Lucky သို့မဟုတ် ကျေးဇူးရှင်လေး (၅)

in #myanmar6 years ago

မောင်Luckyတစ်ယောက်ရဲ့ သူ့ရဲ့ဘဝမှာ ပထမဆုံးသော ခွေးမိတ်ဆွေ ဖြစ်တဲ့ဗမာခွေးကြီး တစ်ကောင်နဲ့ ရင်းနှီးခင်မင် လာခဲ့တယ်။ သူ့မှာ မိတ်ဆွေ အပေါင်းအသင်း မျိုးနွယ်တူသူ ရလို့ သူက ပျော်။ သူ ပျော်တာ ကြည့်ပြီး ကိုယ်လည်း ပျော်ရတော့တာပေါ့ . . . .။

ဒါပေမယ့် . .. . . သူက မျိုးနွယ်တူ မိတ်ဆွေ ကစားဖက်ရလို့ ပျော် ကိုယ်က ကိုယ့်သားလေး အပေါင်းအသင်း တစ်ယောက်ရလို့ သူနဲ့ ထပ်တူပျော်ဆိုပေမယ့် သူ့လိုတော့ ကိုယ့်မှာ စိတ်လွတ်လက်လွတ် မပျော်ရ။ ဘာလို့ဆိုတော့ ကျေးဇူးရှင် မောင်Luckyလေးက စေတနာသဒ္ဓါတရား ထက်သန်ကြီးမားလွန်းသူ ဖြစ်နေသောကြောင့်ပါပေ. . . ။

received_2005490243095624.jpeg

ပထမဆုံး ခွေးအပေါင်းအသင်း မိတ်ဆွေ စရပြီနောက်ပိုင်းမှာ မောင်Luckyတစ်ယောက် အချိုးတွေ ပြောင်းလာတော့တယ်။ ဘယ်လိုအချိုးတွေ ပြောင်းလာသလဲဆိုတော့ . . .ထမင်းကျွေးရင် သူတို့နှစ်ကောင် အတူတူရှိရဲ့နဲ့ သူ့တစ်ယောက်ထဲ ကျွေးရင် မစားဘူး။ သူငယ်ချင်းကိုပါ ကျွေးမှ စားတာရယ်။ သူ့သူငယ်ချင်းကလည်း တစ်နေ့ကို ၂ခါ ၃ခါလောက် အရောက်လာလေ့ရှိတယ်။

အာ့လို လာတဲ့အချိန်တိုင်းတော့ ကိုယ်က တကူးတက ထမကျွေး ဖြစ်ဘူးလေ။ ကိုယ် အာ့လို ထမကျွေးတော့ မောင်Luckyက ဘာလုပ်လည်းဆိုတော့ သူ စားမယ့်ထမင်းကို မစားတော့ဘူး . . . သူ့ပန်းကန်ထဲ ထမင်း ထည့်ကျွေးရင် အရင်ကဆို ခေါင်းမဖေါ်စတမ်း စားလေ့ရှိတဲ့ကောင်က အခုဆိုရင် မစားပဲ နေတယ်။

လှေကားရှေ့ရင်းကနေ သူငယ်ချင်းကို သွားသွား စောင့်တယ် . . . သူငယ်ချင်း လာပြီဆိုရင် အပေါ်ကို ခေါ်လာပြီး သူ့ပန်းကန်ထဲက ထမင်းစားတာကို သူက ပါးစပ်ကြီးဖြဲ လျှာတစ်လစ်ထုတ်ပြီး ပျော်ပျော်ကြီး ထိုင်ကြည့်ကာ ကျွေးမွေးဧည့်ခံနေလေရဲ့ . . . ။

received_424843484670218.jpeg

ဒါပေမယ့် ဟိုက ဗမာခွေးလေ . . .ခွေးကြီးလေ . . . အာ့တော့ သူ့ပန်းကန်ထဲက ထမင်းလောက်ကတော့ ဟိုက နံကြားတောင် ကပ်ပုံမပေါ်။ ၄/၅ ၆ချက် ပြိုက်ခနဲ ဟပ်ပြီး ပလပ် ပလပ် လုပ်လိုက်တာနဲ့ မျက်လှည့်ပြသလို ပျောက်ထွက်သွားရော . . . . ။ ဘယ်ဝမှာတုန်း အာ့လောက်နဲ့တော့ . . . ။

ဟိုက မဝလည်း ဘေဘီLuckyပန်းကန်ထဲက ရှိတာလေးစားပြီး ရေသောက် ငြိမ်နေသော်လည်း ကျေးဇူးရှငိ ဘေဘီLuckyလေးက မရတော့ဘူး . . အရမ်းတွေ စေတနာ ထက်သန်နေပြီ . . . လူကို အတင်းခေါ်မယ် . . . အတင်းကုပ်မယ် . . . ပြီးရင် ထမင်းပန်းကန်ကို နှာခေါင်းနဲ့ ထိုးထိုးပြမယ် ဘာမှ မရှိတဲ့ ထမင်းပန်းကန်ကို ပလပ်ပလပ်လုပ် စားချင်ယောင်ဆောင်ပြမယ်။

