This Season of Flower ( water-lily ) Part - 3

in #myanmar5 years ago

သီတင်းကျွတ်လ ၏ ရာသီပန်း ( ကြာပန်း ) အပိုင်း ၃

Hello , all steemit member.

ဗုဒ္ဓဘာသာဝင် တို့၏ မြစ်စွာဘုရားရှင်အား ရှိခိုးကန်တော့ရာတွင်လည်းလက်ဟန်အနေအထားကို ကြာငုံဖူး သို့ ဟု ကြာဖူး လေးများနှင့် ဥပမာေ ပးထားပါသည်

image

နာကြားခဲ့ဘူးသောတရားတော် များစွာထဲက မှ ကြာပန်းကို ဥပမာပေး၍ ဟောကြားတော်မူသည့် တရားတစ်ပုဒ် ကို ဟောကြားထားသည့် အစဉ်အတိုင်းမှ အနှစ်ထုတ်၍ ရေးသားလိုက်ပါသည်

ကြာပန်းကို ဥပမာပေး၍ ဟောကြားထားသော မဟာသူဗောဓာရုံ ဆရာတော် ဒေါတ်တာ ဘဒ္ဒန္တ နန္နမာလာဘိဝံသ ဟောကြားအပ်သောတစ်ရားတော်တွင်

  • လောကမှာ
    လူ ရယ်လို့ ဖြစ်လာလို့ ရှိရင်
    ဘယ်လောက် ကောင်းတဲ့ အလုပ်ပဲ လုပ် လုပ်
    အတိုက်အခံ ဆိုသည်မှာ ပေါ်လာစမြဲဘဲဖြစ်တယ်
    ဒါ လောကရဲ့ သဘာဝ

  • မြစ်ကြီး ဟာ

  • သတ္တဝါတွေ အတွက်
  • လောကသားတွေ အတွက်
    အေးချမ်းမှု သန့်စင်မှု ကို ပေးနိုင်သော်လည်းဘဲ
    မြစ်ထဲ ဆင်းပြီးတော့
    ရေနစ်သေတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား ဆိုတော့
    ရှိတာပေါ့
    ဒါ မြစ်ရဲ့ အပြစ်လား ဆိုတော့
    မြစ်ရဲ့ အပြစ် မဟုတ်ဘူး
    လောကသားတွေရဲ့ အပြစ်သာလျှင် ဖြစ်တယ်
  • ထို့ အတူဘဲ မြတ်စွာဘုရားက
    လောကသားတွေကို အကျိုးပြုဖို့ ပွင့်လာတာ
    ဖြစ်သော်လည်း
    မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ပြီးတော့
    ဒုက္ခ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း
    မြောက်မြားစွာ ရှိတယ် ပေါ့
    အဲဒီ မြောက်မြားစွာ ရှိတဲ့ အထဲက
    မှတ်တမ်းတင်ထားတဲ့ ပုဂ္ဂိုလ်အချို့ ရဲ့ အကြောင်းကို
    ပိဋက သုံးပုံမှာ သိရှိကြရတယ်

  • သို့သော်
    မြတ်စွာဘုရားကို အကြောင်းပြုပြီးတော့
    ဓမ္မစကြာတရား ဟောလိုက်လို့ နာယူလိုက်တဲ့ အခါမှာ
    လူသားထဲက ရှင်ကောဏ္ဍည တစ်ဦးဟာ
    ဓမ္မနဲ့ ပတ်သက်ပြီးတော့
    `ဓမ္မစက္ခု´ဆိုတဲ့ မျက်စိ အမြင် တစ်ခု ရသွားတယ်

  • သို့သော်
    နတ်တွေ ဗြဟ္မာတွေ ထဲကတော့
    နတ်တွေက အသင်္ချေ
    ဗြဟ္မာပေါင်း ၁၈- ကုဋေ ဆိုတာ
    `ဓမ္မစက္ခု´ ရသွားတယ်

