရီဆို အာာချာမ‌တွေtrainပြီး ရှာတာ‌ပေါ့။ သူ‌ပြောတာလည်း နည်းလမ်းကျသလိုပါဘဲ ၊ထိုအချိန်‌က တပ်‌‌တွေအိပ်‌‌နေ‌တော့ သို‌လှောင်‌ကန်‌ထဲမှာ အများကြီး ဖြစ်‌‌နေတာတဲ့။ ဆိုလိုချင်‌တာက အဲဒီတုန်းကလည်း COC မှ COC ဖြစ်‌‌နေတာကို ‌ပြောချင်‌တာပါ။
"မျက်‌လုံးထဲမှာ COCအ‌ကောင်‌‌တွေဘဲ မြင်‌‌နေမိတယ်‌။"

screen shot 2015-10-21 at 12.05.02.png
crd.org.source

ကျွန်‌‌တော့်‌ရဲ့ ခ‌ရေဇီ ‌ဘောလုံးအသင်းက မန်‌ယူဗျ။ အခု‌နောက်‌ပိုင်းမှမကြည့်‌‌တော့တာ။ အား‌ပေးလာတာ ဖာဂူဆန်‌ လက်‌ထက်‌တစ်‌‌လျှောက်‌ဆိုပါ‌တော့။ ချိန်‌ပီယံလိဒ်‌ ဗိုလ်‌ဆွဲတဲ့ 1999မတိုင်‌ခင်‌ ကတည်းကပါ။ ဘက်‌ခမ်း၊ ကိုးလ်‌၊ဒွိုက်‌‌ယောက်‌၊ ‌ပေါ့စခိုး၊ နစ်‌ကီဘတ်‌၊ ရွိုင်‌ကိန်း ၊အီဗရာ၊ဘားသက်‌၊စတဲ့သူတို့‌ခေတ်‌ကတည်းက ဆိုပါ‌တော့။ ‌ဘောလုံးပွဲ ပြီးလို့ေ‌နာက်‌‌နေ့ မနက်‌မှာ ‌ဘောလုံးအ‌ကြောင်း မန်‌ယူအ‌ကြောင်းဘဲ ‌ပြောဖြစ်‌ကြတယ်‌။ တစ်‌ခါတ‌လေ ချန်‌ပီယံလိဒ်‌‌စောင့်‌ကြည့်‌ဘို့ ခဏ‌မှေး‌နေရင်‌ အိပ်‌မက်‌ထဲမှာ ‌ဘောလုံးပွဲ ကြည့်‌‌နေတာ ခဏခဏ။ဂိုးလို့ ထထ‌အော်‌မိတာ လည်းအကြိမ်‌ကြိမ်‌။ထိုအချိန်‌တုန်းက
"မျက်‌လုံးထဲမှာ ဂိုး‌တွေသွင်း‌နေတာဘဲ မြင်‌‌နေမိတယ်‌။"

angry-on-line.jpg

crd.org.source

တစ်‌ချိန်‌တုန်းက ဖြစ်‌ခဲ့တာ‌လေး‌တွေကို ‌ပြောကြည့်‌တာပါ။ အထိအ‌တွေ့များတာကို ပြန်‌မြင်‌‌ယောင်‌တဲ့သ‌ဘော‌ပေါ့။ အိပ်‌မက်‌ထဲထိ အတွင်းအာရုံထဲထိ ထိုပုံရိပ်‌‌တွေက လွှမ်းမိုး‌စေပါတယ်‌။ ယခု ကျွန်‌‌တော့်‌ အမြင်‌အာရုံထဲမှာ ဘာ‌တွေဘဲမြင်‌‌နေသလဲဆိုတာ မိတ်‌‌ဆွေတို့ သိချင်‌ရင်‌ ‌ပြောပြမယ်‌။
ရှူးး! "မျက်‌လုံးထဲမှာ MSC သမား‌တွေ ‌ထေ့လုံး‌ငေါ့လုံး‌တွေနဲ့ ရန်‌ဖြစ်‌‌နေတာဘဲ မြင်‌‌နေမိတယ်‌။"
MSC-228
@mahaw

Sort:  

စည်းလုံးညီညွတ်​စွာ​ရှေ့ဆက်​ကြပါ့မယ်​....

Posted using Partiko Android

ဟုတ်‌ကဲ့ပါညီမအတူတူကြိုးစားကြမယ်‌။

မချစ်ရင် အပစ်မြင်

Posted using Partiko Android

msc သမားတွေဆိုတော့ adminနဲ့ memberလား member အချင်းချင်းလား adminအချင်းချင်းလား adminနဲ့ ledarလား ဘယ်သူတွေ ထေ့လို့ ဘယ်သူတွေ ရန်ဖြစ်ကျတာလည်း

မိုက်ဟ မယ်စုရေ😁😁

အယ် ဖြစ်ပြန်ပြီလား ဒီတစ်ခါ ဖျော်ဖြေတာ ဘယ်သူလဲဗျ

စစ်‌‌အေးတိုက်‌ပွဲ ‌လောက်‌ပါ။က‌လောင်‌‌သွေးတဲ့သ‌ဘော‌လောက်‌ပါ။ အားလုံး ချစ်‌ ချစ်‌ ခင်‌ခင်‌ ပါဘဲ။

အကောင်းမြင်ဝါဒလေးနဲ့ ပွင့်ပွင်းလင်းလင်းတိုင်ပင်ပြီး တက်ညီလက်ညီကြိုးစားကြတာကို မြင်တာလုပ်ပါအစ်ကို။

တစ်‌ခါတ‌လေ စိတ်‌အခန့်‌မသင့်‌ရုံပါ ။ကျွန်‌‌တော်‌ကလည်း အ‌ပျော်‌သ‌ဘော‌ရေးထားတာပါ။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
မထိတထိ ကလိလိုက်နဲ့ MSC
ပျော်ပါရဲ့လား အတည်😁😁😁

Posted using Partiko Android

‌ပျော်‌စရာတစ်‌မျိုး‌ကောင်းပါတယ်‌ ။post‌တွေ ပိုစိတ်‌ဝင်‌စားကြတာ‌ပေါ့။

စည်းလုံးညီညွတ်​စွာ​ရှေ့ဆက်​ကြပါ့မယ်​....

Posted using Partiko Android

စာရေးရမှာ မပျင်းဘူးဗျ။ စာရေးဆရာမဟုတ်တဲ့လူရဲ့စာကိုဖတ်ပြီး
စာဖတ်ရမှာ ပျင်းသွားမှာကို တွေးမိလို့ စာမရေးဖြစ်တော့တာ။ 😇

ဘယ်‌လိုဘဲ ဖြစ်‌ ဖြစ်‌ ‌ရေး‌ပေးပါကိုကိုရယ်‌။

ဟောရင်းပြောရင်းနဲ့ပဲ ဘုန်းကြီးကတော့ ပျံလွန်တော်မူခါနီးပါပြီ ☺

ဘာပဲေ ပြာေ ပြာ စာ‌ပေသမား‌တွေ က‌လောင်‌ပြိုင်‌‌သွေးတာဖတ်‌လို့‌ကောင်းပါတယ်‌။

တစ်ခါမှရန်မဖြစ်ခဲ့ဖူးဘူးဗျအစ်ကို...ဖြစ်မယ်ဆိုတာနဲ့ကိုယ်တေကပြေးနေပီ..ဟိဟိ

က‌လောင်‌‌သွေးတဲ့သ‌ဘောပါBro.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62726.25
ETH 3050.18
USDT 1.00
SBD 3.81