Zasminum Flower ( Small Jasmine )

in #myanmar6 years ago

" ဇွန်ပန်းပင် နှင့် ဆေး အသုံး "

Hello , all steemit member.

Steemit မှ မိတ်ဆွေသူငယ်ချင်းများ အားလုံးမင်္ဂလာပါ

ဇွန်လ ကို ရောက်ရှိလာပြီး မိုးကလေးကလည်း ရွာထားသည့် အတွက်
ကြောင့် ဇွန်ပန်းရုံမှ ဇွန်းပန်း အဖူးလေးများမှသည် မွေးကြိုင်လှသော
ဇွန်ပန်းပွင့် လေးများ ပွင့်လာကြပြီ ဖြစ်ပါသည်

image

ထိုမွှေးပျံ့ရနံ့ကြိုင် ပြီးလှပလွန်းသော ဇွန်ပန်းပွင့်လေးများ ကို မြင်တွေ့စဉ်မှာ
ဇွန်ပန်းပင် နှင့် ဇွန်ပန်းပွင့်တို့ ရဲ့ ဆေးအသုံးပြု ပုံ အသုံးဝင်ပုံ အကြောင်း
အရာ တို့အား post တင်ရေသားလိုက်ပါသည်

ဇွန်ပန်းသည် မြန်မာ အမည်နှင့်လိုက်ဖက်စွာ ဇွန်လမှစတင်ပွင့်တတ်ပြီး သြဂုတ်လ အထိ ပွင့်သော ပန်းဖြစ်ပါသည်

စပယ်ပန်း နှင့် ဇွန်ပန်း မျိုးရင်းစိတ်တူသော်လည်း အပွင့်နှင့်မွှေးရနံ့ လေးက တစ်မျိုး တစ်ဘာသာဆီ သူ့ ရနံ့ နှင့်သူ ကွဲပြားပါသည်
စပယ်ရနံ့ က သင်းပျံ့ပျံ့လေးနှင့်မွှေးပြီး ဇွန်ပန်းရနံ့ က အတန်သင့်ပိုစူးရှသယောင်ယောင်ထင်ရပါသည်

စပယ်ပန်းနှင့်ယှဉ်လျှင် လူကြိုက်များမှုမှာ ဒုတိယနေရာလောက်တွင်ရှိမည်ဟု ယူဆရပါသည်အချို့က ဇွန်ကို small jasmine ဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်၊
ဇွန်ပန်းသည် Jasmine Family ဖြစ်သည့် Oleaceae ထဲတွင်ပါဝင်သည် စပယ်နှင့် Genus မျိုးစုတူပြီး မျိုးစိတ်သာ ကြွဲပား သည်

ဇွန်ပန်းသည် အမြဲပွင့်သောပန်းမဟုတ်ပါ၊ ရာသီအလိုက် ပွင့်သောပန်းဇြစ်
သည်
ဇွန်ပန်းပင်သည် ခြုံပင် သို့မဟုတ် နွယ်ပင်အမျိုးအစားဖြစ်သည်

ဇွန်ပန်းကို အမျိုးမျိုးအသုံးပြုကြပါသည်
ဘုရားပန်း အဖြစ် ကပ်လှူ ပူဇော့်ခြင်း ပန်းအလှဆင်ခြင်း အမျိးသမိးများ ဆံကေသာထက်၌ ပန်ဆင်ခြင်း များဖြင့် အသုံးပြုကြပါသည်

ဇွန်ပင်ကို အလှအပပန်းပင် အနေဖြင့်အိမ်တွေမှာ စိုက်ပျိုးး ကြပါသည်

ဇွန်ပန်းကို တပွင့်ထဲ ပန်ခြင်းမရှိကြဘဲ ရိုးရာအတိုင်း ပန်းကုံး ပန်းခွေပြုလုပ်ကာ ပန်ဆင်ကြပါသည်

