Subbath Day and Sagaing Pagodas ( Part - 12 )

in #myanmar5 years ago (edited)

ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( အပိုင်း - ၁၂ )

Hello , all steemit member.

ယနေ့သည် သီတင်ူကျွတ်လ္ဆန်း (၂)ရက်နေ့ဖြစ်ပြီး ငါးထပ်ကြီး ဘုရားပွဲတော် စတင်ကျင်းပနေပြီ ဖြစ်ပါသည်

ငါးထပ်ကြီးဘုရား ၏ ဗုဒ္ဓပူဇနိယ ပွဲတော်အား နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လ္ဆန်း (၂) ရက်နေ့ မှ သီတင်းကျွတ်လ္ဆန်း (၆) ရက်နေ့အထိ (၅)ရက်တိုင်တိုင် အငြိမ့်ပွဲများ ဇာတ်ပွဲများ ဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်

image

စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားပွဲတော်များဖြစ်သည့် " ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ- လေး-ပ-ထူ-ရှင် -ငါး-အောင်-ကောင်း- အမြှောင် ငါးထပ်ကြီး အပြီး ကောင်းမှုတော် " ဟူသည့် လင်္ကာအတိုင်း ကျင်ပခဲ့ကြရာတွင်

စစ်ကိုင်းမြို့ရှိ ရပ်ကွက်အရုဏ်တော် ဝတ်အသင်းများ ဆွမ်းတော်ကြီးဝတ်ပြု အသင်းများမှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့် စေတီပုထိုးများသို့ ဆွမ်းတော်ကြီးများ သွားရောက်ကပ်လှူ ပူဇော်ကြသည့် မွန်မြတ်လှသည့် အလေ့ တစ်ခု ရှိပါသည်

ဘုရားစဉ် လင်္ကာ အရ ဘုရားပွဲတော်များနှင့် နေ့ရက်များမှာ...

(၁) ဆွမ်းဦးပုညရှင်စေတီ (ဝါဆိုလပြည့်နေ့)

(၂) တောင်ဖီလာစေတီ (ဝါဆိုလပြည့်ကျော် ၈ ရက်)

(၃) ဇေတဝန်ဘုရား (ဝါဆိုလကွယ်နေ့)

(၄) ချမ်းသာကြီး ချမ်းသာရဘုရား (ဝါခေါင်လဆန်း ၈ ရက်)

(၅) ဥမင်သုံးဆယ်ဘုရား (ဝါခေါင်လပြည့်နေ့)

(၆) ရှင်ပင်နန်းဦးစေတီ (ဝါခေါင်လပြည့်ကျော် ၈ ရက်)

(၇) ရှင်ပင်နံကိုင်းစေတီ (ဝါခေါင်လကွယ်နေ့)

(၈) လေးကျွန်းမာရ်အောင်ဘုရား ( တော်သလင်းလဆန်း ၈ ရက်)

(၉) ပတ္တမြားစေတီ ( တော်သလင်းလပြည့်နေ့)

(၁၀) ထူပါရုံစေတီ ( တော်သလင်းလပြည့်ကျော် ၈ ရက်)

(၁၁) ရှင်ဖြူရှင်လဘုရား ( တော်သလင်းလကွယ်နေ့)

(၁၂) ငါးထပ်ကြီးဘုရား (သီတင်းကျွတ်လဆန်း ၂ ၃ ၄ ၅ ၆ ရက်)

(၁၃) အောင်မြေလောက (သီတင်းကျွတ်လဆန်း ၈ ရက်နေ့)

(၁၄) ကောင်းမှုတော်ဘုရား (သီတင်းကျွတ်လပြည့်နေ့)

ဟူ၍ ဝါတွင်းကာလ ဘုရားပွဲစဉ်များအား အဆုံးသတ်လေ့ရှိပါသည်

အထက်ပါဘုရား ပွဲများအားလုံး ၏ ဗုဒ္ဓပူဇနိယ ပွဲတော်အား ဥပုဒ်နေ့မျာူတွင် ပြုလုပ်ကျင်းပသော်လည်း ငါးထပ်ကြီးဘုရားပွဲတော်ကိုတော့ ကြားရက်ဖြစ်သည့် သီတင်းကျွတ် လ္ဆန်း ၂ရက်မှ၆ရက်ထိ ကျင်းပ ပါသည်

ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " ငါး " ဖြစ်ပါသည်

ငါးထပ်ကြီး ဘုရားသည် စစ်ကိုင်းမြို့ အနောက်ဖက် ရှိ လင်းဇင်းရပ်ကွက်တွင် တည်ရှိပါသည်

image

ငါးထပ်ကြီး ဘုရားသမိုင်း

ငါးထပ်ကြီးဘုရားကို သက္ကရာဇ် (၁ဝ၁ဝ) နန်းတက်သော
မင်းရဲနန္ဒမိတ် ( ကောင်းမှု​တော်​ဘုရား ဒါယကာ သာလွန်​မင်းတရားကြီး၏ သား​တော်) သည် သက္ကရာဇ် (၁ဝ၂ဝ)တွင် တည်ထားခဲ့ပါသည်

