My Made Dessert ( Part -7 )

in #myanmar5 years ago

ရွှေဖရုံသီး ဆနွင်းမကင်း

Hello , all steemit member.

အစားတစ်လိုင်း တို့ ထုံးစံအတိုင်း

ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ ရွှေဖရုံသီး ဆနွင်းမကင်း ဖြစ်ပါသည်

ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်

ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်

မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် ရွှေဖရုံသီး ဆနွင်းမကင်း ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်

image

ရွှေဖရုံသီး ဆနွင်းမကင်း ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ၁ ပိဿာ
  • သကြား ၃၀ ကျပ်သား
  • ကျောက်ကျော အထုပ်သေး ၁ ထုပ်
  • ကြက်ဥ ၅ လုံး
  • ဂျုံမှုန့် ၁၀ ကျပ်သား
  • အုန်းသီး ၂ လုံးစာ အုန်းနို့
  • နို့စိမ်း ၁ ဘူး
  • ထောပတ် ၂ ကျပ်သား
  • ဆား ဟင်းစားဇွန်း ၁ဇွန်း

ပြုလုပ်ပုံ

ရွှေဖရုံသီး အာ အခွံခွှာပြီး အနေတော် အတုံးလေးများတုံး၍ နူးအိနေအောင် ပြုပ်ထားပါ အအေးခံ ပြီး ခြေထားပါ
ကြက်ဥ ကို ခေါက်ထားပါ

ကျိုမည့် အိုး တစ်ခုတွင် ခြေထားတဲ့ရွှေဖရုံသီး အုန်းနို့ရည် ကျောက်ကျောမှုန့်၊
သကြား(၂၀)သား တို့ကိုထည့်ပြီးသမအောင်မွှေပေးပါ

ထို့နောက် မီးဖိုပေါ်တင်ကာ မပြတ်အောင်မွှေပေးရပါမယ် ရေခန်းတဲ့အခါ ထောပတ်ထည့်မွှေပါ
ထာပတ်ထည့်ပြီး ဆီပြန်ကာ ခပ်ပျစ်ပျစ်ဖြစ်လာရင် မုန့်ဖုတ်တဲ့ဘန်းထဲသှို
လောင်းထည့်ပြီး မုန့်မျက်နှာပြင်ကိုညှိပေးပါ

ခေါက်ထားသောကြက်ဥ နွားနို့ သကြား (၁၀)သားနဲ့အတူ ဂျုံတို့ကိုခပ်ပြစ်ပြစ် ရောဖျော်ထားပြီး ၄င်းပူတင်းအရည်ကို မျက်နှာပြင်ညှိထားသော ရွှေဖရုံသီးတွေပေါ်ကို လောင်းထည့်ပြီး အပေါ်မီး ဖြင့်ဖုတ်ပါ

မုန့်မျက်နှာပြင် နီညို ရောင်သမ်ပြီး အနံ့မွှေးလာပါက ရွှေဖရုံသီးဆနွင်းမကင်း
ရပြီ ဖြစ်ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

စားချင်တာအေ စစ်ကိုင်းတောင်ပေါ်ကနေ ဒီဖက်
လှမ်းပစ်လိုက်ပ

ပစ် လ်ုက်ချင်သားအေ
သောင်ပြင်ပေါ် ကျသွားရင် သဲလူးကုန်မှာစိုးလို့

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64549.55
ETH 3170.62
USDT 1.00
SBD 4.13