ဇွန်ပန်းအရောင်က အဖြူဖြစ်ပြီး သင်းပျံ့သော ရနံ့ ရှိပါသည်

ပန်း၏ အလှ ကြောင့် သာမက ဘဲ သင်းပျံ့သောရနံ့ကြောင့် လူတို့၏
ချစ်ခင် မြတ်နိုးခြင်းကို ခံရသည့် ပန်း ဖြစ်ပါသည်

မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရား စေတီများတွင် ဇွန်ပန်းဖြင့်ပူဇော်သည့်ဓလေ့ရှိကြပါသည်
ဇွန်ပန်း၏ရနံ့သည် သင်းပျံ့လှသည့်အတွက် ဘုရားရှစ်ခိုးရင်းသင်းပျံ့သောပန်းရနံ့ကြောင့် ကြည်ညိုသန္ဓါ ပိုပွားလာစေပါသည်

ဟိန္ဒူလူမျိုးများ၏ ဘာသာရေးဆိုင်ရာ အခန်းအနားများတွင် ပူဇော်ပသ ရန် ဇွန်ပန်းကို အဓိက အသုံးပြုကြပါသည်

အိန္ဒိယ္ဒနိုင်ငံ ရှိ အမျိုးသမီးငယ်များသည် ဇွန်ပန်းကို ဆံပင်ပေါ်မှာ အလှပန်
ဆင်တတ်ကြပါသည်
ဇွန်ပန်းက ထုတ်ယူထားသော ဇွန်ပန်းဆီကို ဆံပင်တွင်လိမ်းကျံ သလို တိုင်းရင်းဆေးဝါး အနေဖြင့်လည်း အသုံးပြုကြပါသည်

ဇွန်ပန်းပွင့်မှ ထုတ်ယူသည့် ဇွန်ပန်းအဆီသည် အမွှေးတိုင်ပြုလုပ်ရာတွင် ၄င်း ပန်းပေါင်းဆီ ပြုလုပ်ရာတွင် ၄င်း ရေမွှေးထုတ်ရာတွင် အဓိကကျသော ပါဝင်
ပစ္စည်းဖြစ်ပါသည်

ဇွန်ပန်းက ခူးရသည်နှင့်ပန်းကုံးရသည်တော့ စပယ်ပန်းထက် လက်ဝင်ပါသည် သို့သော် ဇွန်ပန်းရုံတစ်ရုံလုံး မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ပြီဆိုလျှင်ဖြင့် အနားမှ ဖြတ်သွားသူပင်မနေနိုင်အောင် ရနံ့ မှာမွှေးပျံ့လွန်းလှပါသည်

ဇွန်ပန်းပင်ကတော့ လူတိုင်းသိဖူးမြင်ဖူးတာမို့  သူ့ ရဲ့ဆေးအသုံးဝင်ပုံကို အရှငနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်အထဲမှာ အောက်ကအတိုင်း ညွှန်းဆိုထားပါသည်

image

ဇွန်ပန်းပင် နှင့် ဆေးအသုံးပြုနည်း

ပါးစပ်ကွဲခြင်း ပါးစပ်၌ အဖု အပိန့် ပေါက်ခြင်း မျာူအတွက် ဇွန်ပန်းပင်၏
အရွက်ကို ဝါး၍ငုံလျှင် ပျောက်၏
ဇွန်ပန်းပင်၏ အရွက်ကို နနွင်းနွယ် တြိဖလ တို့ နှင့်ရော၍လေးဘို့  တဘို့ ကြွင်း ပြုတ်သောက်လျှင်လည်း ပါးစပ်နာများ ပျောက်ကင်း၏

နားကိုက် နားနာ နားပြည်ယိုတို့ ၌ ဇွန်းပန်းပင်၏ အရွက်သတ္တု ရည်ကို နားအတွင်း ခတ်ပေးက ၄င်းရောဂါများ လျှင်မြန်စွာပျေက်ကင်း၏

