ဘာသာပြန်ဆိုရာတွင်-Final

in #myanmar6 years ago

EFD8A880-816E-4D56-9E93-044B9B332538.jpeg

ဘာသာပြန်ခြင်းနှင့်ပက်သက်၍ နောက်ထပ်သိရှိနားလည်ထားရမည့် အချက်မှာ မိမိဘာသာပြန်မည့် ပညာရပ်၊နယ်ပယ်နှင့် ပက်သက်၍ကျွမ်းကျွမ်းကျင်ကျင်သိရှိနားလည်ထားရန်ပင်ဖြစ်ပါသည်။နိုင်ငံခြားဘာသာမှ မိမိပြန်ဆိုမည့် အကြောင်းအရာမှာ နည်းပညာ၊ဗဟုသုတများ နှင့် အသက်မွှေးဝမ်းကြောင်း အတတ်ပညာဆိုပါက အဆိုပါ ပညာရပ်၊နယ်ပယ်များတွင် ပရိုဖက်ရှင်နယ်(professinal)ကျကျသိရှိနားလည်ရန်ပင်ဖြစ်ပါသည်။

ဤသည်မှာ ဘာသာပြန်(translation) နှင့်ပက်သက်၍ ဆရာကြီးဦးဝန်၏ အကြံပြုချက်တစ်ချက်ပင်ဖြစ်ပါသည်။ဥပမာအားဖြင့်-စာဖတ်သူ ဘာသာပြန်မည့်အကြောင်းအရာမှာ ကားနှင့်ပတ်သက်သည့်နည်းပညာအကြောင်းအရာ ဆိုပါစို့။ဘာသာပြန်မည့် စာဖတ်သူ အနေဖြင့် အဆိုပါ ကားနှင့်ပက်သက်သည်တွင် နှိုက်နှိုက်ချွတ်ချွတ်သိရှိထားရန်လိုအပ်သလို အဆိုပါ ပညာရပ်နှင့် ဆိုင်သည့် ဝေါဟာရများ၊အဓိပ္ပာယ်များကို မိမိပြန်ဆိုမည့် မူရင်းဘာသာသို့ကောင်းစွာပြန်ဆိုနိုင်ရန်လိုပါသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ထိုမှသာ မူရင်းပညာရပ်၊အကြောင်းအရာများလွှဲမှားခြင်းမရှိဘဲ စာဖတ်သူများကို ပညာအရာပေးနိုင်မည်ဖြစ်ပါသည်။ထို့အပြင် ဘာသာပြန်ခြင်းနှင့်ပက်သက်၍ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားဒရမ်မာဇာတ်လမ်းတွဲများ စသည်တို့ကို အတွဲလိုက် ဘာသာပြန်ခြင်းများလည်းရှိပါသည်။ ထိုသို့ ဘာသာပြန်ရာတွင် သက်ဆိုင်ရာဇာတ်လမ်း၏ ဇာတ်လမ်းသွားကို အသေအချာသိရှိထားရန်လည်းလိုအပ်ပါသည်။

အဆိုပါ ဇာတ်လမ်းနှင့်ပက်သက်၍ လိမ့်ပတ်လည်စွာသိရှိထားရန်ဖြစ်ပါသည်။ထို့အပြင် အချို့နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများသည် ယခင်ထွက်ရှိဖူးသည့် ဇာတ်ကားများဖြင့် ဇာတ်လမ်းပိုင်းအချိတ်အဆက် ရှိလေ့ရှိရာ အဆိုပါယခင်ကရုပ်ရှင်ဇာတ်ကားများပါ စေ့စေ့စပ်စပ်သိရှိထားရန်လိုပါသည်။ထိုမှသာ ရုပ်ရှင်ဇာတ်ကားများဘာသာပြန်ရာတွင်၊နိုင်ငံခြားဇာတ်လမ်းတွဲများဘာသာပြန်ရာတွင် အချိတ်အဆက်မိမိဖြင့် မျက်ခြေမပြတ်စေဘဲ ဘာသာပြန်နိုင်မည်ဖြစ်သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ဘာသာပြန်ခြင်းဟူသည် တိုင်းပြည်တစ်ပြည်၊လူမျိုးတစ်မျိုး၏ အမျိုးသားရေးအနေဖြင့်အရေးကြီးသည့် အရာဖြစ်သည်။ကောင်းမွန်စွာဘာသာပြန်နိုင်ခြင်းမှ မိမိဘာသာ၊မိမိစာပေတွင် မရှိသေးသည့် ကိစ္စများ၊အကြောင်းအရာများ၊ဘာသာရပ်များ၊နည်းပညာများကို မျှဝေပေးနိုင်ခြင်းကြောင့် မိမိဘာသာ၊မိမိစာပေ၊မိမိလူမျိုး နှင့် မိမိတို့နိုင်ငံကို မြှင့်တင်ပေးရာရောက်ပါသည်။ ဘာသာပြန်ခြင်းကိစ္စကို ပိုမိုချီးမြှောက်ခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကိုဖန်တီးတည်ဆောက်နိုင်ပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

