Fish Distillation (Part- 3 )

in #myanmar5 years ago

ငါးပေါင်း ပြုလုပ်နည်း အမျိုးမျိုး ( အပိုင်း -၃ )

ရဲဟိုရွက်ငါးပေါင်း ပြုလုပ်နည်း

image

Hello , all steemitmember

အစားတစ်လိုင်းတို့ရဲ့ ထုံးစံအတိုင်း စာရေးဖို့ရာ အကြောင်းအရာ စဉ်းစားမရရင် အစားအစာ ချက်ပြုပ်နည်း အား စာရေး post တင် ပါသည်
အစားအစာ အကြောင်း ဆိုတော့ စာဖတ်စရာလည်းမလို ဦးနှောက်ခြောက်စရာလည်းမလို ချီတက်မိ စရာလည်းအကြောင်းမရှိ ကိုယ်စားတာ ကိုရေး အဆင်ကို ပြေလို့
စားရင်းနဲ့ စာရေး post တင်လို့လည်းရ postတင်ရင်း ဗိုက်ဆာလာပါက ထစား လို့လည်းရ ပါသည်

ဒါ့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကထိန်အလှူ တွင် ကြွေးမွေးဧည့်ခံခဲ့ သည့်
ငါးပေါင်း ပြုလုပ်နည်း နှင့် အတူ ငါးပေါင်းပြုလုပ်နည်း အမျိုးမျိုး အကြောင်းတို့အား ရေးသားလိုက်ပါသည်

ရဲယိုရွက်ငါူပေါင်း သည် ပြုလုပ်ရလွယ်ကူပြီး အရသာလည်း ရှိပါသည်
ရဲယိုရွက်ငါးပေါင်း အား ကျမ ပြုလုပ်ရာတွင်တော့ ငါးခြစ် ကိုပင် အသုံးပြုပါသည်

ရဲယိုရွက် ငါးပေါင်းသည် အရိုးမပါ ခြစ်ထားသော ငါးအသားများ အားအစာ ထည့်နယ် ပြီး ရဲယိုရွက်နှင့် ထုပ်၍ ပေါင်းစားသည့်အတွက် ရဲယိုရွက်ကလည်း ဆေးဖက်ဝင် အရာသာလည်း ရှိသည့် ဟင်း တစ်ခွက် ဖြစ်ပါသည်

ယနေ့ ရေသားမည့် ငါးပေါင်း ကတော့ ရဲယိုရွက်ငါးပေါင်း ဖြစ်ပါသည်

image

ရဲယိုရွက်ငါးပေါင်း

ပါဝင်ပစ္စည်းများ

  • ငါးကြင်း / ငါးဖယ်ခြစ် ၂၀ ကျပ်သား
  • ရဲဟိုရွက် ၂၀ ရွက်
  • ဆန်မှုန့် လ္ဘက်ရည် ပုဂံ တဝက်
  • ကြက်သွန်နီ ၃ လုံ
  • ကြက်သွန်ဖြူ ၅ မွှာ
  • ဂျင်း လက်တဆစ်
  • ငရုတ်သီးစိမ်း ၅ တောင့်
  • နန္နင်းမှုန့် အနည်းငယ်
  • ငရုတ်သီး အနုမှုန့် -အနည်းငယ်
  • ဆား အနည်းငယ်
  • အရသာမှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ

ငါး အကောင်လိုက်ဆိုပါက အသားများခြစ်ယူထားပါ

ရဲယိုရွက်များအား ရေဆေး သန်စင်အောင် အဝတ်နှင့်သုတ်၍ သမ့်စင်ထားပါထားပါ အရွက်သေးပါက ၂ ရွက်ထပ်ပါ

ကြက်သွန်နီတ် ကို ပါးပါးလှီးထားပါ

ဂျင်း ကြက်သွန်ဖြူ ထောင်းထားပါ

ပုဂံတစ်ခုတွင် ငါးခြစ်များ ဆန်မှုန့် ကြက်သွန်နီ ဂျင်း ကြက်သွန်ဖြူ၊ ငရုတ်စိမ်း ကြက်သွန်မိတ် နံနံပင် ဆား အရသာမှုန့် ငရုတ်သီးမှုန့် ဆီတို့ကို

image

သန်စင်ထားသော ရဲယိုရွက်က် ပေါ်တွင် အစာများနှင့်နယ်ထားသော ငါးအသားများအားဟင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သွားကြားထိုးတံ ဖြင့်မပြည်အောင်လုံအောင်ထုပ်၍ ပေါင်းခံ ခွတ်တွင် စီထည့်ပါ

ထိုနောက် အဖုံးပိတ် အိုးပေါ်တင် ပြီး မိနစ် ၃၀ ကြာ ပေါင်းပေးပါ

ရဲယိုရွက်များ အရောင် ညှိုးပြီး ငါးပေါင်းအနံ့မွှေးလာပါက မီးဖိုပေါ်မှ ချ အအေးခံ ၍ နံနံပင် ဂျူးမြစ် ကြက်သွန်ဖြူ ဆီကျက် လေး ဆမ်းပြီး စားသုံးနိုင်ပြီး ဖြစ်ပါသည်
အချဉ်ကြိုက်ပါက သံပုရာသီး ညှစ်ထည့်ပါ

ထမင်းနှင့် စားစား သရေစာအနေနဲ့ စားစား အရသာ ရှိလှသည့်အပြင် ဆေးဖက်ဝင်သည့် ရဲယိုရွက်ငါးပေါင်း ဖြစ်ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04