ဇွန်ပန်းပင်၏ အစေးကို ခေါင်းတခြမ်းကိုက်ရောဂါ၌ လိမ်းပေးခဲ့သော် လျှင်မြန်စွာ ပျောက်ကင်း၏
ထို့အပြင် ၄င်းအစေးသည် စိတ်နောက်သူများအတွက်လည်း အလွန်အကျိုးပြု ပေ၏

ခြေဖဝါးကွဲအက် ပါက ဇွန်ပန်းပင်၏ အရွက်ကို ကြိတ်၍ အုံပေးပါက လျှင်မြန်စွာ ပျောက်ကင်း၏

ဇွန်ပန်းပင်၏အခေါက်ကို ဓားနှင့်ထစ်သောအခါ ထွက်လာသောနို့ စေးကို မကျက်နိုင်သောအနာများ အရိုးအဆစ်လွဲခြင်း အနာပျက်တို့ ၏ ဘေးပတ်လည်တွင် လိမ်းပါက ၄င်းရောဂါများ ပျောက်ကင်း၏

ဇွန်ပန်းအဝါ၏ အမြစ်ကို ရေနှင့် သွေးလိမ်းသော် ပွေးနာရောဂါ ပျောက်ကင်း၏

ဇွန်ပန်းအပွင့်ကို ကြိတ်၍ ယောနိတွင် လိမ်းပေးခဲ့သော် ယောနိ လျော့ပါးခြင်းမှ ကင်းရှင်းစွာ ပျောက်၏။

ကြက်မျက်သင့်နှင့်မျက်စိနာတို့ အတွက် ဇွန်ပန်းကို အသုံးပြု ၍ ကုရာ၏
ဟု အရှင်နာဂသိန် ဆေးကျမ်း တွင် ပြဆိုထားပါသည်

steemit မှ မိတ်ဆွေ များအားလုံ ကျန်းမာ ရွှင်လန်းကြပါစေ

Credit - အရှင်နာဂသိမ်ဆေးကျမ်း

Writer -

@mamamyanmar

MSC-070

Sort:  

ကျနော့်တွက်ကိုက်တယ်ဗျ ဇွန်ပန်းဆေးနည်းတွေက မျက်စိအားကောင်းရင်လုပ်ကြည့်လိုက်အုံးမယ်ဗျ။

ခုလိုပွင့်ချိန်လေး မှာ မြန်မြန်လုပ်

ဇွန်ပွင့်-၅၀ ကြိတ်မှန်-၅၀ ဒန့်ဒလွန်ရွက် -၃၀ ငရုတ်ကောင်းစေ့-၁၆
ပိတ်ချင်း-၃
အထက်ပါ အားလုံးက်ုညှက်အောင်ထောင်း အတောင့်လေးများလုပ်
နေပူလှန်း ရေ(သို့ )ဆန်ဆေးရေဲ့သွေး မျက်လုံး ကို ကွင်းပေးပါက
မျက်ရည်ပူကျခြင်း မျက်စိရောဂါများ ပျောက်ကင်းသက်သာ ဟု ဆေးကျမ်းမှာ
ရေးသားထားပါသည်

အဲ့လောက်ဆေးဖက်ဝင်မှန်းမသိခဲ့ဘူး

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

မမြင်ရတာကြာပါပြီသိပ်မွေးတဲ့ပန်း

စစ်ကိုင်းမှာပေါတယ်

ဇွန်​ပန်းက​ဆေးဘက်​လည်းဝင်​တာပါ့လား

ဟုတ်ပ့

ဇွန်လမှာ စပွင့်သည့်ဇွန်ပန်း
မျက်စိ ဘယ်လိုကုရမလဲဝေ့

ခုချိန်ပွင့်နာမို့ ခုကုလိုက်ပါ့

ဆေးအညွန်းကိုသိခွင့်ရတာကျေးဇူးအများကြီးတင်ပါသည်

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84