Red Cross Day

in #myanmar6 years ago (edited)

ကြက်ခြေနီနေ့

Hello ,
မင်္ဂလာပါ

image

ဒီကနေ့ဟာ မေလ(၈ )ရက်နေ့ ကြက်ခြေနီနေ့ ဖြစ်ပါသည်

ယနေ့ တွင်ကျရောက်သော ( ၇၀ ) နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ အား
ဂုဏ်ပြုကြိုဆိုရင်း post တင်ရေးသားလိုက်ပါသည်

ကြက်ခြေနီ ကိုစတင်တည်ထောင်ခဲ့သော ဟင်းနရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၈ ရက်နေ့ ဟင်နရီဒူးနန့်၏မွေးနေ့ ကို ကမ္ဘာ့ကြက်ခြေနီ နေ့
အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်

image

ကြက်ခြေနီ ဖြစ်ပေါ်လာပုံ နှင့် သမိုင်းကြောင်း

၁၈၅၉-ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်သည် စီးပွားရေးလုပ်ငန်းများလုပ်ရန်အတွက် ပြင်သစ်နိုင်ငံ၏ ဧကရာဇ် ဖြစ်သော တတိယမြောက်
နပိုလီယံ ထံသွားရောက်စဉ် ဆိုဖာရီနို စစ်မြေပြင်၌ စစ်ပွဲ၏ အနိဌာရုံများကို
မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာရစစ်သည်များကို တတ်စွမ်းသမျှ ကူညီပြုစု
စောင့်ရှောက်ခဲ့ပါသည်

ဟင်နရီဒူနန့်သည် စစ်ပွဲပြီးဆုံးသွားသော် စစ်ပွဲ၏ အတွေ့အကြုံများကို
""ဆိုဖာရီနို အောက်မေ့ဘွယ်"" အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်
စစ်ဖြစ်ပွားချိန် ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန်အတွက် နိုင်ငံတိုင်းတွင် စေတနာ့ဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းထားရန်၊ ယင်းအဖွဲ့များကို အကာအကွယ်
ပေးရန်အတွက် နိုင်ငံသားများ၏ သဘောတူညီချက်ရယူရန် ဆိုသည့် အချက်
နှစ်ချက်ကို ၄င်းစာအုပ်တွင် ထည့်သွင်းအဆိုပြုခဲ့ပါသည်

ထိုစာအုပ်ကို နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများထံ ပေးပို့ပြီး အကြံဥာဏ်များတောင်းခံကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် လှုံဆော်ခဲ့ပါသည်

ထို့နောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ကို ဖွဲ့စည်းတည်ထောနိုင်ခဲ့ပါသည်

ကြက်ခြေနီ လူငယ်တွေဟာ စိတ်ဓာတ်မွနမြတ်ရုံသာမကဘဲ စည်းကမ်းလိုက်နာမှု အမိန့်နာခံမှု တိကျသေချာမှု တွေရှိနာကြောင့် နိုင်ငံ အနှံ့အပြားမှာ
ရှိတဲ့ ပြည်သူသူတွေရဲ့ လေးစားမြတ်နိုးမှု ကိုခံယူနေကြရတာ ဖြစ်ပါတယ်

မြန်မာနိုင်ငံ ရဲ့ဂုဏ်ကိုမြင့်တင် စေခဲ့တဲ့ ကမ္ဘာ မှာမြန်မာဟူ၍ ထင်ရှားပေ
ါ်လွင် စေခဲ့တဲ့ ဟင်နရီဒူနန့်ဘွဲ့ ကိုရရှိခဲသည့် မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂုလ်ကတော့ စိုင်းအောင်လှိုင်မြင့်(ကွယ်လွန်) ဖြစ်ပါတယ်
မိမိရဲ့အသက်ကို ပဓာနမထားဘဲ လူတစ်ယောက်ရဲ့ အသက်ကို စွန့်စွန့်စားစားကယ်တယ်ခဲ့တဲ့ ကချင်ပြည်နယ် မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်

ကျမတို့ကျောင်းနေစဉ်ကာလ များတွင် ကျောင်း များ၌ ကြက်ခြေနီ အဖွဲ့ တွင်
သူနာပြုစုနည်းများ ကူညီကယ်ဆယ်ရေး သင်တန်းများတက်ရောက်ခဲ့ကြ
သည်များကို ပြန်လည် အမှတ်ရ စေပါသည်

နိုင်ငံအသီးသီးရှိ အမျိုးသားကြက်ခြေနီ အသင်းများသည်
"'ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်'" ဟူသော ရည်ရွယ်ချက်ဖြင့်
လူမှုဂရုဏာလုပ်ငန်းများကို အချိန်တိုင်း နေရာတိုင်း(သာမန်အချိန်၊ မငြိမ်သက်မှုအခြေအနေ၊ သဘာဝဘေးအန္တရယ်ကျရောက်ချိန်) အခြေခံမူ(၇)ချက်နှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြပါသည်

image

ကြက်ခြေနီ၏ လုပ်ငန်းကြီး(၃)ရပ်ဖြစ်သော
၁-ကျန်းမာရေးမြှင့်တင်ရန်
၂- ရောဂါဘေးတားဆီးရန်
၃- ဘေးဒုက္ခရောက်သူများကို ကူညီရန်
တို့ကိုလုပ်ဆောင်လျှက်ရှိပါသည်

image

ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၏ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်
ကျင့်ဝတ် ( ၁၀)ပါးကတော့

