Thinngyan Letters ( Part - 9 )

in #myanmar5 years ago

မဟာသင်္ကြန်စာ - အပိုင်း(၉ )

Hello , all steemit member

image

မဟာသင်္ကြန် အကြက် နေ့

ယနေ့ သည် သင်္ကြန် အကြက် နေ့ ဖြစ်ပါသည်

ကောဇာသက္ကရာဇ် ၁၃၈၀ - ၈၁ ခုနှစ် အတွက်
မဟာသင်္ကြန်စာတွင်

အောင်ဇေယတုသက္ကရာဇ် ၁၃၈၀-ခု၊ ဒီဃနှစ်ကြွင်း ၂၈၀ ရဿ ဝေါဟာနေ
နှောင်းတန်ခူးလဆန်း (၁၀)ရက်
ခရစ်နှစ် ၂၀၁၉ ဧပြီလ (၁၄)ရက်
တနင်္ဂနွေနေ့ စံတော်ချိန် ညနေ(၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့်
မြန်မာနာရီ နေ့ဗဟိုရ်(၃)ချက်တီးကျော် (၅)နာရီ (၂)ပါဒ် (၅)ဗီဇနာ (၃)ပြဏ် (၂)ခရာ
ကန်ရာသီလဂ် ကရကဋ်ရာသီစန်း စန်းယှဉ် အသလိဿနက္ခတ်
တနင်္ဂနွေ ဟောရတ် စနေတြင်း ဗုဒ္ဓဟူးနဝင်း ကြာသပတေး ဒွါဒသင်း ကြာသပတေး တိံသင်း၊ လဂ်စီးနက္ခတ် ဟဿတနက္ခတ် (၁၂)လုံး (၂)ပါဒ် (၂)ဃဋီ (၂၆)ဝိဃဋီ (၆)အနုဃဋီထက် လဂ်စီးလျက် ထိုနာရီ၏ ဣဋ္ဌဘဝါးကား (၃၀)ဘဝါး (၁၁)လက်သစ် (၆)မုယော (၃)နှမ်း (၈)ဆံခြည် မွန်းတည့်နက္ခတ်ကား ပုဏ္ဏဗသျှုနက္ခတ် (၈၀)အံသာ (၁၀)လိတ္တာ (၃၀)ဝိလိတ္တာ

ပြည့်မတ်သော မင်္ဂလာအခါ သမယတွင် (ယုဂ်၂၈မှ) ဝဇရယုဂ်၊ (ယုဂ်၂၇မှ) သုလယုဂ် ပုဏ္ဏာတိထီ ၁၀လုံး တေတိလကရိုဏ်းနှင့် ယှဉ်လျက်

ဘာနုရာဇဂြိုဟ်မင်းသည် ကြာဝတ်ဆံ အဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက် နဂါးကိုစီး၍ လက်တဘက်ကား မြှား လက်တဘက်ကား လွှားကိုကိုင်၍ အရှေ့မြောက်ထောင့် ကသည် အနောက်သို့ဝင်၏ နန္ဒာဒေဝီနတ်သမီးကား အလှည့်စေ့၍ ပရမိသွာနတ်မင်း၏သား အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ကညာဒေဝီနတ်သမီးကား ခရီးဦး ကြိုဆို၍ ရပ်စောင့်နေလျက် လှမ်းလင့်၏

ဓံသီနတ်သမီးကား အဖြူ၊ အနီ အစိမ် အပြာ အဝါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သိကြားမင်းကို စောင့်လင့်၏
ထို့ကြောင့် မိုးဦး၊ မိုးလယ် ကောင်းအံ့ စစ်မက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်အံ့ ပြည်ကြီးကို ပြည်ငယ်နိုင်စ ပြုလာအံ့ ဧကရာဇ်မင်းအပေါင်း ဥပါဒ်ဖြစ်တတ်သည်

ဟူ၍ သင်္ကြန်စာ တွင် ရေးသား ထားပါသည်

ပြည်နယ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရွာငယ်အချို့ မီးလောင်ဖန် အကြိမ်များလာအံ့
ကုန်သွယ် ကူးသန်းရောင်းဝယ် ရေး သူဋ္ဌေးသူကြွယ် တို့သည်လည်း ဘေးဥပါဒ် ဖြစ်ကြကုန်အံ့
လယ်ယာ မြေလုပ်ငန်းရှင် လယ်ယာလုပ်ကိုင်သူ တို့သည် အနှောင့်အယှက် အခက်အခဲများဖြင့် ရင်ဆိုင်ရအံ့
ကျွဲ၊ နွား၊ဆင် မြင်းနှင့်တကွ အခြေ(၄)ချောင်း သတ္တဝါအများ အသေအပျောက် များအံ့
ထိုသတ္တဝါတို့၏အသားကို လွန်စွာ စားသုံးသူတို့သည် အကြိတ် အသမာ အနာရောဂါ ဆိုးများဖြစ်အံ့
ကူးစက်ရောဂါ များကြောင့် ပျက်စီးကြအံ့
လူအချို့တို့သည် အစာ အာဟာရ ပြတ်လပ်၍ ငတ်မွတ်ကြအံ့
အုပ်ချုပ်သူ အစိုးရအကြီးအကဲများ အမျက်ဒေါသ သင့်ကြကုန်အံ့
ရေနေသတ္တဝါများ ငါးမျိုးစိပ်များ ပျက်စီး ပျောက်ကွယ်တတ်အံ့
အတောင်ရှိသော ကျေးငှက် သတ္တဝါအပေါင်းတို့ သည်လည်း ဘေးဥပါဒ်သင့်ကြကုန်အံ့
အရှေ့ အရပ်ဒေသရှိ တိုင်းနိုင်ငံ ပြည်နယ်အချို့ ပျက်စီးတတ်အံ့
အနီရောင်ရှိသော ကွမ်းသီး ငြုပ်သီး အစရှိသည့် အသီးအနှံများ ယခုနှစ် ဈေးကောင်းအံ့
ရောင်းဝယ်ဖောက်ကား ကအကျိုးအမြတ်ရှိကြကုန်အံ့

ဤကား မဟာသင်္ကြန်ကျနေ့ အလိုအားဖြင့် ဟောကြားရခြင်း ဖြစ်ပါသည်

ဟူ၍လည်း သင်္ကြန်စာ တွင် ရေးသား ထားပါသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

Beautiful flowers! Have a good week, fri.

Yes , This time is our country, Myanmar New Year(Water Festival)

Beautiful


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

The flowers are very beautiful.

Posted using Partiko iOS

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70