ဝါးရုံများထူထပ်စွာ ပေါက်ရောက်လျှက်ရှိသော တောတွင်တည်ထား၍ ဝေဠုဝန်ဟူသော ဘွဲ့တော်သမုတ်ခဲ့ပါသည်

ရုပ်ပွားတော်ကြီးကိုလည်း ပေါ်ထပ်ရပ် ဘုံငါးဆင့်တန်ဆောင်းကြီး ဆောက်လုပ်ပြီး သတင်းသုံးခဲ့သည်ကို အစွဲပြု၍ ငါးထပ်ကြီးဟုလည်း ခေါ်တွင်ပါသည်

ငါးထပ်ကြီးဘုရားတွင် မင်းရဲနန္ဒမိတ်သည် သမီးတော် သီရိဘုန်းထွဋ်ငယ်စဉ်က ကစားသော ရွှေရုပ်ငွေရုပ်များ ကြီးမှဆင်ယင်သော လက်ဝတ်တန်ဆာများကို ရွှေပေခပ်၍ ပိဋကသုံးပုံ ရေးထိုးထာပဋ္ဌာပနာခဲ့ပါသည်

မူလတန်ဆောင်းကြီးမှာ အင်းဝပျက်ကာနီး ကသည်းစစ်တွင် ကသည်း တို့မီးရှို့၍ ပျက်စီးခဲ့သည် ထို့နောက်ပိုင်း လေးထပ်ကျောင်းမှ တိုင်များဖြင့် ပြသာဒ်တန်ဆောင်းတို့ကို ပြုပြင်ခဲ့သည်
ယခုအခါ စေတနာရှင်ပြည်သူများဧ။် ထည့်ဝင်လှူဒါန်းငွေဖြင့် ပြုပြင်ထားပါသည်

ငါးထပ်ကြီးဟူသောအခေါ် အဝေါ် မှာ အုဠ်အင်္ဂတေတို့ဖြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ ပန်းရန်ဆရာများသည် ဝါးများဖြင့် ငြမ်းထိုးပြီး ငြမ်းပေါ်တက်ကာ လုပ်ကိုင်ကြရသည် ရုပ်ပွားတော် တည်ရာတွင်လည်း ထိုသို့ပင် လုပ်ဆောင်ရကြောင်း ထိုသို့တည်ရာတွင် ငြမ်းတိုင်တစ်ဆက်ကို ငြမ်းတစ်ထပ်ဟု ခေါ်၍ ဥာဏ်တော်မြင့်လျှင် မြင့်သလောက် ငြမ်းဝါးတိုင် အထပ်များကြောင်း ငြမ်းအထပ်အရေအတွက်အရ ငါးထပ်ကြီးဘုရား ခြောက်ထပ်ကြီးဘုရားကိုးထပ်ကြီးဘုရား ဆယ်ထပ်ကြီးဘုရား စသည်ဖြင့် ခေါ်လေ့ရှိကြောင်း

ထို့ကြောင့် စစ်ကိုင်းငါးထပ်ကြီးဘုရားသည် ငြမ်းဝါး ငါးထပ်ထိုးတည်ဆောက်ခဲ့၍ ငါးထပ်ကြီး ဘုရားဟု တွင်သည်ဟုဆိုသည်

တစ်ဖန် ငါးထပ်ကြီး ရုပ်ပွားတော်ကြီးကို တန်ဆောင်းပြာသာဒ်ငါးဆင့် ပလ္လင်ငါးဆင့် ဘုရားပွဲကို သီတင်းကျွတ်လဆန်း(၁)ရက်မှ (၅)ရက်နေ့အထိ ကျင်းပခြင်း ဘုရားအနေကဇာတင်စဉ်က ဘုရင့်တပ်ကြီး ငါးတပ်ရံ၍ ကျင်းပခြင်းစသည့် ငါးဂဏန်း ထပ်ကာထပ်ကာသုံး၍ ငါးထပ်ကြီး ခေါ်တွင်သည်ဟုလည်း ဆိုပါသည်

