Thinngyan Letters ( Part - 8 )

in #myanmar5 years ago

မဟာသင်္ကြန်စာ - အပိုင်း(၈)

Hello , all steemit member.

image

မဟာသင်္ကြန် အကျ နေ့

ယနေ့ သည် သင်္ကြန် အကျ နေ့ ဖြစ်ပါသည်

မဟာသင်္ကြန်စာ တွင် ပါဝင်သော

မဟာသင်္ကြန်အကျနေ့ အလိုကား
ကန်ရာသီလဂ် ဖြစ်ပါသောကြောင့် သာမန္တသင်္ကြန် မည်ပါသည်
(၇)ရက် သားသမီး အပေါင်းတို့သည် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အစဉ်အလာအားဖြင့် သင်္ကြန်အကျ နေ့တွင် ဂြဟဇာ အထက်အရပ်ကို မျက်နှာမူလျက် ဦးခေါင်းဆေးခြင်း မင်္ဂလာကို ဆင်ယင်ကျင်းပ ပြုရာ၏

ဟူ၍ သင်္ကြန်စာတွင် ရေးသားထားပါသည်

အခါအားလျော်စွာ အတာကူးပြောင်း ဦးခေါင်းဆေး မင်္ဂလာမဏ္ဍပ်များ ပြုလုပ်ပြီး ဘိုးဘွား သက်ကြီးရွယ်အိုများ မိဘ ဦးကြီး ဦးလေး၊ အစ်ကို အစ် သူငယ်ချင်း မိတ်ဆေ ဝါအားဖြင့်ကြီးသူတို့ကိုလည်း ကုသိုလ်ပြု ဦးခေါင်းဆေး ဒါနပြုခြင်းဖြင့် နှစ်သစ်ကူးမင်္ဂလာကို ဆင်ယင် ကျင်းပ သင့် ပေသည်

ဟူ၍လည်း သင်္ကြန်စာတွင် ရေးသားထားပါသည်

၇ ရက်သားသမီးများ ဦးခေါင်းဆေး မင်္ဂလာ ပြုလုပ်ရာ အချိန်အခါ

တနင်္ဂနွေနေ့ဖွား အပေါင်းတို့သည်

ဒန်းညွှန့်ကို အခင်းပြုပြီး ကံ့ကော်ညွှန့် ကိုင်ဆောင်ပါ
အနန္တော အနန္တ(၅)ပါးတို့အား ဦးထိပ် ပန်ဆင်ပြီး၊ ပူဇော်ထိုက်သူ လူ၊နတ်၊ဗြဟ္မာအပေါင်းအား ရှစ်ခိုးဦးချ ပူဇော်ကန်တော့လျက် ဂဟပတိ အနောက်တောင် ဒေါင့်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

တနင်္လာနေ့ဖွား အပေါင်းတို့သည်

အုန်းညွှန့်ကို အခင်းပြုပြီး နေဇာညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အနောက်အရပ်ကို မျက်နှာမူ၍ အုန်းညွှန့်ကို အခင်းပြုပြီး၊ နေဇာညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အနောက်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

အင်္ဂါနေ့ဖွား အပေါင်းတို့သည်

ကံ့ကော်ညွှန့်ကို အခင်းပြုပြီး၊ ခရေညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အနောက်မြောက်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

ဗုဒ္ဓဟူးနေ့ဖွား အပေါင်းတို့သည်

နေဇာညွှန့်ကို အခင်းပြုပြီးသပြေညွှန့် ကိုင်ဆောင်လျက် ဂဟပတိ မြောက်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

ကြာသပတေးနေ့ဖွား အပေါင်းတို့သည်

ခရေညွှန့်ကို အခင်းပြုပြီး သီးညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အရှေ့ အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

သောကြာနေ့ဖွား အပေါင်းတို့သည်

သပြေညွှန့်ကို အခင်း ပြုပြီး ဒန်းညွှန့် ကိုင်ဆောင်လျက် ဂဟပတိ တောင်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

စနေနေ့ဖွား အပေါင်းတို့သည်

သီးညွှန့်ကို အခင်းပြုပြီ အုန်းညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အရှေ့ မြောက်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

ရာဟုနေ့ဖွား အပေါင်းတို့သည်

နေဇာညွှန့်ကို အခင်းပြုပြီး သပြေညွှန့် ကိုင်ဆောင်လျက် ဂဟပတိ အရှေ့တောင်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏

( ခုနှစ်ရက်သားသမီးများ အာလုံး နံတူရာ ပန်းပွင့် ပန်းညွှန့်များအားလုံး အသုံးပြု နိုင်ပါသည်)

ဟူ၍ ဦးခေါင်းဆေး မင်္ဂလာဆင်ယင်ပြုလုပ်ပုံ အကြောင်းအား သင်္ကြန်စာ တွင် ရေးသားထားပါသည်

ဦးခေါင်းဆေးမင်္ဂလာပြုရသောအကျိုးကား

အနာရောဂါ ကင်းပျောက်ကုန်၏ သုခဘောဂီ ချမ်းသာစေ၏

ဦးခေါင်းဆေးမင်္ဂလာမပြုရသောအပြစ်ကား

ရောဂါ ဒဏ်ရာ အနာ တို့ ရစေခြင်း ဆင်းရဲခြင်း၏

သင်္ကြန်အခါ ရှောင်ကြဉ်ရန်အမှုများကား

ကာမ အိမ်ရာ မေထုနာက ပါဏာသတ်ပုတ် သောက်ထုတ် သေရက် မျက်ထွက်မာန ပဋိဃနှင့် ဒေါသမလွတ် ဆီပွတ် လိမ်းဆင် သစ်ပင်ခုတ်ဖြတ် သတ်ခတ် ကုန်ရှောင် အရောင်းအဝယ လဲလှယ်ဟူသည် မပြုရရာ ရှောင်ကြဉ် ရာဟု

ဤကား မဟာ သင်္ကြန်အကျ အလိုတည်း

ဟူ၍ သင်္ကြန်စာ တွင် ရေးသားထားပါသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks your , supported . I am ever used esteem app.

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66396.53
ETH 3174.43
USDT 1.00
SBD 4.15