ဟုတ်‌ မှတ်‌သားထားပါ့မယ်‌ ညီ။‌ကျေးဇူးပါ။

ဟုတ်ကဲ့ ကိုမဟော်ရေ

Congratulations @mgtoetat! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

ဘာသာပြန်တာ မလွယ်ပါဘူး ချောအောင် လုပ်ရင်လဲ မူရင်းအရသာပျောက်မယ် အဲ့ဒီတိုင်းဆိုလဲ ထောက်တောက်တောက်နဲ့ အာ့ကျ အဆင်ပြေသလို ပြန်ပေါ့နော့😁😁

ဟုတ်ပါတယ် အစ်မကြည်ရေ မူရင်းလဲမပျောက်ပဲ စာဖတ်သူနားလည်ဖို့ပဲလိုတာပါ

ဘာသာပြန်​​ကောင်းပါက ပရိတ်​သတ်​ကို ပို ဆွဲ​ဆောင်​သွားတယ်​ဗျာ 😊😊

အမှန်ပါဘဲ ကိုလွမ်းဝေရေ

စာတန်းထိုးကားတွေ တစ်ချို့ တော်တော်ကောင်းတော့
ကြည့်ရတာ အရသာရှိတယ်

ဟုတ်ပါတယ် CM ကဇာတ်ကားတွေဆို ဆီလျော်အောင်ဘာသာပြန်ထားလေ့ရှိပါတယ်

ငါ​တော့ လွယ်​ဘူး​နော့ ဘာသာပြန်
မလွယ်​ဆို ဘယ်​ဘာသာမှအပိုမတပ်​တာကို

လေ့လာရင် ဘယ်ဟာမဆိုဖြစ်ပါတယ် ဆရာယုရေ

မနေ့ကတော့ မိတ်ဆွေအချို့နှင့် ဘာသာပြန်အကြောင်း
ပြောဖြစ်သေးတယ်...ကိုယ်က ဝါစင်္ဂ ၈ ပါးတောင် မမှတ်မိ
တော့ဘဲ ရမ်းချနေတာလို့ ပြောတော့ သူတို့က အဲဒါက ပို
အဆင်ပြေကြောင်း...သဒ္ဒါနည်းကျ ပြန်နေရင် ဘာသာပြန်
ပိုမချောကြောင်း ပြောတယ်...ဟုတ်လားကွယ်

မှန်ပါတယ် ကိုဟိန်းခမျ..အဓိကက မူရင်းပေးချင်တဲ့အကြောင်းအရာကို စာဖတ်သူဆီမချွတ်ချော်ဘဲရောက်ဖို့ပါ ဘာသာပြန်ခြင်းမှာ အဲ့ဒါဟာအဓိကပန်းတိုင်ပါ

ဘာသာပြန်ပြီး အဓိပ္ပါယ်ကွဲလွဲသွားရင် ဘာသာပြန်သူမှာ အရမ်းတာဝန်ကြီးပါတယ်

မွန္ပါတယ္အစ္မစုလိႈင္ခမ်

ဘာသာပြန်ကျွမ်းတဲ့သူတစ်ယောက်ရှိရင် MSC အဆင်ပြေပါပြီ။

ဒါလဲ ဟုတ်တော့ဟုတ်သား 😁👍

ကုလားကားတွေမှာIntermissionကို
ဆက်ရန်ရှိသေးသည်ဟုဘာသာပြန်နေကြတာ
ရှိပါသေးတယ်။
တော်တော်ဆိုးတယ်ဗျာ
အသုံးအနှုန်းတွေကိုအရင်လေ့လာပြီး
ဇာတ်လမ်းရဲ့သဘောသဘာဝကိုလည်းအပြည့်အဝ
နားလည်မှသာလျှင်ဘာသာပြန်တာ ကောင်းမယိလို့ထင်မိပါတယ်

အမှန်ပါဘဲ ကိုအောင်သာကျော်ရေ တချို့ဆို မသိတဲ့ dialouge နား ဘလိုပြန်ရမလဲ မသိဘူးဆိုပြီးစာတန်းထိုးပါသေးတယ်ဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84