Donation of need for Monastery (Part -4 )

in #myanmar5 years ago

လှူ တတ်ကြပါစေ ( အပိုင်း -၄ )

Hello , all steemit member .

ငယ်စဉ် အခါကတော့ အိမ် ၌ ကျောင်း၌ ရပ်ကွက်၌ အလုပ်ဌာန တို့တွင် ကထိန်ခင်း ကထိန်အလှူ သင်္ဃန်းများ ဆက်ကပ်ခဲ့ရာတွင် သာမန်အလှူဒါန တစ်ခု အနေနဲ့သာ လှူတန်းခဲ့ပါသည်

အိမ်သားများ အဖိုးအဖွားများ နှစ်စဉ်နှစ်တိုင်း ကထိန်ခင်း ကြသည်ကိုလည်း ရိုးရာ အလှူ တစ်ခု အနေဖြင့်သာ နားလည် ခဲ့ပါသည်

image

လွန်ခဲ့သည် ၅ နှစ်ဝန်းကျင်ခန့် မှစတင် ၍ ကထိန်အလှူ အတွက် ကိုယ်တိုင်ပြင်ဆင် ရ လှူ ဖွယ်များ ဆက်ကက် လှူ တန်ူ ပြီးနောက် ရေစက်ချ တရားတော်အား နာကြားရသည်တွင် ကထိန်သင်္ဃန်း လှူ ရခြင်း ၏ အကျိုး များပုံ တို့အား နာကြားကြည်ညို ရပြီးနောက်တွင်တော့

မိဘအဖိုးအဖွားများ လက်ထက်က စတင်လှူခဲ့သည့် မိရိုးဖလာ အလှူ ပွဲ အနေနဲ့ မဟုတ်ဘဲ နှစ်စဉ် နှစ်တိုင်း ကထိန်အလှူ ပြုလုပ် နိုင်စေရန် ကြိုးပမ်း အားထုပ် မိပါတော့သည်

ကထိန် အလှုခံ ရဟန်း သံဃာ တော် တို့ သည် သီတင်း
ကျွတ် လပြည့်ကျော် ( ၁ ) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိန်သင်္ကန်း ကို အကြောင်း ပြု၍ ၀ိနည်းတော်များ ထဲမှ သိက္ခာ ပုဒ် အချို့ ကိုကင်းလွတ်ခွင့်ရရှိ ကြပါသည်

ထို့ကြောင့်လည်း ကထိန်သင်္ဃန်း အား ရဟန်းသံင်္ဃာတော်များ မှ အလှူခံ လို ကြခြင်း ဖြစ်ပါတယ်

image

ကထိန် သင်္ဃန်းလှူတန်းရာတွင် အလှု ရှင်မှ သဒ္ဒါ ဖြင့် လှု ဒါန်းသော သင်္ကန်းကို သာ ကထိန် ခင်း ထိုက်ခြင်း အလှူ ခံ ရဟန်း သံဃာ သည် ဥပါတွမျဉ် ဖြင့် ကထိန်သင်္ကန်းကို အလှုခံ မပြု ရခြင်း သင်္ကန်း မပါဘဲ အခြား သော ပစ္စည်း များ ဖြင့် ကထိန်မခင်း နိုင် ခြင်း ကထိန် ခင်းသော ရဟန်းတော် သည် ၀ါ ဆို ၀ါ ကပ်တော်မူ ပြီး သည့် ရဟန်းသဃာ ဖြစ်ရပါ ပါမည်

အလှူ့ရှင်များအနေဖြင့် ကထိန် အလှုတော် ကို သီတင်း ကျွတ် လပြည့် ကျော်( ၁ ) ရက် နေ့မှ စတင် ၍ တန်ဆောင်မုန်း လပြည့် နေ့ အထိ ၁ လ တာ ကာလအတွင်း ခင်း နိုင်ခြင်း
ရဟန်းသံဃာများအနေဖြင့် ကထိန် သင်္ကန်း ကို ယနေ့ အလှု ခံပြီး ယနေ့ ကံဆောင်ကာ ခင်း ရခြင်း တို့ ဖြစ် ပါသည်

ထို့အပြင် ကထိန် အလှု သည် ပုဂ္ဂိုလ် ဆွဲ ဂိုဏ် ဂဏစွဲ မထား သော သံဃ ဂုဏ်ကိုသာ အာရုံ ပြု ၍ လှု တန်း ရသော အလှု ဖြစ်ပါသည်

ကထိန် အကျိုးထူး များကို ကို လှု တန်း သည့် အလှူ့ရှင်သာမက အလှုခံ ရဟန်း သံဃာ များ တို့ နှစ်ဦး နှစ်ဘက် ရရှိကြ ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported. I am ever used esteem app.

Congratulations @mamamyanmar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 15000 upvotes. Your next target is to reach 20000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Meet the Steemians Contest - The results, the winners and the prizes

Support SteemitBoard's project! Vote for its witness and get one more award!

ကထိန်သင်္ကန်းက အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။

ဟုတ်ကဲ့

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70181.59
ETH 3549.53
USDT 1.00
SBD 4.74