စကြဝဠာ လို့ ခေါ်တဲ့ လောကကြီးနဲ့
တိုင်းတာ ကြည့်လိုက်မယ်ဆိုရင်
မြတ်စွာဘုရားရဲ့ ဆောင်ရွက် လုပ်ကိုင်မှုကြောင့်
အကျိုး ဖြစ်ထွန်းသွားတဲ့ ပုဂ္ဂိုလ်တွေက
များတယ် လို့
ဒီလို ပြောရမှာ ဖြစ်တယ်

  • သို့သော်
    မြတ်စွာဘုရား ပွင့်လာမှုကို အကြောင်းပြုပြီး ဘုရားကို ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေနဲ့ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဘဝ မှာ ဆုံးရှုံး နစ်နာပြီး သံသရာမှာ ဒုက္ခ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်

အထင်ရှားဆုံး ကတော့ ရှင်ဒေဝဒတ် ဟာ နောက်ဆုံး မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ပြီးတော့ မြေ မြို ပြီး အဝီစိငရဲမှာ ခံနေရတယ် ဆိုတာက
အားလုံး သိထားတဲ့ အတိုင်း ပေါ့

အေး ရှင်ဒေဝဒတ် လိုဘဲ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်တဲ့
ပုဂ္ဂိုလ်တွေလည်းဘဲ ပေါ်ပေါက်ခဲ့ဖူးတယ်
အဲဒီ ပေါ်ပေါက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ စာပေကျမ်းဂန်မှာ မှတ်တမ်း တင်ထားတာ

  • ရှုဒေါင့် အမြင်က နေပြီးတော့ ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်
  • စကားနဲ့ ဆန့်ကျင်ပြီတော့ မြတ်စွာဘုရားနဲ့ အချေအတင် ပြောသည် ထိအောင် ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးတယ်

ဒီနေ့ ခေတ် လူတွေမှာ အချေအတင် ပြောခံရတယ် ဆိုတာဘာ ပြောစရာ ရှိလို့လည်း မြတ်စွာဘုရားလို ပုဂ္ဂိုလ် တောင်မှ လောကသားထဲ နေရင်
လောကရဲ့ အခက်အခဲ ဆိုတာ ကြုံမှာဘဲ ပေါ့ ` လောကဓံ´ ဆိုတာ လူတိုင်း ကြုံတာဘဲ

သာမန် ပုဂ္ဂိုလ်တွေ အနေနဲ့ စိတ်ဓာတ် ကျစရာ မရှိဘူး လောကမှာ အထွဋ်အထိပ် ရောက်နေတဲ့ ပုဂ္ဂိုလ် သူမြတ် တောင်မှဘဲ လောကသားတွေရဲ့ ဆန့်ကျင်မှု ကို ခံရတယ်

  • မြတ်စွာဘုရား က
    တခါတုန်းက မိန့်ကြားတယ်
    " ငါ ဟာ ကြာပန်းနဲ့ အလားသဏ္ဍန် တူတယ် "

