Thidingyut Festival & Myanmar's Traditional Toy

in #myanmar6 years ago

သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် မြန်မာ့ရိုးရာ ကစားစရာ

Hello , all steemit member .

image

ဝါတွင်းသုံးလ ကုန်ဆုံးလို့ သီတင်းကျွတ်ပွဲတော် ရောက်ရှိပါတော့မယ်

သီတင်းကျွတ်ပွဲတော်ဆိုတာ ဗုဒ္ဓဘာသာမြန်မာလူမျီူးတို့ရဲ့ ပျော်စရာ အကောင်းဆုံးပွဲတော်တွေထဲက ပွဲတော်တစ်ခု ဖြစ်ပါသည် အနယ်အနယ်အရပ်ရပ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေကြသူများကလည်း အတက်နိုင်ဆုံး မိမိ ဇာတိ ရပ်ရွာ မြို့တို့ကိုရောက်အောင် ပြန်ပြီး သီတင်းကျွတ်ပွဲကို ဆင်နွှဲကြကာ မိဘဆရာသမားတွေ အားပြန်ကန်တော့ကြပါသည်

ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးတို့ရဲ့ မွန်မြတ်လှတဲ့ရိုးရာဓလေ့ ဖြစ်ပါတယ်

သီတင်းကျွတ်လ ရောက်ပြီ ဖြစ်တာကြောင့် သီတင်းကျွတ်လ နှင့် အတူယဉ်တွဲလျက် ရှိနေသည်ကတော့ သီတင်းကျွတ် မီးထွန်းပွဲ ဖြစ်ပါသည်

သီတင်းကျွတ်ကာလ ရောက်ပြီဆိုသည်နှင့်လမ်းဘေးဝဲယာများ၌ မီးထွန်းကား မီးပလုပ်တုပ် စသည့်သီးတင်းကျွတ် မီးထွန်းပွဲတွင် ကလေးများကစားသည့် မြန်မာ့ရိုးရာကစားစရာ အရောင်းဆိုင်များလည်း တွေ့မြင်ရပါတော့သည်

ကျမတို့ ငယ်ငယ်က သီတင်းကျွတ်လ ရောက်ပြီဆိုသည်နှင့် နှီး ဝါး ဆီစိမ်စက္ကူ နဲ့ ပြုလုပ်ထားသည့် ရောင်စုံ မီးထွန်းကား မီးထွန်းသင်္ဘော မီးထွန်းယုန်ရုပ် မီးပလုပ်တုပ် စသည့် ကစားစရာတို့အား ဆွဲခဲ့ ကစား ခဲ့တာ ကို သတိရ မိပါတော့သည်

အခုလို အချိန် ဆိုင်တွေပေါ်တွင် ချိတ်ဆွဲထားသည့် မီးထွန်းသင်္ဘောကြီးများ မီးထွန်းလေယာဉ် ကြီးများ အားမြင်သည်နှင့် မိဘများအား ဝယ်ပေရန် ပူစာရ ဝယ်မပေးမခြင်း စိတ်ကောက်ရ ဝယ်ပေးပြန်တော့လည်း မီးထွန်းပွဲ မရောက်မှီ တစ်ကိုင်ကိုင်မို့ ပျက်ဆီးသွားသည့်အတွက် အဆူခံရ ပုံတွေ ကိုလည်း သတိရ မိပါသေးတယ်

သီတင်းကျွတ်လပြည့်နေ့ လပြည့်မတိုင်မှီရက် လပြည့်ကျော်ရက် များတွင် မီးထွန်းကား မီးပလုပ်တုပ်လေးများဆွဲ မီးပူဇော် ကစားကြသည်မို့ ကြိုတင်ပူဇာဝယ်ယူထားသည့်ကစားစရာ မှာ လည်း ပျက်ဆီး သည့်အတွက် လူကြီးများအား ထပ်မံပူဇာ သောအခါ နောက်ဆုံးတော့ မီးထွန်းကားအသေးလေးသာ ဆွဲ၍ ဆော့ကစားခဲ့ရပါသည်

