အမှောင်ညများကို လွန်သော်

in #myanmar6 years ago

40C5702D-3200-4D15-A55E-D06A07A0F2FC.jpeg

မောင်တိုးတက်တို့နေထိုင်ရာ မကွေးရွှေမြို့တော်ကြီးတွင် မီးပျက်(power cut)နေသည်မှာ ယနေ့နဲ့ဆိုလျှင် 9 ရက်၊ 10 ရက်ခန့်ရှိနေပြီဖြစ်သည်။ထရန်စဖော်မာ အတွင်းသို့ ရှဥ့်နှစ်ကောင်ဝင်ရောက်ခဲ့သောကြောင့် ရှောခ့်ဖြစ်သောကြောင့် ပျက်ခဲ့ရခြင်းဖြစ်သည်ဟု အာဏာပိုင်များဘက်မှ အကြောင်းပြခဲ့သည်။အမှောင်ထဲတွင် မွေး၍ အမှောင်ထဲမှာကြီးပြင်းခဲ့သော မောင်တိုးတက်တို့အတွက် မီးပျက်ခြင်းမှာကား မထူးဆန်းတော့ပေ။

သို့သော် ယနေ့ကဲသို့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မီးပျက်သည်က အနည်းနဲ့အများပြဿနာရှိသည်။တခြားမကြည့်နှင့်။မောင်တိုးတက်တစ်ယောက် steemit ပေါ်တွင် ပိုစ့်တင်ရန် အင်တာနက်ရှိရန်လိုသည်။ ဖုန်းအားရှိရန်လိုအပ်သည်။ ထိုမှသာ စာဖြောင့်အောင်ရေး၍ ပိုစ်တင်နိုင်တော့မည်မဟုတ်ပါလား။ ဒါကသာမည တစ်ခုသာရှိသေးသည်။

CF7E0847-8F78-42B2-B816-8729E8A1BE58.jpeg

လျှပ်စစ်ရှိမှ လည်ပတ်နိုင်မည့် လုပ်ငန်းများ၊စက်ရုံကြီးများ၊ ဈေးကြီးများသည် မည်သို့ရပ်တည်ကြမည်နည်း။ ရက်တိုမီးပျက်သော် မသိသာသော်လည်း ရက်ရှည်မီးပျက်လျှင် မည်သို့ရက်တည်ကြမည်နည်း။ ကားဝပ်ရှော့များရှိမည်။ တွင်ခုံများရှိမည်။ မီးပျက်လျှင် အနည်းနှင့် အများထိခိုက်မှုများကြုံတွေ့ရနိုင်သည်။ မကွေးမြို့တော်ဖြစ်သောကြောင့် နာမည်ကျော် ပဲဆီ၊နှမ်းဆီများထွက်သည့် ဆီစက်ရုံကြီးများလည်းရှိသည်။

ထိုလုပ်ငန်းများသည် မီးစက်ကြီးများဖြင့် အချိန်ကြာကြာရပ်တည်ရန်မလွယ်ကူပေ။ မည်သူ့ကိုမှ အပြစ်မဆိုချင်ပေ။ ကိုယ်ဆီကိုယ်ငှ ဤအခိုက်အတန့်ကို ကျော်ဖြတ်နိုင်ရန် ကြိုးစားနေကြသည်။ မောင်တိုးတက်တစ်ယောက်သည်လည်း ဖုန်းအားရှိအောင် မရမက လုပ်၍ pro တင်နေသကဲ့သို့ အခြားလုပ်ငန်းကြီးများ အနေနှင့်လည်း ကိုယ်စီကိုယ်စီ မီးစက်များနိုး၍ မိမိလုပ်ငန်း လည်ပတ်နိုင်ရန် ကြိုးပမ်းအားထုတ်နေကြရသည်။

5BE4A835-38CA-4838-A8B7-76399F551ED8.jpeg

EPC မှာလည်း ချို့ယွင်းသော အပိုင်းကိုအမြန်ဆုံးပြင်ဆင်နိုင်ရန်ကြိုးစားနေကြပေသည်။ယခုမှသာ ကျွန်တော်မောင်တိုးတက်သည် လျှပ်စစ်မီး၏အရေးပါမှုကို သိရှိနားလည်မိပါတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် အမှောင်ထုကို ဆက်လက်အနိုင်တိုက်ရဦးမည်။ MSC members အပေါင်းလည်း မီးပျက်ခြင်း ဒုက္ခမှကင်းဝေကြပါစေ ဟုတောင်းဆုပြုလိုက်ရပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

လျှပ်စစ်မီးပျက်ချိန်ဆို တော်တော်များများအလုပ်တွေရပ်တန့်ကုန်တာပါပဲရှင်။ ရှေ့လျှောက်မိုးတွင်းလေး မီးမှန်ပါစေဆုတောင်းရင်းပဲ …

အရင်အပတ်တုန်းကတောင် မီးပျက်နေလို့ pro တင်ဖို့ မနည်းရုန်းကန်လိုက်ရတယ်။

ဟုတယ် မလွယ်ဘူးဗျာ...

ခုတလောရန်ကုန်လဲ ခနခနပျက်နေတယ်ဗျိုးး

ကြာတော့ စိတ်ညစ်လာဘီဗျာ 😓

ရန်​ကုန်​လည်းတူတူပါပဲ။မထူးပါဘူး။

မြန်မာနိုင်ငံထဲ မီးမမှန်ဘူး

မီးကကျွန်​​တော်​တို့ဆီမှာပျက်​ခဲတယ်​ဗျ:-)

အတော်ကံထူးတဲ့ နေရာပါဘဲဗျာ...

ဤ post ကို ment နေချိန်၌ မီးပျက်နေသည်

thanks ပါဗျာ...

နောက်ကျသွားတယ်ဗျာ

ရပါတယ်ဗျာ

ဒီမှာ​တော့ ​နေ့မလာ ညပျက်​ ပါပဲ ခင်​ဗျာ...။

အတူတူပါဘဲဗျာ...

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 63997.36
ETH 3133.23
USDT 1.00
SBD 4.15