ကြာပန်း ဆိုတာဟာ

  • ရေထဲမှာ ပေါက်တယ်
  • ရေထဲမှာ ကြီးတယ်
  • ရေထဲမှာ ကြီးပြီးတော့
  • ရေမျက်နှာပြင်ပေါ် တက်ပြီးတော့
  • ပွင့်တဲ့ ကြာပန်း
  • သို့သော်
  • ရေနဲ့ ထိတွေ့ခြင်း မရှိဘူး
  • ရေဟာ ကြာပန်းကို ညစ်ပေအောင် မလုပ်နိုင်ဘူး
    ကြာပန်းပေါ် ရေ ကျလိုက်လို့ရှိရင်
    ကြာဖက်ပေါ် ကျ ကျ
    ကြာရွက်ပေါ် ကျ ကျ
    ရေ ဟာ လိမ့်ဆင်းသွားတယ်
  • ထို့ အတူဘဲ ငါ ဟာ
  • လောကထဲမှာ မွေးတယ်
  • လောကထဲမှာ ကြီးပြင်းတယ်
    ဒါပေမယ့် လောကသားတွေနဲ့ ပတ်သက်ပြီးတော့ ဒီ
  • ချစ်ခင်ခြင်း ဆိုတဲ့ သံယောဇဉ်
  • မုန်းတီခြင်း ဆိုတဲ့ သံယောဇဉ်
    လောကသားတွေ အပေါ်မှာ ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေ တစ်ခုမှ မရှိဘဲနဲ့ လောကသားတွေနဲ့ လွတ်လွတ်လပ်လပ်
    ငါ ဘုရား ဟာ နေထိုင် ခဲ့တယ်
    နေထိုင်လျက် ရှိတယ် ဆိုတာကို
    ထိုထို သုတ္တန်မှာ မြတ်စွာဘုရား ရှင်းလင်း ဟောကြားတော်မူတယ်
  • အဲတော့
    လောကထဲမှာ ကြီးပြီးတော့
    လောကနဲ့ လွတ်လွတ်ကင်းကင်း နေချင်တယ်လွတ်လွတ်ကင်းကင်း နေ´တယ် ဆိုတာ
    ဘယ်လိုဟာကို ပြောတာတုန်း
    လောက လူသားတွေနဲ့ မဆက်ဆံတာကို
    `လွတ်လွတ်ကင်းကင်း နေ´တာလို့
    ဒီလို ပြောလိုတာ မဟုတ်ဘူး
  • လောက လူသားတွေနဲ့
    ချစ်ခင် တွယ်တာမှု ဆိုတာလည်း မရှိဘူး
  • လောက လူသားတွေ အပေါ်မှာ
    မုန်းတီးတာလည်း မရှိဘူး
    လောက လူသားတွေရဲ့ အကျိုးကို ပြုတယ်
  • ဆိုပါစို့
    ရေထဲမှာ ပွင့်တဲ့ ကြာပန်းကြီးဟာ ရေနဲ့ မလူး သော်လည်းဘဲေ
    ရမျက်နှာပြင်ကို လှအောင် လုပ်ထားတာတော့ ကြာပန်းကြောင့် ဘဲ ပေါ့
    အကယ်၍သာ ကြာပန်း မပွင့်ဘူး ဆိုရင် ရေမျက်နှာပြင်က
    လှ စရာ အကြောင်း မရှိဘူး ပေါ့

  • မြတ်စွာဘုရား ဟာလည်း လောကကြီးကို အလှဆင်တဲ့ အခါမှာ
    လောကပေါ်မှာ သံယောဇဉ်နဲ့ အလှဆင်တာ မဟုတ်ဘူး
    လွတ်လပ်ပြီးတော့ မြင့်မြတ်တဲ့ အသွင်သဏ္ဍန်နဲ့
    အလှ ဆင်ခဲ့ပြီး လောကရဲ့ အကျိုးကို ပြုခဲ့တယ် ……

image

#credit - ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီးဟောကြားတော်မူသောတရားတော် အား မှီညမ်းပါသည်

သီတက်းကျွတ်လသည် ထူးခြား ချိန်ခါလည်းဖြစ် သလို ကြာပန်းလေးများလည်းလှိုင်လှိုင် ပွင်ချိန်တွင် မြတ်စွာဘုရားအားရည်မှန်း ၍ ကြာပန်းများ ကပ်လှူ ပူဇော်ရင်းဖြင့် မြတ်စွာဘုရားရှင် ၏ ကြာပန်းဥပမာပေးတရားတော်အား နာယူကြည်ညိုရင်း သီးတင်းကျွတ်လမြတ်အခါ တွင်ပွင့်သော ရာသီပန်းဖြစ်သော ကြာပန်း အကြောင်းအားရေးသား လိုက်ပါသည်

@mamamyanmar

Sort:  

ဆရာတော်ကြီးရဲ့တရားတော်များ နာယူပြီးရင်
ရင်ထဲမှာ ရှင်းလင်းငြိမ်းအေးသွားတယ်ဗျာ

ဟုတ်တယ်နော်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

ဗဟုသုတ စုံလှပါတယ်မမ

Posted using Partiko Android

ဗဟုသုတ စုံလှပါတယ်မမ

Posted using Partiko Android

စာဖတ် လို့ပါ စာကတော့ရေးတတ်ဘူး တောရောက် တောင်ရောက် ရေးပလိုက်တာဘဲ ကိုရေးတာ ကိုနားလည်ရင် ပီးရော ဟ်ဟ်

စိတ်အေးချ မ်းစေတဲ့တရားတော်တွေပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79