သီတင်းကျွတ် မီးထွန်းပွဲတော်ရက် ရောက်ပြီဆိုသည်နှင် ကိုယ် ကစားနေသည့် မီးထွန်ကား ဘယ်လောက်ပင် လှနေပါစေ သူများ တွေ ဆွဲလာသည့်မီးထွန်းကားအား လိုချင်ငေးမော မိမြဲ ပင် ဖြစ်ပါသည်

image

ယနေ့ ခေတ်တွင်တော့ သီတင်းကျွတ်ကာလ မီးထွန်းပွဲတော်တွင် မြန်မာ့ရိုးရာကစားစရာ မီးထွန်းကားလေးများ မီးပလုပ်တုပ်လေးများ ဖြင့် ဆော့ကစားကြသည့် ကို မတွေ့မြင်ရသလောက် ပင်ဖြစ်ပါသည်

သီးတင်းကျွတ် မီးထွန်းရာသီတွင် လူကြီးလူငယ် ဟူသမျှတို့သည် ဗျောက်အိုးများ မီးရှုး မီးပန်းမျာ ဖြင့် ပစ်လွှတ် ခြင်းများ ပြုလုပ်လာကြပါသည်
ငွေကုန်ကြေကျ များသလို အန္တရာယ်လည်း များလှပါသည်
ဗျောက်အိုးဖောက်သံ မီးရှုးမီးပန်း ပစ်လွှတ်သံ များ ယမ်းအနံ့များဖြင့် ပတ်ဝန်းကျင်အား ဆူညံ ထိခိုက်စေပါသည်

အိမ်များ၌လည်း မြန်မာ့ရိုးရာ မီးပုံးလေးများအား အလှဆင် ချိတ်ဆွဲ ပူဇော်ကြရာမှ တရုတ်နိုင်ငံလုပ် မီးပုံးကြီးများ လျှပ်စစ်ရောင်စုံ မီးပလုပ်တုပ် များဖြင့် အလှဆင် မီးပူဇော် လာကြပါသည်

ထို့ကြောင့် မြန်မာလူမျိုးတို့၏ မွန်မြတ်လှသည့် ချစ်စရာ့ ရိုးရာဓလေ့ ဖြစ်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား ရိုးရာအစဉ်အလာမပျက်လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှေက် ကြစေရန်

မိမိတို့၏ရင်သွေးငယ်လေးများအား အန္တရာယ်ကင်းစေသည့် မြန်မာ့ရိုးရာကစားစရာ မီးထွန်းပူဇော်သည့် ကစားနည်းလေးများ ဖြင့် ကစားတတ်ကြစေ
ရန်

အခုချိန်မှာတော့ ကျမ အား ဆီစိမ်စက္ကူ နှင့် ပြုလုပ်ထား သည့် မီးထွန်းကားများမြောက်များစွာဝယ်ပေးလည်း ဇိမ်ခံကားကိုသာ လိုချင်တော့သည့်အရွယ်မို့

ကစားစရာ နဲ့ပျော်ရွှင်ခြင်းဆိုသည်မှာလည်း expired date ရှိတာမို့
ကလေးတွေ ကို သူ့ အရွယ် သူ့ အချိန် အခါ နဲ့ ကိုက်ညီတဲ့ လိုချင်မက်မောတဲ့လိုက်ဖက်တဲ့ကစားစရာတွေ ပျော်ရွှင်ခြင်းတွေ ပေးနိုင်ကြပါစေ ဟု
ရည်ရွယ်လျက် ရေးသားလိုက်ရပါသည်

@mamamyanmar

Sort:  

ပျော်စရာသီတင်းကျွန်

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ငယ်ငယ်ကတော့ သီတင်းကျွတ်ရင်ပျှောစရာတွေအများကြီးရှိခဲ့ပယ်၊ခုတော့ မီးထွန်းတဲ့သူတောင်ရှားသွားပါပြီ

Posted using Partiko Android

ဟုတ်တယ် ဆို

အရင်ကအိမ်တိုင်းအိမ်တိုင်းဖယောင်းတိုင်ဆီမီးတွေကိုပြတင်းပေါက်,ဝရန်တာတွေမှာထွန်းကြတာခုတော့ရောင်စုံမီးသီးတွေပဲမြင်ရတော့တယ်

နောက်ဆို မီးထွန်းပွဲ တောင်ပျောက်သွားနိုင်တယ်

Beautiful

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97