၁-ပြည်သူလူထုအပေါ် သ္စာစောင့်ငိ ရိုသေရမည်
၂-ပြည်သူလူထုအပေါ် ဘေးအန္တရာယ် ကျရောက်မှုများမှ
ကာကွယ်စောင့်ရှောက်ရမည်
၃-ပြည်သူလူထုကို လှောင်ပြောင်ခြင်း ကဲ့ရဲ့ခြင်း စော်ကားခြင်း ဆဲရေးတိုင်းထွာခြင်း ခြိမ်းခြောက်ခြင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့ကို
ရှောင်ကျဉ်ရမည်
၎-ပြည်သူလူထု ၏ အကျိုးစီးပွားကို အလေးထားရမည်
၅-ပြည်သူလုထုအား ယဉ်ကျေစွာ ဆက်ဆံရမည်
၆-မိမိနှင့် မသက်ဆိုင်သော အရေကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမှ
ရှောင်ကျဉ်ရမည်
၇-ပြည်သူလူထုကို ဦစားပေးရမည်
၈-ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို
လေးစားရမည်
၉-ပြည်သူလူထုအတွက် ကြက်ခြေနီ ဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပွင့်လင်မြင်သာမှု ရှိရမည်
၁၀-တိုင်းရင်းသားအချင်းချင်း အမြင်လွဲမှားစေသော အပြုအမူ အပြောအဆို
များကို ဆင်ခြင်ရမည် ဘာသာလူမျိုး ခွဲခြားဆက်ဆံခြင်းမပြုရ

ဟူ၍ ကောင်းမွန်သော ကျက့်ဝတ်များကို လိုက်နာစေပြီး စေတနာ့ဝန်ထမ်း
များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း ဖြစ်ပါသည်

လူတိုင်းလူတိုင်း တို့တွင်ကြက်ခြေနီ စိတ်ဓာတ် ဖြင့် ရှင်ငန် နေထိုင်သွားကြပါက ကမ္ဘာ ကြီး ငြိမ်းချမ်းသာယာ ရှိနေမှာ အမှန်ပင် ဖြစ်ပါတယ်

မေလ ၈ ရက်နေ့တွင်ကျရောက်သော
ကြက်ခြေနီနေ့ အားဂုဏ်ပြုလျှက် နာ (၅) နာ ဖြစ်သော
၁-၀ါသနာ
၂-စေတနာ
၃-။အနစ်နာ
၎-အကြင်နာ
၅-စံနမူနာ
စသည်တို့ဖြင့်လုပ်ဆောင်နေကြသော ကြက်ခြနီတပ်ဖွဲ ဝင် စေတနာရှင်
လုပ်အားရှင် များအား လေးစားဂုဏ်ယူစွာဖြင့် ရေးသားလိုက်ရပါသည်

credit- ကြက်ခြေနီလက်စွဲစာအုပ်

Author-

@mamamyanmar

MSC-070

Sort:  

ဒန်တန်တန်တန် ဒန်တန်တန်တန် ဒန်တန်တန်တန်းတန်တန်တန်တန်းတန် အလေးပြု...မြန်မာနိုင်ငံမှကြက်ခြေနီအပေါင်းအား ဂုဏ်ပြုအပ်ပါသည်။

ဟုတ်တယ် တီးဝိုင်းလည်းပါတယ်

လွန်​ခဲ့တဲ့ နှစ်​​တွေတုန်းက ကြက်​​ခြေနီရဲ့ အမှတ်​တံဆိပ်​ Red Cross ကို ပရဟိတကျန်းမာ​ရေး.အသင်း​တွေ မသုံးရဘူးလို့ကြားလိုက်​​သေးတယ်​ဗျ .. အဲ့တာ ဘယ်​လို ဖြစ်​သွားလဲဟင်​ .. အစ်​မ ...

သိပုလေ အခုကတော့ သုံးနေကြတာဘဲ

ငယ်ငယ်ကဆို ကြက်ခြေနီ သင်တန်းတတ်ဖူးတယ် အသဲလေးဖြူသည် အမြဲဖေးကူညီ ပြည့်သူ့ ရင်သွေးတို့ များ ကြက်ခြေနီ ဆိုတဲ့ ဆောင်ပုဒ်လေးတောင် ခုထိရနေတုန်ပဲ

အာ့ဆို ဦးဇင်းက နှလုံးလှ လူသားပေါ့

ကြက်​​ခြေနီ​နေ့အား ဂုဏ်​ပြုပါတယ်

ဟင်းချက်တော့ဘူးလား ဂျီးဒေါ်

၁ရက် ၁လေ အငတ်ခံဦးမှဘာ
ပိုက်ဆံလည်းကုန် ဝိတ်လည်းတက်နာမို့

ကြက်ခြေနီလူငယ်တွေသိပ်မတွေရတော့ဘူး
မီးသတ်လူငယ်တွေများလာသလိုပ

ဟုတ်တယ် လူငယ်တွေကလည်း စိတ်ဝင်စားမှုနည်းပါးလာတယ်
လူကြီးတွေကလည်း အားပေးမှု့ နည်းလာကြတယ်

မြန်မာနိုင်ငံကြက်ခြေနီနေ့အား ဂုဏ်ပြုအပ်ပါသည်။

me too ပါ

အရမ်း​ကောင်းဗျား

တစ်ကယ်

ဖတ်ရတာဗဟုသုတရပါတယ်ဗျာ ။
ဒီ8ရက်နေ့ကကြက်ခြေနီနေ့မှန်းခုမသိတယ်။

ဟုတ်တယ် နော်

ဗဟုသုတလေးလည်းရတယ်မမရေ အားပေးနေတယ်လို့

ဟုတ်ပါ ကိုယ်ပျေားဆေးတေများသောက်ထားလားလို့ ပျောက်ပျောက်နေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75