သဘောကတော့ ဗိုက်ဆာနေပြီး ထမင်းကျွေးပေါ့ . . . အယ့် အာ့လိုလုပ်ပြလို့ သူ့ပန်းကန်ထဲ ထမင်းထည့်ပြီး ကျွေးကြည့်ပ့လားး . . . သူ စားမယ် မထင်နဲ့ . . . သူက ဘေးဖယ်ပြီး . . . သူငယ်ချင်းစားတာကို ထိုင်ကြည့်နေမှာ . . . . တစ်ရက်လည်း မဟုတ် . . .နှစ်ရက်လည်းမက နေ့စဉ်ရက်ဆက် မြင်နေကြုံနေခဲ့ပြီးသားမို့ ကိုယ်လည်း အထာက နပ်နေပြီလေ။

received_1971242536272121.jpeg

ဒီတော့ ထမင်းနဲ့ဟင်းကို နယ်ပြီး ဘေဘီLuckyထမင်းပန်းကန်ထဲ ထည့်။ ပြီးရင် သူ့သူငယ်ချင်းကို သပ်သပ်ထည့်ကျွေး . . .အာ့လို ပြိုင်တူကျွေးမှ သူက သူ့ပန်းကန်သူ စား . . . သူ့သူငယ်ချင်းကလည်း သူ့ထနင်း သူစား okသွားတာရယ်။ မဟုတ်လို့ကတော့ သူငယ်ချင်း မကျွေးဘဲ သူ့ချည့် ကျွေးလို့ကတော့ ဘေဘီLuckyတို့က Noပါပဲ . . .။

သူကော သူ့သူငယ်ချင်းကော စားပြီး သောက်ပြီး ဗိုက်တင်းကြပြီဆိုတာနဲ့ စပါပြီ . . .အောင်လအန်ဆိုင်းတို့ထက် ကြမ်းတဲ့ ပွဲကြီး . . . နပန်းလုံးတာ ချုပ်တာ ကိုက်တာ စသော အကွက်အစုံအလင် အပြင် ကိုက်တာ ဝပ်တာတွေပါ ပါတဲ့ ဘေဘီLuckyနဲ့ဗမာခွေးကြီးတို့၏ ခွေးရိုးရာနပန်းလက်ဝှေ့ပွဲကြီး တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ကျင်းပပြီလေ . . . ။

အာ့လို နပန်းလက်ဝှေ့ပွဲကြီး လုပ်ရင်း မောပြီးဆိုရင် နှစ်ကောင်သား ရေပြေးသောက် လိုက်ကြ ဝပ်လိုက်ကြ နမ်းရှုံ့လိုက်ကြ လုပ်ပြီး သိပ်မကြာ ဒုတိယအချီ တတိယ အချီတွေ ပြန်စ ပြန်လုံးကြ တဝုန်းဝုန်း တရုန်းရုန်းနဲ့ ဆူံညံပွက်လောရိုက်နေတာပဲ။

received_834179150125353.jpeg

တစ်ခါတစ်ခါကျတော့လည်း အပေါ်ထပ်မှာ မဟုတ်ဘဲ အဆောက်အဦရှေ့ကွက်လပ် မြက်ခင်းပြင်ပေါ်မှာ ပြေးတမ်းလိုက်တမ်း လုံးတမ်းဆော့ကြသေးတယ် . . .။ဒီလိုတွေ နေ့စဉ်ရက်ဆက် များလာတော့ ဘေဘီLuckyအပေါ်သာမက သူ့သူငယ်ချင်းဗမာခွေးကြီးကိုပါ ကျွေးမွေးရင်း စနောက်ဆော့ရင် ကိုယ်ပါ သံယောဇဉ် တွယ်လာကော. . . .။

ဒီတော့ Luckyကိုကြီး . . . Luckyသူငယ်ချင်း ဘာညာ ခေါ်နေရင်းကနေ နာမည်တစ်ခု ပေးဖို့ စဉ်းစားရတော့တာပဲ. . .ဟုတ်တယ်လေ သူ့လည်း ခေါ်စရာ နာမည်ရှိမှ အဆင်ပြေမယ်လေ. . . ။ သူ့အိမ်က ဘယ်မှာ . . သူ့နာမည်က ဘာမှန်း မသိတော့လည်း . . . ကိုယ် နှစ်သက်ရာ အဆင်ပြေရာ နာမည်တစ်ခုက ပေးရတော့တာပေါ့ . . . .။

received_209813406337705.jpeg

ဒီလိုနဲ့ ဘေဘီလပ်ကီးရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဗမာခွေးကြီး၏ အမည်သညာ ခေါ်စရာက "နေတိုး" ဟူ၍ ဖြစ်လာချေသည်တကား . . . . . . .။

@masterinnwa
MSC-253

Sort:  

အော်... သံ ယော ဇဉ်
စကားလေးသုံးခွန်

အော် ချစ်စရာကောင်းလိုက်တာနော်

ဟုတ်တယ်အန်တီ

ဒီတခါတော့ လပ်ကီးအိုက်တင်က အမိုက်စားပါလား

မိုက်ဆို အူးအင်းသားလေ

ချစ်စရာ သားသားလပ်ကီးလေး

ဒါတောင်ရေမချိုးရသေးဗျ

အင်း သမုဒ္ဒယတွေ

ခ်ခ်

ဖြေးဖြေးရီ သွားအအေးပတ်မယ်အစ်မ

မမွေးတဲ့သူတွေပြောအားရှိတာပေါ့

bpyae သမီးနဲ့ပေးစားလိုက် အူးအင်းရေ

လာမှကြည်စြီစဉ်ကြမယ်
သူ့ သမီးတေက လှရဲ့လား ခ်ခ်

အယ်​ ၂​ကောင်​ဖြစ်​သွားပီ

မျက်လှည့်ပြတာ

နေတိုးရယ်လို့ဘဲအေ ပေးစရာရှားလို့

လပ်ကီးအစွမ်းအံ့မခမ်းပဲဗျာ။တော်ချက်။

Lucky့  မှတ်ကြီးမှ ကာရံလိုက်တာ
ဗမာဆိုတော့ ဗမာဆန်ဆန်ပေါ့လေ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17