Making various food for Tomatoes ( Part- 6 )

in #myanmar5 years ago

ခရမ်းချဉ်သီး ယို (tomato jam ) အပိုင်း ၆

Hello , all steemit member .

ဆောင်းရာသီ နှင့်အညီ ဟင်းသီးဟင်းရွက် အသီးအနှံများမှာလည်း ထွက်ရှိ သောကြောင့် လတ်ဆတ်၍ ဈေးလည်းချိုသာ ပါသည်

ထို့အတူ ဆောင်းဝင်လာသည်နှင့် ခရမ်းချဉ်သီးများလည်း ပေါများစွာ ရရှိလာပြီ ဖြစ်ပါသည်

ထို့ကြောင့် ရာသီစာ ဟု ဆိုရမည့် ခရမ်းချဉ်သီးများအား အမျိုးစုံစွာ ပြုလုပ်စားသောက်ရင်း ယနေ့အတွက်ရေးသားမည့် အကြောင်းကတော့ ခရမ်းချဉ်သီး ယို ပြုလုပ်နည်း ဖြစ်ပါသည်

ခရမ်းချဉ်သီး အမျိုးအစားပေါင်းများစွာ ရှိသည်တွင် ခရမ်းချဉ်သီးယို ပြုလုပ်ရန်အတွက် အသားထူ အစေ့နည်းသည့် ခရမ်းချဉ်သီး ပြုလုပ်စားသောက်ရင်း ပြုလုပ်နည်းအား ရေးသားလိုက်ပါသည်

image

ခရမ်းချဉ်သီး ယို

  • ခရမ်းချဉ်သီးအမှည့် ၁ ပိဿာ
  • သကြား ၃၀ ကျပ်သား
  • ဆား အနည်းငယ်
  • ထုံးရေကြည် လ္ဘက်ရည် ပုဂံ ၁ လုံး

တို့ လိုအပ်ပါသည်

image

ပြုလုပ်နည်း

ခရမ်းချဉ်သီး အမှည့်များအား (အမှည့်လွန်ပြီး အိနေပါက မကောင်းပါ )
ရေစင်အောင် ဆေးကြော လေးစိပ်စိပ်ပါ
ထို့နောက် အစေ့များဖယ်ရှား၍ ထုံးရေကြည် တွင် ထည့်၍ ၁နာရီခန့်စိမ်ထားပါ

ထုံးရေကြည်စိမ်ထားသော ခရမ်းချဉ်သီးများအား ဆယ်ယူပြီး ရေစစ်ထားပါ
ထို့နောက် ဇကာကျဲ ပေါ်တွင်တင်၍ ၃နာရီခန့်ကြာ နေလှန်းပးပါ

ကြိုမည့် အိုး တွင် သကြား ရေ နို့ဆီဘူး ၁ဘူးစာ ရေထည့်ပြီး သကြားများပြစ်လာသည် အထိ ကြိုပေးပါ

သကြားရည် ပြစ်လာပါက သွေ့နေသော ခရမ်းချဉ်သီးဖတ်များထည့် ဆားအနည်းငယ်ထည့် မွေ ပေးပါ

ခရမ်းချဉ်သီးဖတ်များအိ ၍ သကြားရည်များစေးလာပါက မီးဖိုပေါ်မှ ချ ပြီး အအေးခံ၍ စားလို့ရပြီ ဖြစ်ပါသည်

အရသာရှိ ပြီး စားလို့လည်းကောင်း ရက်ရှည် အထားခံသည့် ခရမ်းချဉ်သီး ယို ဖြစ်ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks, your supported .I am ever used esteem app.

အေ ညည်းကလည်း ကျုပ်ကြိုက်တဲ့ဟာတွေ
တင်ပြ ရေးပြနေလိုက်တာအေ တကတည်း

အာဆိုလည်း အိမ်သူကို လုပ်ကြွေးခိုင်း အေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85