ဝေဋ္ဌုဝန် ငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီး တည်ထားပုံမှာ

၁ - ဥာဏ်တော် ၂၈ တောင်
၂ - ဦးခေါင်းတော်လုံးပတ် ၁၈တောင် ၂မိုက်
၃ - နှာသီးတော် ၂တောင် ၂သစ်
၎ - ခါးတော်အချင်း ၁၈တောင် ၂မိုက်
၅ - ဒူးစွန်းနှစ်ဘက် ၁၈တောင်၂မိုက်
၆ - နားတော် ၄တောင် ၄သစ်
၇- နားရိုးတော် ၂တောင် ၂မိုက်
၈ -နားတော်ဝ ၁၂ သစ်
၉ -ခံတွင်းတော် ၂တောင်၂မိုက်
၁၀ - ခံတွင်းအကျယ် ၁၂ သစ်
၁၁ -မျက်ခုံးတော်အရှည် ၃ တောင်
၁၂ -မျက်ခုံးတော် အနံ ၁ မိုက်
၁၃ - မျက်လုံးတော်အရှည် ၂ တောင်
၁၄ - မျက်လုံးတော် အနံ ၁ မိုက်
၁၅ - သင်းကျစ်တော် ၁၂ တောင်
၁၆ - သင်းကျစ်တော်အနံ ၁၄ သစ်
၁၇ - နှာသီးနှင့်နားတော် ၆ တောင်
၁၈ -သင်းကျစ်တော်မှမေးဖျား ၆ တောင်
၁၉ - ပုခုံးစွန်းတော် ၆တောင် ၁မိုက်
၂၀ - ပုခုံးမှ တံတောင်ဆစ် ၇တောင်၁မိုက်၎သစ်
၂၁ - တံတောင်ဆစ်မှ ၇တောင်၁မိုက်၎သစ်
လက်ကောက်ဝတ်အထိ
၂၂ - လက်ကောက်ဝတ်မှ ၆တောင်
လက်ဖျားအထိ
၂၃ - လက်မတော် ၂တောင်၁မိုက်
၂၄ - အကြင်း ၄ချောင်း ၃တောင်စီ
၂၅ - ခြေချောင်းတော် ၅ ခု ၁တောင် ၄သစ်စီ
၂၆ - ခြေဖဝါးတော် ၆တောင်

ထပ်ကြီးဘုရားအစ စစ်ကိုင်း ငါးထပ်ကြီးဘုရားက ဟူ၍လည်း မှတ်သားရပါသည်

image

ငါးထပ်ကြီးဘုရားကြီးဧ။် အရှေ့ဘက် ဆောင်းတန်း၌ ထန်းသီးလုံးခန့် ပုတီးကြီး နှစ်ကုန်းကိုလည်းတွေ့ရသည်

ငါးထပ်ကြီးဘုရားပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲအဖြစ် တစ်ပွဲ သီတင်းကျွတ်လဆန်း ( ၂ ) ရက်နေ့တွင် ဆွမ်းကပ်လှူသည့်ပွဲ တစ်ပွဲ နတ်တော်လပြည့်နေ့တွင် ကောက်ဦး ပူဇော်ပွဲအဖြစ် မုန့်ပေါင်းဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော်သော ပွဲတစ်ပွဲ စုစုပေါင်းသုံးကြိမ် ကျင်းပကြပါသည်

စစ်ကိုင်းမြို့ ရပ်ကွက်အသီးသီး ရှိ ဆွမ်းတော်ကြီး အာရုံတော် ဝတ်အသင်မျာူကတော့ ပွဲတော်ရက် ၅ရက်အတွင်းတွင် အလှည့်ကျ ဆွမ်း ပန် ရေချမ်းများကပ်လှူ ပူဇော်ခြင်း ဝတ်ရွတ်စဉ် များဖြင့် ရွတ်ဘာဘ် သရာဇ်ယ် ပူဇော်ကြပါသည်

…… နောက်တစ်ပတ် ဆက်ရန် ……

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported. and I ever used this app.

စစ်ကိုင်းငါးထပ်ကြီးဘုရားပွဲသုးံကြိမ်ကျ င်းပတာကိုမဘူးတော်သလင်းလဆန်း(၂)ရက်ကျင်းပတာကိုပဲသိတာ

ထူးခြားတာကတော့ မုန့်ပေါင်းပွဲ လေ လာခဲ့နော် မုန့်ပေါင်းဝယ်ကျွေးမယ်
ဟ်ဟိုတုန်းကတော့ အလကားကြွေးကြတာ ခုတော့ ဝယ်စားရတာ

ကိုးကားဖို့ သိမ်းထားဦးမယ်။

ဟုတ်ကဲ့ ငယ်ကတည်းကဖူးနေသည့်ဘုရားပေမယ့် ခုစာရေးမယ်ဆိုမှ သမိုင်းကြောင်း ဖတ်မိတော့တာပါ

စည်ကားလိုက်တာ မမမြန်မာရေ

ဟုတ်ကဲ့ လာလည်ပါလား

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70351.33
ETH 3563.43
USDT 1.00
SBD 4.72