Chilli and Fired Chilli ( Chilli & Dry Prawn ) ( Part - 1)

in #myanmar5 years ago

ငရုတ်သီးအကြောင်း နှင့် ငရုတ်သီးကြော် ပြုလုပ်နည်း ( အပိုင်း- ၁)

Hello , all steemit member.

အစားတစ်လိုင်း တို့၏ ထုံးစံ အတိုင်း ငရုတ်သီး ကြော် ပြုလုပ်စားသောက် ရင်း ငရုတ်သီးအကြောင်းနှင့် ငရုတ်သီးစားခြင်းဖြင့် ရရှိစေမည့် ကျန်းမာရေား ကောင်းကျိုးများ ငရုတ်သီး ကြော်နည်း အမျိုးမျိုး နှင့် ပြုလုပ်နည်းများအကြာင်း ရေသား လိုက်ပါသည်

ယနေ့ရေးသားမည့် ငရုတ်သီးကြော် ပြုလုပ်နည်းအကြောင်း ကတော့ ပုဇွန်ခြောက် နှင့် ငရုတ်သီးအကြမ်းမှုန့်ကြော် ဖြစ်ပါသည်

image

မြန်မာ လူမျိုး အများစုသည် ထမက်းဟင်းချက်ပြုပ်စားသောက်ကြရာတွင် ငရုတ်သီး အစပ်အား နှစ်သက်စွာ စားသောက်လေ့ ရှိကြပါသည်

အနောက်နိုင်ငံ များ၌ ငရုတ်သီး၏ အပူအစပ် ကို ယူနစိ နှင့် တိုင်းတာကြပါသည်

ငရုတ်သီးကို အာရှနိုင်ငံ အများစု ကစားသုံးကြသော်လည်း အနောက်နိုင်ငံတော်တော်များများမှာ ငရုတ်သီးမစားကြပါ ထို့ကြောင့် ငရုတ်သီးစပ်သည်ကို အင်္ဂလိပ်လို Hot ပူသည် လို့သာခေါ်ကြပြီး စပ်သည်ဟု အဘိဓာန် တွင် မတွေ့ရခြင်း ဖြစ်ပါသည်

မြန်မာ လူမျိုး များကတော့ ငရုတ်သီးစားပြီးပါက စပ်သည်ဟုသာ သုံးနုံန်းကြပါသည်

Chili ငရုတ်သီးထဲမှာပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကိုဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ် ဒီလိုဖြစ်တာဟာ ပူလို့ရတဲ့ နာကျင်မှုနဲ့အတူတူဖြစ်တယ် ဟုလည်း ဆိုကြပါတယ်

ငရုတ်သီး စိမ်းကိုတော့ အမျာူအားဖြင့် ငရုတ်သီးစိမ်းထောင်း ငရုတ်ချဉ် ငရုတ် သီးအစာသွပ်ချက် စသည်တို့အပြင် လဘ္ဘက်သုပ် အရွက်စုံသုပ် ဟင်းချက်ရာတွင် ထည့်သွင်း အသုံးပြု ၍ စားသောက်ကြပါသည်

ငရုတ်သီးအခြောက်တောင့် ကိုတော့ ကြော် / လှော် ၍ ပြုလုပ်စားသောက်ကြသလို ငရုတ်သီးအကြမ်ူးမှုန့်ကြော် / လှော် တို့ပြုလုပ်စားသောက်ကြသည်သာမက ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြု၍၄င်း ငပိ ကြက်သွန်တို့နှင့် ကြေည်လှော်၍ ၄င်း စားသောက်ကြပါသည်

ငရုတ်သီးအနုမှုန့်ကိုတော့ ဟင်းများချက်ပြုပ်ရာတွင် ဟင်းအရောင်လှစေရန် အရောင်တင် မှုန့်အနေနဲ့ သုံးစွဲကြပြီး အစပ်မစားနိုင်သူများပင်လျှင် အသုံးပြု ချက်ပြုပ်ကြပါသည်

image

ပုဇွန်ခြောက် ငရုတ်သီးကြော်

ပါဝက်ပစ္စည်းများ

  • ပုဇွန်ခြောက် ၁၀ ကျပ်သား
  • ငရုတ်သီး အကြမ်းမှုန့် ၅ကျပ်သား
  • ဆီ ၁၀ ကျပ်သား
  • ကြက်သွန်နီ အနေတော် ၅ လုံး
  • ကြက်သွန်ဖြူ ၅မွှာ
  • ဆား အနည်းငယ်

image

ပြုလုပ်နည်း

ငရုတ်သီး အတောင့်ဆိုပါက ငရုတ်ဆုံတွင် ညက်နေအောင်ထောင်းထားပါ

ပုဇွန်ခြောက် ကိုရေစင်အောင်ဆေး ရေစစ်ထားပြီး အကောင်လိုက်ကြိုက်ပါက ဒီတိုင်းထား၍ အမှုန့်ကြိုက်ပါက ဆုံတွင်ထောင်းထားပါ

ကြက်သွန်နီ အခွံသင် အကွင်းလိုက် ပါးပါးလှီးထားပါ

ကြက်သွန်ဖြူ ဓားပြားရိုက် / ထောင်းထားပါ

ဒယ်အိုးအတွင်း ဆီထည့် ဆီပူလာပါက ကြက်သွန်နီ ထည့်ကြော်
ကြက်သွန်နီများ အရောင်ပြောင်းပါက အဖြူထည့်ပါ
ကြက်သွန် နီ/ ဖြူ များ ရွှေရောင် ပြောင်းပါက ထောင်းထားသော ပုဇွန်ခြောက် / အကောင်လ်ုက် ထည့်ကြော်ပါ ပွဇွန်များ ကြွတ်လာပါက ငရုတ်သီး များထည့်ပါ မီးလျှော၍ နှံ့စပ်အောင်မွှေပေးပ
ငရုတ်သီးတွင် ဆားပါ ပါက ဆားထည့်ရန်မလိုပါ

မီးဖိုပေါ်မှချကာ လေလုံသော ဗူး / ပုလင်းများတွင်ထည့်၍ ရက်ရှည်ထား စားသောက်နိုင်ပါသည်
တစ်ချို့ကတော့ ငရုတ်သီးပုဇွန်ခြောက်ကြော်ကို အစို ကြော် ကြပြီး ကြွတ်နေအောင်ကြော် သည်ကတော့ ရက်ကြာ အထားခံ ပါသည်

…… ဆက်ရန် ……

@mamamyanmar

Sort:  

အစားအသောက်ဖက်တော့ ရောက်သွားပြန်ပြီ။ ဘာမှလဲ မစာရဘူး။

စားထားသမျှ ငရုတ်သီးကြော်တွေ ချပြတော့မယ်
မမ က ပျင်းလာရင် အစားဘက်ရောက်သွားရော
အိမ်မှာ ထိုင်နေရပီဆိုရင် တစ်ခုခု လုပ်စားနေရမှ ဟ်ဟ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

အား စပ်တာ

Posted using Partiko Android

ရေမြန်မြန်သောက်

အရမ်းကြိုက်တဲ့ အစားအစားပါမမ

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70734.57
ETH 3561.52
USDT 1.00
SBD 4.75